Tech Pop
  • Home
  • My Facebook
  • Contact Me

Friday, September 9, 2016

MPT CO-Branded Device M50 နှင့် ခဏတာ Review

 Paw Oo     10:00 AM     Review     No comments   



Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံးရလွယ်ကူပါတယ်။ ကင်မရာမှာဆိုရင်လည်း အသင့်အတင့်ကောင်းမွန်ပြီး Selfie ဆွဲမယ့်သူတွေအတွက် စျေးနှုန်းသက်သာပြီး ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။


Bad - သိုလှောင်သိမ်းဆည်းမှု ပမာဏ 8 Gb Storage သာရှိပါတယ်။ ဂိမ်းကစားမယ်၊ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ သူတွေအတွက်ကတော့ Micro SD လေးဝယ်ပြီး ထပ်ထည့်ဖို့တော့လိုပါလိမ့်မယ်။ လက်ရှိ Android OS 5.1 ကိုအသုံးပြုထားပါတယ်။ Update အတွက်က မသေချာပါဘူး။ Battery ဟာဆိုရင်လည်း ဖြုတ်တတ်လုပ်လို့မရတဲ့အတွက် ဖုန်းအသုံးများပြီး ခဏခဏ Battery ကုန်တတ်တဲ့သူတွေအတွက်ကျတော့ အပို Battery ဆောင်ထားလို့ မဖြစ်ပါဘူး။ Battery ကလည်း 2000 mAh သာရှိပါတယ်။ Navigation Keys များကိုလည်း Softkeys တွေကိုသာ အသုံးပြုထားတဲ့အတွက် အလေ့အကျင့်ဖြစ်ဖို့တော့ အချိန်ယူရပါမယ်။SIM Card နှစ်ကဒ် ဆိုပေမယ့် MicroSD ကဒ်ကို သုံးတဲ့အချိန်မှာ Second SIM ကို ထည့်သုံးလို့မရပါဘူး။




အားလုံးအကြမ်းဖျင်း ခြုံပြီးပြောရရင် ဒီဇိုင်းလန်းလန်းနှင့် စျေးနှုန်းသင့်ပြီး ၊ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Design


Metal Frame နှင့် ဘေးပတ်လည် ဘောင်ကွပ်ထားပြီး အောက်ခြေပိုင်းကိုကြည့်မယ်ဆိုရင်တော့ USB ပေါက်ဘေး တစ်ဖက်တစ်ချက်ဆီမှာ Speaker ၂ လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။အနောက်ဘက်ကိုတော့ ပလပ်စတစ်ကိုပဲသုံးပြီး အပြောင်သားနှင့်ပြုလုပ်ထားပါတယ်။ ဘယ်ဘက်အပိုင်းမှာပဲ ဖုန်းရဲ့ ခလုတ် သုံးခုဖြစ်တဲ့ Power Button နှင့် အသံအတိုးအကျယ် ခလုတ် ၂ ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘယ်သန်နှင့် ဖုန်းအသုံးများသူတွေအတွက်တော့ ပိုပြီးအဆင်ပြေနိုင်ပေမယ့် ညာဘက်နှင့်ကိုင်တဲ့သူတွေအတွက်တော့ လက်မနှင့် ပါဝါခလုတ်ကို နှိပ်လို့မရဘူးဆိုတော့ ကသိကအောက်တော့ ဖြစ်နိုင်လိမ့်မယ်။ တကယ်တန်းပြောရရင် အတော်များများက ညာဘက်လက်နှင့်ကိုင်ပြီး လက်မနှင့်သာ Power ခလုတ်ကို နှိပ်လေ့ရှိကြတာပါ။ 



မျက်နှာပြင် အကျယ်ကတော့ ၅ လက်မနှင့် မှန်သားဖုန်းအုပ်ထားရာမှာတော့ ဘေးနားပတ်လည်မှာ အနည်းငယ်လေးခုံးထားတဲ့အတွက် ဖုန်းကို အသုံးပြုရာမှာ အတော်လေးအဆင်ပြေတာကိုတွေ့ရပါတယ်။ ဖုန်းနှင့် မျက်နှာပြင်အပေါ်ဘက်မှာဆိုရင်တော့ Sensor နှင့် Selfie ဆွဲဖို့ရာ ရှေ့ဘက် ကင်မရာတစ်လုံးပါရှိပါတယ်။


နားကြပ်ပေါက်ကတော့ ဖုန်း၏ အပေါ်ဘက်မှာတဲ့အတွက် နားကြပ်နှင့်သီချင်းနားထောင်လေ့ရှိတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစေပါတယ်။ အဓိက ကတော့ နားကြပ်ကို တပ်ထားလျက်နှင့် ဘောင်းဘီအိပ်ကပ်ထဲကို ထည့်တဲ့အခါမှာပဲဖြစ်ဖြစ် အိပ်ကပ်ထဲထည့်တာပဲဖြစ်ဖြစ် ပိုပြီးအဆင်ပြေလွယ်ကူစေလို့ဖြစ်ပါတယ်။ ဖုန်းကဒ်ကို SIM CARD ၂ ကဒ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Software & Features



Android OS 5.1 Lolipop ကိုအသုံးပြုထားပြီး လုပ်ဆောင်ချက်တိုင်းကို လျင်လျင်မြန်မြန်နှင့် လုပ်ဆောင်နိုင်စေပါတယ်။ဖုန်းကို စဖွင့်လိုက်တာနှင့်စနစ်တစ်ခုလုံးကို မြန်မာလိုမြင်ရမှာဖြစ်ပြီး၊ အသုံးများတဲ့ Application တွေဖြစ်တဲ့ Facebook၊ Viber ၊ Wechat နှင့် ကူးမယ်ရွေ့မယ်ဆိုတဲ့သူတွေအတွက်လည်း Zapya ကိုပါ တစ်ခါတည်းထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် MPT ၏ ဝန်ဆောင်မှုတွေကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မယ့် MPT 4U အပြင် သတင်းအချက်အလက်တွေကိုပါ တစ်နေရာထဲမှာ ခဏလေးအတွင်းသိရှိနိုင်မယ့် MPT ၏ LOTAYA (လိုတရ) Web Portal ကိုပါ တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ အတွင်းပိုင်းမှာတော့ CPU Quad Core 1.3 ၊ RAM 1 GB  ကိုသုံးထားပါတယ်။ Battery ကတော့ 2000 mAh ပါဝင်ပါတယ်။ GPU မှာတော့ Mali-400 MP ကိုပဲသုံးစွဲထားတာဖြစ်ပါတယ်။။ COC ကိုတော့ နိုင်နိုင်နင်းနင်းဆော့နိုင်ပေမယ့် Clash Royal ကစားမယ်ဆိုရင်တော့ Frame Rate ကသိပ်ကောင်းမှာမဟုတ်ပါဘူး။ နောက်ပြီး အပိုဆောင်း လုပ်ဆောင်ချက်တွေအနေနှင့် မျက်နှာပြင်ကို နှစ်ချက်ထိတာနှင့် ဖုန်းက Screen လင်းလာမယ့် Gestures လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။ ဒီ Gestures လုပ်ဆောင်ချက်မှာဆိုရင်တော့ ၁၀ မျိုးအထိ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဖုန်းလာတဲ့အခါမှာ ကိုယ်က ဖုန်းကိုလည်း မချလိုက်ချင်ဘူး ကိုင်လည်း မကိုင်ချင်ဖူးဆိုရင်တော့မျက်နှာပြင်ကို အောက်ကို မှောက်လိုက်တာနှင့် အလိုလျောက် Silence(အသံတိတ်) ဖြစ်သွားမည့် လုပ်ဆောင်ချက်လည်းထည့်သွင်းပေးထားပါတယ်။ ဘာသာစကားဆိုင်ရာ မှာဆိုရင်လည်း English (အင်္ဂလိပ်)၊ Chinese (တရုတ်) နှင့် Burmse(ဗမာ) ဆိုပြီး သုံးမျိုးရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာကတော့ ဗမာ ဘာသာစကားဖြစ်ပြီး လက်ရှိအချိန် မြန်မာနိုင်ငံနည်းပညာလောကမှာလည်း အတိုက်အခံဖြစ်နေတဲ့ ဇော်ဂျီ နှင့် ယူနီကုတ် ဘာကို ထည့်ပေးထားမလည်းလို့ သိချင်ကြမှာပါ။ ကျနော်အနေနှင့်ကတော့ နောက်ပိုင်း နည်းပညာပစ္စည်းတွေကိုဆိုရင် ဘာသာစကားတိုင်းမှာ Unicode ကိုပဲ မြင်ချင်ပါတော့တယ်။ ဒါမှလည်း ကိုယ့်ဘာသာစကား မပျောက်ပျက်သွားမှာပါ။ အခုဖုန်းဘက်ကို ပြန်လှည့်ရဦးမယ်ဆိုရင်တော့ ဗမာဘာသာစကားကို ဇော်ဂျီပဲ သုံးထားပါတယ်။ ဖုန်းစနစ်တစ်ခုလုံးကို ဇော်ဂျီနှင့် မြန်မာလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ မြန်မာစာ ကီးဘုတ်ကိုလည်း တစ်ခါတည်း ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။။ ဖုန်းရဲ့ Home Launcher မှာ App Drawer ကို မသုံးထားတဲ့အတွက်တော့ Software တွေများလာတာနှင့်အမျှ အနည်းငယ်တော့ Screen ပေါ်မှာ မျက်စိနောက်မှာပါ။

Camera

Camera ပိုင်းအနေနှင့်ကတော့ ၁ သိန်း ဝန်းကျင် ဈေးနှုန်းအရ အတော်လေးကောင်းတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ နောက်ကင်မရာကိုသုံးပြီးပဲ ဓါတ်ပုံရိုက်မလား၊ ရှေ့ ကင်မရာနှင့် Selfie ပဲဆွဲမလား စိတ်ကြိုက် ဖြစ်မယ့် ပုံတွေကို ရနိုင်ပါတယ်။ ရှေ့ကင်မရာ (အများသုံးတော့ Selfie ကင်မရာလို့ခေါ်မလား) ကတော့ 5.1 Megapixels ဖြစ်ပြီး SD (Standard Definition 480 pixels) ရုပ်ထွက်ရှိတဲ့ ဗွီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ နောက်ကင်မရာ(Main Camera) ကတော့ 8.0 Megapixels ပါဝင်ပြီးတော့ HD (High Difinition 1080 pixels) ရုပ်ထွက်ရှိတဲ့ ဗွီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Smile Detection နှင့် မျက်နှာကို သိရှိနိုင်တဲ့ Face Detection နည်းပညာတွေကိုပါ သုံးပြုပြီး ဓါတ်ပုံများ ဗွီဒီယိုများကို ရိုက်ကူးနိုင်ပါသေးတယ်။ Burst Mode (တစ်ချက်နှိပ်လိုက်ရုံနှင့်ဓါတ်ပုံအများကြီးရိုက်နိုင်သောနည်းပညာ) ကတော့ အများဆုံး ၁၀ ပုံအထိ ရိုက်ယူနိုင်ပါတယ်။ Autofocus နှင့် Continuous Focus ဆိုပြီး ၂ မျိုးရွေးချယ်နိုင်ပါတယ်။ ကင်မရာရဲ့ လျင်မြန်မှုနှုန်းဟာ Point And Shoot တော့ မရပေမယ့် အတော်လေး သုံးလို့အဆင်ပြေပါတယ်။



ဒီနေ့ MPT ကနေ မိတ်ဆက်ခဲ့တာကတော့ မော်ဒယ်အမျိုးအစား ၂ မျိုးဖြစ်ပြီး တစ်မျိုးက M40 နှင့် ယခု လက်ရှိ ကျနော် Review ရေးထားတဲ့ M50 ဖြစ်ပါတယ်။ ကျနော်စမ်းသပ်သုံးစွဲခဲ့ရတဲ့ အချိန်ကလည်း ၂ ရက်တာအတွင်းဖြစ်တာရယ်နှင့် မအားလပ်တဲ့ကြားကနေ ပြီး ဒီ Review လေးကိုရေးထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိနေရင်လည်း ဖြည့်စွက်ပြီး တွေးပေးကြပါလို့ . . . 

ဖုန်းများကို စက်တင်ဘာလ ၁၂ ရက်နေ့မှ စပြီး MPT အရောင်းဆိုင်ခွဲများနှင့် နီးစပ်ရာ ဖုန်းဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။

M50 ကို ဝယ်ယူမယ်ဆိုရင်တော့ နံပါတ်လှ SIM Card တစ်ကဒ်အပြင် တစ်လကို ၃၀၀၀ ကျပ်ငွေဖြည့်သွင်းရုံနှင့် တစ်လကို FREE INTERNET DATA ၂.၅ GB  ၆ လဆက်တိုက် စုစုပေါင်း ၁၅ GB ရရှိမှာဖြစ်ပါတယ်။

M40 ကို ဝယ်ယူသူများအတွက်ဆိုရင် MPT SIM CARD တစ်ကဒ်ကိုလက်ဆောင်ရရှိမှာဖြစ်ပြီး တစ်လကို ၁၀၀၀ ကျပ် ငွေဖြည့်သွင်းရုံနှင့် တစ်လလျှင် FREE INTERNET DATA 777 MB ကို ၆ လဆက်တိုက် စုစုပေါင်း 4.5 GB ရရှိမှာဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ M40 ဆိုရင် ၃၂၀၀၀ ကျပ်ကျ သင့်မှာဖြစ်ပြီး M50 ကတော့ ၉၉၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။


  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ▼  September (13)
      • GoPro ရဲ့ မြေပြင်မှ ဝေဟင်သို့
      • ၂၂ နာရီကြာ အသုံးခံမယ့် Dell XPS 13
      • macOS Sierra Upgrade မလုပ်ခင်
      • Mac ဆရာသမားတွေအတွက် အကောင်းဆုံး macOS Sierra လာပါပြီ
      • iOS 10 Upgrade မလုပ်ခင်
      • 360 Photo Sphere ရိုက်ပြီး Facebook မှာ Share ရအောင်
      • Apple က သက်သေပြနေတဲ့ Mobile နည်းပညာ
      • MPT CO-Branded Device M50 နှင့် ခဏတာ Review
      • IP67 နှင့် IP68: Waterproof IP Rating ဆိုတာဘာလဲ
      • ကျနော်သိတဲ့ iOS 10 နှင့် WatchOS 3
      • ဂိမ်မာတွေ သွေးတက်သွားမယ့် Acer Predator 21X Gaming...
      • USB-C မှ HDMI သို့ တိုက်ရိုက်ချိတ်ဆက်နိုင်တော့မည်
      • Apple iMac ၂၁.၅ လက်မ Basic Model
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates