iPhone သုံးသူများ Update များကို ရလျင် ရချင်း Update ပြုလုပ်ဖို့ လိုအပ်ပါသည်။ Update ပြုလုပ်ခြင်းအားဖြင့် ဖုန်းကိုသုံးစွဲရတာလည်း ပိုမိုအဆင်ပြေချောမွေ့စေမှာပါ။
ယနေ့ သောကြာနေ့ အစောပိုင်း ၂ နာရီဝင်းကျင်လောက် Apple မှ အရေးကြီးဆုံး Security Update တစ်ခုကို ထုတ်ခဲ့ပါသည်။ အဆိုပါ Update မှာဆိုရင် လက်ရှိ တိုက်ခိုက်နေသော Malware ကြောင့်ဖြစ်သည့်တဖတ် တိုက်ခိုက်သူမှ text များနှင့် email များကို ဖတ်နိုင်ခြင်း၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို record လုပ်ဆောင်နိုင်ခြင်း၊ တည်နေရာအား သိရှိနိုင်ခြင်းအပြင် မိမိ၏ ဖုန်း ကင်မရာနှင့် microphone များကိုပါ လက်ခံအသုံးပြုနိုင်ခြင်းတို့ကို ကာကွယ်ပေးနိုင်မည့် Update ဖြစ်ပါသည်။
ဒီ Spy Ware ကိုတော့ NSO Group ပိုင် Israel အခြေစိုက် Cyber War ကုမ္ပဏီမှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယခု Spy Ware ကိုတော့ Ahmed Mansoor ဆိုသူ လူ့အခွင့်အရေးထိန်းသိမ်းကာကွယ်ရေးပြုလုပ်နေတဲ့ ဆီသို့ တိုက်ခိုက်သူမှ ပို့ခဲ့တာဖြစ်ပြီး။ မသင်္ကာသည့်အတွက် Citizen Lab မှတစ်ဆင့် Apple မှ သိရှိခဲ့ပြီး ယခု Update ကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
0 comments:
Post a Comment