Tech Pop
  • Home
  • My Facebook
  • Contact Me

Friday, October 23, 2015

Lumia 950 နှင့် 950 XL မိတ်ဆက်

 Paw Oo     3:34 PM     Microsoft     No comments   



Lumia 950 & 950XL

Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Lumia စမတ်ဖုန်းနှစ်လုံးဟာဆိုရင် တည်ဆောက်ထားတဲ့ ပစ္စည်းပိုင်းဆိုင်ရာမှာလည်း မဆိုးပါဘူး။ ဒါပေမယ့် စမတ်ဖုန်းစျေးကွက်မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ iPhone 6s နှင့် 6s Plus တို့ အတွက်ကတော့ ယှက်ပြိုင်စရာမလိုတဲ့ ဖုန်းနှစ်လုံးပါ။ ဘာတွေပြောင်းလည်းလာဦးမလည်းဆိုတဲ့ အတွေးအောက်မှာ Lumia ဟာဆိုရင် တဖြည်းဖြည်းချင်း လျှို့ဝှက်လက်နက်သဖွယ် တိုးတက်မှုတွေနဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။

950 နှင့် 950 XL မှာဆိုရင် မျက်နှာပြင်အကျယ် ၅.၂ လက်မ နှင့် ၅.၇ လက်မ WQHD resolution OLED Display တို့ကို အသီးသီးတပ်ဆင်ထားပါတယ်။ 950 XL ကိုတော့ ​Snapdragons Octa-Core 810 chip ကိုအသုံးပြုထားပြီး၊ 950 မော်ဒယ်ကတော့ Snapdragon 808 hexa-core processor ကိုအသုံးပြုထားပါတယ်။ ဖုန်းမော်ဒယ် နှစ်မျိုးစလုံးက 20 MP ကင်မရာ အသုံးပြုထားပြီး 4K အရည်အသွေးမြင့် ဗွီဒီယို များကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Flash မီးမှာဆိုရင်လည်း Triple-LED RGB ပါဝင်ပြီး Optical Image Stabalization ( OIS ) လုပ်ဆောင်ချက်လည်း ပါဝင်မှာဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းမှု ပမာဏ 32 GB ပါဝင်ပြီး မိနစ် ၃၀ (နာရီဝက်) အတွင်းမှာတင် ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မယ့် USB Type-C ကိုအသုံးပြုထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ အေးစေဖို့အတွက် liquid-cooled ကို အသုံးပြုထားပုံရပါတယ်။ သေချာဖတ်လိုက်ပါတယ်နော် liquid-cooled စမတ်ဖုန်း တစ်မျိုးပါ တကယ်ပြောနေတာပါ။ :D တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်မှာပါ ဖုန်းကို အေးစေအောင်လို့ အရည်တစ်မျိုးကို အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာလည်း Continuum ကိုအသုံးပြု နိုင်မှာဖြစ်ပါတယ်။

Apple အနေနှင့် အခုချိန်ထိ OS X နှင့် iOS ဆိုပြီး ခွဲထားတဲ့ အချိန်မှာ Microsoft အနေနှင့်ကတော့ မည်သည့် အရွယ်အစားနှင့်မဆို လုပ်ဆောင်နိုင်မှုတွေ ကွာခြားသွားတာမျိုး မဖြစ်သွားတဲ့ သုံးစွဲမှုမှာဆိုရင်လည်း တစ်နေရာနှင့် တစ်နေရာ အကူးအပြောင်းမှာ လုပ်ငန်းတွေ ရှုပ်ထွေးသွားတာမျိုး မဖြစ်ရအောင် OS တစ်ခုကို တည်ဆောက်နေတာဖြစ်ပါတယ်။ Continuum ဟာဆိုရင် Lumia 950 နှင့် 950 XL ဖုန်းတွေမှာ ကြိုးမဲ့စနစ်နဲ့ Bluetooth ကီးဘုတ်တွေ၊ မောက်စ် တွေနှင့် မော်နီတာ တွေကို ချိန်ဆက်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ (PC) တစ်လုံးလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင် မိုဘိုင်း ဖုန်းတစ်လုံးကို တကယ် အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Window 10 ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ Continuum လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် Microsoft က Display Dock တစ်ခုကို ပြုလုပ်ရောင်းချပြီး အရမ်းကိုရိုးရှင်း လွယ်ကူစွာနှင့် မော်နီတာတစ်လုံးကို ချိတ်ဆက်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ Dock မှာ ဆိုရင် USB အပေါက် သုံးခုပါပြီး၊ HDMI တစ်ပေါက်နှင့်အတူ DisplayPort နှင့် ဖုန်းကို ချိတ်ထားတဲ့အချိန်မှာအားသွင်းနိုင်မယ့် Charging တစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ထုတ်လုပ်သူ အတော်များများဟာ မိုဘိုင်း ဖုန်းတွေကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲနိုင်မယ့် နည်းပညာ ကြိုးစားမှုတွေကို မြင်တွေ့ခဲ့ ကြပြီးလည်း ဖြစ်ပါတယ်။ မော်တော်ရိုလာ ( Motorola ) ကလည်း Android စနစ်ကို အသုံးပြုပြီး ကြိုးစားခဲ့ ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အခုချိန်မှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အပြောင်းအလည်း တစ်ခုကို သင့်တင့်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုအဖြစ် Microsoft က ချပြလိုက်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်ကတွေကပဲ Android ကိုအသုံးပြုပြီး Motorola က Atrix 4G ကို Dock နဲ့ ဖန်တီးခဲ့ပါသေးတယ်။ ပြောရမယ်ဆိုရင် Android ထက် Window 10 ကပိုပြီး အားလုံးနဲ့အဆင်ပြေတဲ့ OS တစ်ခု ဖြစ်လာတာပါ။ Continumm နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်ဖို့ အတွက် Microsoft ကတော့ Developers တွေက Applications တွေကို တည်ဆောက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။ ကဲ ဘယ်လိုမြင်ကြလည်း စာဖတ်သူ ပြေကြည့်ပါဦး Microsoft လား Apple လား ဘယ်သူက ပိုပြီး အလားအလာကောင်းတယ်လို့ ရောမြင်လဲဗျ ?

Lumia 950 XL ကို $649 နှင့် ရောင်းချမှာဖြစ်ပြီး Lumia 950 ကတော့ $100 အောက်မှာပဲ ကျသင့်လိမ့်မယ်လို့လည်း ကြားထားပါတယ်။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ▼  2015 (24)
    • ►  December (3)
    • ►  November (11)
    • ▼  October (9)
      • အသစ်တဖန် ပြန်လာခဲ့တဲ့ Microsoft
      • Microsoft-HoloLens
      • Lumia 950 နှင့် 950 XL မိတ်ဆက်
      • Microsoft Band မိတ်ဆက်
      • ၄၁ ကြိမ်မြောက် Nikon Microphotography ပထမဆုရရှိသူ
      • Facebook က Reaction လို့ခေါ်တဲ့ Emoji များ
      • Samsung မှ Device တစ်မျိုး သတင်းထွက်နေ
      • Tablets တွေကနေ Lapblets တွေဖြစ်လာတော့မှာလား ?
      • Mobile Profile အဆင့်မြှင့်တင်မှု
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates