အထက်က ပုံဟာဆိုရင် Australia လူမျိုး Ralph Grimm ရိုက်ကူးခဲ့တဲ့ ပုံဟာဆိုရင် Nikon မှပြုလုပ်တဲ့ ၄၁ ကြိမ်မြောက် ပြိုင်ပွဲ နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ရိုက်ချက်ပေါင်း ၂၀၀၀ ကျော်ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာဆိုရင် photomicrography ခေါ်တဲ့ အရမ်းကို သေးငယ်တဲ့ ပုံရိပ်တွေကို မိုက်ခရိုစကုပ် အသုံးပြုပြီး ရိုက်ကူးရတဲ့ ပုံတွေကို အဓိကထားယှဥ်ပြိုင်ရတာ ဖြစ်ပါတယ်။
"Grimm ဟာဆိုရင် အခုလိုပုံကို ရယူဖို့အတွက် အရမ်းကို အာရုံစူးစိုက်ရပြီး မျက်လုံးနေရာကို ရအောင်ချိန်ယူဖို့အတွက် ၄ နာရီကျော်ကြာခဲ့တယ်လို့" Nikon မှ ပြောခဲ့ပါတယ်။
Grimm ဟာ အထက်တန်းကျောင်းမှ ဆရာတစ်ယောက်ဖြစ်ပြီး သူကိုယ်သူ Art of photomicrography ကို လေ့လာသင်ယူခဲ့သူတစ်ယောက်ပါ။ သူဟာ ပျားထိန်းသိမ်းတဲ့သူ တစ်ယောက်လည်းဖြစ်ပြီး သူ့ဒီ ဓါတ်ပုံကိုရိုက်ရတဲ့ ရည်ရွယ်ချက်တစ်ခုက ပျားတစ်ကောင်ရဲ့ ကြီးပျင်းလာရပြီး အသက်ရှင်နေထိုင်မှုဘဝကို အာရုံစိုက်လာစေချင်ပါတယ်လို့ ဆိုပါတယ်။
တစ်နည်းအားဖြင့် ပျားတစ်ကောင်ရဲ့ မျက်လုံးထဲကနေပြီး ကမ္ဘာတစ်ခုကို လျပ်တစ်ပျက် မြင်လိုက်ရသလို ခံစားရတယ်လို့လည်း Grim က ဆိုပါတယ်။ နောက်ပြီး ဒါဟာ ဖန်တီးပြု လုပ်ထားတဲ့ အလှအပတွေထက်အများကြီးသာပါတယ်တဲ့။ ဒါ့အပြင် ဒီဟာက ကျနော်တို့ရဲ့ အိမ်လို့ခေါ်တဲ့ ကမ္ဘာမြေကြီးအတွက် ကာကွယ် စောင့်ရှောက်ရမယ် ဆိုတာကိုလည်း သတိပေးနေသလိုပါပဲတဲ့ဗျာ။
Ref : Cnet
0 comments:
Post a Comment