ဒီနေ့ည ၁၁ ခွဲမှာ လုပ်မယ့် ပွဲမှာ iPhone 7 နှင့် Apple Watch 2 ကို မြင်တွေ့ရမယ်လို့ အားလုံး မျှော်လင့်နေကြတာပါ။ လတ်တလောအထိတော့ လာမယ့် ဖုန်းမှာ ဘာတွေပါလာလိမ့်မယ် ဆိုတာကိုလည်း အတော်များများ ခန့်မှန်းထားကြပါတယ်။ ဒါ့ထက်ကို ကျနော်ပြောချင်တာက ဒီဖုန်းတွေ နာရီတွေမှာသုံးမယ့် OS အကြောင်းကိုဖြစ်ပါတယ်။
ကျနော်အကြိုက်ဆုံး လုပ်ဆောင်ချက်ကလေးတွေ ကို အသားပေးပြီးပြောချင်ပါတယ်။ အားလုံးလည်း iOS 10 နှင့် Watch OS 3 တို့ကို စမ်းဖူးသူတွေလည်း စမ်းဖူးပြီးသွားကြလောက်ပြီလို့ထင်ပါတယ်။
iOS 10
Interactive Messages : Messages ဆိုတဲ့ Application အသစ်မှာဆိုရင် ပုံတွေနှင့် ဗွီဒီယိုတွေရဲ့ URL ကို တင်လိုက်တာနှင့် အလိုလျောက် ပေါ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်စာရိုက်သမျှကိုလည်း emoji လေးတွေအဖြင့်နှင့် ပြောင်းလဲပေးမှာဖြစ်ပြီး အခြားသော စိတ်ဝင်စားစရာတွေဖြစ်တဲ့ Hidden Message နှင့် Animated message တွေလည်းပါဝင်လာပါတယ်။
Sort your photos : iOS 10 ဟာ မျက်နှာကို မှတ်မိနိုင်နှင့် Facial Recognition ကိုအသုံးပြုပြီး ကိုယ့်ရဲ့ ဓါတ်ပုံတွေကို အလိုလျောက် နေရာတကျဖြစ်အောင် လုပ်ပေးပါတယ်။ ဥပမာ - ဒီပုံတွေကတော့ ဘယ်ပွဲမှာရိုက်ခဲ့တာ ဖြစ်ပြီး ဘယ်လိုပုံတွေကတော့ ဘယ်ကိုခရီသွားတုံးက ရိုက်ထားတာ စသဖြင့်ဖြစ်ပါတယ်။
Siri Open up : အခုဆိုရင် Application ဖတ်တီးသူတွေအတွက် Siri ကို စိတ်ကြိုက် မိမိ Applic ation ထဲမှာ ထဲ့သွင်း ရေးဆွဲနိုင်ပြီဖြစ်ပါတယ်။
New Keyboard Tricks : ဒါ့အပြင် Siri ဟာဆိုရင် သင်က အခြားတစ်ယောက်နှင့် အပြန်ပြန်အလှန်လှန် စကားပြောတဲ့အခါမှာဆိုရင်လည်း သင်ပြောတဲ့ Conversation အလျောက် လိုအပ်တာတွေကို လုပ်ဆောင်ပေးဦးမှာဖြစ်ပါတယ်။ ဥပမာ - ညစာ စားမယ်ဆိုရင်လည်း အနီးပတ်ဝန်းကျင်က ကောင်းတဲ့ဆိုင်တွေကို ရှာပေးပြီး Reserve လုပ်မလားမေးတာမျိုးတွေဖြစ်ပါတယ်။
Lock Screen as hub : Lock Screen မှာဆိုရင်လည်း သင်ဟာ Camera ဖွင့်မလား၊ widgets တွေကိုပဲ သုံးမလား၊ ဒါမှမဟုတ် Notification တွေကိုပဲ ကြည့်မလား စုံလင်အောင် ဖော်ပြပေးလာပါတယ်။
Delete Unwanted default Apple Apps: ကိုယ် အသုံးမလိုတဲ့ နဂိုပါလာတဲ့ App တွေကို လည်း iOS 10 မှာ ဖြတ်လို့ ရလာပါတယ်။
Better Maps : Apple ဟာ Maps ကိုလည်း Update လုပ်ခဲ့ပြီး အရင်ထက်ပိုမိုစုံလင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်လာတဲ့ Maps ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Watch OS
အရင်ထက် ၇ ဆနီးပါး ပိုမိုမြန်ဆန်လာတဲ့ လုပ်ဆောင်ချက်များ App တွေကို သင့်ရဲ့ လက်ကောက်ဝတ်လေး ပေါ်မှာတင်ပဲ အရင်ထက် ပိုမိုလျင်မြန်တဲ့ နှုန်းနှင့် လုပ်ဆောင်နိုင်လာပါတယ်။ အရင်လို App ကိုဖွင့်တဲ့အခါမှာ ဖြစ်တတ်တဲ့ မပွင့်တာမျိုးတွေမဖြစ်ရအောင်လည်း ပိုမို ပြင်ဆင်ထားပါတယ်။
A face fit for fitness : နာရီပေါ်မှာ ပါလာတဲ့ နဂို fitness-tracking ဟာလည်း ပိုမို ကောင်းမွန်လာပြီး သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားပြီး သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနှင့် မိသားစုအချင်းချင်း မျှဝေနိုင်ပါတယ်။
Control Center : iOS မှာလိုပဲ Watch OS 3 မှာဆိုရင် သင့်ရဲ့ နာရီ Battery ကို အလျင်အမြန် စစ်ဆေးနိုင်ပြီး လိုအပ်ရင်လည်း Airplane Mode ကို ပါ ပြောင်းနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Do Not Disturb အပြင် အခြားသော လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။
New interface : ပြောင်းလဲထားတဲ့ လုပ်ဆောင်ချက်အချို့ကတော့ သင့်ရဲ့ နာရီ ဘေးမှာရှိတဲ့ ခလုတ်ဟာဆိုရင် အခုဆို App Dock ကို ဖွင့်ပြပေးမှာဖြစ်ပါတယ်။ အောက်မှ အပေါ်သို့ ဆွဲလိုက်လျင် သင့်ရဲ့ Settings တွေကို မြင်ရမှာဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ လုပ်ဆောင်ချက်တွေနှင့်အတူ Apple Watch ဟာလည်း အသုံးပြုရ ပိုမို အဆင်ပြေလွယ်ကူလာစေပါတယ်။
June လမှာပြုလုပ်ခဲ့တဲ့ ပွဲမှာဆိုရင် Apple ဟာ Software mobile Devices တွေအတွက်ကိုပဲ update တွေကို ပေးသွားတာမဟုတ်ပဲ အခြားသော Devices တွေဖြစ်တဲ့ Apple TV အတွက် TV OS နှင့် Mac OS Sierra ဆိုတဲ့ Update တွေကိုလည်း ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ TYV နှင့် MacBook တွေ Mac တွေ အတွက် ဘာမှ အသစ်မြင်ရမှာမဟုတ်ပဲ Apple ဟာ iPhone 7 အတွက်ကိုပဲ အပြည့်အဝ Focus ထားပြီး မိတ်ဆက်သွားပါလိမ့်မယ်။ နောက်ပြီး Watch OS 3 နှင့် iOS 10 ကိုလည်း တရားဝင် ပေးသွားပါလိမ့်မယ်။
0 comments:
Post a Comment