iPhone 7 ကိုမိတ်ဆက်ခဲ့တဲ့ ပြီးအပြီးမှာတော့ တချို့က တော့ ဒါပဲလားဆိုပြီး ပြောတဲ့သူတွေရှိသလို တချို့ကျတော့လည်း သိပ်ကောင်းတယ်သိပ်မိုက်တဲ့ ဖုန်းပဲဆိုပြီး ပြောနေကြပါတယ်။ အားလုံးလဲသိပြီးသွားတဲ့အတိုင်းပဲ iPhone6s ရဲ့ ဒီဇိုင်းအသွင်အပြင်နှင့် အတွင်းပိုင်းကလီစာတွေကိုပဲ မြှင့်တင်ထားပြီး၊ ပိုကောင်းတဲ့ ကင်မရာနှင့်အတူ Headphone jack ပေါက်ကိုပါ ဖျောက်ပစ်လိုက်တာပါ။
iPhone 7 ကြည့်ရင် Smart Phones တွေရဲ့ ပြီးပြည့်စုံမှု တိုးတက်လာတယ်ဆိုတဲ့ ဥပမာကို တွေ့ရမှာပါ။ Telsa ဟာဆိုရင် သူ့ကားတွေကို မကြာ မကြာ ထုတ်လေ့မရှိပါဘူး။ ဒါပေမယ့် နှစ်စဥ် ပိုမိုကောင်းမွန်မယ့် ပြုပြင် ပြင်ဆင်မှုတွေကို UPgrade ပြုလုပ်လေ့ရှိပါတယ်။
ဒီနှစ်ရဲ့ iPhone ဟာလည်း အတွင်းပိုင်းပြုပြင်ပြောင်းလဲမှုတွေနှင့် ပေါ်ထွက်လာခဲ့တဲ့ လှပတဲ့ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ အများကြီးလည်း ရှေ့ကို ခုန်ပျံ တိုးတက်သွားတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ နှင့် Apple ကြားမှာ တွေ့နေရတဲ့ အချိန်အတိုင်းအတာရ Apple ဟာ နောက် နှစ်ကျရင် ရော ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့ရင် ဘာဖြစ်မှာလဲ ?
Smartphone တွေရဲ့ တီထွင်စမ်းသစ်မှုတွေဟာ တစ်ဖြည်းဖြည်းနှင့် နှေးကွေးလို့လာနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကနေ အခုချိန်ထိ ကြည့်မယ်ဆိုရင်ပဲ အများကြီး တိုးတက်ပြောင်းလဲလာနေတာကို တွေ့ရမှာပါ။
ဒါပေမယ့်လည်း အခုဆိုလူတွေဟာ Mobile ခေတ်ကြီးထဲ ကို တဟုန်ထိုး ဝင်တိုးနေတဲ့ ခေတ်ကိုရောက်လာခဲ့ပြီး။ Mobile Smartphones တွေရဲ့နည်းပညာဟာလည်း ချက်ချင်းကို တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အခု ဆိုရင် သတိထားမိကြမှာကတော့ ကွန်ပျူတာနှင့် ပတ်သတ်တဲ့ နည်းပညာပြောင်းလဲတိုးတက်မှုတွေဟာ အခုဆို နှေးကွေးလာပါပြီ။အကြီးစားတိုးတက်ပြောင်းလဲမှုတွေကိုလည်း မြင်တွေ့ရတာ နည်းပါးလာပါတယ်။
Mobile နည်းပညာရဲ့ တိုးတက်မှုကရော နှေးကွေးလာပြီလား?
Apple ကလည်း ဒီထက်လည်း ထူးခြားတိုးတက် ပြောင်းလဲမှုတွေကို ချက်ချင်းဆိုသလို မချပြနိုင်တော့တဲ့အခြေအနေကိုရောက်လာပြီလို့ထင်ပါတယ်။ iPhone 6s တွေ 5s တွေနှင့် SE စတာတွေကို နည်းပညာအသစ်တစ်ခု ကိုချပြဖို့အချိန် ယူတဲ့နေရာမှာ အသုံးချနေသလိုပါပဲ။ အခုတခါလည်း ကြည့်မယ်ဆိုရင် iPhone 7 မှာ ကင်မရာတွေပိုကောင်းလာတယ် Home Button ကိုအဆင့်မြှင့်ထားတယ်(ရှေ့နှစ် ၂၀၁၅ ထဲက MacBooks တွေမှာသုံးထားတဲ့နည်းပညာကိုပဲပြန်သုံးထားတာပါ။)၊ Display က အလင်းရောင်ပိုကောင်းလာတယ်၊ နောက်ပြီး အပေါ်ယံ ဒီဇိုင်းအနည်းငယ် ပြောင်းလဲထားတယ်။ ဆိုတော့ နည်းပညာအသစ်က ဘာလည်းလို့ မေးခွန်းထုတ်စရာပဲ။
Apple အနေနှင့် လက်ရှိ သိနေ ကြားနေရတဲ့ နည်းပညာ သတင်းတွေအရတော့ လာမယ့် ၂၀၁၇ မှသာလျှင် နည်းပညာအသစ်အဆန်းတွေနှင့်အတူ ကြီးကြီးမားမား ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ်လို့ သိရပါတယ်။

0 comments:
Post a Comment