Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, June 7, 2017

Apple iPhone အတွက် iOS 11 ရဲ့ ထူးထူးခြားခြား ပြောင်းလဲမှု ၁၀ ခု

 Paw Oo     10:49 PM     Apple, iOS 11     No comments   


Apple ရဲ့ WWDC 2017 Keynotes တွေကိုတော့ အားလုံးပဲ ကြည့်ပြီးပြီလို့ထင်ပါတယ်။ နောက်ပြီးတချို့ကလည်း Developer Sign up တွေလုပ်ပြီးတော့ iOS11 တို့ Mac OS High Sierra တို့ကို စမ်းတောင်သုံးနေပြီထင်ပါတယ်။ iOS 11 ဟာဆိုရင် အဓိကအားဖြင့် iPad တွေအတွက် ပိုပြီးထူးခြားပြောင်မြောက်တဲ့ Update တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone အသုံးပြုသူတွေအတွက်လည်း ထူးထူးခြားခြား ပြောင်းလဲတဲ့ အရာတွေအများအပြားရှိနေပါသေးတယ်။ ဒီတော့ iPhone အသုံးပြုသူတွေအတွက် ဘာတွေ ထူးထူးခြားခြားရှိလည်းဆိုတဲ့ အချက် ၁၀ ချက်ကို ကြည့်လိုက်ရအောင်ဗျာ။ Beta ကို စမ်းသပ်သုံးကြည့်ချင်သူတွေအတွက် ကတော့ ဒီလင့်ကို ဖုန်းပေါ်မှာ/iPad/Mac ပေါ်မှာ ဖွင့်ပြီးဝင်လိုက်ပါ။

၁။ ဒီဇိုင်းပြန်လည်ဆန်းသစ်ထားတဲ့ Control Center


စာဖတ်သူတွေတော့မသိဘူး ကျွန်တော်ကိုယ်တိုင်တော့ Control Center ကို ပြောင်းစေချင်နေတာ ကြာလှပြီ။ နောက်ဆုံးတော့ Apple က Contrl Center ဒီဇိုင်းကို ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ အစပိုင်း မြင်မြင်စကတော့ အတော်လေးကို အူကြောင်ကြောင်နိုင်လှတယ်ဗျ နောက်တော့လည်း အသားကျသွားမှာပေါ့ဗျာ။ ကျွန်တော်ကတော့ ပြောင်းသွားပြီဆိုတည်းကိုက သဘောကျနေတာဗျ။

Control Center မှာ အရင်လို Page နှစ်ခုတော့ မဟုတ်တော့ပါဘူး။ အဲ့ဒီအစား 3D Touch ကို အပြည့်အဝအသုံးချနိုင်တဲ့ interactive buttons တွေအဖြစ်ကို ပြောင်းထားပါတယ်။ 3D Touch နှင့် နှိပ်လိုက်တာနှင့် သက်ဆိုင်ရာ Buttons တွေကို ပိုပြီး ပြပေးမှာဖြစ်ပါတယ်။ အခုလို ပြောင်းလဲလိုက်ခြင်းအားဖြင့် ယခင်က ကျွန်တော်တို့ Setting ထဲဝင်ဝင်ပြီး သွားသွား နှိပ်နေရတဲ့ ဒုက္ခလေးတွေ ငြိမ်းသွားပြီဖြစ်ပါတယ်။

၂။ iCloud ထဲက iMessages, Siri နှင့် Photos Data များ

Apple က ခုတော့ သူ့ရဲ့ iCloud ကို ယုံကြည်မှု အပြည့်အဝနှင့် အသုံးပြုသူတွေရဲ့ personal ဒေတာ တချို့ဖြစ်တဲ့ iMessages တွေ Siri Data တွေနှင့် Photos Data တွေကို သိမ်းဆည်းပြီး တစ်နေရာမှ တစ်နေရာကို ကူးပြောင်း ရယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါလည်း အတော်လေးကောင်းတဲ့ အရာတစ်ခုပဲဗျ။ ဘာလို့လည်းဆို iPhone တွေနှင့် Mac တွေဆိုတာလည်း ပျက်နိုင်တာပဲလေ အခုတော့ iCloud နှင့် Sync လုပ်ထားမယ်ဆိုရင် ဘယ် Devies မှာမဆိုလည်း အလုပ်အကိုင်မပျက်ပဲ အချက်အလက်တွေကို ရယူနိုင်တော့မှာဖြစ်ပါတယ်။

အခုဆိုရင် Mac ပေါ်က Siri နှင့် iPhone ပေါ်က Siri တို့ဟာ အတူတူ ဖြစ်သွားပါပြီ။

၃။ Messages ထဲက App Drawer


​iMessage ဟာဆိုရင် ၂၀၁၇ ခုနှစ် iOS10 ထွက်တဲ့အချိန်မှာ အဓိကကျတဲ့ feature တစ်ခုဖြစ်ခဲ့ပြီးတော့ Apple က စိတ်တိုင်းကျ မဖြစ်ခဲ့ပုံရပါတယ်။ အခုနှစ်မှာလည်း တစ်ဖန် Messages ကို ပြုပြင်ပြောင်းလဲမှုတွေထပ်လုပ်ခဲ့ပြန်ပါတယ်။ မနှစ်က စတင် မိတ်ဆက်ခဲ့တဲ့ Message ထဲက App တွေအပြင်အခုတော့ သင်ဟာ ပိုက်ဆံ လွှဲပြောင်းပေးချေမှု တွေကိုပါ လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။

၄။ Do Not Disturb While Driving


Do Not Disturb ကိုတော့ အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ် များသောအားဖြင့်တော့ ညခင်းအိပ်ချိန်ဆိုရင် ဖွင့်ထားလေ့ရှိတဲ့ feature တစ်ခုပေါ့။ ဒီ Do Not Disturb ကတော့ ဖုန်းအများစုမှာပါလေ့ရှိပါတယ်။ ဒါပေမယ့် အခုတစ်ခု မိတ်ဆက်လိုက်တဲ့ Do Not Disturb While Driving ကတော့ နာမည်အတိုင်းပဲ ကိုယ်ကားမောင်းနေတဲ့ အချိန်မှာ အလိုလျောက် ဖုန်းက Do Not Disturb While Driving Mode ကို Activate ဖြစ်သွားမှာဖြစ်ပြီးတော့ Blank Screen ကြီးကိုပဲ သင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်က ကားမောင်းနေတာမဟုတ်ခဲ့ဘူးဆိုရင်တော့ Do Not Disturb While Driving Noti လေးကို 3D Touch နှင့်နှိပ်ပြီး "I'm not Driving" ဆိုပြီး Disable လုပ်လိုက်လို့ရပါသေးတယ်။

Apple ဟာ ယခု feature ကိုဆိုရင် အလိုလျောက် ကားထဲရောက်တာနှင့် သိရှိနိုင်အောင်လည်း Car Stereo's Bluetooth ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ကားရဲ့ Bluetooth က ပိတ်ထားခဲ့မယ်ဆိုရင်တောင်မှပဲ Wifi ဒါမှမဟုတ် GPS တွေကို အသုံးပြုပြီးလည်း အလိုလျောက် ကားမောင်းနေတယ်၊ ကားစီးနေတယ်ဆိုတာကို သိပြီးတော့ Do Not Disturb ကို Activate ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ နည်းလမ်းမှာဆိုရင် တစ်ချို့သော အရေးကြီး အဆက်အသွယ် တွေကိုတော့ exception တွေအဖြစ်လည်း ထည့်ထားနိုင်ပါသေးတယ်။

၅။ Siri Intelligence နှင့် SiriKit Apps များ


Siri ကိုတော့ ကျွန်တော်တို့ နိုင်ငံမှာ သိပ်ပြီး အသုံးမတွင်ကျယ်ပါဘူး။ iPhone သုံးတဲ့ ဆော်လေးတွေ အများစုဆို ရင် Siri ဆိုတာ Home Button ကြာကြာနှိပ်မိရင် တက်တက်လာတဲ့ အလုပ်ရှုပ်တဲ့ အရာကြီးလို့တောင် မြင်ကြပါသေးတယ်။ ထားပါတော့ အခု ကျနော်ပြောချင်တာက iOS  11 မှာ Siri ကအတော်လေး တိုးတက်လာတယ်ဆိုတဲ့ အကြောင်းလေးပါ။

UI ပြောင်းလဲမှုတွေကိုလည်း မြင်တွေ့ရတဲ့အပြင်။ အခုဆိုရင်တော့ ကောင်မလေးတွေအကြိုက် တွေ့မယ့် ကောင်လေးအသံကို ထည့်သွင်း အဆင့်မြှင့်တင်မှုတွေလည်း ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အသုံးဝင်တဲ့ ဘာသာပြန်နိုင်တဲ့ အရည်အချင်းတစ်ခုလည်းအသစ်တစ်ခု အနေနှင့် ပါဝင်လာပါတယ်။ အခုလက်ရှိ Beta အနေနှင့်ကတော့ တရုတ်၊ ပြင်သစ်၊ ဂျာမန် နှင့် အီတလီ ၊ စပိန် စတဲ့ ဘာသာစကားများကိုသာ ဘာသာပြန်ခိုင်းလို့ရပါသေးတယ်။

၆။ ဒီဇိုင်းပြန်လည် စမ်းသစ်ထားတဲ့ App Store


iOS 11 မှာဆိုရင်တော့ မြင်တွေ့နေကျ ဖြစ်တဲ့ ဒီဇိုင်းအသွင်ပြင်ကို လုံးဝ အသစ် ပြောင်းလဲပစ်လိုက်တဲ့ App Store ဟာဆိုရင် စွဲဆောင်မှုအပြည့်နှင့် စောင့်ကြိုနေပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၉ နှစ်က စတင်ခဲ့တဲ့ App Store ဟာအခုတော့ တောက်ပသစ်လွင်မှုအပြည့်နှင့် ကိုယ်လိုချင်တဲ့ App တွေကို လွယ်လင့်တစ်ကူ လျင်လျင်မြန်မြန် ရှာဖွေပြီး အသုံးပြုနိုင်အောင်လည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီဇိုင်းပိုင်းပြောင်းလဲမှုကတော့ Apple Music လိုပုံစံပါပဲ ပုံကြီးကြီးနှင့် ကြည့်လိုက်တာနှင့် ထင်ရှားနေတဲ့ App နာမည်တွေကလည်း ဆွဲဆောင်မှုအပြည့်ပါပဲ။

၇။ တစ်ယောက်မှ တစ်ယောက်ကို တိုက်ရိုက် ငွေပေးခြေနိုင်ခြင်း


Apple Pay ဟာ Mac ပေါ်မှာရောက်ရှိလာခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အခုဆိုရင်တော့ ထပ်မံဆန်းသစ်မှုတစ်ခုနှင့်အတူ iOS ရဲ့ Message ပေါ်ကို ရောက်လာပြန်ပါပြီ။ Person To Person Apple Pay လို့ခေါ်တဲ့ စနစ်ဟာ Message ကနေတစ်ဆင့် ကိုပေးချင်တဲ့သူဆီကို ပေးချင်တဲ့ပမာဏ ရွေးချယ်ပြီးတာနှင့် Send လုပ်လိုက်ရင် မိမိရဲ့ fingerprint ကိုတောင်းဆိုမှာဖြစ်ပြီးတော့ Authorize ဖြစ်ပြီဆိုတာနှင့် အလိုလျောက် ပိုက်ဆံကို တစ်ဖက်သူရဲ့ Apple Credit ထဲကို ဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple Credit ထဲမှတစ်ဆင့် ဘဏ်အကောင့် ဒါမှမဟုတ် မိမိလိုချင်တဲ့ Visa Card တွေထဲကိုလည်း ပြန်လည်လွှဲပြောင်းအသုံးပြုနိုင်ပါသေးတယ်။

၈။ Live Photos များတည်းဖြတ်ခြင်း


Apple ဟာ Live ဓါတ်ပုံများကို ပြင်ဆင်တည်းဖြတ်နိုင်တဲ့ နည်းပညာအသစ်တွေကိုလည်း iOS 11 မှာ ထပ်မံမိတ်ဆက်ထားပါသေးတယ်။ အခုဆိုရင် Live Photos တွေရိုက်ထားတာကနေ ဓါတ်ပုံကို ပြန်လည်ထုတ်ယူနိုင်မည့်အပြင် အသံများဖြောက်ခြင်း၊ Loop လုပ်ခြင်းနှင့် Bounce effects စတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၉။ Indoor Mapping


တစ်ကမ္ဘာလုံးမှာရှိတဲ့  Malls ပေါင်း ၁၀၀ ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေကို Apple Map တွေမှာ ထည့်သွင်း ပြီး အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ အခုဆိုရင် Malls တွေထဲသွားလည်း လမ်းမပျောက်တော့ဘူးပေါ့နော်။ ဒါပေမယ့်လည်း ကျွန်နော်တို့ မြန်မာနိုင်ငံတွက်တော့ မထူးခြားတဲ့အရာတစ်ခုလို့ပဲ ဆိုရမှာပါ။

၁၀။ Unified Notification Center


အောက်ကနေအပေါ်ကို ဆွဲတင်လိုက်တိုင်း တက်တက်လာတဲ့ Notification Center ကို ထပ်မံအဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်းအသွင်အပြင်သစ်ဟာဆိုရင် iOS 10 မှာ ကျွန်နော်အကြိုက်ဆုံးအရာတစ်ခုလို့လည်းပြောလို့ရတယ်။ အရင်ကဆို Lock Screen မှာပေါ်ပေါ်လာတဲ့ Noti တိုင်းဟာ အထဲဝင်ပြီး ဖွင့်ကြည့်လိုက်တာနှင့် ပျောက်ပျောက်သွားတော့ တစ်ခါတစ်လေဆို စိတ်ထဲ ခိုးလိုးခုလု ဖြစ်ရတယ်။ အခုတော့ Noti တွေကို သေချာကြည့်လို့ရပြီဆိုတော့ ကိုယ့်ရဲ့ activities တွေ မလွတ်သွားတော့ဘူးပေါ့ဗျာ။

နောက်ဆုံး အကြိမ် ကျွန်တော်အကြိုက်ဆုံးတစ်ခုလေး ထပ်ပြောချင်တာကတော့ Screen Shots တွေကို တစ်ခါတည်း markup လုပ်ပြီး ပြန် Share လို့ရတာပဲဖြစ်ပါတယ်။

ကျွန်တော်ပြောပြခဲ့တဲ့ အချက် ၁၀ ချက်ထက်  အခြားသော ထူးခြားချက်တွေ အများကြီး iOS 11 မှာရှိနေပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိချိန်ထိတော့ သုံးကြည့်တုံး သုံးကြည့်ဆဲပါ နောက်ပြီး အတော်လေးကို များနှင့် Error တွေနှင့် Bug တွေရှိနေပါသေးတယ်။ ဒီ့အတွက်ကတော့ ကြားထဲမှာ ထပ်ထပ်ပြီး ထွက်လာမဲ့ Updates တွေနှင့် ပြင်ဆင်သွားပြီး အဆုံးမှာတော့ iPhone အသစ်နှင့်အတူ လာမယ့် စက်တင်ဘာလမှာ မြင်တွေ့ရမယ်လို့ စောင့်မျှော်နေပါတယ်ခင်ဗျာ။

ကိုယ်ကြိုက်တဲ့ iOS 10 က Features လေးတွေကိုလည်း အောက်မှာ မန့်သွားကြပါဦးနော်။ စာကတော့ အတော်လေး ရှည်သွားတယ်။ တကယ်ဆိုကျွန်တော်လည်း Vlog လေး လုပ်ချင်နေတာပါ။ ဒါမှလည်း ကိုယ့်စာဖတ်သူတွေ မြန်မြန်ဆန်ဆန် အချက်အလက်တွေကို သိရှိနိုင်မှာပါ။ ဒါပေမယ့်လည်း ဝါသနာထက် ဝင်ငွေရမယ့် အလုပ်လေးက အရေးကြီးနေတာဆိုတော့လေ . . . 😅
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ▼  June (10)
      • Qualcomm ဖုန်းမှန်တွေအောက်မှာ Fingerprint တွေပါလာတ...
      • Galaxy Note 7 FE ဆိုပြီး ပြန်လည်ရောင်းချတော့မယ့် S...
      • တစ်ကိုယ်ရေသုံး Drone ဝယ်ဖို့စဥ်းစားနေရင် ( DJI Spa...
      • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
      • MIMO or "Multiple-input, multiple-output" နှင့် နည...
      • E3 2017 က ကစားချင်တဲ့ ဂိမ်းလေးတွေ
      • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက်...
      • Apple Awards 2017 ( ၂၀၁၇ ခုနှစ် ဆုရရှိသော Apps များ )
      • Apple iPhone အတွက် iOS 11 ရဲ့ ထူးထူးခြားခြား ပြောင...
      • Apple WWDC 2017 မှာ ဘာတွေလာမလည်းဆိုတာ
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates