OnePlus 5 ဟာဆိုရင် အရည်အသွေးကောင်း အသုံးပြုရလည်းလျင်မြန်မှုရှိလှတဲ့ အပြင် ၁၈ နာရီကြာ အသုံးပြုနိုင်တဲ့ ဘတ္ထရီဟာလည်း ဆွဲဆောင်မှုရှိလှပါတယ်။ ဖုန်းရဲ့ ကင်မရာဟာဆိုရင်လည်း သိပ်ကောင်းတဲ့ Portraits ဓါတ်ပုံတွေအပြင် အလင်းရောင်နည်းချိန်မှာလည်း ပုံကောင်းကောင်းရိုက်နိုင်တာကိုတွေ့ရပါတယ်။
အရင်ထွက်ရှိထားခဲ့တဲ့ Phone မော်ဒယ်တွေထက်တော့ ဈေးနည်းနည်းပိုများသွားပြီးတော့ Storage ကိုလည်း ထပ်မံထည့်သုံးလို့မရတော့တာ တော့ နည်းနည်းစိတ်ပျက်စရာပါပဲ။
ဒါပေမယ့်လည်း One Plus 5 ဟာ နာမည်ကြီး flagship ဖုန်းတွေမှာ သာ ရရှိနိုင်တဲ့ Specifications တွေကို သက်သာတဲ့ ဈေးနှုန်းတဲ့ ဝယ်ယူအသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ OnePlus ဆိုတဲ့ နာမည်ဟာ Samsung , Apple နှင့် Huawei တို့လို တကယ့် Brand ကြီးတွေကို မဟုတ်ပေမယ့်လည်း တစ်ယောက်နှင့် တစ်ယောက်ကြား ပါးစပ်ဖျားမှာတော့ ပြောမိကြတဲ့ Brand တစ်ခုဖြစ်ပါတယ်။
OnePlus5 ဖြင့် ရိုက်ထားသော ဓါတ်ပုံ |
အခုဆိုရင် OnePlus 5 ဟာ အခြား FlagShip ဖုန်းတွေလိုပဲ Dual Lens ကင်မရာ ပါဝင်လာတာကိုတွေ့ရပြီးတော့ နောက်ဆုံးထွက် Snapdragon chipsets တွေအပြင် high-performance စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံး လည်းဖြစ်ပါတယ်။
OnePlus 5 ဟာ သူ့ရဲ့ ဈေးနှုန်းဝန်းကျင်မှာဆိုရင် ထူးခြားပြီး ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်တဲ့အပြင်၊ လက်ရှိမှာဆိုရင် သူ့ဈေးနှုန်းဝန်းကျင်မှာ အခြား ယှဥ်ပြိုင်နိုင်တဲ့ ဖုန်းကို မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။
Gray (64GB/6GB RAM) | $ 479 |
Black (128GB/8GB RAM ) | $ 539 |
0 comments:
Post a Comment