နှစ်တွေတောင်ချီပြီး ကြာနေပြီဖြစ်တဲ့ ရေစိုဒဏ်ခံနိုင်ဖို့ရာ အပြိုင် ကြိုးစားနေတာဟာ Sony နှင့် Samsung အတွက်ကတော့ အတွေ့အကြုံတွေတောင် ပိုလို့ များနေလောက်ပါပြီ။ နောက်ဆုံးတော့ Apple လည်း ဒီဘူတာကိုပဲ ဆိုဒ်လာပြီ ဖြစ်ပါတယ်။
ဒီနေ့လို နေ့မျိုးမှာ ကျနော် Facebook မှာ တင်ဖြစ်တဲ့ စာသားလေးကိုလည်း ပြန်လို့မျှချင်ပါသေးတယ်။ သက်သက်တော့ ကျနော် အတွေးခေါင်ကြည့်တာပါ မြန်မာနိုင်ငံမှာတော့ အခုဆို ရေကြီးဒဏ်ကို ခံနေရတာလည်း အလူးလဲ ဖြစ်နေတာလေးကိုလည်း စိတ်မကောင်းဖြစ်မိလို့ပါ။
မနေ့က မိတ်ဆက်ခဲ့တဲ့ iPhone 7 ဟာဆိုရင်လည်း Water Resistance နှင့်အတူ ရေစိုခံပြိုင်ကြမယ့် ဖုန်းတစ်လုံးထပ်တိုးလာခဲ့ပြီဖြစ်ပါတယ်။ iPhone 7 ဟာ IP67 certified ဖြစ်ပြီး အလျင် ရှိပြီးသား Apple Watch နှင့် rating တူပါတယ်။ Samsung Galaxy S7 က IP68 ရှိနေတာဖြစ်ပါတယ်။ ဒီတော့ ဒီ IP Rating တွေက ဘာတွေလည်း ဘာကိုညွှန်းဆိုချင်တာလည်းဆိုတာနှင့် ဘယ်ဟာက ပိုကောင်းတာလည်းဆိုတာကို ကြည့်ရအောင်ပါ။
Bar?iPhone 7 နှင့် စပြီး ပြောရအောင်။ iPhone 7 ပိုင်ရှင်တွေအသုံးပြုသူတွေဟာ တကယ်ပဲ ရေကူးချိန်မှာ ဖုန်းလေးကိုင်ပြီး ရအောက်ဓါတ်ပုံတွေအပြိုင်အဆိုင်ရိုက်ပြီး ရေအောက်ထဲမှာတောင် ဘယ်သူလှလည်း ပြိုင်နေကြမှာတော့ မြင်ယောင်မိပါသေးတယ်။
IP67 ရှိတဲ့ Apple Watch အတွက်ကိုပြောရမှန်ဆိုရင်လည်း Apple Watch ဟာ ရေစက် ရေပေါက်ကလေးတွေကိုပဲ ကာကွယ်ပေးနိုင်တာပါ လို့ Cupertino ကပြောပါတယ်။ ဉပမာအားဖြင့် လေ့ကျင်းခန်းလုပ်နေတဲ့ အချိန်မှာ မိုးရွာလာခဲ့ရင်ပဲဖြစ်ဖြစ် လက်ကို ရေဆေးတဲ့အချိန်ပဲဖြစ်ဖြစ် ခံနိုင်ပေမယ့်လို့ ရေထဲကို နှစ်မယ်ဆိုတဲ့ အနေအထားကိုတော့ မပြုလုပ်ဖို့ လည်း ပြောပါတယ်။
Certification အရပြောရရင်တော့ ဒါဟာ မှန်းယွင်းတဲ့ ညွှန်းဆိုချက်လို့ ပြောနိုင်ပြီး တချို့အသုံးပြုသူတွေဆိုရင် ရေ ချိုးတဲ့ အချိန်တွေမှာတောင် ပတ်ပြီး အသုံးပြုလို့ရပါတယ်လို့ ဆိုပါတယ်။ IP68 နှင့် IP67 ဆိုတာကို ဆက်ပြီလေ့လာကြည့်ရအောင် . . .IP 67 နှင့် IP 68 ဆိုတာဘာလည်း ? ဘာကွာလည်း ?
အခုခေတ်ဖုန်းတွေမှာ အခုလို IP Rating မျိုးတွေရှိပြီး ဒီ Rating တွေဟာဆိုရင် ဖုန်းတစ်လုံးဟာ ပြင်ပမှ မလိုအပ်တဲ့ အရာတွေဖြစ်တဲ့ ဖုန်မှုန့်နှင့်အခြားသော elements တွေ ဝင်ရောက်မှုကို ကာကွယ်နိုင်စွမ်းနှင့် ရေဝင်ရောက်မှုကိုကာကွယ်နိုင်စွမ်းစတာတွေပေါ်မှာ မှီပြီး ပေးထားတာဖြစ်ပါတယ်။ ဒီ Rating တွေဟာဘာကို ရည်ညွှန်းသလဲ ?
IP – ဆိုတာ International Protection အမှတ်အသားကို ကိုဆိုလိုတာဖြစ်ပြီး သတ်မှတ်ချက် စည်းမျဥ်းစည်းကမ်းချက်တွေကိုတော့ International Electrotechnical Commission (IEC) မှ ရေးစွဲသတ်မှတ်ထားတာဖြစ်ပါတယ်။
6 – IP နောက်မှာကပ်လျက် ပါရှိတဲ့ နံပါတ်ကတော့ dust Resistance ပြင်ပအမှုန်အမွားများကို ကာကွယ်နိုင်စွမ်းကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung Galaxy S7 ဟာဆိုရင် "6" အဆင့်ရှိပြီး ဘာအမှုန်အမွှားမှ ဖုန်းထဲကို ဝင်ရောက်မှုမရှိအောင် အပြည့်အဝ ကာကွယ်ပေးနိုင်တယ်ဆိုတာကို ၈ နာရီကြာ အမှုန်အမွှားတွေထူထပ်တဲ့အခြေအနေအောက်မှာ စမ်းသပ်ပြီးသားလည်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။
iPhone 7 မှာလည်း အခုလို တူညီတဲ့ ကာကွယ်နိုင်စွမ်းရှိပါတယ်။
7 – နောက် နံပါတ်တစ်လုံးကတော့ ရေ/အရည် စတာတွေဝင်ရောက်မှုကို ကာကွယ်နိုင်စွမ်းကို ကိုယ်စားပြုတာဖြစ်ပြီး အတော်အရေးကြီးတဲ့ နံပါတ်တစ်လုံးဖြစ်ပါတယ်။ ဒီနံပါတ်လေးကို နားလည်မှုလွဲလိုက်တာနှင့် ကိုယ့်ရဲ့ ပစ္စည်းလေး ပျက်စီးသွားမှာဖြစ်ပါတယ်။
7 ဆိုတဲ့ rating ဟာ ဆိုရင် ရေအောက် အနက် ၁ မီတာ နှင့် ဖိအားဒဏ်ကို IEC ရဲ့ သတ်မှတ်ချက်များနှင့်အညီ ခုခံနိုင်စွမ်းရှိတယ်ဆိုတာကို ကိုယ်စားပြုတာဖြစ်ပါယ်။
7 ဆိုတဲ့ Rating ဟာ အချိန် ၃၀ ကြာအတွင်းသာ အာမခံနိုင်တာဖြစ်ပြီး Samsung S7 ဟာဆိုရင် 8 အထိ ရရှိထားတာဖြစ်ပြီး ရေအောက် အနက် ၁.၅ မီတာမှာ နာရီဝက် ၃၀ မိနစ် ခံနိုင်ရည်ရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်။
တကယ့်လက်တွေ့ဘဝမှာရော ဘယ်လိုအသုံးဝင်မှာလဲ ?
သီအိုရီအရတော့ iPhone 7 ဟာ ရေအောက်အနက် ၁ မီတာမှာ နာရီဝက် အထိခံနိုင်ရည်ရှိပြီး ထိခိုက်မှုတစ်စုံတစ်ရာကိုတော့ တာဝန်ယူမှာမဟုတ်ပါဘူး။
ဒီတော့ အနှစ်ချုပ်ရရင် သင်ဟာ ဖုန်းကို အိမ်သာအိုးထဲကျတာပဲဖြစ်ဖြစ် ရေချိုးရင်း ကလိနေတာပဲဖြစ်ဖြစ် စိတ်ချလက်ချ သုံးနိုင်ပါတယ်။ နောက်ပြီး ဘီယာမှောက်ကျတာပဲဖြစ်ဖြစ် ဘီယာခွက်ထဲကို ပဲကျသွားတာဖြစ်ဖြစ် အနံ့တော့နည်းနည်းထွက်မယ် နောက်ပြီး စည်းကပ်ကပ်တော့ နိုင်ပေမယ့် နဂိုအတိုင်းအလုပ်လုပ်နေဦးမှာပါ။ နောက်တစ်ခု သင့်အိပ်ထဲ ဖုန်းထည့်ထားပြီး ရေထဲကိုခုန်ချမယ်ဆိုရင်တော့ကာ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်ပဲ အကောင်းအတိုင်းရှိနေဖို့ရာ အခွင့်အရေးပိုများလာတာပေါ့ဗျာ။
ဖုန်းနှင့် ရေကူးလို့ရမလား ?
ဟုတ်ပြီ နောက်ဆုံး အနေနှင့်က အားလုံးဓိက ကျတဲ့ နေရာရောက်လာပါပြီ IP 67 ရှိတဲ့အတွက် ရေအောက်မှာ Selfie ဆွဲမယ်ဆိုသူတွေအတွက်ဆိုရင်တော့ ပြဿနာသိပ်မရှိပါဘူး။
IP စမ်းသပ်ချက်တွေဟာ LAB ခန်းထဲမှာ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုပြုလုပ်ပြီးသားဖြစ်တဲ့အတွက် တော်ရုံ အနက်မှာ ဓါတ်ပုံရိုက်တယ်ဆိုတဲ့ ကိစ္စဟာ ပြောစရာလိုမယ်မထင်ပါဘူး။
နောက်တစ်ခါ ၂၀၁၅ မှာ Sony က IP68 ရှိတဲ့ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ခဲ့ရာမှာတော့ ရေအောက်မှာပါ ဓါတ်ပုံရိုက်လို့ရတယ်ဆိုတာနှင့် အရောင်းမြှင့်တင်ရေးလုပ်ခဲ့ပါတယ်။ နောက်ပြီး ဝယ်ယူသူတွေကို ရေအောက်မှာ အသုံးပြုခြင်းနှင့် စတန့်ထွင်တာတွေမပြုလုပ်ဖို့ လည်း ပြောခဲ့ပြန်ပါတယ်။တနည်းအားဖြင့်ဆိုရရင် ဒီ IP rating တွေအားလုံးဟာ စမ်းသပ်ခန်းထဲမှာ စနစ်တကျနှင့် စမ်းသပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြင်ပ တကယ့် Real World မှာဆိုရင်တော့ တချို့ချို့သော အကြောင်းတွေကြောင့် ထိခိုက်မှုတွေရှိနိုင်ပါတယ်။ ဥပမာ ဖုန်းက လွတ်ကျထားတာမျိုး ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် လုံခြုံအောင်လုပ်ထားတာတွေကို ထိခိုက်ပျက်စီးစေတဲ့အတွက်၊ သင်ဟာ ရေထဲမှာ သုံးခဲမယ်ဆိုရင်တော့ ပျက်စီးသွားမှာ ပါပဲ။ ဒီတော့ စိတ်ထဲမှာတော့ သိထားရမှာက ရမ်းသမ်းတော့ ဆော်လို့မရဘူးဆိုတာပါ။ နောက်ပြီး သေချာသလောက်ကတော့ တော်ရုံ ရေစိုတာလောက်ကတော့ မှုစရာမလိုတော့ဘူးပေါ့ဗျာ။ ဘာပဲ ပြောပြော မိမိရဲ့ တန်ဖိုးကြီးပေးဝယ်ထားရတဲ့ အရာတွေဆိုတော့ သတိကြီးကြီးထားတာ အကောင်းဆုံးပါပဲခင်ဗျာ။ ဒါနှင့် ကျနော့်ရဲ့ ပျောက်သွားခဲ့တဲ့ SONY Z လေးကတော့ သင်္ကြန်ကို ၂ နှစ်လောက် ပိပိရိရိကိုခံနိုင်သွားတယ် နောက်ဆုံး ကျနော့်လက်ထဲကနေ ကားပေါ်မှာ ပါပြီး ပြန်မရတော့တဲ့အထိတော့ အကုန်အကောင်းပဲ။
ဆက်ပြီး IP Rating တွေအကြောင်းကို ဆက်လက် ဖတ်ရှုချင်တယ်ဆိုရင်တော့ https://en.wikipedia.org/wiki/IP_Code
ဆက်ပြီး IP Rating တွေအကြောင်းကို ဆက်လက် ဖတ်ရှုချင်တယ်ဆိုရင်တော့ https://en.wikipedia.org/wiki/IP_Code
0 comments:
Post a Comment