လက်ရှိအချိန်ထိ ရေပန်းစား၊ လူကြိုက်များတဲ့ လက်တော့တွေလည်း ပါဝင်သလို Tablets တွေနှင့် two-in-one hybrids တွေဖြစ်တဲ့ laptop လိုရော tablet လိုပါ အသုံးပြုနိုင်တဲ့ အမျိုးအစားတွေပါဝင်ပါတယ်။
အရေးကြီးတဲ့ စည်းဝေးတွေပြုလုပ်နေချိန်မှာ လက်တော့ ဘတ္ထရီကုန်သွားတာလောက် ဆိုးဝါးလှတာမရှိပါဘူး။ ဒါမှမဟုတ် ခရီးသွားရင်း အရေးကြီးတဲ့ အီးမေးလ်တစ်ခုကို ရေးနေချိန်ပဲဖြစ်ဖြစ်၊ လမ်းမှာ အပျင်းပြေ Netflix လေး ဒါမှမဟုတ် Channel Myanmar က မြန်မာစာတန်းထိုးရုပ်ရှင်လေးတွေကြည့်ဖို့ ကွန်ပျူတာဖွင့်လိုက်ချိန်မှာ ဘတ္ထရီကုန်နေတယ်ဆိုတာမျိုးက အတော်လေးခံစားရခက်တဲ့ အရာပါ။
ခုခေတ်အနေထားနှင့် အချိန်အခါအရတော့ Talbets တွေနှင့် ဖုန်းတွေ လက်တော့ တွေအားလုံးရဲ့ ဘတ္ထရီတွေ ဟာ တဖြည်းဖြည်းနှင့် ပိုပိုပြီး ကောင်းလာကြပါတယ်။ နောက်ပြီးအခုဆိုရင် လက်တော့တွေနှင့် Tablets တွေအတော်များများ ၁၀ နာရီဝန်းကျင်နှင့်အထက် အသုံးပြုလာနိုင်တာကို တွေ့လာရပါတယ်။
အထူးသဖြင့် intel ရဲ့ Core i-series CPUs တွေဟာ ပါဝါစာသုံးမှု အတော်လေး နည်းလာပြီးတော့ စွမ်းဆောင်ရည်တွေလည်း ပိုမိုကောင်းမွန်လာကြတာက အဓိက တိုးတက်မှုကြီးတစ်ခုပါ။
လက်ရှိကျွန်တော် တွေ့ရှိထားတဲ့ Laptop ဘတ္ထရီစမ်းသပ်ချက်တွေအရ အကောင်းဆုံးနှင့် ကြာရှည်အသုံးပြုနိုင်တဲ့ ဘတ္ထရီတွေပိုင်ဆိုင်ထားတဲ့ လက်တော့ ၂၅ မျိုးကို အောက်မှာ ကြည့်လိုက်ပါဦး . . .
အဆင့် | System name | အသုံးခံနိုင်မှု နာရီ၊ မိနစ် |
---|---|---|
1 | Acer Chromebook R 13 | 13:02 |
2 | Samsung Notebook 9 | 12:16 |
3 | Lenovo ThinkPad X1 | 11:50 |
4 | Microsoft Surface Book (2016) | 11:49 |
5 | Apple MacBook Pro (13-inch, 2016) | 11:36 |
6 | HP EliteBook x360 (13-inch, 2017) | 11:34 |
7 | LG Gram 13 | 11:30 |
8 | Apple MacBook Pro 15-inch, 2017 | 10:43 |
9 | Dell XPS 13 (late 2016, non-touch) | 10:36 |
10 | Apple MacBook (12-inch, 2016) | 10:33 |
11 | Apple MacBook (Retina 12-inch, 2017) | 10:26 |
12 | Microsoft Surface Laptop | 10:21 |
13 | Toshiba Portege X20W-D | 10:10 |
14 | Apple MacBook Pro with Touch Bar (15-inch, 2016) | 10:08 |
15 | Apple MacBook Pro with Touch Bar (13-inch, 2016 ) | 10:07 |
16 | Asus C302C | 9:55 |
17 | HP Spectre x360 (15-inch, 2017) | 9:54 |
18 | LG gram 15 | 9:42 |
19 | Dell Inspiron 15 7000 Gaming | 9:38 |
20 | HP Spectre x360 (13-inch, 2016) | 9:21 |
21 | Lenovo ThinkPad X270 | 9:15 |
22 | Samsung Chomebook Pro | 8:57 |
23 | Dell XPS 13 2-in-1 | 8:56 |
24 | Dell Latitude 12 5000 Series 2-in-1 (5285) | 8:50 |
25 | LenovoLenovo IdeaPad Yoga 720 | 8:46 |
0 comments:
Post a Comment