Tech Pop
  • Home
  • My Facebook
  • Contact Me

Saturday, July 29, 2017

PC Gamer တိုင်း သိချင်ကြတဲ့ ဘယ် Graphic Card ဝယ်ရမလည်း ? (Nvidia GTX 10 Series)

 Paw Oo     3:09 PM     Games, Gaming     No comments   


ခေါင်းစဥ်က မေးခွန်းကို ဖြေရမယ်ဆိုရင် .....

ပထမဦးဆုံး စဥ်းစားရမယ့် အချက်တွေကို ပြောပြချင်ပါတယ် -

  1. ပိုက်ဆံ ဘယ်လောက်သုံးမလည်း
  2. Resolution ဘယ်လောက်မှာ ကိုယ်က ဂိမ်းကစားမှာလည်း
  3. FPS နှင့် Graphic Setting ကို ဘယ်လောက် အနေအထားလိုချင်သလည်း
အခုခေတ်အနေအထားမှာတော့ Full HD Monitor တွေရဲ့ ဈေးနှုန်းဟာလူတိုင်း တက်နိုင်တဲ့ အနေအထားဖြစ်လာပါပြီ။ နောက်ပြီး Nvidia ရဲ့ နောက်ဆုံးထွက် Graphic Card Series တွေဖြစ်တဲ့ 10 series တွေဟာလည်း ဈေးနှုန်း ကိုသင့်တင့်တဲ့ အပြင် ၊ စွမ်းဆောင်ရည်လည်း မြင့်မားအတွက် လူကြိုက်များလှပါတယ်။ ဒီတော့ ကျွန်တော့်ရဲ့ ဒီ post မှာတော့ Nvidia GPU 10 Series တွေနှင့် Full HD 1080P Gaming ကို ပဲ အဓိကထားပြောပြပေးသွားမှာဖြစ်ပါတယ်။


Budget Gaming ဆင်ပြီးတော့ ဂိမ်းလည်း ကောင်းကောင်းကစားချင်တဲ့သူတွေအတွက်ကတော့ GTX 1050 2GB/ GTX 1050ti 4GB ကို ရွေးချယ်ပါ။ အခုလက်ရှိအချိန်ထိ ထွက်သမျှဂိမ်းတွေအားလုံးနီးပါးကို High Setting နှင့် ကစားနိုင်ပါတယ်။ GTX 1050 နှင့် GTX 1050 Ti နှစ်မျိုးဟာ ဈေးလည်း အများကြီး မကွာလှပါဘူး အလွန်ဆုံးကွာလှ သုံး လေး သောင်းပါပဲ။ 1050 ဝယ်ရင်တော့ ၂၀၁၅ က ထွက်ခဲ့သမျှ အားလုံး နီးပါးကို High Setting အပြင် တချို့ဆိုရင် Max Setting နှင့် ကစားနိုင်ပါတယ်။


 GTX 1050 Ti 4GB ဆိုရင်တော့ AAA ဂိမ်းအတော်များများကို Max Setting မှာ FPA 40 ကျော် 50 ဝန်းကျင်မှာ ကစားနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်း တွေအနေနှင့်ကတော့ GTX 1050 2GB ဆိုရင် 200,000 ဝန်းကျင်နှင့် GTX 1050 4GB ကတော့ 250,000 ၀န်းကျင် နှင့် ဝယ်ယူရရှိနိုင်ပါတယ်။

အကယ်၍ Budget က အဓိကမဟုတ်ဖူး ဆိုရင်တော့ ကျွန်တော် အကြံပေးချင်တာက GTX 1060 ဒါမှမဟုတ်  GTX 1060 Ti ကို ဝယ်ပါ။ GTX 1060 နှင့် 1050 ti မှာ Video RAM ကတော့ 1050ti က ပိုများပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ 1060 3GB က ထက်ဝက်ကျော် သာပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ GTX 1060 3GB က ၈ သောင်း တစ်သိန်း ဝန်းကျင် ပိုများပါတယ်။ GTX 1060 6GB ဆိုရင်တော့ လက်ရှိ ပေါက်ဈေးအနေနှင့် ၄ သိန်း ကျော် ၅ သိန်း ဝန်းကျင်မှာ ရှိပါတယ်။


GTX 1060 ကစလို့ VR Gaming တွေကိုလည်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် CPU အနေနှင့်ကတော့ အနည်းဆုံး Core i5 ရှိရမှာဖြစ်ပါတယ်။ GTX 1080 နှင့် GTX 1080 Ti ကိုတော့ သိပ်မပြောလိုတော့တာကတော့ ဒီစာရှည်သွားမှာရယ် နောက်ပြီးတော့ လက်ရှိ အချိန်မှာက 4K ဆိုတာကလည်း ကျွန်တော်တို့ ဆီက အပျော်တမ်း Gamer တွေအတွက်က အနည်းငယ် အလှမ်းဝေးနေသလို ဖြစ်နေသေးတဲ့ Hi-End ဆင်ချင်တဲ့သူတွေအတွက် 4K Gaming အကြောင်းကိုတော့ ကျွန်တော် နောက်ထပ် ပိုစ်တစ်ခုအနေနှင့် သတ်သတ် တင်ပေးပါ့မယ်ခင်ဗျာ။



အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Like and Share လေးလုပ်ဖို့လည်း မမေ့နှင့်ဦးနော်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ▼  July (8)
      • Microsoft ရဲ့ Modern Keyboard နှင့် Mouse
      • PC Gamer တိုင်း သိချင်ကြတဲ့ ဘယ် Graphic Card ဝယ်ရမ...
      • ကြာရှည်အသုံးပြုနိုင်တဲ့ ဘတ္ထရီနှင့် လက်တော့ ၂၅ မျိ...
      • Nokia ရဲ့ မော်ဒယ်မြင့်ဖုန်း အသစ်အဖြစ်ထွက်ရှိလာတော့...
      • Louis Vuitton ရဲ့ ပထမဦးဆုံး Android Smart Watch
      • နာရီပေါင်း ၁၇ နာရီ အသုံးပြုနိုင်တဲ့ Windows Laptop...
      • ဈေးနှုန်းသက်သာပြီး အရည်အသွေးလည်းကောင်း အသုံးပြုရ လ...
      • Nvidia ရဲ့ စွမ်းဆောင်ရည်မြင့် GTX-1080 Graphic Car...
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates