IFA မှာ Acer လုပ်သွားတဲ့ အကွက်က ငါ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသွားသလိုမျိုး။ တကယ့်ကို ရူးသွပ်တဲ့အကွက်ကို နင်းသွားတာပါပဲ။ ဂိမ်မာတွေရဲ့ အိမ်မက်ကို ပိုပြီး ရူးသွပ်သွားစေတယ်ဆို ပိုပြီး မှန်လိမ့်မယ်။ တချိန်က ဂိမ်မာတွေဆိုတာ Desktop ကိုပိုက်ပြီး အိမ်မက် မက်နေကြတဲ့သူတွေ။ အခုတော့ LAPTOP ဖတ်ပြီး ငြိမ့်နေလို့ ရတဲ့ ခေတ်ကို ရောက်လာပါပြီ။ ဒီလို အဖြစ်မျိုးကိုလည် ဖန်တီးပေးခဲ့တာကလည်း 2015 ခုနှစ်ကမှ ၆ ခုမြောက် ကမ္ဘာ့အကြီးဆုံး Computer ထုတ်လုပ်တဲ့ Internationa Corporation တစ်ခုဖြစ်တဲ့ ထိုင်ဝမ်အခြေဆိုက် Acer က ပဲဖြစ်ပါတယ်။
၁၇ ပေါင် ဒါမှမဟုတ် ၈ ကီလိုဂရမ် အလေးချိန်ရှိတဲ့ Acer Predator 21X ဂိမ်း လက်တော့ ဟာ တကယ့်ကို မှော်ဆန်ဆန် ရူးသွပ်မှုတွေကို ပိုမိုလို့ တောင် တောက်လောင်စေပါလိမ့်မယ်။ ဒါ့အပြင် ပြောစမှတ် တွင်လောက်မယ့် Geforce GTX 1080 Graphic Card ၂ ကဒ်ကိုထည့်သွင်းတည်ဆောက်ထားပြီး ကမ္ဘာ့ ပထမဦးဆုံး မျက်နှာပြင်ကွေး လက်တော့ (Laptop) ကွန်ပျူတာတစ်လုံးပဲဖြစ်ပါတယ်။
Predator 21X Gaming Laptop အလုပ်လုပ်နိုင်ဖို့ရာ Power Supply ၂ လုံးနှင့် အစွမ်းကုန် မောင်းနှင်ထားပြီး အတွင်းပိုင်း အပူရှိန်ထမ်းညှိဖို့ရာတော့ system fans ၅ လုံးနှင့် heatpipes ၈ ချောင်းက သင့်၏ Game ထဲမှာ စိတ်ချလက်ချ စီးမြောဖို့ စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒါ့အပြင် အမြင့်ဆုံးဆိုတဲ့ ဂိမ်းတွေကို စိတ်တိုင်းကျ အမြင့်ဆုံးဆိုတဲ့ Setting တွေနှင့် ဆော့ကစားနိုင်ဖို့ရာ 64 GB ထိ တိုးမြင့်သုံးစွဲနိုင်မယ့် RAM နည်းပညာကိုလည်းထည့်သွင်းတည်ဆောက်ထားပါတယ်။ အခုခေတ် ဂိမ်းတွေရဲ့ အဓိက လိုအပ်ချက်တစ်ခုလည်းဖြစ်တဲ့ သိုလှောင်သိမ်းဆည်းမှု ပမာဏ (Sotrage) ကိုဆိုရင်လည်း တစ်ပြိုင်တည်းမှာတင် ၅ ခုထိ အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် HDD/SSD 5 လုံးကို တစ်ပြိုင်တည်း အသုံးပြုနိုင်မှာပေါ့။
နောက်ပြီး Tobii eye-tracking camera လိုခေါ်တဲ့ နည်းပညာကတော့ Gamer အတွက် ဂိမ်းထဲက ရန်သူတွေကို မျက်လုံးနှင့်တင် ကြည့်ပြီး ချိန်ရွယ်နိုင်စေမယ်လို့ ဆိုပါတယ်။ မိုက်တယ်နော် ဒါပေမယ့် လောလောဆယ်တော့ သိရသလောက်က သုံးလို့ရမယ့် ဂိမ်းက တစ်ခုတည်းပဲရှိသေးတယ်လို့ဆိုပါတယ်။
အသံထွက်ပိုင်းမှာဆိုရင်လည်း Speaker ၄ လုံးနှင့် Subwoofers ၂ လုံးပါပြီး စိတ်ကြိုက်ကို ဝုန်းလို့ရမယ့် အနေအထားမှာရှိပါတယ်။ ကွေးနေတဲ့ မျက်နှာပြင်ဟာ ကန့်လန့်ဖြတ်တိုင်းမယ်ဆိုရင် ၂၁ လက်မ ရှိပါတယ်။ပုံမှန် Gaming လက်တော့တွေကတော့ ၁၇ မှ ၁၈ လက်မ ဝန်းကျင်ပဲရှိတာပါ။ ဒါ့အပြင် ဒီမျက်နှာပြင်ဟာ Nvidia G-Sync နည်းပညာကိုလည်း အသုံးပြုထားပါသေးတယ်။
Gamer တွေအကြိုက် Mechanical Keyboard အပြင် RGB LED လေးတွေကိုပါ အောက်မှာမြှပ်ထားလိုက်တော့ မိမိရဲ့လှုပ်ရှားမှုတိုင်းမှာက သက်တန့်ရောင်စဥ်လေးတွေ ထလို့နေပြီပေါ့ဗျာ။ နောက်ပြီးတော့ ထူးခြားသေးတာ တစ်ခုက numpad ကို touchpad အသွင် အပြန်ပြန် အလှန်လှန် ပြောင်းလဲ အသုံးပြုနိုင်ပါသေးယ်။ ဟိုဘက် ဒီဘက် ကိုလှန်လိုက်ရုံပါပဲ။ နည်းပညာတွေ ဖတ်ပြီး မိုက်တယ်လို့တွေးနေရင်တော့ တစ်ခါပြန်ပြီး remind လုပ်ချင်တာက ဒီ laptop ဟာ ၁၇ ပေါင် လေးတယ်ဆိုတာပါပဲ။ ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ဖို့အတွက် နောက် နှစ် ၂၀၁၇ ထိ စောင့်မျှော်ရဦးမှာဖြစ်ပါတယ်။
0 comments:
Post a Comment