Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, July 27, 2016

Xiaomi ရဲ့ ပထမဦးဆုံး laptop $750 Mi Notebook Air

 Paw Oo     4:32 PM     Mi Notebook, Xiaomi     No comments   


Check The Specification At The End of the Post ! Thanksသန်း ၁၁၀ ကျော် Redmi ပေါင်းများစွာ ကမ္ဘာတစ်ဝှမ်းရောင်းချခဲ့ရတဲ့ Mi ဟာအခုဆိုရင် ဒီနေ့မှာပဲ သူရဲ့ အဓိက Flagship ဖုန်းတစ်မျိုးဖြစ်တဲ့ RedmiPro ဗားရှင်းအသစ်ကိုလည်း ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ ကင်မရာ ၂ လုံးပါဝင်ပြီး OLED Display ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် အများစောင့်မျှော်နေကြတဲ့ MiNotebookAir! ဟာဆိုရင်လည်း အများအလယ်မှာ လှပသပ်ရပ်ပြီး ပေါ့ပါးလှတဲ့ notebook တစ်လုံးအဖြစ်နှင့် မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ ပေါ့ပါးပြီး metal အသုံးပြုထားတဲ့ Body အပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ Spec တွေနှင့်အတူ မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး 13.3" ကို (RMB 4999) နှင့် 12.5" (RMB 3499) နှင့် ၂ မျိုး ၂ စား ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
 ဒီနေ့မိတ်ဆက်ခဲ့တဲ့အထဲမှာ ရော သင်အကြိုက်ဆုံးက ဘာဖြစ်လိမ့်မလဲ ?ကျနော့် အကြိုက်ဆုံးအရ Mi Notebook အကြောင်းကို အဓိကထားပြီး ရေးချင်ပါတယ်။ ပထမဦးဆုံး Notebook လောကထဲစပြီး ခြေချတဲ့ Device လည်းဖြစ်နေတာလည်း တစ်ခုအပါအဝင်ပေါ့ဗျာ။

Event တစ်ခုမှာ ထုတ်ကုန်တစ်ခုပဲပြလိမ့်မယ်ဆိုရင်တော့ ဒါဟာ Xiaomi မဟုတ်တော့ဘူးလို့ ပြောရမလိုပဲ ပွဲလုပ်လိုက်တိုင်းမှာ ထုတ်ကုန် ကိုတစ်ခုထက်မနည်းမိတ်ဆက်ခဲ့တယ်ဆိုတာကိုလည်း Mi Fan တွေအားလုံး အသိဖြစ်မှာပါ။ Redmi Pro အပြင် ပထမဦးဆုံးသော Company ရဲ့ Laptop Line ထဲကို ( Mi Notebook Air-running on WIndows 10) နှင့်အတူ စတင်ခြေချခဲ့တဲ့ စိတ်ဝင်စားစရာ ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ ၁၃.၃ လက်မ အပြင် ပိုမိုပေါ့ပါးပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ၁၂.၅ လက်မ ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။ ပေါ့ပါးပြီး 1080 Res Display နှင့် ကျဥ်းမြောင်းတဲ့ မှန်ဘောင်လေးကလည်း (1 Megapixle Webcam ကိုအားဖြည့်ထားပြီး) ဆွဲဆောင်မှုရှိသလို၊ Backlit keyboard, metallic design ဖြစ်တဲ့ USB Type-C အားသွင်းပေါက်တို့အပြင် အရောင်မှာဆိုရင်လည်း Gold, Silver တို့က Mi Fan တွေကို အသည်းတယားယားဖြစ်အောင် ဆွဲဆောင်နေမှာတော့အမှန်ပါပဲ။ (တခြားမပြောနှင့် ကျနော်လို Mac ကို ဈေးကြီးပေးဝယ်ထားရတဲ့သူတောင် အခုလို စွမ်းဆောင်ရည်မျိုးနှင့် စွဲဆောင်မှုလည်းပိုကောင်းတာတွေ့လိုက်ရတော့ အတော်လေးကို မနာလိုတောင် ဖြစ်မိပါတယ်ဗျာ ဤကား စကားချပ်) ကြွားတယ်ထင်ရင် ကျော်သွားပါနော် ကျနော်က တကယ်ပြောတာပါ။

ဟုတ်ပြီ ထပ်ပြီး ဆက်ရဦးမယ်ဆိုရင် -
၁၃.၃ လက်မ မော်ဒယ် ဖြစ်တဲ့ Mi notebook ဟာ ၁၄.၈ မီလီမီတာသာ ရှိပြီး ၁.၂၈ ကီလိုဂရမ်အထိပေါ့ပါးပါတယ်။ CPU မှာဆိုရင် Core i5-6200U (up to 2.7 GHz) ကိုအသုံးပြုထားပြီး Mac သုံးနေတဲ့သူတစ်ယောက်အနေနှင့် Mac ကို လွင့်ပစ်ချင်လောက်အောင် အားကျမိတာကတော့ GPU-Nvidia Geforce 940MX (1 GB GDDR5 RAM ) ကို သုံးထားတာကြောင့်ပါပဲ။ ပြောစရာမရှိအောင်ကို Mac ၁၃ လက်မထက် ပိုပြီးပေါ့ပါးကြောင်း၊ ပို၍ပါးကြောင်းဆိုတာတွေပြောနေရင်တော့ အပိုတွေတောင်ဖြစ်သွားမှာပါ။ 8 GB DDR4 RAM ပါဝင်ပြီး 256 SSD PCIe နှင့် SATA ပေါက်တောင် အလွတ်တစ်ပေါက်ပါဦးမှာဖြစ်ပါတယ်။(but only serviced by Xiaomi)။



၄၀ ဝပ် သုံးစွဲထားတဲ့ Battery ဟာ ၉ နာရီ ခွဲအထိ သင့်ကို စိတ်အနှောက်အယှက်မရှိပဲ သုံးစွဲခွင့်ရစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Battery ကို နာရီဝက် အားသွင်းရုံဖြင့် ၅၀ ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်ပါတယ်။ USB-C အားသွင်းစနစ်ကို ကျေးဇူးတင်ရမှာပါပဲ။

နည်းနည်းသေးတဲ့ ၁၂.၅ မော်ဒယ်မှာတော့ ပိုပြီးပါးလာတယ် ပေါ့လာတယ်၊ နောက်ပြီး CPU မှာတော့ Core M3 CPU ကိုသုံးစွဲထားပါတယ်။ dedicated GPU တော့မပါ လာပါဘူး integreted ကိုပဲအားကိုးရမှာပါ။ 4 GB Ram နှင့် SATA သုံး 128 SSD ပါဝင်ပါတယ်။ PCIe Slot အလွတ်တစ်ပေါက်ပါဝင်ပြီး နောက်ပိုင်းမှာတော့ Xiaomi က ထပ်ပြီး Upgrade လုပ်မယ့်သဘောမှာရှိပါတယ်။ USB 3.0 ကတော့ တစ်ပေါက်ပဲပါဝင်ပါတယ်။ HDMI လည်း အသုံးပြုလို့ရပါသေးတယ်။ ဒီမော်ဒယ်မှာ ကောင်းတာကိုကွက်ပြောရရင် တော့ ၂ နာရီ ဘက္ထရီ ပိုခံပါတယ်။ ဈေးနှုန်းမှာလည်း 3499 ယွမ် ($520) ပဲရှိပါတယ်။

ဟူး ဒီ ပိုစ့်ကို ရေးရင်းနှင့် Mac ကြီးကို ကိုင်ပေါက်ချင်လာပြီ။ ကိုယ် စထားတာတော့ ကိုယ်ပဲ အဆုံးသတ်ရမှာဆိုတော့ နောက်ဆုံးအနေနှင့် အခုချိန်ထိ တရုတ်မှာတော့ သြဂုတ်လ ၂ ရက်နေ့နောက်ပိုင်းမှာ ဝယ်ယူရရှိနိုင်ပါမယ်။ တခြား နိုင်ငံတွေမှာတော့ ဘယ်ချိန်ရရှိမလည်းဆိုတာတော့ စောင့်မျှော်ကြပါဦးလို့ ပြောချင်ပါတယ် Mi Fan တို့ရေ။

Mi Notebook Air 13.3"- Intel Core i5 processor, runs Windows 10 Home
- 8GB DDR4 RAM + 256GB PCIe SSD, expandable SSD slot
- NVIDIA GeForce 940MX dedicated graphics card
- 9.5-hour battery, 50% charge in 30min
- Lightweight full metal body, weighs just 1.28kg
- Elegant logoless design, personalize with stickers
- Supports Mi Cloud Sync and Mi Band unlocking

Mi Notebook Air 12.5"- Sized like a magazine, just 12.9mm thin
- Full metal body, only weighs 1.07kg
- Intel Core M3 processor, 11.5-hour battery
- 4GB RAM + 128GB SATA SSD, expandable SSD slot
- 1080p FHD screen, edge-to-edge protective glass
- AKG custom dual speakers, Dolby digital surround sound

Scripts From : engadget.com, Mi Facebook Page Global.

  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ▼  July (3)
      • Xiaomi ရဲ့ ပထမဦးဆုံး laptop $750 Mi Notebook Air
      • Mac သုံးသူတွေ သတိကပ်ဖို့
      • iOS 10 ရဲ့ ပြောင်းလဲမှုတစ်ခု
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates