Tech Pop
  • Home
  • My Facebook
  • Contact Me

Tuesday, July 11, 2017

Louis Vuitton ရဲ့ ပထမဦးဆုံး Android Smart Watch

 Paw Oo     9:27 PM     Android     No comments   


ဖက်ရှင်နှင့် နည်းပညာဆိုတာ အတော်လေး မသက်ဆိုင်သလိုပါ။ ဘာလို့လည်းဆိုတော့ နည်းပညာ ပစ္စည်းအတော်များများဟာ နည်းပညာလိုအပ်ချက်အရ အတွင်းပိုင်းစက်ပစ္စည်းတွေ ထည့်သွင်းပုံကိုမူတည်ပြီး ဒီဇိုင်းပိုင်းဆိုတာကို စဥ်းစားကာ ပုံစံဆွဲတည်ဆောက်ထားကြတာများပါတယ်။ အခုနောက်ပိုင်းတော့လည်း ဖက်ရှင်ကျကျ ဒီဇိုင်း အသွင်အပြင်နှင့်  ထူထူထဲထဲ Laptop တွေအစား တကယ့်ကို ပါးလွှာပြီး စိတ်တိုင်းကျ ဒီဇိုင်းလန်းလန်းလေးတွေလည်း ထွက်လာကြတာ တွေ့ရမှာပါ။ ဒါပေမယ့်လည်း နည်းပညာ ပစ္စည်းဆိုတာမျိုးက ဖက်ရှင် ကုမ္ပဏီတွေက ထုပ်တာမဟုတ်လေတော့လည်း ဒီဇိုင်းပိုင်း လိုအပ်ချက်တွေက အများသားပါ။



နာမည်ကြီး ဖက်ရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Louis Vuitton က ဆိုရင် အခုလို လိုအပ်ချက်မျိုးကို ဖြည့်ဆည်းဖို့ရာအတွက် ဖက်ရှင် အသားပေး Android Wear(Smart Watch) တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ ဒီ Smart Watch ဟာဆိုရင် Louis Vuitton ရဲ့ ဖက်ရှင် အနုပညာ လက်ရာကို နည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Qualcomm နှင့် Google တို့ရဲ့ ပံ့ပိုးမှုနှင့်တည်ဆောက်ထားတာဖြစ်ပါတယ်။ Smart Watch ရဲ့ နာမည်ကိုကတော့ Tambour Horizon ဖြစ်ပြီး တကယ့်ကို လှပသေသပ်လှပြီးဖက်ရှင် ကျလှတဲ့ Android Smart Watch တစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ ဒေါ်လာ ၃,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။42mm case standing 12.5mm အထူ နှင့် 1.2-inch AMOLED Glass, 390 x 390 Pixel touchscreen Display တို့နှင့် တည်ဆောက်ထားပါတယ်။

အတွင်းပိုင်း တည်ဆောက်ပုံတွေဟာလည်း အခြား Android Wear တွေနှင့်ယှဥ်ရင် မနိမ့်တဲ့ အနေအထားမှာရှိပါတယ်။ အခုဆိုရင် Android Wear ကို ဖက်ရှင်ကျကျ ဝတ်ချင်သူတွေအတွက်ကတော့ LG, Gameband, Armani, Guess, Montblanc and GUCCI စတဲ့ ဖက်ရှင် ကုမ္ပဏီတွေကထုတ်လုပ်ထားတဲ့ ရွေးချယ်စရာတွေ များစွာရှိလို့ လာပြီဖြစ်ပါတယ်။


  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ▼  July (8)
      • Microsoft ရဲ့ Modern Keyboard နှင့် Mouse
      • PC Gamer တိုင်း သိချင်ကြတဲ့ ဘယ် Graphic Card ဝယ်ရမ...
      • ကြာရှည်အသုံးပြုနိုင်တဲ့ ဘတ္ထရီနှင့် လက်တော့ ၂၅ မျိ...
      • Nokia ရဲ့ မော်ဒယ်မြင့်ဖုန်း အသစ်အဖြစ်ထွက်ရှိလာတော့...
      • Louis Vuitton ရဲ့ ပထမဦးဆုံး Android Smart Watch
      • နာရီပေါင်း ၁၇ နာရီ အသုံးပြုနိုင်တဲ့ Windows Laptop...
      • ဈေးနှုန်းသက်သာပြီး အရည်အသွေးလည်းကောင်း အသုံးပြုရ လ...
      • Nvidia ရဲ့ စွမ်းဆောင်ရည်မြင့် GTX-1080 Graphic Car...
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates