China ဟာနှစ်အတော်ကြာအထိ တရုတ်ဟာ လမ်းကြောင်းတွေပေါ်မှာ ခွပြီး ယာဥ်လမ်းကြောင်းကိုလည်းနေရာမယူပဲ မောင်းနှင်နိုင်တဲ့ ကြီးမားတဲ့ သယ်ယူပို့ဆောင်ရေးယာဥ်ကို စိတ်ကူးယဥ်သက်သက်သာအဟုတ်ပဲ အခုဆိုရင် အပြင်မှာပါ မြင်တွေ့လာရတော့မှာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ဒီပို့ကို မဖတ်မိသေးခင်အချိန်ထိတောင်မှ သင်ဟာ ဒီကားကို ကွန်ပျူတာ Animations တွေမှာသာ မြင်တွေ့ခဲ့ဖူးမှာဖြစ်ပါတယ်။ ဒါပေမယ့်အခုတော့ တကယ့် ပြင်ပလက်တွေ့မှာပါ သင် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အထက်ပါ ပုံကတော့ Qinhuangdao မှာ မြင်တွေ့ခဲ့ရတဲ့ပုံဖြစ်ပါတယ်။
ပထမဦးဆုံး တကယ့် ကို အလုပ်လုပ်တဲ့ Straddling Bus ကြီးတစ်စီးဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဒီကားကြီးဟာဆိုရင် Qinhuangdao ရဲ့ လမ်းတွေအတော်များများပေါ်မှာသွားလာဖို့အတွက် အဆင်သင့်မဖြစ်သေးပါဘူး။ စမ်းသပ်ဆဲကာလအတွင်းမှာတော့ ဒီ Bus ကားကြီးဟာ မီတာ ၃၀၀ လမ်းကြောင်းဖြစ်တဲ့ မြို့ထဲမှ လမ်းကွေ့အနည်းငယ် တွင်းသာ မောင်းနှင်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း တချိန်ကျရင် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်မည့် ပထမဦးဆုံး ခြေလှမ်းအစလို့ ဆိုနိုင်ပါတယ်။
Bus ကားဟာ သွားလာနိုင်တဲ့လမ်းကြောင်းတွေနှင့် လုံလောက်တဲ့ လမ်းအကျယ်တွေသာရှိမယ်ဆိုရင် ခရီးသည်ပေါင်း ၁၂၀၀၀ ကျော်ကို တစ်နာရီ မိုင် ၄၀ အထိ မောင်းနှင်ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ အရမ်းကို ကောင်းမွန်တဲ့ မျှော်လင့်ချက်ပါပဲ။ ဒါပေမယ့်လည်း ဒီကားကြီးတစ်စီးလုံး မောင်နှင်နိုင်ဖို့လိုအပ်တဲ့ လမ်းကြောင်းတွေဖြစ်ပေါ်လာဖို့ရာအတွက် တစ်မြို့လုံး အနှံ့ဆိုရင် ဒေါ်လာ သန်းပေါင်း များစွာ ကုန်ကျမှာဖြစ်ပြီး နောက်ထပ် မြို့တွင်းရထားလမ်းကြောင်းတစ်ခု တည်ဆောက်တာထက်တော့ သက်သာလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။
0 comments:
Post a Comment