Alphabet ရဲ့ Drone Delivery ဝန်ဆောင်မှုဟာဆိုရင် ခြေတစ်လှမ်း နီးစပ်လာပြီဖြစ်ပါတယ်။
Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာဆိုရင် နာမည်တောင်မပေးရသေးတဲ့ Drone Vehicles များအသုံးပြုပြီး US ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ စတင်ပျံသန်းပြီး စမ်းသပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အကြောင်းကို White House မှာ အင်္ဂါနေ့က ပြောသွားခဲ့ပါတယ်။
စမ်းသပ်အသုံးပြုနေတဲ့ ကာအလတွင်းမှာ ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကိုဆိုရင် အစိုးရနှင့်အတူ ပူးပေါင်း မျှဝေဖို့လည်းရှိနေပါတယ်။ နောက်ပြီး အခုလို UAV Cargo ပို့ဆောင့်တဲ့ လုပ်ငန်းဆောင်တာမှာဆိုရင် အများသူငါ ထိခိုက်ပျက်စီးမှုတွေအပြင်၊ လုံခြုံစိတ်ချရမှုရှိရမယ့် အပိုင်းတွေကိုလည်း သေချာစိစစ်လုပ်ဆောင်သွားမယ့်အကြောင်းကိုပြောခဲ့ပါတယ်။
အခုလို သတင်းထုတ်ပြန်ကြေငြာချက်ဟာ အမေရိကန်ပြည်ထောင်စုလေကြောင်းဆိုင်ရာကြပ်မတ်ထိန်းသိန်းရေးမှ စီပွားဖြစ် Drone များအသုံးပြုရေး စည်းမျဥ်းဥပဒေများ ထုတ်ပြန်ပြီး ၂ လတောင် မပြည်သေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါဟာ စီးပွားဖြစ်သုံးစွဲသူတွေအတွက်ပိုမိုလွယ်ကူစွာ ထိန်းသိမ်းနိုင်လာမယ့်အပြင်၊ Research လုပ်သူများနှင့် ရုပ်ရှင် ထုတ်လုပ်ရေး ပြုလုပ်သူတွေအတွက်လည်း ကောင်းမွန်တဲ့ လမ်းစဖြစ်ပါတယ်။ သို့သော်လက်ရှိအချိန်ထိတော့ စီးပွားဖြစ် ပို့ဆောင်ခြင်း ဝန်ဆောင်မှုအတွက် သေချာရေရာတဲ့ စည်းကမ်းသတ်မှတ်ချက်တွေမရှိသေးဘူးလို့ဆိုပါတယ်။
ပို့ဆောင်ရေး Drones တွေဖြစ်တဲ့ အခုလို Alphabet မှ Project Wing ကို စမ်းသပ်အသုံးပြုဖို့ ခွင့်ပြုပေးလိုက်တာဟာ အခုနှစ်အတွင်းမှာတော့ အခြားသော လက်လီလက်ကားရောင်းချသူတွေအတွက်လည်း အတော်လေးကို ရေပန်းစား စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းဖြစ်ပြီး။ ဝယ်ယူစားသုံးသူတွေကို စွဲဆောင်ရာမှာ ယှဥ်ပြိုင်မှုလုပ်နိုင်မယ့် နောက်ထပ် နယ်ပယ်သစ်တစ်ခုကိုရရှိသွားတာလည်းဖြစ်ပါတယ်။ အခုလို Drone များကို အသုံးပြုပြီး ပစ္စည်းများပို့ဆောင်မှုကို လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်လာမယ်ဆိုရင် တချိန်က လမ်းမှာပဲ ကုန်ခဲ့ရတဲ့အချိန်တွေကို ပြန်လွမ်းရတော့မလိုပါပဲ။
အခုလို Project Wing ကို ၂၀၁၄ ပြုလုပ်ဖို့ ကြေငြာခဲ့တဲ့ California အခြေစိုက် Mountain View ကုပ္မဏီဟာဆိုရင် Amazon ရဲ့ December ၂၀၁၃ မှာ ကြေငြာခဲ့တဲ့ Prime Air Delivery Service ကို ယှဥ်ပြိုင်ဖို့ စိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ Google ရဲ့ပြောကြားချက်အရ နောက်နှစ် ၂၀၁၇ လောက်မှာ စတင် ပြီး လုပ်ဆောင်နိုင်မယ်လို့ပြောပါတယ်။
0 comments:
Post a Comment