လာမယ့် သတင်းပတ်ထဲမှာ Samsung ဟာ သူ့ရဲ့ Note 7 တွေကို ပြန်လည်ရောင်ချတော့မှာဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ အမျိုးမျိုးသော ကောလဟာလ တွေ ကြားနေရတာ အားလုံးလည်း သိကြမှာပါ။
မကြာပြီ လာမယ့် အပတ်မှာ ဆိုရင်တော့ Galaxy Note 7 FE (Fandom Edition) ဆိုပြီးတော့ Note 7 ဖုန်းတွေကို ပြန်လည်ပြင်ဆင်ထားတဲ့ ဖုန်းတွေကို ရောင်းချတော့မယ်လို့ သိရပါတယ်။ ရက် အတိအကျ ပြောရရင်တော့ ဂျူလိုင် ၇ ရက်နေ့ မှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ 616$ အောက်နှင့် ရောင်းချမယ်လို့ သိရပါတယ်။
ထူးခြားချက် တစ်ခုကတော့ ဘတ်ထရီ လျော့ချထားပြီး အနည်းငယ်ပြောင်းလဲထားတဲ့ အတွင်းပိုင်းထည့်သွင်းတည်ဆောက်မှုတွေရှိတယ်လို့ ကိုရီးယား သတင်း ဆိုဒ် Yonhap ရဲ့ သတင်းအရ သိရပါတယ်။ နောက်တစ်ခုကတော့ Galaxy Note 8 ကိုလည်း လာမယ့် သြဂုတ်လမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
0 comments:
Post a Comment