Tech Pop
  • Home
  • My Facebook
  • Contact Me

Thursday, June 1, 2017

Apple WWDC 2017 မှာ ဘာတွေလာမလည်းဆိုတာ

 Paw Oo     8:51 PM     Apple     No comments   


WWDC ဟာ Apple ရဲ့  အဓိက Software Updates တွေကို မိတ်ဆက်လေ့ရှိတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ World
 Wide Developer Conference ဆိုတဲ့အတိုင်း Apple Developers တွေနှင့် အပြင်ကနေ ဖိတ်ကြားထားတဲ့ Developers တွေ အတူ တွေ့ဆုံပြီး နည်းပညာတွေမျှဝေနိုင်တဲ့ အချိန်လည်းဖြစ်ပါတယ်။


2017 WWDC မှာတော့ iOS နှင့် MacOS နောက်ဆုံးထွက် Version Updates တွေကို မြင်တွေ့ရမှာဖြစ်ပြီး၊ WatchOS နှင့် TV OS အသစ်တွေကို မိတ်ဆက် လိမ့်မယ်လို့ ထင်ကြေးတွေပေးနေကြပါတယ်။ အခြား ထုတ်ကုန်တွေဖြစ်တဲ့ Mackbooks တွေ iMacs တွေအနေနှင့်ကတော့ Updates ပြုလုပ်ထားတဲ့ Hardware တွေနှင့် မြင်တွေ့ရနိုင်ပြီးတော့ တချို့ကိုလည်း Refresh ဒီဇိုင်းအသစ်တွေနှင့် မြင်တွေ့ရနိုင်ပါတယ်။

iOS 11

Apple ဟာ Social Network တစ်ခုဆန်ဆန် App တစ်ခုတည်ဆောက်နေပြီးတော့ Videos တွေ ကို မျှဝေနိုင်မယ့် Network တစ်ခုအဖြစ် အဓိကထားတယ်လို့သိရပါတယ်။ ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ Apple ရဲ့ Clip App ဟာဆိုရင်လည်း အလွယ်တကူ လျှင်လျှင်မြန်မြန်နှင့် အမှတ်တရ Videos တွေကိုရိုက်ကူး တည်းဖြတ်နိုင်ပြီးတော့ Social Networks တွေမှာ မိတ်ဆွေသူငယ်ချင်းတွေနှင့်အတူတကွ မျှဝေနိုင်ပါတယ်။

ဒီ Clip App ဆိုတာကလည်း Apple ရဲ့  Social Network ရဲ့ ခြေလှမ်းအစလေးတစ်ခုပါပဲ။

MacOS

OS X ကနေ OS X Sierra ကို ပြောင်းပြီးနောက်ပိုင်း ကြားထဲမှာ ပထမဦးဆုံး Update အသစ်တစ်ခုကို ပဲ ထပ်မံ မိတ်ဆက်သွားမှာဖြစ်ပြီးတော့။ ပွဲပြုလုပ်မယ့် California Landscape ရဲ့ ပုံရိပ်ကို ထင်ဟပ်စေမယ့် နာမည်တစ်ခုကို ပေးသွားလိမ့်မယ်လို့ ထင်ကြေးတွေပေးနေကြပါတယ်။

Watch OS & TV OS

iOS 11 ၊ MacOS 10.13 တို့နှင့်အတူ Watch OS နှင့် TV OS အသစ်တွေကိုလည်း မိတ်ဆက်သွားပါလိမ့်မယ်။

နောက်ဆုံးအနေနှင့် ဒီနှစ်မှာ ထူးထူးခြားခြား တစ်ခု မြင်တွေ့ရနိုင်တာကတော့ SIRI Smart Speaker ဆိုတဲ့ အိမ်သုံး Ai Assistant Hardware တစ်ခုကို မြင်တွေ့ရဖွယ်ရှိပါတယ်။ ဒီလိုဆိုရင်တော့ အိမ်ဆုံး Ai မှာ ယှဥ်ပြိုင်ရမယ့် အဓိက ပြိုင်ဘက် ၂ ခုဖြစ်တဲ့ Amazon နှင့် Google တို့ ထက် ဘာတွေသာလွန်နေမလည်း ဘာတွေအားနည်းနေမလည်းဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ▼  June (10)
      • Qualcomm ဖုန်းမှန်တွေအောက်မှာ Fingerprint တွေပါလာတ...
      • Galaxy Note 7 FE ဆိုပြီး ပြန်လည်ရောင်းချတော့မယ့် S...
      • တစ်ကိုယ်ရေသုံး Drone ဝယ်ဖို့စဥ်းစားနေရင် ( DJI Spa...
      • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
      • MIMO or "Multiple-input, multiple-output" နှင့် နည...
      • E3 2017 က ကစားချင်တဲ့ ဂိမ်းလေးတွေ
      • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက်...
      • Apple Awards 2017 ( ၂၀၁၇ ခုနှစ် ဆုရရှိသော Apps များ )
      • Apple iPhone အတွက် iOS 11 ရဲ့ ထူးထူးခြားခြား ပြောင...
      • Apple WWDC 2017 မှာ ဘာတွေလာမလည်းဆိုတာ
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates