Tech Pop
  • Home
  • My Facebook
  • Contact Me

Saturday, June 24, 2017

2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3

 Paw Oo     9:07 AM     Games     No comments   


Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီးမှာ ဖြန့်ချိပေးခဲ့ပါတယ်။ Darksiders 1 အတွက် Warmastered Edition နဲ့ 2 အတွက်တော့ Deathinitive Edition ဆိုပြီး Edition နှစ်ခုထွက်ရှိထားပြီး နောက်ဆက်တွဲအခွေမထွက်လာပဲ အချိန် 5 နှစ်ကြာယူလာခဲ့တဲ့ THQ Nordic ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Darksiders 3 ထွေလာကို ပရိသတ်ရှေ့မှောက်ချပြခဲ့ပါတယ်။ ထွေလာစစချင်းမှာ Darksiders 1 ရဲ့အဓိကဇာတ်ကောင်၊ မြင်းစီးစစ်သည်တော် တစ်ယောက်လည်းဖြစ်တဲ့ War ကို Charred Council မှာချူပ်နှောင်ထားပါတယ်။ ထွေလာအရဆိုရင်တော့ တစ်ချိန်တည်းမှာပဲ Seven deadly sins ခုနှစ်ခုဟာ လွတ်မြောက်သွားတဲ့အတွက် အဲတာတွေအားလုံးကို မြင်းစီးစစ်သည်တော်လေးယောက်ထဲက နောက်ထပ်တစ်ယောက်ဖြစ်တဲ့ Fury ကတစ်ခုချင်းစီလိုက်ပြီး သုတ်သင်နှိမ်နင်းရမယ့် ဇာတ်အိမ်လို့သုံးသပ်နိုင်ပါတယ်။ ၂ မိနစ်စာထွေလာဖြစ်တာမို့ ဘယ်လောက်မှ များများစားစား မသိနိုင်ပေမယ့်သိရှိရတာတွေနဲ့ သေချာတဲ့ခန့်မှန်းချက်တစ်ချို့ကို ဒီမှာဖော်ပြပေးလိုက်ပါတယ်။

Darksiders 3 ရဲ့အဓိကဇာတ်ကောင် Fury



Darksiders 3 ရဲ့အဓိကဇာတ်ကောင်ကတော့ မြင်းစီးစစ်သည်တော်လေးဦးထဲက တစ်ဦးဖြစ်တဲ့ Fury (အမျက်ဒေါသ) ပဲဖြစ်ပါတယ်။ အဲဒီလေးဦးထဲက War (စစ်ပွဲ) နဲ့ Death (သေခြင်းတရား) တို့ဟာ ညီအစ်ကိုတွေဖြစ်ပြီး ပထမခွေနဲ့ ဒုတိယခွေရဲ့ အသီးသီး အဓိကဇာတ်ကောင်တွေလည်းဖြစ်ပါတယ်။ Darksiders 3 ရဲ့ထူးခြားချက်က အဓိကဇာတ်ကောင်ဟာ မြင်းစီးစစ်သည်လေးယောက်ထဲက တစ်ဦးထဲသော အမျိုးသမီးဖြစ်နေတာပါပဲ။ IGN ရဲ့ gameplay ဗီဒီယိုအရဆိုရင်တော့ Fury ဟာမှော်ကြာပွတ်ကို ကိုင်ဆောင်ပြီး အခြားထူးခြားတဲ့လက်နက်တွေနဲ့တိုက်ခိုက်လိမ့်မယ်လို့ ယူဆရပါတယ်။

ဂိမ်းရဲ့လျှို့ဝှက်တဲ့ နောက်ခံဇာတ်ကြောင်း



ထွေလာမှာကြားသိခဲ့ရတဲ့စကားတွေကနေဆိုရင်တော့ Darksiders 3 ဂိမ်းမှာ Fury နဲ့အဓိကရင်ဆိုင်ရမယ့်ရန်သူတွေဟာ Seven Deadly Sins နဲ့သူတို့ရဲ့လက်ပါးစေရန်သူတော်တွေဖြစ်တယ်လို့ သိနို်င်ပါတယ်။ မတူညီတဲ့ပြစ်ချက်ကြီးခုနှစ်မျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြစ်ချက်တစ်မျိုးချင်းစီမှာ ကွဲပြားခြားနားတဲ့သွင်ပြင်၊ လက္ခဏာနဲ့ စွမ်းရည်တွေရှိလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပြစ်ချက်တစ်မျိုးဆီမှာ သူတို့ရဲ့ပိုင်နက်ကိုယ်စီ အသီးသီးရှိကြပြီး အဲဒါတွေကိုလိုက်လို့ ကိုယ်သွားရတဲ့ပတ်ဝန်းကျင်၊ သဘာဝဟာလည်း ပြောင်းလဲသွားမှာပါ။

ဇာတ်ကောင်စွမ်းရည်နဲ့ ဆော့ရမယ့်ဂိမ်းပုံစံ

Darsiders 3 ရဲ့ဇာတ်ကောင် Fury အသုံးပြုမယ့် လက်ရွေးစင်လက်နက်တွေထဲမှာ အနီရောင်ရှိတဲ့မှော်ကြာပွတ်လက်နက်နဲ့ ဂိမ်းတစ်လျှောက်ရရှိမယ့်ထူးခြားတဲ့စွမ်းရည်တွေအပြင် စကြာနဲ့ ဓါးကိုပါ ကိုင်ဆောင်တိုက်ခိုက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တွေ့ရှိတဲ့ concept art အရဆိုရင် Fury ရဲ့လက်နက်တွေထဲမှာ သူ့အရပ်တစ်မျှကြီးမားတဲ့ တူလက်နက်ပါ ပါဝင်နိုင်ပါတယ်။ Darksiders 3 ဟာ သူ့ရဲ့ရှိရင်းစွဲဂိမ်းပုံစံကို ကျောရိုးခံပြီးပြင်ဆင်ပြောင်းလဲမှု အနည်းငယ်လုပ်ထားပါတယ်။ Open World ဂိမ်းပုံစံနဲ့ ရင်ခုန်စရာကောင်းတဲ့ဇာတ်ကြောင်းအပေါ်မှာ မတူကွဲပြားတဲ့ကမ္ဘာအသီးသီးနဲ့ လျှို့ဝှက်နယ်မြေတွေ၊ မြေအောက်ခန်းတွေထဲကခေါင်းစားစေမယ့် ပဟေဠိပေါင်းစုံနဲ့ ရှားပါးသေတ္တာပုံးတွေ၊ တိုက်ကွက်ပေါင်းစုံနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ရန်သူတွေကို တစ်စုတစည်းတည်း ပေါင်းစည်းထားတဲ့ Darksiders 3 ကိုဂိမ်မာတွေက နဂိုအရသာမပျက် အားပါးတရဆော့ကြရမှာပါ။ ဒီတော့ မျှော်မှန်းချက်ပေါင်းများစွာနဲ့ နောက်နှစ်မှာထွက်မယ်လို့ သတင်းရထားတဲ့ Darsikders 3 ရဲ့ထွေလာနဲ့ gameplay ဗီဒီယိုကိုကြည့်ပြီး အပီဆော့ဖို့ စိုင်းပြင်းနေလိုက်ကြပါဦးလို့ ဒီကနေ တိုက်တွန်းလိုက်ချင်ပါတယ်။




Darksiders 3
Yan (11.5.2017) Ref: trustedreviews
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ▼  June (10)
      • Qualcomm ဖုန်းမှန်တွေအောက်မှာ Fingerprint တွေပါလာတ...
      • Galaxy Note 7 FE ဆိုပြီး ပြန်လည်ရောင်းချတော့မယ့် S...
      • တစ်ကိုယ်ရေသုံး Drone ဝယ်ဖို့စဥ်းစားနေရင် ( DJI Spa...
      • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
      • MIMO or "Multiple-input, multiple-output" နှင့် နည...
      • E3 2017 က ကစားချင်တဲ့ ဂိမ်းလေးတွေ
      • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက်...
      • Apple Awards 2017 ( ၂၀၁၇ ခုနှစ် ဆုရရှိသော Apps များ )
      • Apple iPhone အတွက် iOS 11 ရဲ့ ထူးထူးခြားခြား ပြောင...
      • Apple WWDC 2017 မှာ ဘာတွေလာမလည်းဆိုတာ
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates