အခုချိန်လက်ရှိတော့ Tablets တွေပဲ ပြိုင်နေလိုက်ကြတာ။ ဒါပေမယ့်အခု တဖြည်းဖြည်းချင်း စဥ်းစားမိလာတာ တစ်ခုက၊ Tablets တွေနဲ့ Laptop တွေနေရာကိုယူဖို့လုပ်နေကြပြီလားလို့ပါ။ ဒါဆိုရင်တော့ Tablet တွေမဟုတ်ပဲ Lapblets တွေဖြစ်လာတော့မှာပါ။
Apple
လတ်တလော မကြာသေးခင်ကပဲ Apple ကနေ အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ iPad Pro ကိုပဲ ကြည့်လိုက်မယ်ဆိုရင် စွမ်းဆောင်ရည်မှာလည်း အတော်အတန် ကောင်းလာသလို၊ Display ပိုင်းမှာဆိုရင်လည်း ၁၂.၉ လက်မရှိတဲ့ Retina နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းမှာလည်း ကြည့်မယ်ဆိုရင်လည်း ကြီးမားကျယ်ပြန်မှုဆိုတာနဲ့ လူတွေက သယ်ဆောင်ရခက်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့်လည်း Apple ရဲ့ နည်းပညာနဲ့ စွမ်းဆောင်မှုတွေကြောင့် ၁.၅၇ ပေါင်သာ အလေးချိန်ရှိပြီး ၆.၉ မီလီမီတာ ပါးလွှာပါတယ်။
နောက်ပြီးBattery ပိုင်းမှာဆိုရင်လည်း ပြောရရင် Laptop တွေထက်တောင် ပိုပြီး အသုံးခံနေပါတယ်။ အဓိက ကျနော်မြင်လိုက်တဲ့ အရာက iPad Pro နဲ့အတူ ပါဝင်လာတဲ့ Smart Keyboard ဆိုတာပါ။ အဲ့ဒီတော့ ကျနော်တို့မှာ စဥ်းစားစရာ က Laptop တစ်လုံးဝယ်မလား အခုလို Lapblet တစ်လုံးဝယ်မလားဆိုတာ ဖြစ်နေပါပြီ။
Microsoft
သူကတော့ Lapblet လောကထဲ ရောက်လာတာက ပြောင်းပြန်ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ အခု ရက်ပိုင်းလေး တင်ပဲ မိတ်ဆက်ပေးခဲ့တဲ့ Surface Book ကို Laptop အနေနဲ့ ထုတ်လုပ်ခဲ့လို့ပါ။
တကယ်တမ်းကျတော့ သူက Tablet လိုလည်း ကောင်းကောင်းသုံးလို့ရပြီး Laptop တစ်လုံးလိုလည်း အတော်လေး ကို အသုံးတည့်မှာပါ။ ဘာလို့လည်းဆိုတော့ အဓိက ချက်က အသုံးပြုထားတဲ့ OS ကြောင့်ပါ။ Window 10 ကို အသုံးပြုထားပြီး intel 6th generation i5 or i7 အသုံးပြုထားပြီး RAM က 16 GB အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ Surface pro 3 ထိ မိတ်ဆက်ပေးခဲ့ပြီး ယခုနှစ်မှာတော့ Surface pro 4 ကိုလည်း ထပ်မံမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
ကျနော့်အထင်တော့ Tablet တွေက Laptop တွေနေရာကို ယူနိုင်မယ်မထင်ပါဘူး ဒါပေမယ့် Smart Phone တွေကတော့ လုပ်နိုင်တယ်ဆိုတာပါ။ ကျနော်ထင်တယ် Mircosoft ကလည်း PC တွေကို လူတွေသုံးနေသေးတယ်ဆိုတာ သိလို့ အသစ်အသစ်တွေထပ်ပြီး ပြုလုပ်နေတာဖြစ်နိုင်ပါတယ်။

0 comments:
Post a Comment