အားလုံးက iPhone 7 နှင့် 7 Plus လေးဆီကိုပဲ စိတ်တွေရောက်နေကြလေတော့ MacBook လေးတွေနှင့် macOS Sierra လေးက အမေ့ခံ ဖြစ်နေလေရဲ့။ အဲ့ဒီတော့ ကျနော်လည်း အမေ့ပျောက်ခံလေးကို အစပြန်ဆွဲထုတ်ရတာပေါ့။ အဓိက ကတော့ လာမယ့် ၂၀ ရက်နေ့မှာ တရားဝင် Update ထွက်လာမယ့် macOS အသစ်လေး Sierra ဟာဆိုရင် Apple ရဲ့ နောက်ဆုံး OS တစ်ခုဖြစ်ပါတယ်။ WWDC 2016 ဇွန်လမှာ စတင်မိတ်ဆက်ခဲ့ပြီး အားလုံးလည်း Beta Programme ကို ပါဝင်ပြီး အစမ်းသပ်ခံ ဖြစ်လာခဲ့ပါတယ်။ အခုတော့ လာမယ့် ၂၀ ရက်နေ့မှာ အားလုံးပဲ Update လုပ်ပြီး အသုံးပြုနိုင်တော့မှာပါ။
Free Update တစ်ခုဖြစ်ပြီး Mac App Store တဆင့် သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့ ရောက်ရင် အားလုံး Update လုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော Macs တွေကတော့ OS အသစ်ကို ရယူသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ Update ပြုလုပ်လို့ရမည့် MacBooks တွေကတော့ MacBook (late 2009 or newer), the MacBook Pro (mid-2010 or newer), the MacBook Air (late 2010 or newer), the Mac mini (mid-2010 or newer), the iMac (late 2009 or newer), and the Mac Pro (mid-2010 or newer) တွေပဲဖြစ်ပါတယ်။
ထပ်ဖြည့်ပြီးပြောရရင် macOS Sierra ကို upgrade လုပ်ဖို့ရာအတွက် လက်ရှိသင့် mac မှာ OS X 10.7.5 ဒါမှမဟုတ် ဒီထက် မြင့်တဲ့ OS တစ်ခုကို installed လုပ်ထားရမှာဖြစ်ပြီး RAM 2 GB နှင့် Storage က 8.8 GB အနည်းဆုံးရှိမှ ရမှာပါ။ အဓိက လုပ်ဆောင်ချက်တစ်ခုအနေနှင့် macOS Sierra မှာဆိုရင် Apple ရဲ့ Assistant ဖြစ်တဲ့ Siri ကို Mac OS ဆီကို ရောက်ရှိလာတာဖြစ်ပါတယ်။ ပထမဦးဆုံးအကြီမ် Siri ကို Mac တွေပေါ်မှာ အသုံးပြုလို့ရတော့မှာပါ။ Siri intelligent personal assistant ဟာဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် နည်းမျိုးစုံနှင့် ကူညီပေးမှာဖြစ်ပါတယ်။ ဥပမာ - ပုံတွေ၊ ဖိုင်တွေ ရှာတာပဲဖြစ်ဖြစ်၊ စာတိုပေးပို့တာတွေအပြင် သီချင်းဖွင့်တာတွေက အစ ကူညီဖို့ အသင့်ရှိနေမှာပါ။ Siri ကို သင်က ရိုးရှင်းတဲ့ အမိန့်ပေးစေခိုင်းမှုတွေနှင့် ဒါတွေအားလုံးကို လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
macOS Sierra မှာ iCloud Drive အသုံးပြုမှုကိုလည်း ပိုမိုအဆင်မြှင့်ထားပြီး အခုဆိုသင်ဟာ ဖိုင်တွေပုံတွေကို ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေနှင့် Device တွေတစ်ခုနှင့် တစ်ခုကြား ကူပြောင်း လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုင်တစ်ခုတည်းကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ တည်းဖြတ်လုပ်ဆောင်နိုင်လာတဲ့ Keynotes၊ Numbers နှင့် Pages တွေဟာဆိုရင်လည်း ပိုလို့အသုံးဝင်လာပါတယ်။
Universal Clipboard ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ဟာဆိုရင် ကိုယ့်ရဲ့ Apple Devices တွေ တစ်ခုနှင့် တစ်ခုကြား ပေါင်းကူးတစ်ခုဖြစ်လာပါတယ်။ မည်သည့် Apple Device ကမဆို သင်ကူးယူလိုက်တဲ့ အရာကို အခြား Device မှာ ပြည်လည် အသုံးပြု(Paste) နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Device တစ်ခုမှ အခြားတစ်ခုကို ပုံတွေ ၊ ဗွီဒီယိုတွေနှင့် စာသားတွေကိုလည်း Drag and Drop ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သိပ်တော့ မစိမ်းလှတဲ့ နည်းပညာဖြစ်ပြီး Avatar ရုပ်ရှင်ကားထဲကလို အနားကပ်ပြီး Drag and Drop လုပ်နိုင်တော့မှာဆိုတော့ ထူးခြားတဲ့ Copy Paste ပဲပေါ့ဗျာ။
နောက်တစ်ခုကတော့ macOS Sierra မထွက်ခင်တည်းက လူအများကြားထဲ ရေပန်းစားနေတဲ့ Apple Watch မှ တစ်ဆင့် Mac တွေကို unlock ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ သင်ဟာ Apple Watch ဝတ်ဆင်ထားသူဖြစ်ပြီး နောက်ဆုံးထွက် Watch OS ကို upgrade လုပ်ထားပြီးဖြစ်ရင်တော့ လာမယ့် ၂၀ ရက်နေ့ကစပြီး သင့် Mac ကို Password တစ်လုံးမှ ရိုက်စရာမလိုပဲ ဖွင့်ပြီး တန်းသုံးနိုင်မှာဖြစ်ပါတယ်။
အခြားလုပ်ဆောင်ချက်တွေအနေနှင့်ကတော့ Apple Pay၊ Picture in Picture Mode၊ Memories၊ messages နှင့် ပိုမိုကောင်းမွန်လာမယ့် iTunes လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ Picture-in-Picture အနေနှင့်ကတော့ လုပ်လက်စ အလုပ်လေးတွေ မပျက်ရအောင် နှင့် Webpage တွေနှင့် iTunes ကနေ ကိုယ်ကြည့်ချင်နေတဲ့ ဘောပွဲလေးတွေ၊ ရုပ်ရှင်လေးတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ အလုပ်မပျက်စေပဲ ကြည့်နိုင်မှာဖြစ်ပါတယ်။
လတ်တလောကတော့ iOS 10 လေးကို သုံးနေရင်းနှင့် လာမယ့် ၂၀ ရက်နေ့မှာရမယ့် macOS လေးကိုလည်း မမေ့ကြပါနှင့်လို့ . . .
0 comments:
Post a Comment