ကျနော့်အကြိုက် Laptops တွေထဲက တစ်ခုဖြစ်တဲ့ Dell XPS 13။ အရင် ဗားရှင်းတွေတည်းက နှစ်သက်ခဲ့တာဖြစ်ပါတယ်။ အခုလို ဗားရှင်းအသစ်နှင့် အတွင်းပိုင်းကလီစာတွေကို Upgrade လုပ်ထားပြီး အထူးသဖြင့် Battery က အားတစ်ခါသွင်းထားရင် နာရီ ၂၀ ကျော်နှင့် အတိအတိပြောရရင် ၂၂ နာရီကျော်အထိ အသုံးခံတယ်ဆိုတော့ဗျာ ပိုပြီးတော့ ကြွေတာပေါ့။
၂၀၁၆ မှာ XPS 13 ကို upgrade လုပ်ထားတာတွေထဲက ကြီးကြီးမားမားပြောင်းလဲတာနောက်တစ်ခုက တော့ Kaby Lake Processor ကိုသုံးထားတာပဲဖြစ်ပါတယ်။ အမျိုးအစား သုံးမျိုးရှိပြီး i7-7500U ၊ i5-7200U နှင့် i3-7100U ဆိုပြီး ဈေးနှုန်းပေါ်မူတည်ပြီး ကွာခြားပါတယ်။ အခု upgrade လုပ်လိုက်တဲ့ Kaby Lake ဟာဆိုရင် 15W အနိမ့်ဆုံး ပါဝါကိုသာအသုံးပြုထားပြီး skylake processors တွေထက် ပိုမိုလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေနှင့် လုံလောက်တဲ့ စွမ်းဆောင်ရည်လည်းရှိပါတယ်။
Upgrade လုပ်ထားတဲ့ processor နှင့် အနည်းငယ် ပိုမိုကြီးမားတဲ့ 60 Wh Battery ကိုသုံးထားတဲ့အတွက်ကြောင့် 2016 XPS 13 ဟာ ၂၂ နာရီကြာ 1080P ရှိတဲ့ထူးထူးခြားခြား Laptop တစ်လုံးဖြစ်လာပါတယ်။ အရင် Models တွေမှာလိုပဲ QHD+ ဆိုတဲ့ အမျိုးအစားတစ်ခုပါ ထွက်ရှိပြီး Battery မှာတော့ သိသိသာသာ ကျဆင်းသွားပြီး 13 နာရီ အထိ သာ အသုံးခံမယ်လို့လဲ Dell က ဆိုပါတယ်။
ယခင် XPS 13 တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ WiFi ပြဿနာကိုဖြေရှင်းတဲ့အနေနှင့် Wi-Fi ac 2x2 MIMO ကိုပြောင်းလဲခဲ့ပြီး Blutooth 4.1 ကိုတော့ မပြောင်းလဲခဲ့ပါဘူး။
Thunderbolt 2 USB Type C နှင့် 1 TB PCIe solid state drives နောက်တစ်ခါ 16GB Ram တွေက ပြောင်းလဲမှုမရှိပါဘူး။ Laptop အသစ်ဖြစ်တဲ့ 2016 XPS 13 ဟာဆိုရင် အောက်တိုဘာလ လေးရက်နေ့မှာ $799 နှင့် စတင်ရောင်းချမှာဖြစ်ပြီး ငွေရာင်၊ ရွှေရောင် နှင့် အရောင်သစ်ဖြစ်တဲ့ rose Gold ဆိုပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
ခိုက်ချင်စကာကြီးပဲ
ReplyDelete