အခုလက်ရှိ မြန်မာမှာက Facebook Advertising နဲ့ပတ်သက်ပြီး အတော်လေးခေတ်စားနေတာဆိုတော့ ကိုယ်လုပ်လိုက်တဲ့ ကြောငြာကို အကျိုးသက်ရောက်မှုပိုရအောင်ဘယ်လိုလေးလုပ်ရမယ်ဆိုတာလေး ဖတ်မိတာကိုပြန်ပြီးဝေမျှချင်ပါတယ်။ လူမှုကွန်ယက်ကြီးတစ်ခုလည်းဖြစ်၊ ကမ္ဘာပေါ်က လူအများဆုံးအသုံးပြုတဲ့ Facebook ဆိုတာ လူတိုင်းအတွက် အွန်လိုင်း ပေါ်ကနေပြီး ကြေငြာနေရာတွေကို လေလံတင်နေတဲ့ နေရာကြီးတစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခုပြောချင်တာက သူက လေလံတင်တယ်ဆိုတဲ့နေရာမှာ သမရိုးကျ ပိုက်ဆံများများ ပေးတိုင်းရတာမဟုတ်ပါဘူး။ အကျိုးသက်ရောက်မှုပိုရှိတဲ့ ကောင်းတဲ့ ကြေငြာတွေ ဥပမာ - high click-through rate (အသုံးပြုသူတွေက ကလစ်ပြုလုပ်မှုနှုန်း) နှင့်မူတည်ပြီး engage ပြုလုပ်ပြီး ကြောငြာတာ - ပြောရရင် အသုံးပြုသူစိတ်ဝင်စားမှုနဲ့ ကြည့်ရှုမှုနှုန်းပေါ်မှာမူတည်ပြီး ပြသပေးတာကိုဆိုလိုချင်တာပါ။
ကိုယ့်အတွက် သင့်တော်မယ့် ကြေငြာနည်းရွေးချယ်တာကလည်း ပိုပြီးအကျိုးဖြစ်ပါလိမ့်မယ်။ အခုချိန်မှာဆိုရင် Facebook ဟာ အဓိက နည်းလမ်းလေးမျိုးနဲ့ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါတွေကတော့ Cost Per Click (CPC)၊ Cost per thousand impressions (CPM)၊ Optimized CPM (oCPM) နှင့် Cost per action (CPA) တို့ဖြစ်ကြပါတယ်။ ဘာကိုရွေးချယ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း အသေအချာပြောလို့ရတဲ့ နည်းမရှိပါဘူး ဒါကြောင့် ပြောချင်တာက မတူညီတဲ့ နည်းလမ်းအားလုံးကို စမ်းသပ်ပြီး ကိုယ့်အတွက် ဘယ်ဟာအဆင်ပြေမလည်း ဘယ်အရာက ဘယ်လောက်ကိုယ့် အတွက်အကျိုးအမြတ် ရမလည်းဆိုတာကို သိနိုင်မှာပါ။ ဘယ်လိုစမ်းသပ်ပြီး အသုံးချကြည့်ရမလည်းဆိုတာ နဲ့ ပတ်သက်ပြီး နည်းလမ်းအနည်းငယ်တော့ပေးချင်ပါတယ်။
Cost per click ဆိုတာကတော့ နားလည်ရလွယ်ပြီး တည်ငြိမ်သေချာတဲ့ အကျိုးရလဒ် ကိုပေးနိုင်တာကြောင့် စပြီးအသုံးပြုလို့ရပြီဆိုကတည်းက လူသုံးများခဲ့ပါတယ်။ သင်ဟာ အသုံးပြုသူ (သို့) စိတ်ဝင်စားသူက ကလစ်လုပ်တဲ့နှုန်းပေါ်မူတည်ပြီးပဲ ပေးရတာလည်းဖြစ်ပါတယ်။ CPC မှာမှ ကြိုက်နှစ်သက်သူ များချင်တာ၊ မှတ်ချက်လိုချင်တာ၊ ဝေမျှမှုနှုန်းမြင့်ချင်လား ဒါမှမဟုတ် ကလစ်လုပ်ပြီး ကြည့်ရှုသူများချင်လား စတဲ့ ရွေးချယ်စရာတွေလည်း ရှိပါသေးတယ်။ အခြားအသုံးများတဲ့နည်းတစ်ခုက Cost per thousand impressions ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ကြေငြာကိုတွေ့ပြီဆိုတာနဲ့ ပေးရတာဖြစ်ပါတယ်။ CPM ဟာ မိမိပစ်မှတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ရည်ရွယ်တဲ့အခါ အသုံးပြုမှု များတာတွေ့ရပြီး ဥပမာ - ကိုယ်က သတ်မှတ်ထားတဲ့လူ့အသိုင်းအဝိုင်းတစ်ခုကို ရည်ရွယ်ချင်ပြီးတော့၊ ဒီလူမှုအသိုင်းအဝိုင်းတွေကြားမှာပဲ အမြင့်မားဆုံးသော အမှန်တကယ် စိတ်ဝင်စားသူတွေကို ရရှိနိုင်ပါတယ်။
Optimized CPM ဆိုတာက Facebook ရဲ့ ကျွမ်းကျင် အင်ဂျင်နီယာများ ကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ ကြောငြာနည်းတစ်ခုဖြစ်ပါတယ်။ oCPM ဟာ ဘယ်လိုလူမျိုးက တော့ဖြင့် မိမိကြေငြာနဲ့ လုပ်ငန်း၊ ဒါမှမဟုတ် ကုန်ပစ္စည်းကို စိတ်ဝင်စားနိုင်လည်း ဆိုတာကို သူ့ဟာသူ ဝေဖန်ပိုင်းခြားတာဖြစ်ပါတယ်။ ဥပမာ - Web Store တစ်ခုကနေပြီး ကုန်ပစ္စည်းဝယ်ချင်တဲ့သူလား ဆိုတာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် oCPM ဟာ ကျယ်ပြန့်တဲ့ အသုံးပြုသူတွေကြားမှာ ဘာကိုလိုချင်တယ်ဆိုတာကို သိဖို့အတွက် အလွန်များပြားလှတဲ့ ဒေတာအချက်အလက်တွေလိုအပ်ပါတယ်။ အကယ်၍ သင့်ရဲ့ ပစ်မှတ် လူ့အသိုင်းအဝိုင်းဟာ ၁၀၀,၀၀၀ အောက် နည်းမယ်ဆိုရင် ဒါမှမဟုတ် သင့်ရဲ့ ကြေငြာဟာ တစ်ရက်ကို ပြောဆိုတဲ့အရေအတွက် ၂၅ ခုထက်နည်းနေမယ်ဆိုရင်တော့ အသုံးမပြုစေလိုပါဘူး။
ပထမဦးဆုံး စတဲ့နေ့ဟာ အရေးကြီးဆုံးပါ၊ ပြောဆိုသူများဖို့နှင့် ကလစ်နှိပ်ပြီးကြည့်ရှုသူများဖို့ဆိုတာ မလွယ်ကူတဲ့ တကယ့်ကို အရေးကြီးတဲ့ အောင်မြင်မှုတွေပါ။ အထူးသဖြင့် oCPM အသုံးပြုပြီးတော့ပေါ့။ ကလစ်နှိပ်သူများလေ ပြောဆိုတဲ့ လူနဲ့ ဒေတာအချက်အလက်တွေရလေဖြစ်ပါတယ်။ ဒါကတော့ oCPM ရဲ့ Algorithm ပိုပြီးကောင်းရင် ပိုပြီး အကျိုးရလဒ်ရှိမယ်ဆိုတာကိုပြောချင်တာပါ။
Cost per action အမျိုးအစားကတော့ oCPM နဲ့တူညီတဲ့ Algorithm ကို အသုံးပြုထားပြီး အလုပ်လုပ်ပုံကတော့ မတူညီပါဘူး။ အဓိကအားဖြင့် mobile app installs (မိမိ application ကို install ပြုလုပ်စေချင်တာ) ၊ page likes ၊ offer claims (ဥပမာ- promotions) နှင့် Website ကိုသွားတဲ့ လင့်ကို ကလစ်ပြုလုပ်ခြင်းတို့ ကို ပိုပြီးအကျိုးရလဒ်ကောင်းပါတယ်။ CPM နှင့် oCPM ဟာ စိတ်ဝင်စားမှုများတဲ့အပေါ်မှာ အခြေခံပြီး ပိုက်ဆံကောက်ပါတယ်။ CPA ကတော့ အမှန်တကယ် Action ပြုလုပ်တဲ့အခါမှသာ ပိုက်ဆံကောက်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ကမ္ဘာ့ လေလံစွဲခြင်း အကြောင်းလေးပါ။ လေလံစွဲတယ်ဆိုတာဟာ အဆုံးအရှုံးလည်းများနိုင်သလို အကျိုးအမြတ်လည်းများနိုင်တဲ့အတွက် အရမ်းကို အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ သင်ဟာ အခြေခံ ကို ကောင်းကောင်း နားမလည်ဘူးဆိုရင်တော့၊ လေလံစွဲတဲ့ နေရာမှာလည်း နိုင်ဖို့မသေချာသလို၊ သင့်ရဲ့ ကြေငြာဟာလည်း ကြေငြာနေရုံကလွဲပြီး အဆုံးမှာ အကျိုးအမြတ်မရှိပဲ ကုန်ကျစရိတ်များသွားတာနဲ့တင် အဆုံးသတ်သွားနိုင်ပါတယ်။
ref : Smartly.io
0 comments:
Post a Comment