တနေ့က အခုလို Apple က ကြေငြာလိုက်တယ်ဆိုရင်ပဲ ချက်ချင်းဆိုသလို ဘလော့မှာတင်ပြီး ရေးလိုက်ချင်တာ ခက်တာက အလုပ်ကလည်း မပြီးမပျက်ဆိုတော့ အတော်လေး စိတ်ရှုပ်နေတဲ့အချိန်မို့ပါ။ အခုတော့ ကျနော်ရေးချင်တာပြောချင်တာတွေရေးလိုက်ဦးမယ်ဗျာ။
အခုဆိုရင် အားလုံးသိပြီးသွားတဲ့အတိုင်း လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ Apple ရဲ့ ပုံမှန် Flow အတိုင်း လုပ်နေကျ ပွဲလေးတစ်ခုကို ရှုမြင်ခံစားရတော့မှာဖြစ်ပါတယ်။ ဒီကြားထဲ ထွက်ထားတဲ့ ကောလ ဟာလတွေအတိုင်း iPhone 7 နှင့် Apple Watch ရဲ့မျိုးဆက်သစ် တစ်ခုကို မိတ်ဆက်လိမ့်မယ်လို့ အတော်များများကတော့ သေချာသလောက် ထင်ကြေးပေးနေကြပြီး။ သိပ်မကြာခင်ကထွက်ရှိခဲ့တဲ့ Macbook Pro ကို မျိုးဆက်သစ်ထပ်ပြီးထွက်လိမ့်မယ်ဆိုတဲ့ ကောလ ဟာလ ကိုလည်း ကျနော်အနေနဲ့တော့ မျှော်လင့်နေတုံးပါပဲ။
လက်ရှိအချိန်ထိတော့ အားလုံးက အခုပွဲလေးမှာ iPhone 7 နှင့် Apple Watch ကို မြင်တွေ့ရဖို့ကို စိတ်အားထက်သန်နေကြတာကိုတွေ့ရပါတယ်။ iPhone 7 မှာ အားလုံးသုံးနေတဲ့ Head Phone Jack ကို ဖြုတ်ပစ်ပြီး Lightning တစ်ပေါက်တည်းကိုပဲ သုံးမယ်ဆိုတဲ့ သတင်းကလည်း အားလုံးစိတ်ဝင်စားမယ့် အပိုင်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်စိတ်ဝင်စားတာကတော့ တကယ်ပဲ Headphone Jack ကို ဖြုတ်ပစ်မယ်ဆိုခဲ့ရင် Apple က သူ့ရဲ့ သုံးစွဲသူတွေကို ဘာကြောင့်ဖြုတ်ရတယ်ဆိုတဲ့ အကြောင်းကို ဘယ်လိုပြောပြီး ဆက်လက် ဆွဲဆောင်ထားနိုင်မလည်းဆိုတာပါ။ နောက်ပြီး ကင်မရာက နှစ်လုံးပါလာမယ်ဆိုတာရယ်နှင့် ရေစိုလည်း ခံလိမ့်မယ်ဆိုတဲ့ အချက်တွေကတော့ သိပ်ပြီး ထူးခြားတယ်လို့ အခုချိန်မှာ ပြောလို့မရတော့ပါဘူး။ အားလုံးသိတဲ့အတိုင်း ကင်မရာ ၂ လုံးသုံးတယ်ဆိုတဲ့ ဖုန်းတွေကလည်း လတ်တလောလေးတင်မှ ပူပူနွေးနွေး အပြိုင်အဆိုင်လည်း ထုတ်ထားကြတာဆိုတော့ . . . တကယ်ဖြစ်နိုင်လို့ ထင်ပါတယ်။
Apple Watch ဘက်ကို လှည့်ပြန်ရင်လည်း မိတ်ဆက်ခဲ့တဲ့အချိန်ကနေ အခုထိဆိုရင် တစ်နှစ်နှင့် တစ်ဝက် ကျိုးနေ ခဲ့ပြီဖြစ်ပါတယ်။ အခုချိန်ကတော့ Apple အတွက် Watch ကို မျိုးဆက်သစ်မိတ်ဆက်ဖို့ရာ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ပိုမိုမြန်ဆန်မယ့် အတွင်းပိုင်း ပစ္စည်းတွေနှင့် GPS ကိုပါ ထောက်ပံ့လာပြီး ဒီဇိုင်းပိုင်းအရတော့ ပိုပြီး ပါးလာမယ်လို့ သတင်းတွေရပြီး အစောပိုင်း သတင်းရင်းမြစ်တွေအရတော့ ကင်မရာပါလာလိမ့်မယ်လို့ ဆိုပါတယ်။ Apple ကတော့ Messaging အတွက် Watch ကို အဓိကထားပြင်ဆင်ဖြစ်လိမ့်မယ်လို့ ထင်တယ်ဗျ။
ကျနော်ထင်ကြေးတွေ ဒီလောက်နှင့်ပဲ ရပ်ပြီးတော့ လာမယ့် ၇ ရက်နေ့ ဗုဒ္ဓဟူး မြန်မာနိုင်ငံစံတော်ချိန် ည ၁၁ နာရီ ၃၀ ကနေ ကြာဿပဒေးနေ့ မနက် ၁ နာရီခွဲ အထိ ပြုလုပ်မယ့် Apple ရဲ့ Keynote Speech လေးကို အားလုံးပဲ စောင့်မျှော်ကြည့်လိုက်ရအောင်ဗျာ။
t-POP
0 comments:
Post a Comment