Instant Hotspot ဆိုတာ Personal Hotspot လိုပါပဲ ဒါပေမယ့် နည်းနည်းတော့ထူးခြားပါတယ်။ သင်ဟာ ဘာ Hotspot Configuration တစ်ခုမှလုပ်စရာမလိုအပ်ပဲ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ iOS 8 ကနေစတင် ပါဝင်လာတဲ့ Feature ဖြစ်ပါတယ်။
Instant Hotspot ကို အသုံးပြုဖို့ရာလည်းအလွန်လွယ်ကူရိုးရှင်းပါတယ်။ အကယ်၍ သင်ဟာ မိမိ ဖုန်းကနေ Personal Hotspots ကို လွှင့်သုံးဖူးတယ်ဆိုရင်တော့ Instant Hotspot ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သင် သိပြီးသားဖြစ်မှာပါ။ မသိသေးသူများအတွက်ကိုတော့ ဘယ်လိုအသုံးပြုရမလည်းဆိုတာကို ပြောပြချင်ပါတယ်။
Bluetooth နှင့် Wifi ကို ဖွင့်ထားပါ
Bluetooth ကိုတစ်ဆင့်ခံပြီး မိမိဖုန်းနှင့် ကွန်ပျူတာ အကွာအဝေးကိုသိရှိနိုင်ကာ ကွန်ပျူတာမှတစ်ဆင့် Instant Hotspot ကို တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒီတော့ သင့်ဖုန်းက အနီးနားမှာသာရှိခဲ့မယ်ဆိုရင် သင်ဟာ ဖုန်းကို ဘာမှလုပ်နေစရာမလိုပဲ မိမိ Mac ကနေ ဖုန်းမှ internet ကို instant hotspot ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Apple ID အကောင့်တစ်ခုတည်းကို ဝင်ထားရပါမယ်။
ဖုန်း၊ သို့မဟုတ် သင်၏ Mac ကွန်ပျူတာများနှင့် iPad များပေါ်တွင် Apple ID အကောင့်တစ်ခုတည်းကိုသာ ဝင်ရောက်ထားရမှာဖြစ်ပါတယ်။ ဒါမှ မိမိရဲ့ ဖုန်းမှာ Celluler Data ဖွင့်ထားတဲ့အခါမှာ Mac မှတစ်ဆင့် Instant Hotspot ကို ချိတ်ဆက်အသုံးပြုနိုင်မှာပါ။
အရေးကြီးဆုံးအချက် - သင်သုံးစွဲနေတဲ့ Telecom Service Provider ဟာ Hotspot အသုံးပြုခွင့်ပေးထားမှ သုံးလို့ရမှာပါ။
အားနည်းချက်အနေနှင့် Instant Hotspot ကိုသုံးစွဲတာဟာ သာမန် Hotspot လွင့်သုံးတာထက် Battery တော့ပိုစားပါတယ်။ အားသာချက်အနေနှင့်ကတော့ သင်ဟာ Personal Hotspot ကိုသုံးနေတာဖြစ်တဲ့အတွက် Privacy ပိုကောင်းပါတယ်။ လုံခြုံစိတ်ချမှု ပိုရှိပါတယ်။
0 comments:
Post a Comment