၂၇ လက်မ iMac ??? မကြီးလွန်းဘူးလား ? MacBook ကျပြန်တော့လည်း မလိုချင်ဘူး နောက်ပြီး Mac Mini ကျပြန်တော့လည်း ကိုယ့်အကြိုက်မဟုတ်ပြန်ဘူးဆိုရင်တော့ 21.5 လက်မ iMac ကိုပဲ ကြည့်ရတော့မှာပေါ့ဗျာ။ နောက်ပြီး သိပ်မကြာခင်ကပဲ Update ဖြစ်ထားတဲ့ Processors နှင့်အတူ Retina 4k မျက်နှာပြင်ကိုပါ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
၂၁ လက်မ iMac မှာ ဘာတွေထူးခြားလာလည်းဆိုတာ ကြည့်ရအောင်ဗျာ။ ကျနော်လက်ရှိ Unboxing လုပ်လိုက်တဲ့ iMac လေးကတော့ အနိမ့်ဆုံး Base Model လေးပဲဖြစ်ပါတယ်။
အားလုံးဆင်ပြီး ဖွင့်မပြနိုင်တာကိုတော့ နားလည်ပေးပါ။ ကျနော့်အိမ်က ကိုယ့်အတွက်တောင် ကွန်ပျူတာစားပွဲလေးတစ်လုံးနှင့် အလုပ်လုပ်ဖို့နေရာလေးတစ်ခုတောင် ဖန်တီးဖို့မလွယ်ကူနိုင်လောက်အောင်ကို ကျဥ်းလို့ပါ။
ဒါနှင့်ပဲ အခွင့်ရေးရတုံး ဒီ အခြေခံ သာမန်ညောင်ည iMac လေးတစ်လုံးကို Unboxing လုပ်ဖြစ်သွားပါလေရာ။ ၀ယ်မယ်ဆိုတဲ့အချိန်တွင်း ကျနော် ခေါင်းကို မူးနောက်သွားအောင် စျေးနှုန်းအသက်သာဆုံးကို သွားရှာလိုက်တော့ ကျွန်တော်ဝယ်တဲ့အချိန်မှာ 1350,000 အနိမ့်ဆုံး ကျပါတယ်။
Specifications လေးတွေကို ပြောရအောင်
4K Display နှင့် တော့ ရုပ်ထွက်က တခြားစီဆိုတာ မပြောလည်းသိမှာပါ။ သာမန် retina နှင့် ယှဥ်ရင်တောင်မှ ဝါးတားတားဖြစ်နေတာကို Retina သုံးဖူးသူတိုင်း ခံစားရမှာပါ။ CD/DVD Drive တွေမပါဘူး။နောက်ပြီး တစ်သိန်းကျော်လောက် ထပ်ကုန်နိုင်မယ့် Magic Trackpad 2 လည်းမပါဘူး (ကျေးဇူးတင်ရမှာပေါ့လေ မဟုတ်ရင် ဈေးပိုကြီးသွားမှာ)။ Full HD နှင့် iMac တစ်လုံး 1.6 GHz Core i5 processor ၊ 8 GB RAM နှင့် အတော့်ကို ခေတ်ညောင်းလှပြီဖြစ်တဲ့ Speed က 5400 RPM နှင် 1TB HDD တစ်လုံးပါ ပါတယ်။ ကောင်းကွက်က Magic Keyboard ပါးပါးလေးနှင့် Magic Mouse လှလှလေးတော့ ပါ ပါတယ်။ $ 1099.00 နှင့်ရတဲ့ iMac တစ်လုံးအတွက်တော့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ အကယ့်၍ သင်က ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးလိုချင်တယ်ဆိုရင်တော့ အနည်းဆုံး $1499 ကျပ် ဖြစ်တဲ့ Retina 4k Display ကို စဥ်းစားဖို့လိုပါတယ်။
"5400 RPM HDD
ဟုတ်လား?"
5400 RPM ရှိတဲ့ 1TB HDD ဟာ နည်းပညာပိုင်းအရ အခုလိုအချိန်အခါမျိုးမှာတော့ သိပ်ကို နှေးတယ်လို့ ထင်ကြမှာပါပဲ ။ Brand-New iMac ကိုပထမဦးဆုံးအကြိမ်ကိုင်ဖူးသူအတွက် Flash Storage နှင့် Macbook Pro ပေါ်မှာ အသားကျနေတဲ့အခါအတော့်ကို သိသာနေသလို ခံစားနေရတာမျိုး ဖြစ်ပါလိမ့်မယ်။
HDD မကြိုက်ရင်တော့ ရွေးချယ်စရာတွေရှိနေသေးတဲ့ £160 နှင့် 256 GB SSD ကို ရရှိနိုင်ပါသေးတယ်။
နောက်ဆုံးအနေနှင့် သတိပေးချင်တာက 21.5 လက်မ iMac ရဲ့ RAM ဟာ Motherboard ပေါ်မှာ အသေခဲတို့ထားတာဖြစ်တဲ့အတွက် နောက်ပိုင်း Upgrade လုပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့မဝယ်ခင် သေချာစဥ်းစားပါ ကိုယ့်အတွက်က 16GB မှဖြစ်မှာလား 8 GB နှင့်လည်း ဖြစ်သလားဆိုတာကို မဟုတ်ရင်တော့ ဒီအတိုင်းပဲ ရှိတဲ့ 8GB လေးကိုပဲ အမြဲတမ်းမှေးသုံးနေရပါလိမ့်မယ်။ (ဒါနှင့် RAM 16GB အတွက်ကိုက နောက်ထပ် £ 160 ထပ်ကုန်ပါမယ်)။ အိမ်သုံးပဲ သိပ်အများကြီး အလုပ်မလုပ်ဖူးဆိုရင်တော့ ရွေးချယ်သင့်တယ်လို့ကျနော်မြင်ပါတယ်။ နောက်ပြီး ဟိတ်ဟန်ကောင်းကောင်းနှင့် ဆကာကြီး လုပ်ပြီး အိမ်မှာသုံးလို့ရတာပေါ့ဗျာ။
0 comments:
Post a Comment