Razer Blade Pro Gaming လက်တော့ဟာဆိုရင် Nvidia ရဲ့ ထိပ်ဆုံး တန်းဖြစ်တဲ့ GTX-1080 8 GB ကို အသုံးပြုထားပြီး ပါးလွှာမှုလည်း ရှိတဲ့ Gaming Laptop တစ်လုံးဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ Body ကိုယ်ထည်ဟာလည်း Premium ကျကျ စတိုင်ရှိလှပြီးတော့ Gamer တွေအကြိုက် Machinical Keyboard ကိုလည်း တစ်ပါတည်း ထည့်သွင်းတည်ဆောက်ထားတာဟာ အတော့်ကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ဒါ့အပြင် 17.3 လက်မရှိပြီး 4K Resolution အပြည့် ရှိတဲ့ Display ဟာလည်း ကိုယ်တိုင် ဂိမ်းထဲကို နစ်မြောသွားအောင် ဖမ်းစားထားပါလိမ့်မယ်။
အမြင့်မားဆုံး စွမ်းဆောင်ရည်နှင့် နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ Razer Blade ကို ခန်းမှန်းခြေဈေးနှုန်း ဒေါ်လာ ၃၇၀၀ ဝန်းကျင် မှာ ရောင်းချမယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းဝန်းကျင် အခြား Gaming Laptops တွေနှင့် ယှဥ်မယ်ဆိုရင် အခု Razer Blade Pro လို ပါးလွှာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Laptop တစ်လုံးဟာ ဈေးနှုန်းနှင့် ထိုက်တန်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် Razer Blade Pro ကို Configuration တွေကို လျော့ချမယ်ဆိုရင်လည်း Storage ကလွဲလျင် အခြား ပြောင်းလဲခွင့်မရှိတဲ့အတွက် Low Budgets ဆိုရင်တော့ ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး။
နောက်ဆုံးပြောရင်တော့ Razer Blade Pro ဟာ High-End Graphic Card ကိုအသုံးပြုထားတဲ့ ပါးလွှာပြီး စွမ်းဆောင်ရည်မြင့် Gaming Laptop တစ်လုံးဖြစ်ပါတယ်။ နောက်ပြီး Professional သမားတွေစိတ်တိုင်းကျ အလုပ်လုပ်ပေးနိုင်မယ့် Laptop တစ်လုံးလည်းဖြစ်ပါတယ်။ တစ်ခုပဲ ပြောစရာရှိတာက Touch Pad နေရာ အထားအသိုဟာ ပုံမဟုတ်တော့ အလေ့အကျင့် ဖြစ်အောင် အချိန်ယူရပါလိမ့်မယ်။
Hardware | Specifications |
---|---|
Display size/resolution | 17.3-inch 3,840x2,160 touchscreen |
PC CPU | 2.6GHz Intel Core i7-6700HQ |
PC Memory | 32GB DDR4 SDRAM 2,133MHz |
Graphic | 8GB Nvidia GeForce GTX 1080 |
Storage | 512GB SSD |
Optical drive | None |
Networking | 802.11ac wireless, Bluetooth 4.1, Gigabit Ethernet |
Operating system | Windows 10 (64-bit) |
0 comments:
Post a Comment