Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, May 31, 2017

အမြင့်ဆုံးစွမ်းဆောင်ရည်ကိုမှ သုံးချင်သူတွေအတွက် Core i9 နှင့် X Series CPU များ

 Paw Oo     7:46 PM     CPU, intel     No comments   


အသစ်ထွက်ရှိလာတဲ့ X-Series CPU တွေဟာဆိုရင် Kaby Lake-X Family တွေဖြစ်တဲ့ Quad-Code i7-7740 နှင့် i5-7640 ကလွဲရင်  ကျန် X-Series CPU တွေအားလုံးဟာ Skylake-X Family တွေဖြစ်ကြပါတယ်။ နောက်ပြီး ဒီ CPU တွေကိုအသုံးပြုဖို့ရာအတွက် အသစ်မိတ်ဆက်လိုက်တဲ့ X299 Chipset အသုံးပြုထားတဲ့ LGA 2066 Socket Motherboards တွေကို လိုအပ်မှာဖြစ်ပါတယ်။ X-Series CPUs တွေအားလုံးဟာ Overclocking ကိုကောင်းကောင်းကြီးပြုလုပ် သုံးစွဲနိုင်မှာဖြစ်ပြီးတော့ Overclocking ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ CPU Failures တွေကိုလည်း ကာကွယ်ပေးထားတယ်လို့ သိရပါတယ်။

intel ရဲ့ X-Series တွေဟာဆိုရင် တကယ့်ကို Heavy Load အပြည့်သုံးစွဲကြမယ့် PC အသုံးပြုသူတွေအတွက်ကို အဓိက ထားပြီး ထုပ်လုပ်ထားတာဖြစ်ပါတယ်။ Heavy ဂိမ်မာတွေ နှင့် Video Content Creators တွေ ဆိုရင် တစ်ဖက် Monitor မှာ ဂိမ်းကစားနေရင်းနှင့် တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာ ကိုယ့်ရဲ့ Streaming ပရိတ်သတ်တွေနှင့် Chatting ပြောနေတာမျိုးတွေ၊ နောက်ပြီး Video Contents တွေကို Create ပြုလုပ်ပြီး rendering ကို ၂ ခု ၃ ခု အပြိုင် ပြုလုပ်နိုင်မယ့် HEDT (High-End Desktop) တွေအတွက်ဖြစ်ပါတယ်။


အသစ်ထပ်မံ မိတ်ဆက်ထားပြီး အမြင့်ဆုံး CPU ဖြစ်တဲ့ Core i9 Extreme ဟာဆိုရင် $1,999 ရှိပြီးတော့ 18-core နှင့် 36-threads ကို ပထမဦးဆုံးအသုံးပြုထားတဲ့ intel ရဲ့ consumer high-end desktop precessor တစ်လုံးဖြစ်ပါတယ်။

Professional တွေနှင့် Pro-Consumer တွေအတွက်ကတော့ တကယ့်ကို စွမ်းဆောင်ရည်မြင့်မားတဲ့ CPU တွေဖြစ်ပြီး မိမိရဲ့ အလုပ်တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ 4K Resolution နဲ့တောင်မှ စိတ်တိုင်းကျ မြန်မြန်ဆန်ဆန် လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မယ့် X-Series CPU တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် VR Game တွေကိုလည်း အထစ်အငေါ့မရှိ ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

X-Series နှင့်အတူ တပ်ဆင်အသုံးပြုနိုင်မယ့် x299 Chipset ပါဝင်တဲ့ Motherboard တွေကို မကြာခင်မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အခြားသတင်းတစ်ခုအနေနှင့်ကတော့ intel ရဲ့ အဓိက Line up တစ်ခုအနေနှင့်ထပ်မံ မိတ်ဆက်မယ့် CPU ရဲ့ Code Name ဟာ Coffee Lake လို့ သိရပြီး လက်ရှိ အမြင့်ဆုံး Kaby Lake ထက် ၃၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်မယ်လို့လည်း သိရပါတယ်။

( X-Series CPU တွေ အားလုံးဟာ integrated GPU မပါတော့ဘူးဆိုတာလေးကို တော့ သတိထားရမှာဖြစ်ပါတယ်။ X-Series CPU သုံးတော့မယ်ဆိုရင်တော့ Graphic Card လေးတွေပါထပ်ပြီး ဝယ်ရမှာပါ။)
Asus LGA 2066 Socket X299 Motherboard

  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ▼  May (3)
      • အမြင့်ဆုံးစွမ်းဆောင်ရည်ကိုမှ သုံးချင်သူတွေအတွက် Co...
      • Huawei ရဲ့ Milestones ( MateBook X, Matebook D နှင...
      • Youtube ရဲ့ Theme ဒီဇိုင်းအသစ်
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates