Tech Pop
  • Home
  • My Facebook
  • Contact Me

Tuesday, October 4, 2016

အောက်တိုဘာ Google Event အကြို နှင့် တိုက်ရိုက်ကြည့်ရှုရန်

 Paw Oo     3:52 PM     Google     No comments   


Google ရဲ့ October ပွဲကြီးတော့ ရောက်လာပြန်ပါပြီ။ လက်ရှိသတင်းတွေအရတော့ ထုတ်ကုတ်အသစ်တွေဖြစ်တဲ့ Nexus ဖုန်းတွေကိုအစားထိုးမယ့် Pixel smartphones သစ်တွေအပါအဝင် အခြား Hardware အသစ်များကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ယခုပွဲမှာတော့ Google Home အကြောင်းကိုလဲ ပိုမိုသိရှိနိုင်မှာဖြစ်ပြီး မကြာခင် မိမိကိုယ်ပိုင် တစ်လုံးနှင့် အိမ်အတွင်းမှာ ထိန်းချုပ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ယခုစာမျက်နှာမှာလည်း တိုက်ရိုက်ကြည့်နိုင်သလို။ Video လင့်ခ် အောက်မှာရှိတဲ့ youtube လင့်ခ်ကိုသွားပြီးတော့လည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ည ၁၀: ၃၀ တိတိမှာစမှာဖြစ်ပါတယ်။



ပွဲကို တိုက်ရိုက်ကြည့်ရှုရန် (YOUTUBE)

Google Pixels


Google Pixel နှင့် Pixel XL Smartphones တွေဟာ HTC က Supplier အနေနှင့် ပါဝင်လိမ့်မယ်လို့ ထင်ကြေးတွေပေးနေကြပေမယ့် ကျနော့်အထင်တော့ Huawei ပဲဖြစ်မယ်ထင်ပါတယ်။ Pixel နှင့် Pixel XL နှစ်မျိုးလုံးမှာ တူညီတဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေပါရှိမှာဖြစ်ပြီး standard version အနေနှင့် 5 လက်မ မှ စပြီး XL ကတော့ 5.5 လက်မရှိပါလိမ့်မယ်။ ပွဲမစခင်တည်းကိုက အားလုံးနီးပါးကို သိနှင့်နေကြပြီလို့လည်း ထင်ပါတယ်။
မျှော်လင့်ထားသလိုပဲ Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ 821 Snapdragon ကို အသုံးပြုထားပြီး 1080 Full HD ပါမယ့် Pixel X နှင့် XL မှာတော့ 2560x1440 ဒါမှမဟုတ် 2K Display ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 12 MP Camera နှင့် မိမိဖုန်းကို စိတ်ချစွာ အသုံးပြုနိုင်စေရန် Fingerprint Scanners များ ပါဝင်ပါတယ်။
ဝယ်ယူသူအချို့ကတော့ Nexus Style အတိုင်း ဈေးသက်သာမယ့် တည်ဆောက်ပုံစံ ဒီဇိုင်းမျိုးမျှော်လင့်ထားကြပေမယ့် အနိမ့်ဆုံး ဈေးနှုန်းဟာ 649$ မှစမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Apple iPhone ရောင်းသလိုပဲ installment နှင့်ဝယ်မယ်ဆိုရင်တော့ သက်သက်သာသာ နှင့် တဖြည်းဖြည်းချင်း ဝယ်လို့ရတာပေါ့ဗျာ။
ကျနော့်အနေနှင့်ကတော့ ဒီဈေးနှုန်းနှင့် ထိုက်သင့်တဲ့ performance ကောင်းကောင်းဖုန်းတစ်လုံးဖြစ်မယ်ဆိုရင်တော့ ပေးပျော်တယ်လို့ ပြောချင်တယ်။ Nexus တုံးကဆိုရင် အခုလို performance ကောင်းကောင်း မဟုတ်ခဲ့လေတော့ ထွက်တိုင်းကို ဝယ်ဖို့ စိတ်မကူးရဲအောင်ကိုဖြစ်ခဲ့ရတယ်။ အခုတော့ Google က သူ့ရဲ့ Android ဈေးကွက် ထိပ်ပိုင်းမှာနေဖို့ စိတ်ကူးထားပုံရတယ်။

Pixel X - Full Phone Specification (gsmarena.com)

Pixel XL - Full Phone Specification (gsmarena.com)

Google Home


နောက်တစ်ခုက Google Home။ Alexa ဟာ အိမ်သုံး Smart Devices တွေကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အတော်လေး ပေါက်ရောက်တဲ့ Assistants ဖြစ်နေချိန်မှာ Google ကလည်း အိမ်ထဲဝင်ဖို့ ကြိုးစားလာတယ်။ "Ok, Google" ဆိုတဲ့ အသံအောက်မှာ မိမိအိမ်မှာရှိတဲ့ Smart Devices တွေများစွာကို တချိန်တည်းတပြိုင်တည်းမှာ အလွယ်တကူနှင့် ထိန်းချုပ်လုပ်ဆောင်နိုင်မယ့် Design လန်းလန်း Speaker တစ်ခုလိုဖြစ်တယ်။
$129 ပေးရမယ့် Google Home Assistant ဟာဆိုရင် Bluetooth ပါဝင်တဲ့ ပစ္စည်းတွေအတွက် ပိုပြီးအသုံးဝင်မယ်လို့လည်းဆိုတယ်။ သင့် ရဲ့ Google Account ကို ပဲ အသုံးပြုပြီး အားလုံးကို တချိန်တည်းတစ်ပြိုင်တည်းမှာ မိမိဖုန်းမှာလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ရုပ်သံတွေကိုလည်း ထုတ်လွင့်ပြသနိုင်တာဖြစ်တဲ့အတွက် သင့်ရဲ့ Smart Devices တွေနှင့် Smart TV တွေပေါ်မှာ ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။
ဒီနှစ်စမှာပဲ Google Home ကို I/O ပွဲမှာမြင်တွေ့ကြပြီးသားဖြစ်ပေမယ့်လည်း ဘာတွေထပ်ပြီး ကောင်းမွန်လာမလည်းဆိုတာကိုတော့ စိတ်ဝင်စားစွာနှင့် စောင့်ကြည့်ရဦးမှာဖြစ်ပြီး လတ်တလောကမှ Public အသုံးပြုခွင့်ရလာတဲ့ သင့်ရဲ့ android ဖုန်းထဲက Assistant Allo နှင့်အတူ ပေါင်းစပ်ပြီး ဘာတွေကော ထူးထူးခြားခြားလုပ်ဆောင်လာနိုင်ဦးမှာလည်း ဆိုတာလည်း စောင့်ကြည့်ရမှာပါ။

Google Chromecast


Google မှာ မိမိ Android ဖုန်းတွေနှင့် Tablets တွေကနေ ရုပ်သံတွေကို တီဗွီ ဖန်သားပြင်ပေါ်ထိ ရောက်ရှိပြီး ခံစားကြည့်ရှုနိုင်စေမယ့် Chromecast လည်းရှိပါတယ်။ အခုဆိုရင် Upgrade ထပ်မံပြုလုပ်ထားတဲ့ Chromecast အသစ်ဟာ 4K Video တွေကိုပါ Streaming ပြုလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဈေးနှုန်းဝန်းကျင် $69 သာ ကျသင့်မှာဖြစ်ပြီး ပြိုင်ဘက် Apple TV တွေထက် ဈေးနှုန်းအားသာ ချက်ကတော့ ပြောစရာမလိုပါဘူး။
အောက်တိုဘာ Google ပွဲမှာ နောက်ထပ် မြင်တွေ့ရမှာတွေကတော့ Daydream VR, Google WiFi အပြင် Android System ကိုလည်း ဘာတွေထပ်ပြီး improve တွေလုပ်ဦးမလည်း နောက်ထပ် ဘာစိတ်ဝင်စားစရာ Update တွေလာဦးမလည်းဆိုတာကိုလည်း စောင့်ကြည့်လိုက်ရအောင်ဗျာ.....



  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ▼  October (5)
      • ဒီဂျစ်တယ်အနုပညာသမားတွေနှင့် တီထွင်ဖန်တီးမှုကို နှစ...
      • MacBook Pro 2016
      • Hello Again နှင့် အတူပြန်လာမယ့် MacBook Pro
      • အဖွဲအစည်းတွေ လုပ်ငန်းတွေ အားလုံးအတွက် Workplace ကိ...
      • အောက်တိုဘာ Google Event အကြို နှင့် တိုက်ရိုက်ကြည်...
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates