ပြဿနာရဲ့ အစရင်းမြစ်ကို ကျနော်ကိုယ်တိုင်လည်း ရေရေရာမသိပေမယ့် Sleep/Wake Failure ဖြစ်တဲ့အခါမှာ Macbook ဟာ အလိုလျောက်ပိတ်ပြီး ပြန်ပွင့်လာတတ်ပါတယ်။ ကျနော် အခုလက်ရှိအချိန်ထိ Online ပေါ်တွေမှာလိုက်ပြီး ရှာကြည့်တဲ့အခါမှာလည်း သေချာရေရာတဲ့ အဖြေကိုအတိအကျ မတွေ့ရပေမယ့် အခုလို Sleep/Wake Failure ဖြစ်ရတာဟာ Driver နှင့်ပတ်သတ်တဲ့ ပြီး ဖြစ်နိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ နောက်ပြီး ကွန်ပျူတာကို ပါဝါဖွင့်ထားလျက်နှင့် အချိန်အကြာကြီးပစ်ထားလိုက်တဲ့အခါမျိုးမှာဆိုရင် ကွန်ပျူတာဟာ အလိုလို ပိတ်သွားတာ နောက်ပြီး အလိုလို Restart ဖြစ်သွားတာကို တွေ့ရပါတယ်။ နောက်ပြီး USB Device တွေဖြစ်တဲ့ External HDD တွေနှင့် External CD/DVD Drive တွေကို ချိတ်ထားလျက်နှင့် ကွန်ပျူတာကို ပစ်ထားမိတဲ့အချိန်မျိုးမှာလည်းဖြစ်တတ်ပါတယ် အခြေအနေအတော်များများကျွန်တော်ကိုယ်တိုင်လည်းကြုံဖူးတာများတာကတော့ HDD ကိုချိန်ထားလျက်နှင့် ပါဝါလည်းပေးထားပြီး ကွန်ပျူတာက Sleep ဖြစ်သွားတဲ့အခြအနေမျိုးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် အခုလို ပြဿနာကို လောလောလတ်လတ် ဖြေရှင်းချင်တယ်ဆိုရင်တော့ အောက်က နည်းလမ်းတွေကို သင်ကြိုးစားကြည့်စေချင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခုပြောမယ့်နည်းလမ်းအရတော့ ပါဝါတော့ ပိုစားမှာဖြစ်ပြီး ကွန်ပျူတာ idle ဖြစ်ချိန်ကိုလျော့ကျသွားစေမှာဖြစ်ပါတယ်။
- go to System Preferences -> Energy Saver -> Power Adapter tab.
- ဒီဘောက်စ်မှာ အမှန်ခြစ်ပေးပါ "Prevent computer from sleeping automatically when the display is off"
- ဒီဘောက်စ်ကိုဖြုတ်ပေးပါ "Wake for network access" နှင့် "Enable Power Nap while plugged into a power adapter" (ကျနော်ကိုယ်တိုင်လည်း Power Nap ကို Disabled လုပ်ထားပါတယ်။ ဒါပေမယ့် လိုအပ်လားမလိုအပ်ဖူးလားတော့ ကျနော်ကိုယ်တိုင်းလည်း သေချာမသိဘူးဗျ။ 😁 )
တချို့တွေကျတော့လည်း အချို့ချို့သော USB Devices တွေကို သုံးတဲ့အခါမှာဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ်လေကျရင်လည်း Bluetooth ကြောင့်ဖြစ်တတ်ပါတယ်။ အခုထိတော့ ကျနော်ကိုယ်တိုင် ကြုံဖူးတဲ့ ၄-၅ ကြိမ်လောက်မှာတော့ ဘာကြောင့်ဖြစ်လည်းဆိုတာကို ကိုယ်ကိုတိုင်လည်း မပြောတတ်သေးတာ။
0 comments:
Post a Comment