Samsung ကတော့လုပ်လိုက်ပြန်ပြီ အခု လတ်တလော သတင်းထွက်နေတာအရတော့ ၁၈.၄ လက်မ အရွယ် မျက်နှာပြင်နှင့်အတူ 1920x1080 pixels ရှိမယ့် Device တစ်ခု ထွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ကြည့်ရတာ Apple နှင့် Microsoft ကို အပြိုင်လိုက်မယ့်သဘောပဲ။
SM-T670 လို့ခေါ်ပါတယ် GFX Bench ကနေ အချက်အလက်တွေပေါက်ကြားတာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့သလို
အထက်မှာဖော်ပြခဲ့သလို
Display - 18.4 inch, 1920x1080 pixels
Processor - 1.6 GHz Samsung Exynos 7 Octa-Core Processor
Ram - 1.8 Gb
Storage - Built in 25 Gb
Front Facing Camera - 2 Megapixel
OS - လက်ရှိမှာတော့ Android 5.1.1 ကိုအသုံးပြုထားပြီး တရားဝင်ထွက်ရှိလာချိန် မှာတော့ Android 6.0 Marshmallow ဖြစ်နိုင်ပါတယ်။
စက်တင်ဘာလ အစမှာတင်ပဲ Samsung ကနေပြီးတော့ Galaxy View လို့ခေါ်တဲ့ 2-in-1 Device တစ်ခု (သို့) မျက်နှာပြင်ကြီးကြီးနှင့် Tablet တစ်ခု ထွက်ပေါ်လာနိုင်တယ်လို့ Video ကြေငြာတစ်ခုမှာ အရိတ်အမြွတ် တွေ့လိုက်ရပါသေးတယ်။ Video မှာတော့ အကြမ်းအားဖြင့် ပြောထားတာက "ကန့်သက်မှုများမှ လွန်မြောက်ဖို့" ဆိုပါတယ်။ Samsung မှ ကတိခံထားတာကတော့ အောက်တိုဘာလ အတွင်းမှာ Device ကို အသေအချာ မြင်တွေ့ခွင့်ရမယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်ထိတော့ တိတိကျကျ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ GFX Bench မှ ထွက်ပေါ်လာခဲ့တဲ့ Device ဆိုတာကလည်း ဒီ Video မှာ ချပြခဲ့တဲ့ Device ပဲဖြစ်ဖို့များပါတယ်။
Tablet များရဲ့ ရောင်းအားဟာ တဖြည်းဖြည်းကောင်းမွန်နေတာကို တွေ့ရပါတယ်။ လူအများစုဟာ မျက်နှာပြင်ကြီးမားတဲ့ Smartphone တွေကို ဝယ်ယူနေကြတဲ့အချိန်မှာ တချို့လူတွေကတော့ Tablets တွေကို ကိုင်တွယ်အသုံးပြုနေကြပါပြီ။ တကယ့် ပြိုင်ဆိုင်မှုပျင်းထန်နေတဲ့ Apple နှင့် Samsung တို့အတွက်တော့ ရောင်းချရမှုပိုင်း အားနည်းနေတယ်လို့လည်းသိရပါသေးတယ်။ နောက်ပိုင်း ကြည့်ရသလောက်တော့ 2 in 1 တွေ များလာဖို့ရှိပါလိမ့်မယ်။ အဓိပ္ပါယ်က Laptop အစားထိုးဖို့ ရည်ရွယ်ထားကြတယ်ဆိုပါတော့ဗျာ။
0 comments:
Post a Comment