Smartphone လောကထဲကို ပြန်လည် ခြေချလာခဲ့တဲ့ Nokia ဟာဆိုရင် သူ့ရဲ့ နောက်လာမယ့် Android Smartphone တစ်လုံးကို ထပ်မံ မိတ်ဆက်တော့မယ်လို့ သိရပါတယ်။ ဈေးသက်သာတဲ့ Nokia 6 ဖုန်းပြီး နောက် ထပ်ထွက်မယ့် စွမ်းဆောင်ရည်မြင့် Hi-End Smartphone Nokia 8 ကိုဆိုရင် ဒီနှစ် နှောင်းပိုင်းမှာ မြင်တွေ့ရမယ်လို့လည်း အားလုံးက စောင့်မျှော်နေကြပါတယ်။
အခု နောက်ထွက်ရှိလာမယ့် Nokia 8 ရဲ့ အချက်အလက်တွေကိုတော့ လက်ရှိ Websites တွေမှာတွေ့နေရတဲ့ အချက်အလက်တွေကိုမှီကိုးပြီး ရေးသားတင်ဆက်လိုက်ပါတယ်။
Flagship Device အနေနှင့် ထွက်ရှိလာမယ့် Nokia 8 မှာဆိုရင် Samsung ရဲ့ ဖုန်းအမြင့်တွေနှင့် HTC ဖုန်းတွေမှာပါ တွေ့ရလေ့ရှိတဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်နှင့် ပြည့်ဝတဲ့ Snapdragon 835 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Nokia 8 ဟာ RAM 4GB နှင့် သိုလှောင်သိမ်းဆည်းမှုပမာဏ 64 GB ရှိမှာဖြစ်ပြီး SIM Card ကိုလည်း ၂ ကဒ်ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Nokia 8 ကိုဆိုရင် လှပပြီး ဆွဲဆောင်မှုရှိလှတဲ့ အရောင်များနှင့် တွေ့မြင်ရဖွယ်ရှိပါတယ်။ အထူးသဖြင့် အပြာဖြော့၊ Steel ပုံစံ အပြင် ရွှေရောင် နှင့် ကြေးနီရောင်ဆိုပြီး ထုတ်လုပ်နိုင်ပါတယ်။ အခုလို အသွင်ပြင် ကိုယ်ထည်တည်ဆောက်ပုံတွေနှင့် အထက်တန်းကျကျ ဒီဇိုင်းနှင့် မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ့ကြောင့် Nokia 8 ဟာ အရင် 6 လို ဈေးသက်သက်သာသာနှင့်တော့ ဝယ်ယူရရှိနိုင်မယ်မထင်ပါဘူး။ ဈေးနှုန်း ခန့်မှန်းခြေအနည်းဆုံး $675 ဝန်းကျင် ဖြစ်နိုင်ပါတယ်။
လက်တလော Nokia 8 နှင့် ပတ်သက်ပြီး Twitters မှ တစ်ဆင့် တင်ထားတဲ့ သတင်းတွေအရတော့ Dual Camera ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး Nokia 8 ဟာ Zeiss နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီချက်ရရှိထားခဲ့ပြီးဖြစ်တဲ့အတွက် တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ရုပ်သံတွေ ရိုက်ကူးနိုင်မယ့် ဖုန်းတစ်လုံးလည်း ဖြစ်လာနိုင်ခြေရှိပါတယ်။
0 comments:
Post a Comment