GoPro ကင်မရာတွေကို Drones တွေမှာ တပ်ဆင်ပြီး Video Footages တွေကောင်းကောင်းရိုက်ယူဖို့အသုံးပြုခဲ့ကြပါတယ်။ အခုတော့ GoPro က ကိုယ်ပိုင် Drone နှင့် ပျံတော့မှာပေါ့ဗျာ။
လာမယ်လာမယ်နှင့် စောင့်လိုက်ရတဲ့ ဒီ Drone ဟာ သူ့ရဲ့ နာမည်ကြီး GoPro ကင်မရာတွေနှင့် အတူပျံသန်းနိုင်ဖို့ရာ ကောင်းကောင်းကြီး တည်ဆောက်ထားမယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။
Karma လို့ နာမည်ပေးထားတဲ့ GoPro Drone ဟာဆိုရင် အခြား Drone တွေလိုပဲ Controller ပါရှိပါတယ်။ တချို့ Controller တွေဟာ အသုံးပြုထိန်းချုပ်ရ လွယ်ကူစေပြီး တချို့တွေကလည်း Game Controller တွေလိုပဲ ပြုလုပ်ထားပါတယ်။ Karma's Controller ရဲ့ ထူးခြားချက်က Drone မှတစ်ဆင့် မြင်ရမယ့် တိုက်ရိုက်မြင်ကွင်းကို ကြည့်ရှုဖို့ရာ Smartphone တွေကို ချိတ်ဆက်အသုံးပြုစရာမလိုအပ်ပဲ Controller မှာတင်ပဲ Display တပ်ဆင်ပေးထားပါတယ်။
Karma Drone ဟာ သေးငယ်ပါတယ်။ ဒါကြောင့် သင်ရဲ့ ကျောပိုးအိတ်ထဲကို ခေါက်ထည့်ပြီး လိုအပ်ရာကို သယ်ဆောင်သွားနိုင်ပါတယ်။ Drone ကိုဝယ်တဲ့အခါ ထည့်ဖို့ ကျောပိုးအိတ်တစ်လုံး ပါရှိမှာဖြစ်ပါတယ်။ အခုမိတ်ဆက်မယ့် Karma Drone ဟာ hero5 Black နှင့် Hero5 session cameras တွေနှင့် တွဲဖက်အသုံးပြုဖို့ရာအထူးပြုလုပ်ထားတာဖြစ်ပါတယ်။ဒါပေမယ့်လည်း သင်၏ လိုအပ်ချက်အရ Hero4 Camera တွေကိုသုံးချင်တယ်ဆိုရင်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
နောက်ပြီး အကောင်းဆုံးနှင့် ထူးခြားချက်ကတော့ Three-Axis Camera Stabilizer ပါရှိတာဖြစ်ပါတယ်။ လေထဲမှာ တည်ငြိမ်ပြီး ကောင်းမွန်တဲ့ ရိုက်ချက်တွေရအောင် တည်တည်ငြိမ်ငြိမ်နှင့် ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
GoPro Camera တွေဟာဆိုရင် ထိပ်ဆုံးတန်း နေရာယူထားတာဖြစ်ပါတယ်။ အခုတစ်ခါလည်း Karma Drone နှင့်အတူ DJI ကို ယှဥ်ဖို့ရာ Drone လောကထဲဝင်ရောက်လာပါပြီ။ GoPro Brand ဟာဆိုရင် အတော်များများသိနှင့်ကြပြီးဖြစ်ပြီး DJI ဟာလည်း Drone အသုံးပြုသူတွေကြားမှာတော့ နာမည်ရပြီးသား Brand တစ်ခုဖြစ်ပါတယ်။
Combine that brand recognition with the flexibility of using the Karma in the air and on the ground and its potential ease of use, and the Karma might be a spoiler this holiday season.ဒီတော့ GoPro ဟာ Brand ကိုကြားခံပြီး မြေပြင်ကနေ ဝင်ဟင်ကို တက်ဖို့ကြိုးစားလာတာလို့ပြောရမှာပေါ့။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Camera မပါပဲ $799 နှင့် Hero5 Session အပါ $999 နှင့် Hero5 Black edition Camera အပါ $1099 နှင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Review ကိုတော့ ထွက်ပြီး နောက်မှပဲ ကျနော်ထပ်ပြီး တင်ဆက်ပေးပါ့မယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Camera မပါပဲ $799 နှင့် Hero5 Session အပါ $999 နှင့် Hero5 Black edition Camera အပါ $1099 နှင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Review ကိုတော့ ထွက်ပြီး နောက်မှပဲ ကျနော်ထပ်ပြီး တင်ဆက်ပေးပါ့မယ်။
0 comments:
Post a Comment