အားလုံးသိကြတဲ့အတိုင်း လက်တော့ တစ်လုံး ဝယ်တော့မယ်ဆိုရင် စွမ်းဆောင်ရည်ဘယ်လောက်ရှိသလဲ။ ဘာတွေသုံးလို့ရလဲ။ နောက်ပြီး ခရီးသွားရင် လမ်းမှာ သုံးဖို့ ဘတ္ထရီ ဘယ်လောက်ကြာကြာခံသလဲ စတာတွေကို အများစု မေးတတ်ကြတာ သဘာဝပါ။
ဒီလိုမျိုး မေးလာကြပြီဆိုရင်လည်း အချို့ ပိုက်ဆံတတ်နိုင်တဲ့သူကျတော့လည်း အသင့်တင့် သုံးမယ်ဆို Mac Air ပေါ့။ နောက်ပြီး အဲ့ထက်လည်းပါး ဈေးလည်း ပိုမြင့်တဲ့ Macbook 12 inch retina ပေါ့။ ကဲဒါဖြင့် Windows သုံးချင်ရင်ကော့ဆိုတော့ ------ Surface ကိုတော့ ပြေးမြင်ကြမှာပါ။ ဒါပေမယ့် ဈေးနှုန်းကရော ?
အဲ့ဒီလို ရွေးချယ်မှုတွေကြားမှာ လွန်ဆွဲနေရတဲ့ ပြဿနာကို LG Gram က အများကြီး ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဈေးနှုန်းချင်း ယှဥ်မလား။ အရွယ်အစား Display ကြီးတာကို ကြိုက်လား။ နောက်ပြီး Keyboard တွေနှင့် Mouse တွေသုံးရတာ ငြီးငွေ့နေမလား။ ဒီလိုဆိုလည်း Touch Screen ကို သုံးလို့ရပါသေးတယ်။ ဒါတွေအားလုံးကို အနိမ့်ဆုံး ဈေး ဒေါ်လာ 899 ကနေ စပြီး စိတ်တိုင်းကျ ဝယ်ယူရရှိနိုင်တာဟာ LG Gram Laptop ပဲဖြစ်ပါတယ်။
အထူးသဖြင့် Battery ဟာ ၁၇ နာရီ နီးပါး စိတ်တိုင်းကျ အသုံးပြုနိုင်မယ့်အပြင်။ ပေါ့ပါးလွန်းလှတဲ့ တည်ဆောက်ပုံ ကိုယ်ထည်နှင့် ဒီဇိုင်း သွင်ပြင်ဟာ ကြုံတဲ့ နေရာမှာ အလုပ်လုပ်တတ်ကြတဲ့ သူတွေအဖို့တော့ အတော့်ကို သဘောကျ နှစ်ချိုက်ဖွယ်ကောင်းလှပါတယ်။
အသေးဆုံး ၁၃ လက်မ ကနေ အကြီးဆုံး ၁၅ လက်မ အထိ ဝယ်ယူရရှိနိုင်တဲ့အပြင်။ ပေါ့ပါးလွန်းတဲ့ Laptop တစ်လုံးနှင့် မလိုက်ဖက်လောက်အောင်ကို စွမ်းဆောင်ရည်လည်း မြင့်မားလှပါတယ်။
Ultra Light Weigh နှင့် Ultra Slim ဆိုပြီး Version နှစ်မျိုးရှိပြီးတော့ ၁၃ လက်မ မှာတော့ i5 ၊ ၁၄ လက်မမှာဆို၇င် i5, i7 ထိ ရနိုင်ပြီး ၁၅ လက်မ မှာတော့ i7 အထိ မိမိ လုပ်ငန်းအရ လိုအပ်သလို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
အားနည်းချက်တွေအနေနှင့်ကတော့ USB-C Port ဟာ Thunderbolt 3 ကို Support မလုပ်နိုင်ပါဘူး။ ဒါ့အပြင် Alimunum Body တွေနှင့်ယှဥ်ရင်တော့ သိပ်ပြီး ကြည့်ကောင်းလှတဲ့ ပုံမပေါ်ဘူးလို့ ထင်ရပါတယ်။ ဥပမာအားဖြင့် သိပ်ပြီး Premium ကျတယ်လို့ မခံစားရတာပါ။ နောက်ပြီး Webcam ကလည်း တည်ဆောက်ထားပုံနေရာအရ သိပ်မဆင်မပြေသလို ခံစားရပါတယ်။
ကဲ့ ဒီနေ့မှာတော့ Apples လက်တော့တွေအစား Windows တွေကိုပဲ အသုံးပြုချင်တဲ့ သူတွေအတွက်ကို ကျွန်တော်ရွေးချယ်စရာတစ်ခုကို တင်ပြလိုက်ရင်း။ ကျွန်တော့်ကို အားပေးတယ်။ ထပ်ပြီး တင်ဆက်မှာတွေကိုလည်း ဖတ်ချင်သေးတယ်ဆိုရင်တော့ Like and Share လေးလုပ်ပေးကြပါဦးလို့ . . . အားလုံးကို ကျေးဇူးတင်ပါတယ် . . . .
0 comments:
Post a Comment