Microsoft ကလည်း အားကျမခံ ကိုပိုင် တံဆိပ်နှင့် ကီးဘုတ် ၊ မောက်စ် ကို ထုတ်လိုက်ပါပြီ။ အခုဟာဆိုရင် Apple ရဲ့ ဒုတိယမျိုးဆက်သစ် Magic Mouse 2 ထုတ်လုပ်ခဲ့တာဟာဆိုရင် လပေါင်း ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုမှ Microsoft ကလည်း နောက်က နေ အမှီလိုက်တာ ဆိုပေမယ့်လည်း သူ့ရဲ့ ထုတ်ကုန် နှစ်မျိုးစလုံးဟာ Apple လို ဈေးမကြီးတဲ့အပြင် Modern Keyboard မှာဆိုရင်တော့ မိမိရဲ့ ကွန်ပျူတာ လုံခြုံစိတ်ချမှုရှိရေးအတွက် Finger Print ID ကိုပါ ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။
Keyboard တည်ဆောက်ပုံ တစ်ခုလုံးဟာ Apple ရဲ့ Chiclet Key တွေ တည်ဆောက်ပုံနှင့် တူညီပြီးတော့ Finger print Sensor ကိုတော့ Alt နှင့် Ctrl ကြီးထဲမှာ Windows Hello Biometric Security ဆိုပြီးတော့ ခလုတ်တစ်ခု ကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ဒါ့အပြင် Windows 10 Hello ကို အသုံးပြုပြီးတော့ PC မှာ Face နှင့် Log In လုပ်ဖို့ရာကတော့ အသုံးပြုနိုင်မယ့် Web Camera လိုအပ်မှာဖြစ်ပါတယ်။
0 comments:
Post a Comment