2017 ခုနှစ်အတွင်းမှာ DJI က သူ့ရဲ့ Drone မိသားစုထဲကို ထပ်မံရောက်ရှိလာတဲ့ မိသားစုအသစ် DJI Spark
DJI Spark ဟာဆိုရင် Mini Drone အမျိုးအစား တစ်ခုဖြစ်ပြီးတော့ ဇွန်လ ၂၀၁၇ ကနေ စပြီး ဝယ်ယူရရှိနိုင်တဲ့ တစ်ကိုယ်ရေသုံး Drone အသေးတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မြန်ဆန်ဆန် လေထဲကို ပျံတက်နိုင်ပြီးတော့ Selfies အလန်းစား တွေရိုက်နိုင်အောင် ဖန်တီးထားတဲ့ Drone တစ်ခု။ နောက်ပြီး သူ့ရဲ့ ကိုယ်ထည် ဘယ်လောက်တောင်သေးလည်းဆိုရင် Galaxy S8 တစ်လုံးစာ သာရှိပါတယ်။ ပြောရရင် သင့်လက်ထဲမှာ အသာလေး ကိုင်ထားလို့ရတဲ့ ပေါ့ပေါ့ပါးပါး Drone တစ်စီးပါ။
အားသာချက်
- လေထဲကို လျင်လျင်မြန်မြန် ပျံတက်နိုင်တယ်။
- အလွယ်တစ်ကူ ထိန်းချုပ်နိုင်တယ်။
- လက်ပြပြီး ထိန်းချုပ်နိုင်တဲ့ နည်းပညာပါဝင်တယ်။
- ၄၉၉ ဒေါ်လာ သာရှိတဲ့ ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။
အားနည်းချက်
- Drone ဟာ သိပ်ကို သေးငယ်ပြီးတော့ အလေးချိန် သိပ်မရှိတော့ လေနည်းနည်းလေး ပြင်းရင်တော့ တည်ငြိမ်စွာ ပျံသန်းနိုင်မှုကို ထိခိုက်နိုင်တယ်။
- 1/2.3-inch သာရှိတဲ့ ကင်မရာ Sensor ဟာ အလင်းရောင်နည်းချိန်မှာ တော့ သိပ်ပြီး Performace ကောင်းနိုင်မှာမဟုတ်ပါဘူး။
- Video Resolution ကလည်း 1080P သာရှိပါတယ်။ တချို့ကလည်း ဒါဟာ ဈေးနှုန်းအရ သင့်တင့်တယ်လို့ ဆိုပါတယ်။
- ၁၆ အောင်စ ရှိ CocaCola ဗူးထက်ကို အနည်းလေး ကြီးပေမယ့်လည်း။ လေအနည်းငယ် ပြင်းနေချိန်မှာတော့ Drone ကို မပျံသန်းဖို့ အကြံပြုချင်ပါတယ်။
သင်ရော DJI Spark အပေါ် ကိုယ်ပိုင် အမြင်လေးတွေကိုလည်း Comments မှာ မျှဝေသွားကြပါဦး . . .
0 comments:
Post a Comment