iPhone 6s တွေတစ်လုံးနှင့်တစ်လုံး မတူကြပါဘူး ဒီလိုပြောလိုက်ရင်ထူးဆန်းသား ဘာတုံးဆိုပြီးတာ့စဥ်စားကြမှာပဲ။ မတူတာက အတွင်းပိုင်းက အရေးကြီးဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ processor ပါ။ သင့်လက်ထဲမှာကိုင်ထားတဲ့ iPhone 6s က တချို့သူငယ်ချင်းတွေထက်ပိုပြီး Battery စားနေသလား ? ဒါဆိုရင်တော့ Samsung ထုတ် A9 chip ကိုသုံးထားတဲ့ ဖုန်းများဖြစ်နေသလားဆိုတာ စစ်ဆေးကြည့်ဖို့လိုအပ်နေပါပြီ။ Apple ဟာ 6s ကို ထုတ်တဲ့အချိန်က Chip တွေထုတ်တာကို ၂ နေရာခွဲပြီး အော်ဒါလုပ်ခဲ့ပါတယ်။ တစ်ခုက Samsung ရယ် နောက်တစ်ခုကတော့ ထိုင်ဝမ်အခြေဆိုက် ကုမ္ပဏီဖြစ်တဲ့ TSMC (Taiwan Semiconductor Manufacturing Company) ဖြစ်ပါတယ်။
TSMC ကုမ္ပဏီက ထုတ်တဲ့ 14-နာနိုမီတာ ရှိတဲ့ A9 chip ဟာ Samsung ရဲ့ 12-နာနိုမီတာသာ ရှိတဲ့ A9 chip ထက် ပိုကြီးပေမယ့် သင့်မှာရှိတဲ့ iPhone 6s ဟာ TSMC ထုတ် A9 chip ကို သုံးထားခဲ့မယ်ဆိုရင် Samsung A9 Chip ကိုသုံးထားတဲ့ iPhons 6s ထက် ၂ နာရီကြီးများတောင် Battery က ပိုပြီးအသုံးခံပါလိမ့်မယ်။
iPhone 6s ဖုန်းတစ်လုံးကို online ဒါမှမဟုတ် ဆိုင်တစ်ဆိုင် ဆိုင်ကနေ ဝယ်မယ်ဆိုရင်တော့ ပါကင်အလုံပိတ်ဖြစ်တဲ့အတွက် ဘယ်လို Chip အမျိုးအစားကိုသုံးထားသလဲဆိုတာကိုတော့ သိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင်လက်ရှိကိုင်ထားတဲ့ဖုန်းကိုတော့ Apps အချို့ရဲ့ အကူအညီနှင့် စစ်ကြည့်လို့ရပါတယ်။
Lirum Device Info Lite ကိုသုံးပြီး စစ်ဆေးခြင်း
Free ရယူနိုင်ပြီး ဖုန်းထဲမှာ အလွယ်တကူ install လုပ်ကာ စစ်ဆေးနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလည်းဆိုတဲ့ အဆင့်အလိုက် ဖော်ပြလိုက်ပါတယ်။
1) App ကို Download လုပ်ပြီးတော့ ဖွင့်လိုက်ပါ
2) Main Page ထဲက model ဆိုတဲ့အထဲမှာကြည့်ပါ။
3) အကယ်၍ model က N66AP ဒါမှမဟုတ် N71AP ဆိုရင်တော့ စိတ်မကောင်းစွာပဲ သင့်ရဲ့ဖုန်းဟာ Samsung Chip ကိုသုံးထားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ N66MAP နှင့် N71MAP ဆိုရင်တော့ TSMC ကထုတ်တဲ့ Chip ကိုသုံးထားတဲ့ဖုန်းဖြစ်ပါတယ်။
2) Main Page ထဲက model ဆိုတဲ့အထဲမှာကြည့်ပါ။
3) အကယ်၍ model က N66AP ဒါမှမဟုတ် N71AP ဆိုရင်တော့ စိတ်မကောင်းစွာပဲ သင့်ရဲ့ဖုန်းဟာ Samsung Chip ကိုသုံးထားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ N66MAP နှင့် N71MAP ဆိုရင်တော့ TSMC ကထုတ်တဲ့ Chip ကိုသုံးထားတဲ့ဖုန်းဖြစ်ပါတယ်။
အကြိမ်ကြိမ်ပြန်စစ်လည်း ရလဒ်ကတော့ အတူတူပဲ ထွက်မှာပါ။ အဓိက ကတော့ ၂ နာရီ ဆိုတဲ့ အချိန်အကန့်အသတ် ကွာခြားချက်ပဲဖြစ်ပါတယ်။ အခုလက်ရှိ အထက်ကပုံမှာမြင်တွေ့ရတဲ့ ဖုန်းနှစ်လုံးဟာ ဆိုရင် settings တွေလဲအတူတူပဲဖြစ်ပါတယ်။ iPhons 6s ဖုန်းအသစ်တွေမှာ စမ်းမယ်ဆိုရင်လည်း အခုလို တူညီတဲ့ ရလဒ်ကိုပဲ တွေ့ရမှာပါ။
အစောပိုင်း တိုင်းတာချက်တွေအရတော့ ၇၀ ရာခို်င်နှုန်းသော iPhone 6s Plus တွေဟာ TSMC processor ကိုသုံးထားတာတွေ့ရပြီး iPhone 6s မှာတော့ ၄၀ ရာခိုင်နှုန်းသာ TSMC A9 ကိုသုံးစွဲထားတာတွေ့ရပါတယ်။ Apple ရဲ့ website မှာဖော်ပြချက်တွေအရတော့ iPhone 6s သုံးစွဲသူတိုင်းဟာ 3G Network မှာဆိုရင် ၁၄ နာရီကြာ ဖုန်းပြောနိုင်မှာဖြစ်ပြီး Video ကို ၁၁ နာရီကြာ ဆက်တိုက်ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အတိအကျဆိုရင်တော့ သုံးထားတဲ့ processor ပေါ်မှာမူတည်ပြီး ကွာပါလိမ့်မယ်။
iMazing ကိုသုံးပြီးစစ်ဆေးခြင်း
သင့်မှာသာ Mac တစ်လုံးရှိခဲ့မယ်ဆိုရင်တော့ iMazing ကိုသုံးပြီး စစ်ဆေးနိုင်ပါသေးတယ်။
0 comments:
Post a Comment