လူတွေကြားတဲ့ရေပန်းစားပြီး ရွေးချယ်ရခက်တဲ့ MacBooks တွေကို ဘယ်လိုရွေးချယ်ရမလည်းဆိုတာ အားလုံးသိချင်ကြမှာပါ။ လက်ရှိအချိန်ထိတော့ MacBooks တွေထက် ပိုပါးပြီး ပေါ့ပါးမှုနှင့် သုံးစွဲရတဲ့ စွမ်းဆောင်ရည်လည်းမြင့်မားမယ့် Mi Notebooks Airs တွေကတော့ လက်ရှိရေပန်းစားနေမှာသေချာပါတယ်။ ဒါ့ထက်ကို အခုဒီပို့စ်လေးမှာတော့ ဘယ် Macbooks တွေက သင်နှင့်သင့်တော်မလည်းဆိုတာလေးဆုံးဖြတ်လို့ရအောင် ကျနော် ပြောချင်ပါတယ်။
တမူထူးခြားတဲ့ Aluminium ကိုယ်ထည်နှင့် တည်ဆောက်ထားပြီး တောက်ပတဲ့ AppleLogos တွေဟာ အခြား ကွန်ပျူတာတွေနှင့်မတူစေတဲ့ ထူးခြားမှုတစ်ခုပါ။ MacBooks တွေဟာ အားလုံးမြင်နေရတဲ့အတိုင်း နေရာတိုင်းသယ်ဆောင်ရလွယ်ကူပေါ့ပါးပြီး ကော်ဖီဆိုင်မှာပဲထိုင်ပြီး လုပ်စရာရှိတာလုပ်မလား၊ လေဆိပ်တွေနှင့် ကျောင်းကောလိပ်တွေအထိ လူတိုင်းစွဲစွဲမက်မက်သုံးစွဲနေကြတဲ့ စွမ်းဆောင်ရည်မြင့် Portable Computing Devices တွေဆိုတာသိကြပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ပြန်ကြည့်မယ်ဆိုရင် MacBooks တွေဟာ တိုးတက်မှုမှာနှေးကွေးနေပြီး အခြားသော ထုတ်ကုန်တွေမှာတော့ လျင်မြန်တဲ့ တိုးတက်ပြောင်းလဲမှုတွေတသီကြီးဖြစ်နေပါပြီ။ လက်ရှိ ထုတ်လုပ်နေတဲ့ MacBooks တွေကိုကြည့်မယ်ဆိုရင်တောင် အခြားပြိုင်ဘက်တွေထက် နှေးကွေးနေတယ်ဆိုတာ သိသာနေပါတယ်။ ၂၀၁၂ ထဲက ရှိနေခဲ့တဲ့ သာမန် MacBook Pro 13 လက်မဟာဆိုရင်လည်း အခုချိန်ထိ ဝယ်လို့ရနေပါသေးတယ်။
ကောင်းဘက်က ကြည့်မယ်ဆိုပြန်ရင်လည်း ဒီကွန်ပျူတာဟာ အခုချိန်ထိ ခေတ်မှီနေသေးတယ်လို့ဆိုရမလား။ဒါပေမယ့် ဒီဇိုင်းပိုင်းတည်ဆောက်ပုံတွေမှာလည်း တိုးတက်ပြောင်းလဲမှု မှာလည်း နှေးကွေးနေသေးတာပါပဲ။ နောက်ဆုံးအကြိမ် မိတ်ဆက်ခဲ့တဲ့ ၁၂ လက်မ Macbook တောင်မှ အခုဆို တစ်နှစ်တင်းတင်းကျော်နေပါပြီ။ Apple ရဲ့ အဓိက Product Line တွေဖြစ်တဲ့ Macbook Air နှင့် Macbook Pro မှာဆိုရင် အတွင်းပိုင်း ကလီစာတွေကလွဲရင် ဘာမှ မထူးခြားပါဘူး ( intel chips တွေမြင့်လာတယ်၊ ပိုမိုမြန်ဆန်တဲ့ Wi-Fi hardware တွေသုံးလာတယ်၊ နောက်ပြီး Memory တွေပိုကောင်းလာတယ် စသဖြင့်ပေါ့။ ) ဒီနှစ်ထဲမှာ တော့ ၁၂ လက်မ Macbook ကို မနှစ်ကထက် အနည်းငယ် ဆန်းသစ်ပြီး ပိုမိုလျင်မြန်တဲ့ chip ကိုသုံးပြီး တခြားတော့ဘာမှ ပြောင်းလဲတာမတွေ့ရပဲ Rose Gold အရောင်တဲ့ ဝယ်ယူနိုင်ပါတယ်။
အကယ်၍ သင်ဟာ နောက်ဆုံးပေါ် အကောင်းဆုံးဆိုတဲ့ System Specs တွေနှင့် အသစ်အသစ်တွေကို မှ ကြိုက်တတ်တယ်ဆိုရင်တော့ စဥ်းစားစရာပါ။ နည်းပညာအသစ်တွေ ဖြစ်တဲ့ Intel ရဲ့ နောက်ဆုံးပေါ် Core i-Series တွေ USB-C ports အပြင် OLED Displays တွေနှင့် PCIe Solid-state drives တွေ ပိုမိုစွမ်းဆောင်ရည်မြင့်လာပြီး နောက်ဆုံးပေါ်ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနှင့် ဆော့ကစားနိုင်မယ့် Graphic Chips တွေဟာဆိုရင် အခြားလက်တော့ တွေ ထုတ်လုပ်နေကြတဲ့ Dell, Lenovo, HP, Samsung နှင့် အခြား ထုတ်လုပ်သူတွေဟာ တစ်စထက်တစ်စ ထုတ်ပြနေကြပါတယ်။ macbook သုံးစွဲသူတွေအတွက်ကတော့ အခုလို ဆန်းသစ်တဲ့ innovations တွေနောက်မှာ နောက်ကောက်ကျနေကြပါတယ်။
MacBook Pro
လက်ရှိရေပန်းစားနေတဲ့ ကောလဟာလတွေအရတော့ ၂၀၁၆ နှောင်းပိုင်းမှာ Macbook Pro အသစ်ထွက်ဖို့ရှိနေတယ်ဆိုတာပါ။ ပိုမို ပါးလာမယ့် ကိုယ်ထည်နှင့် Systems အသစ်တွေအပြင် လက်ရှိသုံးနေတဲ့ Function Key တွေကို အစားထိုးမယ့် OLED Touch Strip တွေအပြင် Fingerprint reader (လက်ဗွေဖတ်စနစ်) တွေပါလာလိမ့်မယ်လို့ ဆိုနေကြပါတယ်။အသစ်ဖြစ်တဲ့ AMD Graphic chip ကတော့ ရွေးချယ်စရာအနေနှင့် မြင်တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒီကောလဟာလတွေကတော့ ကြားနေရတာ လတွေတောင် ကြာညောင်းလှပါပြီ။ သေချာနိုင်တာတစ်ချက်က ဒီနှစ်နှောင်းပိုင်းမှာတော့ MacBook Pro ကို update လုပ်လိမ့်မယ်လို့ BloomBerg က Mark Gurman ကအတိအကျကို ဆိုထားပါတယ်။
MacBook Pro အတွက်တော့ ဒါဟာ မေလ ၂၀၁၅ နောက်ပိုင်း ပထမဦးဆုံး ဆန်းသစ်မယ့် အချိန်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ကျတော့ လက်ရှိ Retina MacBook Pro 13 လက်မ ဟာ လေးနှစ်ကျော်နီးပါး နောက်ကျနေတာဖြစ်ပါတယ်။ CPU နှင့် အခြားသော အသေးအဖွဲပြင်ဆင်မှုနှင့် ports တွေ ပြောင်းလဲလာတာကလွဲရင် လက်ရှိသင်ဟာ MacBook Pro ကို ဝယ်မယ်ဆိုရင်တော့ ၂၀၁၂ လောက်က မဝယ်ဖြစ်တဲ့ MacBook Pro ကို ဝယ်တာနှင့် မကွာပါဘူး။
ဆိုလိုချင်တာက Macbook Pro ကို ဝယ်ဖို့ သင်ဆုံးဖြတ်ထားတယ်ဆိုရင် အချိန်လေးပေးပြီးစောင့်ပါဦးလို့ပြောချင်ပါတယ်။ Gurman နှင့် အခြားသော ကောလဟာလတွေအရ စက်တင်ဘာလ iPhone 7 ပွဲမှာ တော့ MacBook အသစ်ကို မြင်တွေ့ရဖို့ နည်းနေပြီး အခြားပွဲတစ်ခုအဖြစ် အောက်တိုဘာနှင့် နိုင်ဝင်ဘာလို လမျိုးမှာ သီးသန့်ထုတ်ပြဖို့ များတယ်လို့လည်း ထင်ရပါတယ်။
MacBook Pro ဝယ်ဖို့အကောင်းဆုံးအချိန်ကတော့ စောင့်ပါ တစ်လပဲဖြစ်ဖြစ် သုံးလလောက် ကြာမယ်ဆိုရင်တောင်မှပဲ စောင့်ပါလို့ပြောချင်ပါတယ်။ အခြား Apple Laptop Lineup တွေအတွက် ကတော့ Update ဖြစ်မယ်မဖြစ်ဖူးဆိုတာ တော့ မသေချာသေးပါဘူး။
Macbook Air
အချိန်တော်တော်ကြာ ကျနော် MacBook Air ကို နှစ်သက်ခဲ့တာပါ။ ဈေးနှုန်းသင့်တင့်ပြီး သယ်ဆောင်ရလွယ်ကူတဲ့အပြင် Battery ကလည်း ကြာကြာအသုံးခံတဲ့အတွက် ဖြစ်ပါတယ်။ အခုချိန်ထိလည်း ဒီလိုပါပဲ ကျောင်းသား/သူ တွေအတွက် အကြိုက်နှစ်သက်ဆုံးဖြစ်နေဆဲ ၁၃ လက်မ MacBook Air ကိုဆိုရင် $900 အောက်နှင့် ဝယ်ယူရရှိနိုင်ပါတယ်။
MacBook Air ရဲ့ ဒီဇိုင်းဟာဆိုရင်လည်း အချိန်တော်ကြာထိ မပြောင်းလဲပဲ ရှိနေခဲ့တာ ဟာ အခုချိန်ထိပါပဲ။ ခုချိန်ထိ ၂၀၀၈ ခုနှစ်က ပထမဦးဆုံး မိတ်ဆက်ခဲ့တုံးကအတိုင်းပဲ သိပ်အများကြီး မပြောင်းလဲခဲ့ပါဘူး။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒါဟာ MacBook Air ရဲ့ Branding တစ်မျိုးပဲလားပေါ့ဗျာ။
အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း MacBook Air ရဲ့ ဒီဇိုင်းဟာ အတော့်ကို ကောင်းမွန်ပြီးပြည့်စုံတဲ့အနေအထားကနေ စတင်မိတ်ဆက်လာခဲ့တာ အခုချိန်ထိလည်း သုံးစွဲရတာအဆင်ပြင်ချောမွေ့နေဆဲပါ။ ဒါကြောင့်လည်း နှစ်တွေကြာလာခဲ့တဲ့အထိ ဒီဇိုင်းကို အခြားသော Windows PCs ထုတ်လုပ်သူတွေက ကူးချနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Dell XPS 13 နှင့် HP Spectre တို့နှင့် ယှဥ်ကြည့်ပြန်တော့ အတော်လေးကို နောက်ကျကျန်နေပြီလို့ဆိုရမှာပါ။ အဓိကနှင့် အရေးကြီးဆုံးအချက်ကတော့ Screen Resolution ကိုပဲပြောရမှာဖြစ်ပါတယ်။
ဘာလို့လည်းဆိုရင် ၁၃ လက်မ MacBook Air ရဲ့ ၁၄၄၀ x ၉၀၀ သာရှိတဲ့ resolution ဟာ အခုချိန်မှာတော့ တကယ့်ကိုကြီးမားတဲ့ အားနည်းချက်ဖြစ်လို့နေပါပြီ။ စျေးသက်သက်သာသာနှင့် ရရှိနိုင်တဲ့ Windows laptops တွေမှာတောင်မှ Full-HD 1920x1080 နှင့် တချို့ဆိုရင် QHD အပြင် 4K လို (2560 x 1440 နှင့် 3840 x 2160 ) နှင့် ကောင်းမွန်ပြီး တောက်ပ ကြည်လင်တဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ နောက်တစ်ခါ Screen ရဲ့ ဘေးပတ်လည်မှာရှိတဲ့ ငွေရောင် ခေါ်မလား မီးခိုးရောင်ခေါ်မလား ဘေးဘောင်ကလည်း အတော်လေး ထူတယ်လို့ ဆိုရမှာဖြစ်ပြီး လက်ရှိ ခေတ်ရေစီးကြောင်းအရ ဟောင်းနေပြီလို့ဆိုရမှာပါ။ Dells ရဲ့ bezel-free XPS 13 တောင်မှ Lower price နှင့် ရနေတဲ့အချိန်မှာ အခုလို Display မျိုးကို ကြည့်ရတာတော့ သိပ်မကောင်းပါဘူး။
Mac Fan တွေအတွက် အခြားရွေးစရာ Pro တွေရှိနေပါသေးတယ်ဆိုပေမယ့် စျေးနှုန်းအရတော့ စဥ်းစားစရာပါ။
နောက်ဆုံးနှင့် အရိုးရှင်းဆုံး နာမည်ပေးထားတဲ့ MacBook ၊ Pro ဆိုတာလည်း မပါသလို Air ဆိုတဲ့ အခြားဝိသေသတွေ သမုတ်ထားတာမရှိတဲ့ MacBook တကယ့်ကို ရိုးရှင်းပြီး ပေါ့ပါးကျစ်လစ်မှုကို ဆောင်ထားတဲ့ MacBook ပါ။ ဒုတိယမျိုးဆက်ရောက်လာသည့်တိုင် 12 လက်မသာရှိပြီး တစ်ခုတည်းသော USB-C သာပါတဲ့ MacBook ဖြစ်ပါတယ်။ Intel Core m3/256 GB အပြင် Core m5/512GB ကိုပါ ဝယ်ယူရရှိနိုင်သည့်အပြင် အခြားရွေးချယ်စရာ အရောင်များလည်းရှိနေပါတယ်။
ကျနော့်အတွက်တော့ လက်ရှိ အကြိုက်ဆုံး Lpaotp လို့လည်း ပြောလို့ရပါတယ်။ အဓိက ကတော့ အသေးငယ်တဲ့အရွယ်အစားနှင့် ကြာရှည်စွာ အသုံးပြုနိုင်တဲ့ Battery အပြင် ကောင်းမွန်တဲ့ ပေါင်းစပ်မှုတွေနှင့် တည်ဆောက်ထားတဲ့ တစ်ကိုယ်ရေသုံး ပေါ့ပေါ့ပါးပါး သယ်ဆောင်အသုံးပြုနိုင်တဲ့ Apple ရဲ့ ဖန်တီးမှုတစ်ခုပါ။ စသုံးစမှာတော့ Keyboard နှင့်ပတ်သတ်ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ရှိပေမယ့် ခဏလေးအတွင်း အသားကျသွားမှာဖြစ်ပါတယ်။
အထက်မှာကျနော်ပြောခဲ့သလိုပဲ သစ်လွင်ဆန်းသစ်မှုတွေပါဝင်တဲ့ တစ်ခုတည်းသော MacBook ကိုပြပါဆိုလျှင် ၂၀၁၆ ခုနှစ်မှာ Generation အသစ်ဖြစ်လာတဲ့ MacBook ကိုပဲ ပြရမှာပါ။ လက်တလော Mac တစ်လုံးဝယ်ဖို့လုံးဝစိတ်ကူးဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ MacBook ကသာလျှင် ရွေးချယ်မှုမှန်ကန်ဆုံးပဲဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့လည်း နောက် ၃ လ ဒါမှမဟုတ် ၆ လ လောက်နေရင်တော့ Apple က အနည်းငယ်ဆန်းသစ်ပြီး မိတ်ဆက်မယ့် pro လေးကိုပဲ စောင့်လိုက်တာပိုကောင်းပါလိမ့်မယ်။ (မသေချာဘူးနော် လက်ရှိ Rumors တွေအရပြောတာပါ။)
တစ်ခုတည်းသော USB-C တစ်ပေါက်သာ ပါတဲ့အတွက် အခြားသော လူသုံးများတဲ့ HDMI တွေ USB တွေနှင့် ချိတ်ဆက် အသုံးပြုဖို့ရာကတော့ သင့်ရဲ့ အိတ်ထဲမှာ လုံလောက်တဲ့ တွဲဖက်အသုံးအဆောင်ပစ္စည်းတွေထည့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်ဗျာ။
0 comments:
Post a Comment