HDMI ကို ထုတ်လုပ်နေတဲ့ အဖွဲကနေ HDMI Cable တစ်မျိုး ကိုမိတ်ဆက်လိုက်ပါပြီ။ လက်ရှိ USB-C ပါဝင်တဲ့ 12-inch MacBook လို computer မျိုးတွေအပြင် အခြား Smartphones များနှင့် tablets များအတွက်လည်း အသုံးပြုနိုင်မှာဖြစ်တဲ့ ယခု HDMI Cable ဟာဆိုရင် ကြိုးမှ တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး အခြား ဘာကြားခံပစ္စည်းမှ မလိုဘူးလို့ သိရပါတယ်။
ယခု အသစ်ထွက်လာတဲ့ HDMI USB-C ဟာဆိုရင် HDMI 1.4b ကိုအသုံးပြုထားပြီး 3D နှင့် ချိတ်ဆက်ဆိုင်ရွက်နိုင်သည့် နည်းပညာများအပြင် လျင်မြန်စွာ ဒေတာသွားလာနိုင်တယ်လို့ဆိုပါတယ်။ 4K Display ဒါမှမဟုတ် 12-inch MacBook တို့နှင့် ချိတ်ဆက်နိုင်မယ့် ဒီ HDMI Cable ဟာဆိုရင် $79 ကျပ် ကျပါလိမ့်မယ်။
လက်ရှိအချိန်ထိတော့ Thunderbolt ဟာ 4K Displays များနှင့် တီဗွီများ ကို ချိတ်ဆက်ရာမှာ အသုံးများဆုံး I/O အဖြစ်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုရင် လက်ရှိ Device Models အများစုဟာ HDMI ကိုသုံးပြီး 60Hz ထိရှိမယ့် ဒါမှမဟုတ် 4K Display ရှိမယ့် TV မျက်နှာပြင်တွေကို ချိတ်ဆက်အသုံးပြုနိုင်စွမ်းမရှိလို့ပါ။ သင်ဟာ လက်ရှိ HDMI သုံးပြီး 4K ကို ချိတ်ဆက်အသုံးပြုထားတယ်
ဆိုရင်တောင်မှပဲ 30 Hz refresh rate နှင့်သာအသုံးပြုနိုင်နေတာဖြစ်ပါတယ်။
12-inch MacBook အပြင် အသစ်ထွက်လာမယ်လို့ ထင်ကြေးပေးနေကြတဲ့ MacBook Pro နှင့် MacBook Air Models သစ်တွေမှာလည်း USB-C ပါဝင်လာနိုင်ပြီး Thunderbolt 3 ကိုလည်းသုံးစွဲနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ မတိုင်ခင် ဖြစ်လိမ့်မယ်လို့လည်း တချို့က ပြောနေကြပါတယ်။ အသစ်ထွက်လာမယ့် notebooks တွေမှာတော့ HDMI to USB-C တွေကို ထောက်ပံ့လာနိုင်ပြီး Mac သုံးသူတွေအတွက်ကတော့ 4K တွေနှင့်ချိတ်ဆက်ဖို့ရာ အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုပေါ်ပေါက်လာတယ်လို့ ပြောနိုင်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment