Microsoft Band
Microsoft ဟာ ဆိုရင် သူ့ရဲ့ နည်းပညာသစ်တစ်ခုဖြစ်တဲ့ fitness monitoring နည်းပညာပါတဲ့ လက်ပတ် တစ်ခုနဲ့ စတင်လိုက်ပါတယ်။ Microsoft လက်ပတ်ဟာဆိုရင် Apple နာရီကို တိုက်ရိုက် ယှဥ်ပြိုင်မည့် အရာပါ။ ပုံမှန် သုံးစွဲနေကျ fitness လက်ပတ်တွေနဲ့မတူပဲ ခေတ်ရှေ့ပြေး ဒီဇိုင်းပုံစံ ဖန်တီးထားတာဖြစ်ပါတယ်။ ပုံစံဒီဇိုင်းအရ ပုံမှန် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူတွေနှင့် လက်ရှိ ကိုယ်လက် လှုပ်ရှားပြုလုပ်ချင်တဲ့ သူတွေအတွက် ကို ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့ လက်မှာ လှလှပပနဲ့ ရှိနေမှာလည်းဖြစ်ပါတယ်။
လုပ်ဆောင်ချက်တွေဟာလည်း သာလွန်ကောင်းမွန်တယ်ဆိုရမှာပါ။ GPS ၊ UV monitoring၊ အိပ်ချိန် နှင့် ကယ်လိုရီ(အဆီ) အတက်အကျကိုလည်းစောင့်ကြည့်နိုင်ပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ တခြားလက်ပတ်တွေနဲ့မတူတာက သူ့မှာ လေဖိအားတိုင်း ကိရိယာ ပါဝင်ပြီး Elevation (အမြင့်) ကိုတိုင်းတာနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့ Golf ရိုက်ချက်ကိုလည်း သိရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် Uber ၊ Runkeeper, Starbucks, Subway နှင့် Twitter လို Applicationတွေ နောက်ပြီး အသံနဲ့ စေခိုင်းလို့ရမယ့် Cortana လည်း ပါဝင်မှာဖြစ်ပါတယ်။ fitness trackers တခုအနေနှင့် တကယ့်ကို သင့်တော်တဲ့ စမတ်ကျတဲ့ လက်ပတ်တစ်ခုဖြစ်ပြီး Microsoft က သင့်ရဲ့ လုပ်ဆောက်ချက် လှုပ်ရှားမှုတွေ ကို တိတိကျကျ စောင့်ကြည့်နိုင်မယ့် ကျန်းမာရေးအတွက် Application တစ်ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
Microsoft ရဲ့ cross-platform တစ်ခုဖြစ်တဲ့ Windows 10 နှင့် iOS အပြင် Android နဲ့ပါ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ အဆင်ပြေတာတစ်ခုက ဒီ လက်ပတ်ကို သုံးဖို့အတွက် ကျနော်တို့မှာ Lumia ဖုန်းတစ်လုံး ဝယ်စရာမလိုတော့ဘူးပေါ့ဗျာ။ နောက်ပြီး ဈေးနှုန်းဘက်ကို ကြည့်မယ်ဆိုရင်လည်း ကြိုတင်မှာကြားစနစ်နဲ့ $249 ပဲကျသင့်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Apple နဲ့
ယှဥ်မယ်ဆိုရင်တော့ အတော့်ကို ဈေးပေါတာပဲလို့ ပြောရမှာပဲ။
0 comments:
Post a Comment