360 Photo Sphere ဆိုတာဟာ Google ရဲ့ မြေပုံတွေ၊ ဖုန်းတွေနှင့် အခြားသော ဝန်ဆောင်မှုနေရာ တော်တော်များများမှာ သုံးနေခဲ့တာကြာပါပြီ။ အခုဆို Facebook ကလည်း 360 Degree ပုံတွေနှင့် Panorama တွေကိုလည်း ကြည့်ရှုနိုင်လာပြီဖြစ်ပါတယ်။ အခုချိန်ထိ Facebook မှာ ကျနော် တွေ့မြင်ရတဲ့ တော်တော်များများ 360 Panorama တွေပဲဖြစ်နေပြီး Photo Sphere ရိုက်ပြီးတင်တဲ့သူတွေ သိပ်မတွေ့ရဘူး။ ဒါကြောင့်ကျနော် Photo Sphere ရိုက်ပြီးတင်လို့ရတဲ့ နည်းလမ်းလေးကို Video လေးလုပ်ပြီး တင်ပေးရတာဖြစ်ပါတယ်။
အများအားဖြင့် အခုလို 360 Photo Sphere တွေကို Google Street View မှာ မြင်တွေ့နိုင်ပါတယ်။ အခုလည်း ကျနော်ပြသထားတဲ့ နည်းလမ်းလေးဟာ Street View Application ထဲက Camera ကို အသုံးပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။
Facebook ဟာ Social Network ကြီးဖြစ်တဲ့အပြင် စာရေးတာ စာဖတ်တာနှင့် သတင်းအချက်အလက်တွေကိုပါ ရယူနိုင်တဲ့ တစ်တည်းသော ကြီးမားတဲ့ Network ကြီးဖြစ်နေလေတော့ Blog ကို လာဖတ်တဲ့သူက အတော်လေးကို နည်းပါတယ်။ ဒါပေမယ့်လည်း ကျနော်လို စာရေးတဲ့သူတွေအတွက်က အချက်အလက်တွေကို လွယ်လွယ်ကူကူနှင့် ပြန်လည်ရယူနိုင်ဖို့က အရေးကြီးတဲ့အတွက် အခုလို Blog တွေရေးတယ်။ Website တွေလုပ်တယ်ဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့်လည်း ကျနော် အခုလို လူအများစိတ်ဝင်စားမယ့် Video လေးလုပ်ပြီး နည်းလမ်းအသစ်အဆန်း လေးတွေကိုမျှဝေရခြင်းပဲဖြစ်ပါတယ်။ နောက်လည်း အခုလို Video လေးတွေများများလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
မိုက်တယ်၊ ဆက်ရေးပေးပါ။
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်။
Delete