MIMO ဆိုတာ wireless နည်းပညာအခေါ်ဖြစ်ပြီဂ "Multiple-Input and Multiple-Outpot" ကိုပြောတာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ Telenor ၊ Ooredoo၊ MyTel နှင့် MPT ဆိုပြီး မိုဘိုင်းအော်ပရေတာ ၄ ခုရှိနေပြီးတော့ MPT ကတော့ နည်းပညာအမြင့်ဆုံး 4x4 MIMO ကိုအသုံးပြုပြီး မိုဘိုင်းဆက်သွယ်မှုတွေကို ဝန်ဆောင်မှုပေးနေတာပါတယ်။
MIMO နည်းပညာဟာဆိုရင် တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ Antennas အများကြီးဆီကနေ ဒေတာတွေကို transmitter ပြုလုပ်ပေးနိုင်ပြီးတော့ ဒေတာအများအပြားကို အသုံးပြုသူရဲ့ Device ဆီသို့ အလျင်အမြန် ပေးပို့ပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ပြောရရင် MPT ရဲ့ 4x4 MIMO အသုံးပြုထားတဲ့ LTE Advance ဒါမှမဟုတ် MPT ကပြောတဲ့ LTE+ ဆိုတာ က မိမိအင်တာနက်အသုံးပြုတဲ့အခါမှ ပိုမိုလျင်မြန်အောင် Antannas လေးခုမှ တစ်ပြိုင်တည်း ဒေတာတွေကို ကိုယ့်ဆီအရောက်ပို့ ဆောင်ပေးနိုင်တဲ့အတွက် အခြား Opretors တွေထက် ပိုမို လျင်မြန်တဲ့ အင်တာနက်ကို ဆက်သွယ်အသုံးပြုနိုင်တာဖြစ်ပါတယ်။
4x4 MIMO နည်းပညာကို အပြည့်အဝ အသုံးပြုနိုင်ဖို့ရာအတွက်ကို သင့်ရဲ့ မိုဘိုင်းဖုန်းဟာလည်း 4x4 MIMO ကို ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါမှသာ ပိုပြီး လျင်မြန်တဲ့ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ 4x4 MIMO ကို အပြည့်အဝ အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေကို ကျွန်တော်လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် - ဒီနှစ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ SAMSUNG ရဲ့ Galaxy S8, S8+ Cat16 1024/150 Mbps နောက်ပြီး SONY ရဲ့ နောက်ဆုံးထွက် XZ Premium Cat16 1024/150 Mbps ဖုန်းတွေဖြစ်ပါတယ်။ Cat16 1024/150 Mbps ဆိုတာကတော့ Gigabit LTE တစ်နည်းအားဖြင့် LTE Category 16 Downstream နည်းပညာကို ရည်ညွှန်းပါတယ်။ ဒီလို ဖုန်းတွေနှင့် အင်တာနက် သုံးတဲ့အခါမှာ 1Gbps သို့မဟုတ် 150 Mbps ထိ ရရှိနိုင်တယ်လို့လည်း သိရပါတယ်။ 4G LTE Router အနေနှင့်အသုံးပြုချင်ရင် ကျွန်တော်သိသလောက်ကတော့ Qualcomm's X16 LTE Modem အသုံးပြုတည်ဆောက်ထားတဲ့ Netgear ရဲ့ Nighthawk M1:LTE Cat16 Router ရှိပါတယ်။
အဆုံးသတ် ပြောရရင် MIMO နည်းပညာဟာ Smart Anatennas Technology ပါတယ်။ အခြားသော Antannas နည်းပညာတွေကတော့ SIMO (Single input, multiple output) နှင့် MISO (Multiple input, single output ) ဆိုတာတွေလည်း ရှိပါသေးတယ်။ Legacy Wireless Devices တွေအနေနှင့်ကတော့ SIMO ဖြစ်ပြီး တစ်ချိန်တည်းမှာ Antennas တစ်ခုနှင့်သာ Data တွေကို လက်ခံနိုင်တာဖြစ်ပါတယ်။
MPT ရဲ့ 4x4 MIMO (LTE+) ကို အပြည့်အဝ အသုံးပြုပြီး အင်တာနက်ထဲ လွင့်မြောနေချင်ရင်တော့ ဈေးကြီးပေးရတဲ့ ပစ္စည်းလေးတွေတော့ လိုမယ်နော် . . . 😉
ref: Quora.com , techspot.com
0 comments:
Post a Comment