Tech Pop
  • Home
  • My Facebook
  • Contact Me

Friday, October 2, 2015

Mobile Profile အဆင့်မြှင့်တင်မှု

 Paw Oo     2:35 PM     Facebook     No comments   


Facebook Profiles တွေကို လူအတော်များများ ဝင်ရောက်ကြည့်ရှုမှုနှုန်းဟာ တစ်ရက်ကို ၄ ဘီလီယံ ကျော်ရှိပါတယ်​ နောက်ပြီး Facebook ကလည်း Profiles တွေကို ကျနော်တို့လို အသုံးပြုသူတွေအတွက် ကောင်းသထက်ကောင်းအောင်နှင့် Online ပေါ်မှာရှိတဲ့ ကျနော်တို့ရဲ့ အချက်အလက်တွေကို အကောင်းဆုံးဖော်ပြနိုင်အောင် ကြိုးစားနေပါတယ်။ ယခုအချိန်မှာတော့ Facebook Profiles ကနေ အသစ်ထပ်မံ မိတ်ဆက်တော့မယ့် နည်းလမ်းတစ်ခုကို ပြသလိုက်ပါပြီ။ အခုအခါမှာဆိုရင်တော့ သင်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနှင့်ပတ်သက်ပြီး profile ပေါ်မှာ ဖော်ပြနိုင်တဲ့ အဓိက အဆင့်မြှင့်တင်မှုနည်းလမ်း ၃ ခုနဲ့ ကောင်းအောင်လုပ်လိုက်တာပါ။

သင်၏ Profile အား အသက်သွင်းလိုက်ပါ
Facebook ကနေ Profiles ဆိုတာကို စတင်မိတ်ဆက်လိုက်တဲ့ ၂၀၀၄ ခုနှစ်ကတည်းက ကမ္ဘာကြီးဟာ ပြောင်းလည်းမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ လူတွေဟာ Profiles တွေနဲ့ News Feed တွေမှာ Videos တွေကို ပိုပြီး ဖန်တီးလာကြတယ်၊ ပိုပြီးလည်း ကြည့်ရှုလာကြပါတယ်။ ဒီနေ့မှာတော့ Facebook ဟာ ယခင် Profiles များထက် ပိုပြီးစမ်းသစ်တဲ့ အဆင့်တစ်ခုကို စတင်စမ်းသပ်နေပါပြီ။ အဲ့ဒါကတော့ Profile Video ပါ။ နောက်များ မကြာမီ အချိန်မှာပဲ သင်ဟာ Video အတိုလေးတစ်ခု ရိုက်လိုက်ပြီးတော့ သင့် Profile ကို ဝင်ရောက်သူများ က မြင်တွေ့နိုင်တော့မဲ့ Looping Video Clip လေးရလာတော့မှာပါ။ Profile Videos နဲ့အတူ သင်ဘယ်လိုလူမျိုးလည်းဆိုတဲ့ တစ်စိတ်တပိုင်းကို ဖော်ပြခွင့်ရတော့မှာ ဖြစ်ပါတယ်။

Profile ဓါတ်ပုံတွေကိုလည်း တင်ထားလို့ရဦးမှာဖြစ်ပါတယ်။ Profile ဓါတ်ပုံနဲ့ပတ်သက်ပြီးတော့လည်း ယခင်ကထက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ အဆင့်မြှင့်တင်မှုများလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဥပမာ Celebrate Pride လို လူပေါင်း ၂၆ မီလီယံ အသုံးပြုခဲ့တဲ့ Filter မျိုးဖြစ်ပါတယ်။ ခဏတာ လေးအဖြစ်နဲ့ သုံးခဲ့တယ်ဆိုပေမယ့်လည်း အတော့်ကို တွင်ကျယ်တဲ့ Filter တစ်ခုဖြစ်ခဲ့ပါတယ်။ Profile ပုံတွေဟာ မိမိရဲ့ ပုံလေးတစ်ပုံဆိုတာထက်ကို ပိုပြီး ကိုယ်ဘယ်အချိန်မှာ ဘာဖြစ်နေတယ် ဆိုတာကိုလည်း ကိုယ်စားပြုတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။ ဒါကြောင့် Facebook ဟာ Celebrate Pride လို Filter မျိုး Tools တွေအပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Tools ပေါင်းများစွာကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အခုလို အတွေးတွေကြောင့်ပဲ Facebook ဟာ လက်ရှိတင်ထားတဲ့ Profile ပုံတစ်ခုကနေ နောက်ကို ခဏတာ revert သတ်မှတ်ထားတဲ့အချိန်က ပုံတွေကို ပြန်လည်ပြသ ဖို့အတွက်လည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုဆိုရင် သင်ဟာ Temporary (ခဏတာ) Profile ပုံကို ပြောင်းလည်းပြီး အချိန်အခိုက်အတံ့လေးတစ်ခုအတွက် သင့်ရဲ့ ဘဝမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူငယ်ချင်းတွေသိရှိနိုင်တဲ့ Visual Status update တွေ လုပ်ဆောင်နိုင်နေပါပြီ။ ဒါဟာ သင် တချိန်က ဘယ်လို ခံစားခဲ့ရတယ် ဘယ်လိုပျော်ရွှင်ခဲ့ရတယ်ဆိုတာကို ပြသဖို့အတော်ကောင်းတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။

Improved Profile Controls
 အရင်သိထားခဲ့ရတာက မိမိရဲ့ Profile အချက်အလက်တွေကို ဘယ်သူမြင်နိုင်လည်းဆိုတာကို privacy setting ကနေ ထိန်းချုပ်နိုင်တယ်ဆိုတာပါ၊ အခုဆိုရင်တော့ အလွယ်တစ်ကူ အနေနဲ့ သင့်ရဲ့ Profile အပေါ်နားက နေ နှစ်သက်သလို New Customizable နေရာတစ်ခုနေ ထိန်းချိန်နိုင်ပြီဖြစ်ပါတယ်။

Design Improvements to Your Mobile Profile
Profile ဖော်ပြချက်တွေ အဆင့်မြင့်လာတာနဲ့အတူ Mobile Profile ပုံစံဒီဇိုင်းများကိုလည်း အနည်းငယ် ပြောင်းလည်းမှုတွေပြုလုပ်ခဲ့ပါတယ်။ သူငယ်ချင်းတွေ ရဲ့လှုပ်ရှားမှုတွေ နှင့် လက်ရှိ ကိုယ့်အကြောင်းကို ဖော်ပြတဲ့ ပုံစံဒီဇိုင်း Layout တွေကို အဓိကပြောင်းလဲခဲ့ပါတယ်။ Facebook ဟာ profile ပုံတွေနှင့် video တွေကို အနည်းငယ် ရှေ့ကို ထွက်နေသယောင်နှင့် အလည်နားရောက်အောင် နေရာချထားခဲ့ပါတယ်။ Profile ပုံကတော့ အလည်တည့်တည့်မှာကို ရောက်ရှိလာပြီး ပိုပြီးကြီးကြီးမြင်ရလာတယ် နောက်ပြီး အသစ်ထည့်သွင်းလိုက်တဲ့ နည်းပညာတွေနဲ့ Tools တွေကို အလွယ်တကူ အသုံးပြုနိုင်အောင်လည်း လုပ်ပေးထားပါတယ်။

အနည်းငယ် ပြောင်းလည်းပြီး အဆင့်မြှင့်တင်မှုများကတော့ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပေါ်မူတည်ပြီး ပြသပေးမယ့် Highlights တွေ နောက်ပြီး ကိုယ်နဲ့ ခင်မင်ရင်းနီးမှုရှိနိုင်တဲ့ people you may know ဆိုတာမျိုးတွေဖြစ်ပါတယ်။ အဓိကအားဖြင့် လူအတော်များများဟာ အခြား သူတစ်ယောက်ရဲ့ profile ကို ဝင်ကြည့်တဲ့အချိန်မှာ စိတ်ဝင်အစားဆုံးက သူနဲ့ကိုယ်နဲ့ကြားက သူငယ်ချင်းတွေဘယ်သူရှိ မလည်းဆိုတာဖြစ်ပါတယ်။ အခုဆိုရင်တော့ profiles တွေကို ဝင်ကြည့်ရင် လွယ်လွယ်ကူကူ နဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ UK နှင့် California  တဲ့ အနည်းငယ်သော iPhone အသုံးပြုသူတွေ စမ်းသပ်အသုံးပြု နေပြီဖြစ်ပြီး နောက် မကြာခင်အချိန်မှာပဲ အားလုံးအသုံးပြုနိုင်အောင် ဆောင်ရွက်နေပါပြီ။ ဒီလို အဆင့်မြှင့်တင်မှုတွေပြုလုပ်ခြင်းအားဖြင့် Facebook အသုံးပြုသူတွေအနေနဲ့ အချင်ချင်း ပိုပြီး အဆက်အသွယ်များ ပြုလုပ်နိုင်လာမှာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် မျှဝေမှုတွေနှင့် မိမိ၏ ပျော်ရွှင်မှုများ စိတ်ခံစားချက်များကို အဓိပ္ပါယ်ရှိရှိ ဆက်သွယ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ကတော့ စောင့်တောင် မစောင့်နိုင်တော့ဘူးဗျာ သုံးကြည့်ချင်လာပြီး။

ref : newsroom.fb.com
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ▼  2015 (24)
    • ►  December (3)
    • ►  November (11)
    • ▼  October (9)
      • အသစ်တဖန် ပြန်လာခဲ့တဲ့ Microsoft
      • Microsoft-HoloLens
      • Lumia 950 နှင့် 950 XL မိတ်ဆက်
      • Microsoft Band မိတ်ဆက်
      • ၄၁ ကြိမ်မြောက် Nikon Microphotography ပထမဆုရရှိသူ
      • Facebook က Reaction လို့ခေါ်တဲ့ Emoji များ
      • Samsung မှ Device တစ်မျိုး သတင်းထွက်နေ
      • Tablets တွေကနေ Lapblets တွေဖြစ်လာတော့မှာလား ?
      • Mobile Profile အဆင့်မြှင့်တင်မှု
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates