မနှစ်က Samsung ကို အားလုံးမျှော်လင့်ထားတာက Note Series အသစ်မိတ်ဆက်လိမ့်မယ်ဆိုပြီးတော့ဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကတော့ S6 edge+ နှင့်သာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Samsung ပရိတ်သတ်တွေ အကြိုက်ဖြစ်တဲ့ Note Series ဟာ ပြန်လည်သက်ဝင်လာခဲ့ပြန်ပြီဖြစ်ပါတယ်။
Samsung Galaxy Note 7 ဟာဆိုရင် လုပ်ငန်းသုံးမလား၊ ဂိမ်းကစားမလား၊ ရုပ်ရှင်တွေသီချင်းတွေကို ခံစားကြည့်ချင်လား စွယ်စုံသုံးစွဲသူတွေအကြိုက်တွေ့ကြတဲ့ Samsung ရဲ့ Flagship ဖုန်း Series ပဲဖြစ်ပါတယ်။
Samsung Galaxy Note 7 ဟာဆိုရင် Media ဖန်တီးမှုတွေရဲ့ အစိတ်အပိုင်းတစ်လည်းဖြစ်ပါတယ်။ လက်ရှိ HDR နှင့် 4K TV ရုပ်ရှင်တွေ Video တွေကို ကြည့်ရှုပြသနိုင်မယ့် ဖုန်းတွေထဲကလည်း တစ်လုံးအပါအဝင်ဖြစ်ပါတယ်။ Gear 360 နှင့်သာဆိုရင် သင်ဟာ Note 7 အသုံးပြုပြီး VR-Ready Panoramas တွေကိုလည်း ရိုက်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အခြားသော Accessories များလည်း ထပ်မံထွက်ရှိလာဦးမယ်ဆိုသိရပါတယ်။ ဖုန်းရဲ့ Battery ဟာဆိုရင်လည်း 3500 mAh ကိုသုံးစွဲထားပြီး power saving modes ၂ မျိုးဟာဆိုရင် သင့်၏ ဖုန်းကို ကြာရှည်စွာ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Note Series တွေထဲကမှ ထူးခြားချက် အသစ်တစ်ခုက သင်ဟာ Note 7 ဖုန်းကို ပျော်ပျော်ကြီး ရေထဲမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ IP68 Certification ရှိထားပြီး S Pen ကိုလည်း ရေအောက်မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Samsung Galaxy Note7 at a glance:
ပြင်ပတည်ဆောက်မှုပုံစံ : Metal Frame နှင့် Dual-tone ကာလာ ကိုအသုံးပြုထားပါတယ်။
ခံနိုင်ရည်စွမ်း : IP68 rating ( dustproof, ရေအောက် အနက် ၁ မိတာထိ ရေစိုခံနိုင်); S Pen ကို ရေအောက်မှာပါ အသုံးပြုနိုင်
မျက်နှာပြင် ရုပ်ထွက် : ဘေးနှစ်ဘက် ကွေးထားပြီး 5.7 လက်မရှိ Super AMOLED QHD resolution; ရှိပြီး Gorilla Glaxx 5 ကိုသုံးစွဲထားပါတယ်။
S Pen : ဟာဆိုရင်လည်း မျက်နှာပြင်ပေါ်မှာ အချိန်မရွေးရေးမှတ်နိုင်ပြီး၊ pressure Levels ပေါင်း 4096 ထိရှိပါတယ်၊ နောက်ပြီး အရင်ဖုန်းကအားနည်းချက်ကိုပြင်ဆင်ထားပြီး ပြောင်းပြန်ပြန်ထည့်နိုင်အောင်လုပ်ထားပါတယ်။
သုံးစွဲထားသောပစ္စည်းများ : Snapdragon 820 သို့မဟုတ် Exynos 8890 နေရာဒေသပေါ်လိုက်၍ကွဲပြားမည်။) 4 GB RAM နှင့် 64 GB သိုလှောင်နိုင်စွမ်းရှိပြီး(microSD ကဒ်သုံးပြီးထပ်မံတိုးချဲ့နိုင်ပါတယ်။)
Software : Android 6.0 Marshmallow ကိုပဲသုံးထားတာဖြစ်ပါတယ်။ နောက်ပိုင်းတော့ 7.0 Nougat ကို update ရယူသုံးစွဲနိုင်မှာပါ။
လုံခြုံမှုအပိုင်းမှာတော့ : iRis scanner နှင့် လက်ဗွေဖတ်စနစ်တွေပါဝင်ပါတယ်။
Camera : 12 MP Dual-pixel camera အပြင် 2160 Video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဆက်သွယ်မှုနည်းပညာ : Samsung ရဲ့ ပထမဦးဆုံးသော USB Type-C ကိုအသုံးပြုထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ပြီး Samsung Pay အသုံးပြုရန် NFC ပါဝင်ပါတယ်။
ဘတ္ထရီ : 3500 mAh; power-saving modes အသစ်ပါဝင်ပါတယ်။ ကြိုးနှင့်ဖြစ်စေ ကြိုးမဲ့ဖြစ်စေ လျှင်မြန်စွာအားသွင်းနိုင်မည့် နည်းပညာပါဝင်ပါတယ်။
ကြိုတင်မှာယူစနစ်နှင့် August 3 ရက်နေ့မှာ စတင်ဝယ်ယူနိုင်ပြီး။ August 19 ရက်နေ့မှာတော့ တရားဝင်စတင် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Samsung ရဲ့ ကိုပိုင် research တွေအရတော့ note owners တွေဟာ Glaxy S7 သုံးစွဲသူတွေထက် ၅၀% ဟာ လုပ်ငန်းသုံး Application တွေကို ပိုမိုအသုံးပြုကြောင်းတွေရတယ်လို့ဆိုပါတယ်။ နောက်ပြီး ၃၀% ဟာ multimedia အတွက်သုံးစွဲတယ်လို့လည်းဆိုပါတယ်။
0 comments:
Post a Comment