Tech Pop
  • Home
  • My Facebook
  • Contact Me

Saturday, November 26, 2016

360° Feature ပါလာတော့မယ့် VLC

 Paw Oo     8:54 PM     Apple, Mac     No comments   

Photo Credit ; 9to5mac
အခုဆိုရင် သင့်ရဲ့ Mac ပေါ်မှာ 360° Videos တွေကို VLC Media App နှင့်အတူ ခံစားကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ VideoLAN Organization မှဖန်တီးပြုလုပ်ထားတဲ့ VLC ဟာဆိုရင် Version 3.0 မှစပြီး 360° Video တွေအပြင် Spherical Videos တွေကို MacOS တွေပေါ်မှာ စတင်ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း Mac တွေမှာ Motion Sensors တွေမပါရှိတဲ့အတွက် သင်ဟာ 360° Videos တွေကို လှည့်ပတ်ကြည့်ရှုဖို့ရာ Mouse တွေ Keyboards တွေစတဲ့ input devices တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်အချိန်တွင်း iPhone နှင့် iPad တွေ မှာလည်း 360° Features ကို အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။

VLC Media App Version 3.0 မှာဆိုရင် 360° Videos တွေသာမကပဲ Panorama Photos တွေကိုပါ ကိုကိုယ်တိုင် နေရာကို ရောက်နေတဲ့အတိုင်း ခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး 360-degree ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ : zoom, little planet, and reverse little planet စတဲ့ features တွေကို ရရှိနိုင်မှာပါ။

Photos Credit ; 9to5mac
Video LAN Org ရဲ့ ပြောကြားချက်အရ လက်ရှိ Video နှင့် Pictures တွေဟာဆိုရင် Spherical Spec ကိုအသုံးပြုထားပြီး သူ့တို့ရဲ့ 360° လုပ်ဆောင်ချက်ကတော့ မတူညီတဲ့ spatial video spec နည်းပညာကို အသုံးပြုထားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ Preview အဆင့်မှာပဲရှိနေသေးတဲ့ VLC 3.0 Version ကို ရယူပြီး အသုံးပြု လိုတယ်ဆိုရင်တော့ - Mac သမားတွေအတွက် MacOS VLC 3.0 နှင့် Windows သမားတွေအတွက် Windows VLC 3.0 ကိုရယူနိုင်ပါတယ်။ စမ်းသပ်ကြည့်ရှုနိုင်မည့် Video သုံးခုရှိနေပြီး အောက်မှ လင့်ခ်ကို နှိပ်၍ ရယူနိုင်ပါတယ်။ ဒီမှာဒေါင်းပါ
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Wednesday, November 2, 2016

Apple သီချင်း ဝန်ဆောင်မှု ဈေးလျော့ချမယ်

 Paw Oo     1:30 AM     Apple, Musics     No comments   


Digital Music News တစ်ခုအရ Apple ဟာ သူ့ရဲ့ musics ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အသုံးပြုခကို လျော့ချဖို့ စဥ်းစားနေတယ်လို့ သိရပါတယ်။ Apple ဟာ သူ့ရဲ့ Musics ဝန်ဆောင်မှုကို အခြားသော ပြိုင်ဘက်တွေဖြစ်တဲ့ Amazon နှင့် Spotify လို Musics Streaming ဝန်ဆောင်မှုတွေနှင့် ယှဥ်ပြိုင်အနိုင်ယူဖို့ရာ ၂၀ ရာခိုင်နှုန်းနီးပါး လျော့ချဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

လက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်း လျော့ချလိုက်ခြင်းအားဖြင့် ၊ လူတစ်ဦးချင်း အသုံးပြုခဟာ ၇.၉၉ ဒေါ်လာ နှင့် လက်ရှိ ဈေးနှုန်း ၉.၉၉ ဒေါ်လာထက် ၂ ဒေါ်လာ လျော့ကျသွားနိုင်ပါတယ်။

အမျိုးအစား လက်ရှိ ဈေးနှုန်း တစ်လလျှင် (ဒေါ်လာ) ပြောင်းလဲသွားမည့်ဈေးနှုန်း တစ်လလျှင် (ဒေါ်လာ)
တစ်ဦးချင်း အသုံးပြုခ
9.99
7.99
မိသားစု လိုက် အသုံးပြုခ
14.99
12.99
ကျောင်းသား အသုံးပြုခ
4.99
4.99

သတင်းအရတော့ Apple ဟာ ဈေးနှုန်း လျော့ချမှုကို Christmas ပရိုမိုးရှင်းအနေနှင့်စတင် ပြုလုပ်မှာဖြစ်ပါတယ်။ Christmas ပြီးရင်လည်းဒီဈေးနှုန်းမှာပဲ ဆက်ရှိနေမှာလား ပြန်ပြောင်းသွားမှာလား ဆိုတာကိုတော့ သေသေချာချာမသိရသေးပေမယ့်လည်း၊ Digital Musics News အနေနှင့်ကတော့ လျော့ချလိုက်တဲ့ ဈေးနှုန်းအတိုင်း Apple Musics ကို အမြဲတမ်း အသုံးပြုခွင့်ရမယ်ဆိုပြီး ထင်ရတယ်လို့ဆိုပါတယ်။

Amazon အနေနှင့်သူ့ရဲ့ သီချင်း အကန့်အသတ်မရှိ နားဆင်အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို Amazon Echo အသုံးပြုသူတွေအနေနှင့် တစ်လလျှင် ၃.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး သာမန် အသုံးပြုသူတွေအနေနှင့်ကတော့ တစ်လလျှင် ၇.၉၉ ကျသင့်မှာဖြစ်တယ်လို့ မကြာသေးခင်ကပဲ ကြေငြာလိုက်တာဖြစ်ပါတယ်။ Spotify ဟာဆိုရင်လည်း Discount အကြီးကြီးတွေနှင့်ကို ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။

နောက်ပြီး Apple ဟာ Musics ဝန်ဆောင်မှုကို ဈေးနှုန်းလျော့ချလိုက်တာနှင့်ပတ်သက်ပြီးလည်း အနုပညာရှင်တွေကို နစ်နာမှုမရှိစေဖို့ရာလည်း အရေးကြီးပါတယ်။ နောက်ပြီး Apple ရဲ့ ၃ လ အစမ်း အသုံးပြုခွင့်ပေးထားတဲ့ ကာလကလည်း အခြားဝန်ဆောင်မှုထက် အများကြီး သာနေပြန်တယ်လေ။

ဒီတော့ ဈေးနှုန်းလျော့ချလိုက်တာက သင့်ကို Apple Musics ကိုအသုံးပြုဖို့ စွဲဆောင်မှုရှိသလားဆိုတာ ကို Comments မှာ မှတ်ချက်လေးပေးသွားဦးနော်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Sunday, October 30, 2016

ဒီဂျစ်တယ်အနုပညာသမားတွေနှင့် တီထွင်ဖန်တီးမှုကို နှစ်သက်စွဲလမ်းကြသူတွေအတွက် Microsoft Surface Studio

 Paw Oo     4:00 AM     Microsoft, Microsoft Surface Studio     No comments   

Microsoft Surface Studio
Microsoft Surface Studio

Mobiles တွေရဲ့ နည်းပညာတိုးတက်မှုက ထင်ထားတာထက် ပိုမြန်သွားလေတော့ အခုဆို တဖြည်းဖြည်းနှင့် နည်းပညာအသစ်တွေနှင့် Mobile တွေပေါင်းစပ်မှုက နှေးလာတယ်။ ဒီတော့ Microsoft လိုနည်းပညာကုမ္ပဏီကြီးတွေက PC တွေဘက်ကို တကြော့ပြန်လာပြီလို့ဆိုရမှာပေါ့။ ဒီတော့ နောက်နှစ်ထဲမှာဆိုရင် Mobile လောကထက် PC လောက ရဲ့ ယှဥ်ပြိုင်မှုက ပြန်လည်ပြီး ပိုမိုကြီးထွားလာလိမ့်မယ်လို့ ကျနော် တော့ထင်တယ်။

ပြီးခဲ့တဲ့ အပတ်မှာဆိုရင် အားလုံးသိကြတဲ့အတိုင်း ပထမဦးဆုံး Xiaomi က ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်တယ်၊ Microsoft က ထုတ်ကုန်အသစ်ဖြစ်တဲ့ Surface Studio ကို မိတ်ဆက်တယ်၊ နောက်တခါ Apple ကလည်း သူ့ရဲ့ အိုဟောင်းလှပြီဖြစ်တဲ့ MacBook Pro ကို အသစ်တဖန် ပြန်လည် မွေးဖွားလိုက်ပြန်ပါတယ်။

အခုတော့ ကျနော်တို့တစ်ပတ်အတွင်း လူအများစိတ်ဝင်စားမှုကို Apple MacBook Pro ထက် ပိုမိုရရှိလိုက်တဲ့ Microsoft Surface Studio အကြောင်းကို ကြည့်လိုက်ရအောင်ဗျာ။



Surface Studio ဟာ ဆိုရင် အနုပညာသမားတွေနှင့် တီထွင်ဖန်တီးမှုတွေကို ဒီဂျစ်တယ် ခေတ်ကြီးထဲကို အရောက် ဖန်တီးပြုလုပ်နေသူတွေအတွက် တကယ့်ကို ဆန်းသစ်တဲ့ PC တစ်ခုဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
Microsoft Surface Studio ဟာဆိုရင် Desktop PC တွေရဲ့ တစ်ခေတ်ကို ဆန်းသစ်ပြောင်းလဲစေခဲ့ပါပြီ။ သင်ဟာ အနုပညာဖန်တီးပြုလုပ်သူတစ်ယောက်ဒါမှမဟုတ် ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ Surface Studio ရဲ့ Display လောက် အရောင်အသွေးစုံလင်ပြီး ကြည်လင်ပြတ်သားလှတဲ့ Display မျိုး သင် ရှာတွေမှာမဟုတ်ပါဘူး။ တချိန်က စာရွက်ပေါ်မှာ မိမိရဲ့ အနုပညာဖန်တီးမှုတွေကို ဆေးရောင်စုံ ချယ်ခဲ့ကြတဲ့ ခေတ်ကအတိုင်းပဲ Surface Studio ရဲ့ Pen နှင့် Display ရဲ့ အတူတကွ လုပ်ဆောင်မှုတွေက သင့်ရဲ့ အနုပညာတွေကို ပိုမိုလှပလာစေပါလိမ့်မယ်။

Surface Studio ရဲ့ Display ဟာ 3:2 အချိုရှိပြီး 192 Pixels per inch နှင့်တည်ဆောက်ထားပါတယ်။ နောက်ပြီး 6th Generation Processor i5 မှ i7 အထိ စိတ်ကြိုက်ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် Nvidia GTX980M GPU ကို အသုံး ပြုထားတဲ့အတွက် Autocad, Premier Pro, 3D Max တို့ Sketch Up တို့လို Graphic Processing တွေကိုအထစ်အငေါ့မရှိ လုပ်ဆောင်နိုင်ပါတယ်။ ဈေးအနည်းဆုံးအနေနှင့် 965M GPU ကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် Display တစ်ခုလုံးကို အနည်းဆုံး ၂၀ ဒီဂရီအထိ စားပွဲကို ကပ်ပြီး ချိန်ညှိနိုင်တဲ့အတွက်ကြောင့် ပုံဆွဲမယ့်သူတွေအတွက်တော့ တကယ့်ကို စိတ်ကြိုက် Drawing Table တစ်ခုလို ဖြစ်နေမှာပါ။




Studio နှင့်အတူ တွဲဖက်အသုံးပြုနိုင်မည့် Surface Pen နှင့်အတူ နည်းပညာအသစ်ဖြစ်တဲ့ အသံအတိုးအကျယ် စက်ဝိုင်းတစ်ခုလိုအသုံးပြုရမယ့် Surace Dial ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Surface Dial ဟာဆိုရင် Studio ရဲ့ မျက်နှာပြင်ပေါ်မှာပါ ကပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေအနေနှင့် Menus တွေကို ထိန်းချုပ်နိုင်ပြီး အသံအတိုးအကျယ်တွေအပြင် မျက်နှာပြင်အလင်းအမှောင် နှင့် Scrolling တွေကို ပါလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


Studio ရဲ့ အောက်ဖက်မှာပါရှိတဲ့ အထိုင်မှာဆိုရင်တော့ Ethernet Port၊ SD Card ပေါက်၊ USB 3.0 ၄ ပေါက်နှင့် နားကျပ်ပေါက်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် မိုက် ကိုပါ တစ်ပါတည်းထည့်သွင်းပေးထားတဲ့အတွက် Microsoft Assistant ဖြစ်တဲ့ Cortana ကို လည်း အသံဖြင့် စေခိုင်းနိုင်မှာဖြစ်ပါတယ်။

Surface Studio ဟာဆိုရင် 3D နှင့်အတူ တီထွင်ဖန်တီးမှုကို အဓိက ပစ်မှတ်ထား တည်ဆောက်ထားတဲ့ PC တစ်လုံးဖြစ်ပါတယ်။ Microsoft ရဲ့ Creator Update နှင့်အတူ Surface Studio ကို မိတ်ဆက်လိုက်တာဟာဆိုရင်လည်း Microsoft ရဲ့ ရွေ့ကွက်တစ်ခုဖြစ်လာပါတယ်။
Surface Studio ဟာဆိုရင် အခြားသော PC ထုတ်လုပ်သူတွေကို ယှဥ်မည့် PC တစ်လုံး ဖြစ်ရုံသာမကပဲ Digital Creation လောကရဲ့ အဓိက အသုံးပြုတဲ့ Apple ရဲ့ iMac ကိုပါ တိုက်ရိုက် သက်ရောက်မှုတွေဖြစ်လာပါတယ်။ Apple ရဲ့ iMac ဟာလည်း လာမယ့် လပိုင်း အနည်းငယ်အတွင်း ပြန်လည်ဆန်းသစ်မှုတွေရှိလာနိုင်တယ်လို့လည်း ကျနော်ထင်ပါတယ်။

Microsoft Surface Studio ရဲ့ Specification တွေကတော့ -

  • Display: 28-inch 4500 x 3000 PixelSense LCD (192 PPI), 3:2 aspect ratio, Adobe sRGB and DCI-P color settings, 10-point multitouch
  • Processor: sixth-generation Intel Core i5 or Core i7
  • Storage: 1TB or 2TB hybrid drive
  • Memory: 8GB, 16GB, or 32GB of RAM
  • Graphics: GeForce GTX 965M 2GB (in Core i5 Studio) or GTX 980M 4GB (in Core i7 Studio)
  • I/O: 4 USB 3.0 (one high power), 3.5mm headphone jack, SD card slot, Ethernet, Mini DisplayPort
  • Wireless: 802.11ac Wi-Fi, Bluetooth 4.0
  • Cameras: 5MP front camera with Windows Hello support, 1080p video rear camera
  • Sound: Stereo 2.1 Dolby audio
ဈေးနှုန်းတွေအနေနှင့်ကတော့ - 

GPU - NVIDIA GeForce GTX 965M 2GB GPU GDDR5 memory or NVIDIA GeForce GTX 980M 4GB GPU GDDR5 memory


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, October 29, 2016

MacBook Pro 2016

 Paw Oo     3:05 PM     Apple, MacBook Pro     No comments   


Apple အတွက် ရောင်းအားအခြေမလှဖြစ်နေပြီး အဓိက တိုးတက်ပြောင်းလဲမှုတွေကို မမြင်တွေ့ခဲ့ရတဲ့ Apple ရဲ့ အဓိက ထုတ်ကုန်တစ်ခု MacBook Pro ဟာဆိုရင် ပြီးခဲ့တဲ့ ၂၇ ရက်နေ့ မှာဆိုရင်တော့ သစ်လွင်တောက်ပတဲ့ အသွင်သစ်အနေနှင့် Apple ပရိတ်သတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ ၂၅ နှစ်အကြာ ဖြတ်သန်းခဲ့ရတဲ့ Apple PowerBook မှ MacBook Pro ဆိုပြီး ဖြစ်လာတဲ့သက်တမ်းတစ်လျောက် ယနေ့အချိန်အခါမှာတော့ အပါးလွှာဆုံးနှင့် အလျင်မြန်အသွက်လက်ဆုံးဆိုတဲ့ MacBook Pro တစ်လုံးဖြစ်လာခဲ့ပါပြီ။


Touch Bar

သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ပြပါဆိုရင်တော့ Touch Bar ကို အရင်ဆုံးပြောချင်ပါတယ်။ ကျနော်ပထမဦးဆုံး Touch Bar ဆိုတာကို တွေ့လိုက်ရတဲ့အချိန်မှာ မေးခွန်းတစ်ခုကိုအရမ်းနှင့်မေးချင်မိခဲ့တယ်။ စဥ်းစားကြည့်လိုက်ရင် Programme တွေတိုင်းမှာ Short Cut တွေရှိနေပါလျက်နှင့် ဘာလို့ ကျနော်တို့က Touch Bar ကို လိုနေဦးမှာလဲ။ Dj တီးပြပြီး Touch Bar ဟာ ဘယ်လောက်အထိ အသုံးဝင်လည်းဆိုတာကို မသိခင်အချိန်ထိကျနော်တွေဝေနေခဲ့တယ်။ လက်တစ်ဖက်က Mouse ကို ကိုင်ပြီး တစ်ဖက်က Short Cut Keys တွေအားလုံးကို နှိပ်ဖို့ ဆိုတာ တကယ့်ကို နှောင့်နှေးစေပါတယ်။ အခုဆိုရင် Touch Bar ကြောင့် သင့်ရဲ့ Mouse ကိုင်ထားတဲ့ လက်တစ်ဖက်က Short Cuts တွေကို နှိပ်ဖို့ရာ ကူညီဖို့မလိုတော့ပါဘူး။ သင်ဟာ အချိန်မရွေး Touch Bar ရဲ့ အကူအညီနှင့် ကိုယ် လိုချင်တာကို စည်းချက်ညီညီ အလုပ်လုပ်နိုင်စေတယ်။

Touch Bar ဟာဆိုရင် သင် ဖွင့်လိုက်တဲ့ Applications တွေနှင့် Program တွေပေါ်မူတည်ပြီး အလိုလျောက် Keys တွေကို လိုက်ပြောင်းပေးနေမှာဖြစ်တယ်။ ဒီနည်းပညာဟာအသစ်အဆန်းမဟုတ်ပါဘူး ဂိမ်းမာတွေအကြိုက် Razor Blade Laptops မှာ အားလုံး မြင်တွေ့ဖူးကြမှာပါ။ Touch Bar ရဲ့အလင်းရောင်ဟာ မမှောင်လွန်း မလင်းလွန်းဖြစ်ပြီး Matte Finish ဖြစ်တဲ့အပြင် သင်ဟာ တကယ့် Physical Keys တွေကို ထိတွေ့နေရသလို ခံစားရမှာပါ။ နောက်ပြီး မိမိလိုချင်သလို စိတ်ကြိုက် နေရာချထားနိုင်မှာလည်းဖြစ်ပါတယ်။


နောက်ပြီး ကျနော်ဆိုရင် သီချင်းထားတောင်တာ အရမ်းကြိုက်တယ်။ Mac ပေါ်မှာ အလုပ်လုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားစရာ စာအုပ်တွေနှင့် Websites တွေကို ကြည့်နေတဲ့အချိန်တွေဖြစ်ဖြစ် သီချင်းထားထောင်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် Play၊ Pause၊ နှင့် နောက်တစ်ပုဒ်ကို ပြောင်းတာ အသံအတိုးအကျလုပ်တာတွေကအစ ကျနော်ဟာ အမြဲပဲ Function Keys တွေကိုသုံးဖြစ်တယ်။ ဒီတော့ ကျနော်တို့ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမြဲလိုလိုသုံးဖြစ်နေတဲ့ Function Keys တွေကိုလည်း အချိန်မရွေး အသုံးပြုနိုင်အောင် Touch Bar ကို တည်ဆောက်ပေးထားပါသေးတယ်။

Touch ID ( Only For MackBook Pro With Touch Bar )

iPhone 7 နှင့် iPhone 7 Plus ရဲ့ Touch ID Haptics ဟာ ဘယ်လောက်မြန်သလဲဆိုရင် ဖုန်းကိုင်လိုက်ပြီး လက်တင်လိုက်တာနှင့်တခါတည်း တန်းပွင့်သွားတယ်ဆိုတော့ Lock Screen ပေါ်က Notifications တွေကို လွတ်သွားတတ်ပါတယ်။ ဒီလိုပါပဲ အခုဆိုရင်လည်း MacBook Pro အသစ်မှာ သင်ဟာ Lock Screen နေရာက Password တောင်းတဲ့အခါမှာ လက်ကလေးကို Touch ID ပေါ်တင်လိုက်ယုံနှင့် လျင်လျင်မြန်မြန်ပဲ Log In ဝင်ရောက်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး ဈေးဝယ်တဲ့အခါမျိုးမှာဆိုရင်လည်း Apply Pay ကို မိမိရဲ့ Touch ID နှင့်အတူအသုံးပြုပြီး ငွေပေးချေမှုတွေကို ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Keyboard ( Butterfly Keyboard )

MacBook သေးသေးလေးမှာ အသုံးပြုထားတဲ့ Butterfly Keyboard ဟာ အခုဆိုရင် MacBook Pro တွေဆီကို ရောက်လာပါပြီ။ အရင်လို ဖောင်းဖောင်းကြွကြွနှင့် Keyboard မဟုတ်တော့ပါဘူး။ တချို့ကတော့ ကြိုက်ကြပေမယ့် တချို့ကျတော့လည်း သိပ်မကြိုက်ပါဘူး။ ဘာလို့လည်းဆို ကျနော်တောင်မှ Mac ကို စပြောင်းခါစ စာရိုက်ဖို့ အသားကျအောင် နည်းနည်းတော့ အချိန်ယူလိုက်ရတယ်။ ပြောလို့မရဘူး ဒီ Keyboard ကပဲ MacBook Pro ကို ပိုပါးအောင်လုပ်ပေးလုပ်တာလားပေါ့ ဗျာ။

ဒီဇိုင်းအသစ်နှင့် ဈေးနှုန်းမြင့်မြင့်


MacBook Pro အသစ်ရဲ့ အလေးချိန်ဟာ အခုဆို ၃ ပေါင်ပဲ ရှိပါတယ်။ နောက်ပြီး ပိုမိုကောင်းမွန်လာတဲ့ Fan စနစ်က ပိုမိုတည်ငြိမ်မှုရှိပြီး တိတ်ဆိတ်တဲ့ လုပ်ဆောင်ချက်နှင့် MacBook Pro ကို အေးမြနေအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ Force Touch Pad ကလည်း ပိုပြီး ကြီးလာပါတယ်။ MacBook Pro အသစ်ဟာဆိုရင် ပေါ့ပါးတယ်ဆိုပေမယ့်လည်း အပါးဆုံးဆိုတဲ့ Windows Laptops တွေနှင့်တော့ ယှဥ်ဖို့ရာစောလွန်းနေသေးတယ်။ ၁၃ လက်မ MacBook Pro ဟာဆိုရင် 14.5 မီလီမီတာ အထူရှိပြီး ၃ ပေါင်လေးပါတယ်။ နောက်ပြီး ၁၅ လက်မ က ၁၅.၅ မီလီမီတာ အထူနှင့် ၄ ပေါင်ရှိပါတယ်။ လက်ရှိမှာ အပါးဆုံး ဖြစ်တဲ့ HP Spectre နှင့် Acer Swift 7 မှာတောင်မှ intel မျိုးဆက် ၇ ဖြစ်တဲ့ Kaby Lake Intel Core i7 Proessors ကိုအသုံးပြုထားပြီး ၁၀ မီလီမီတာ အထူပဲရှိပါတယ်။

မကောင်းဆုံးကတော့ ဈေးနှုန်းပဲ MacBook Pro ရဲ့ ဈေးနှုန်းဟာ အတော်လေး ကြီးသွားတယ်။ ၁၃ လက်မ Pro, Dual-Core Intel Core i5၊ 8 GB Ram နှင့် 256 GB Storage နှင့်ဆိုရင် ၁၇၉၉ ဒေါ်လာ ကျမှာဖြစ်ပါတယ်။ ၁၅ လက်မ မှာဆိုရင် Quad-Core Core i7 ( မျိုးဆက် ၆ Skylake Processor) နှင့် ၁၆ GB / 256 GB Storage ကို ၂၃၉၉ ဒေါ်လာ ဖြစ်ပါတယ်။ နောက်ပြီး ၁၅ လက်မ မော်ဒယ်တစ်မျိုးတည်းမှာပဲ AMD Radeon Graphics ပါဝင်မှာဖြစ်ပါတယ်။ Battery ကတော့ မော်ဒယ် နှစ်မျိုးလုံးက ၁၀ နာရီအသုံးခံမယ်လို့ဆိုပါတယ်။

အသေးစိတ် Specifications ကို ဒီနေရာမှာကြည့်ပါ။

တခြားထူးခြားတာလေးတွေကတော့ ပိုမြန်လာတဲ့ RAM Speed 2133 MHZ ဖြစ်ပြီး Storage ကတော့ တစ်စက္ကန့်ကို 3.1 gigabytes အထိ လျင်လျင်မြန်မြန် အသုံးပြုနိုင်လာပါတယ်။ ပိုမိုအလင်းပေးနိုင်ပြီး အရောင်အသွေးစုံလင်လှတဲ့ Display ကလည်း စွဲဆောင်မှုရှိတယ်လို့ဆိုရပါမယ်။

အခုပြောခဲ့တဲ့ MacBook Pro မော်ဒယ် နှစ်မျိုးလုံးဟာ ဈေးကြီးတယ်ဆိုရင် တခြား Entry Lelvel အနေနှင့် ရွေးစရာ ၁၃ လက်မ MacBook Pro ရှိပါသေးတယ်။ ဒီဇိုင်းပိုင်းပြောင်းလဲထားပြီး OLED Touch Bar မပါဝင်တဲ့ ၁၃ လက်မ MacBook Pro ဟာဆိုရင် ၁၄၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ အရင်ဆို ၁၃ လက်မ Retina တောင်မှ 1399 ဒေါ်လာ သာ ရှိခဲ့တာဖြစ်ပြီး အခုဆို သာမန် Touch Bar မပါတဲ့ MacBook Pro ကိုတောင်မှ ဒေါ်လာ ၁၀၀ ပိုပေးပြီးဝယ်ရတော့မှာပါ။




တချိန်တည်းမှာပဲ မကြာသေးခင် ၂၆ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Microsoft Surface ပွဲဟာဆိုရင်လည်း နည်းပညာသမားတွေအားလုံး ရင်သက်ရှုမော့စရာ ထုတ်ကုန်သစ်တွေကို လည်း Apple ရဲ့ အဓိကပြိုင်ဘက်ကြီး Microsoft က ဖော်ထုတ်ပြသခဲ့ပြန်ပါတယ်။ ပရိတ်သတ်အားလုံးကို ရင်ထဲအရောက် ထိခဲ့တာကတော့ Microsoft ရဲ့ Surface Studio ဖြစ်မယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ ဒီတော့ လာမယ့် နှစ် Computer လောကရဲ့ တကြောပြန် ယှဥ်ပြိုင်မှုတွေကို စောင့်ကြည့်ရဦးမှာပေါ့ဗျာ။ စာဖတ်သူတွေရော Apple နှင့် Microsoft ဘယ်သူ့ကို အားပေးနေသလဲဆိုတာ Comment မှာ ရေးသွားကြပါဦးဗျို့
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, October 22, 2016

Hello Again နှင့် အတူပြန်လာမယ့် MacBook Pro

 Paw Oo     1:06 PM     Apple, Article     No comments   

"Hello Again" ဆိုတာဟာ တချိန်က Apple က G3 iMac ကိုမိတ်ဆက်ခဲ့ချိန်က သုံးခဲ့တဲ့ စာသားဖြစ်ပါတယ်။

MacBook Crazy တွေအတွက် အချိန်ကျရောက်လို့လာပါပြီ။ နှစ်အတော်ကြာ အနည်းငယ် ပြောင်းလဲမှုတွေနှင့်သာ တစ်နှစ်ပြီးတစ်နှစ် ကုန်လာခဲ့တဲ့ MacBook Pro အသစ်ကို လာမယ့် ၂၇ ရက်နေ့ Apple Campus မှာပြုလုပ်မယ့် ပွဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီပွဲဟာဆိုရင် Apple အတွက် နေရာအသစ်ကို မပြောင်းခင် နောက်ဆုံးပြုလုပ်မယ့် ပွဲတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ Apple ဟာ တရားဝင် ဖိတ်ကြားစာတွေနှင့်အတူ Media တွေကိုလည်း ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ အားလုံးလဲ MacBook Pro အသစ်ကို မြင်တွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားနေမယ်လို့လည်း ထင်ပါတယ်။ နောက်ပြီး MacBook နှင့်  MacBook Air နှစ်မျိုးကိုလည်း အနည်းငယ်ပြန်ပြီး စမ်းသစ်မှုတွေလုပ်မယ်လို့ ကျနော်ထင်တယ်ဗျ။

နောက်ပြီး လာမယ့် Christmas မရောက်ခင် သုံးစွဲသူတွေလက်ထဲ ရောက်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ Apple ဟာ ၂၀၁၂ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ MacBook Pro ကို အနည်းငယ်ပြောင်းလဲမှုတွေနှင့်အတူ အခုချိန်ထိ ရောင်းချနေတာဖြစ်ပါတယ်။ အခု ၂၀၁၆ ခုနှစ် မှာဆိုရင် ForceTouch Trackpad နှင့်အခြား ပြောင်းလဲမှုအနည်းငယ်သာရှိခဲ့တာဖြစ်ပါတယ်။

တင်ကွတ် ဟာ လာမယ့်ပွဲမှာ MacBook Pro အသစ်ကိုမိတ်ဆက်မယ်လို့ပဲ အားလုံးကလည်းမျှော်လင့်ထားကြပြီး Port တွေလျော့နည်းသွားမယ့်အပြင်၊ Charging ဟာဆိုရင်လည်း USB C ကိုပဲ အသုံးပြုလိမ့်မယ်လို့လည်း ကြားနေရပါတယ်။ ဒါ့အပြင် OLED Touch တွေနှင့် Function Key တွေကို အစားထိုးသွားမယ်ဆိုတာလည်း စာတွေပို့စ်တွေအများအပြားမှာ မြင်တွေ့နေရပါတယ်။ MacBook Crazy တွေအတွက်တော့ တကယ့်ကို ရင်ခုန်စွာနှင့် စောင့်ကြည့်ရမယ့် ပွဲလေးဖြစ်ပြီး ပိုပါးမယ် ပိုမိုမြန်ဆန်လာမယ့် MacBook Pro လေးကို စောင့်ကြည့်ကြရအောင်ဗျာ။


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Thursday, October 13, 2016

အဖွဲအစည်းတွေ လုပ်ငန်းတွေ အားလုံးအတွက် Workplace ကို မိတ်ဆက်လိုက်တဲ့ Facebook

 Paw Oo     9:15 AM     Facebook, Workplace     No comments   


Facebook ကုမ္ပဏီမှာပဲ Facebook WorkSpace ကို နှစ်အတော်ကြာ သုံးစွဲခဲ့ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေကို လျင်မြန်စွာ ဆက်သွယ်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ အားလုံးသိကြသလို Facebook ဟာဆိုရင် မိမိရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေအားလုံးနှင့် စဥ်ဆက်မပြတ် ဆက်သွယ်လို့ရအောင် ပြုလုပ်ပေးပါတယ်။ ဒီလိုပါပဲ ကျနော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း မိမိနှင့်အတူ အခြားလုပ်ဖောင်ကိုင်ဖက်တွေနှင့်လည်း အဆက်အသွယ်မပျက် ကူညီပေးနိုင်ပါတယ်။ ကျနော်တို့ဟာ Facebook ရဲ့ Workplace Version ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်အကြာတည်းက Facebook အပါအဝင်၊ အခြားကုမ္ပဏီ နှင့် အဖွဲ့အစည်းအချို့မှာ စတင်စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။
အခုဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော်ဟာ Workplace (ပုံမှန်အားဖြင့် Facebook at Work လို့သိကြပါတယ်။) ကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ ၁ သိန်းကျော်ရှိ အဖွဲပေါင်းများစွာကို ဖန်တီးခဲ့ကြပြီး အသုံးများဆုံး နိုင်ငံတွေအနေနှင့်ကတော့ အိန္ဒိယ၊ US၊ နော်ဝေး၊ UK နှင့် ပြင်သစ်တို့ဖြစ်ကြပါတယ်။ အခုလို တိုးတက်မှုတွေနှင့်ပတ်သက်ပြီး ကျနော်တော်တို့အတော်လေး ကျေနပ်အားရမိပါတယ်။ လို့ Facebook က ဆိုပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ ၂၀၁၆ မှာဆိုရင်တော့  Facebook ဟာ Workplace ကိုအသုံးပြုချင်တဲ့ အခြား နိုင်ငံတွေနှင့် အခြားသော အဖွဲအစည်းတွေ အတွက်ကိုပါ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ ရိုးမဘဏ် ဟာ Facebook Workplace ကို Fax တွေနှင့် သတင်းအချက်အလက်တွေပေးပို့ရာမှာ အစားထိုးအသုံးပြုမယ်လို့ ဆိုပါတယ်။ (Fortune မဂ္ဂဇင်း အရ Here) ဒီလိုဆိုရင်တော့ ရိုးမဘဏ်ဟာ Workplace ကို ပထမဦးဆုံးအသုံးပြုမယ့် လုပ်ငန်းကြီးတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ Workplace ကိုအသုံးပြုခြင်းအားဖြင့် Emails ပေါင်းများစွာနှင့်ကူးလူးဆက်ဆံနေရတာတွေကိုလည်း ကောင်းကောင်းကြီး ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။

Workplace ဟာဆိုရင် ရုံးတွင်း နံရံတွေထဲမှာသာ ဆက်သွယ်အသုံးပြုလို့ရတဲ့ Community တစ်ခုဆိုတာထက် အများကြီး ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ တချိုဟာဆိုရင် သူတို့ရဲ့ တစ်နေ့တာ အလုပ်ချိန်တစ်ခုလုံးကို လမ်းပေါ်မှာပဲ ဖုန်းတစ်လုံးနှင့် အလုပ်လုပ်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ တချို့ဟာဆိုရင်လည်း ကွင်းဆင်းလေ့လာရင်းနှင့်ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ အခုဆိုရင် Workplace ကိုအသုံးပြုခြင်းအားဖြင့် Shipping Company တွေဆိုရင် သူတို့ရဲ့ သင်္ဘောတွေနှင့် ချိတ်ဆက်စကားပြောနိုင်ပြီး Video တိုက်ရိုက်နှင့်ပါဆက်သွယ် ညွှန်ကြားနိုင်နေပြီး ဘဏ်တွေအနေနှင့်ဆိုရင်လည်း Fax သုံးစက်တွေနှင့် သတင်းအချက်အလက်တွေကို နေ့စဥ်နှင့်အမျှ ဘဏ်ခွဲပေါင်းများစွာကို အချိန်နှင့်တပြေးညီ လွယ်ကူလျင်မြန်စွာနှင့် ဆက်သွယ်ဆောင်ရွက်နေကြပါပြီ။
နိုင်ငံအနှံ့ ဖြန့်ကျက်လုပ်ဆောင်နေကြတဲ့ Danone ၊ Starbucks နှင့် Booking.com အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ Oxfam ၊ အိန္ဒိယ မှာရှိတဲ့ YES Bank နှင့် စင်္ကာပူအစိုးရ နည်းပညာ Agency တွေအားလုံးဟာ Workplace ကို ပြောင်းလဲအသုံးပြုနေကြပြီဖြစ်ပါတယ်။ မတူညီတဲ့လုပ်ငန်းဆောင်တာတွေ၊ မတူညီတဲ့ အဖွဲအစည်းတွေ ကုမ္ပဏီတွေအားလုံးကို Facebook Workplace က ကောင်းမွန်တဲ့ Community တစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ Facebook ရဲ့ တရားဝင် Webpage မှာလည်း ဖော်ပြထားပါတယ်။
Workplace မှာဆိုရင် News Feed လို အခြေခံ Feature မှစပြီး အခြားသော လုပ်ဆောင်ချက်တွေဖြစ်တဲ့ Reactions၊ Searching နှင့် Trending posts တွေအပြင် Live ထုတ်လွင့်မှုတွေကိုပါ ထည့်သွင်းတည်ဆောင်ပးထားပါတယ်။ လုပ်ငန်းအတွက် အထူးလိုအပ်တဲ့ နည်းပညာ လုပ်ဆောင်ချက်တွေအပြင် လက်ရှိ ကုမ္ပဏီမှာအသုံးပြုနေတဲ့ IT Systems နှင့်ပါ ပူးတွဲ အသုံးပြုနိုင်မယ့် လွယ်ကူတဲ့ ကူးပြောင်းမှုတွေကိုလည်း ပြုလုပ်နိုင်အောင် တည်ဆောက်ထားပါတယ်။
စျေးနှုန်းအနေနှင့်လည်း ပြိုင်ဘက်ကင်းလောက်အောင် သက်သာမှုရှိတယ်လို့ ဆိုရမယ့် Facebook Workplace ဟာဆိုရင် မကြာခင် အချိန်တွင်းမှာပဲ အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။


Ref :
http://fortune.com/2016/10/10/workplace-facebook/
http://newsroom.fb.com/news/2016/10/introducing-workplace-by-facebook/

Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Tuesday, October 4, 2016

အောက်တိုဘာ Google Event အကြို နှင့် တိုက်ရိုက်ကြည့်ရှုရန်

 Paw Oo     3:52 PM     Google     No comments   


Google ရဲ့ October ပွဲကြီးတော့ ရောက်လာပြန်ပါပြီ။ လက်ရှိသတင်းတွေအရတော့ ထုတ်ကုတ်အသစ်တွေဖြစ်တဲ့ Nexus ဖုန်းတွေကိုအစားထိုးမယ့် Pixel smartphones သစ်တွေအပါအဝင် အခြား Hardware အသစ်များကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ယခုပွဲမှာတော့ Google Home အကြောင်းကိုလဲ ပိုမိုသိရှိနိုင်မှာဖြစ်ပြီး မကြာခင် မိမိကိုယ်ပိုင် တစ်လုံးနှင့် အိမ်အတွင်းမှာ ထိန်းချုပ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ယခုစာမျက်နှာမှာလည်း တိုက်ရိုက်ကြည့်နိုင်သလို။ Video လင့်ခ် အောက်မှာရှိတဲ့ youtube လင့်ခ်ကိုသွားပြီးတော့လည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ည ၁၀: ၃၀ တိတိမှာစမှာဖြစ်ပါတယ်။



ပွဲကို တိုက်ရိုက်ကြည့်ရှုရန် (YOUTUBE)

Google Pixels


Google Pixel နှင့် Pixel XL Smartphones တွေဟာ HTC က Supplier အနေနှင့် ပါဝင်လိမ့်မယ်လို့ ထင်ကြေးတွေပေးနေကြပေမယ့် ကျနော့်အထင်တော့ Huawei ပဲဖြစ်မယ်ထင်ပါတယ်။ Pixel နှင့် Pixel XL နှစ်မျိုးလုံးမှာ တူညီတဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေပါရှိမှာဖြစ်ပြီး standard version အနေနှင့် 5 လက်မ မှ စပြီး XL ကတော့ 5.5 လက်မရှိပါလိမ့်မယ်။ ပွဲမစခင်တည်းကိုက အားလုံးနီးပါးကို သိနှင့်နေကြပြီလို့လည်း ထင်ပါတယ်။
မျှော်လင့်ထားသလိုပဲ Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ 821 Snapdragon ကို အသုံးပြုထားပြီး 1080 Full HD ပါမယ့် Pixel X နှင့် XL မှာတော့ 2560x1440 ဒါမှမဟုတ် 2K Display ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 12 MP Camera နှင့် မိမိဖုန်းကို စိတ်ချစွာ အသုံးပြုနိုင်စေရန် Fingerprint Scanners များ ပါဝင်ပါတယ်။
ဝယ်ယူသူအချို့ကတော့ Nexus Style အတိုင်း ဈေးသက်သာမယ့် တည်ဆောက်ပုံစံ ဒီဇိုင်းမျိုးမျှော်လင့်ထားကြပေမယ့် အနိမ့်ဆုံး ဈေးနှုန်းဟာ 649$ မှစမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Apple iPhone ရောင်းသလိုပဲ installment နှင့်ဝယ်မယ်ဆိုရင်တော့ သက်သက်သာသာ နှင့် တဖြည်းဖြည်းချင်း ဝယ်လို့ရတာပေါ့ဗျာ။
ကျနော့်အနေနှင့်ကတော့ ဒီဈေးနှုန်းနှင့် ထိုက်သင့်တဲ့ performance ကောင်းကောင်းဖုန်းတစ်လုံးဖြစ်မယ်ဆိုရင်တော့ ပေးပျော်တယ်လို့ ပြောချင်တယ်။ Nexus တုံးကဆိုရင် အခုလို performance ကောင်းကောင်း မဟုတ်ခဲ့လေတော့ ထွက်တိုင်းကို ဝယ်ဖို့ စိတ်မကူးရဲအောင်ကိုဖြစ်ခဲ့ရတယ်။ အခုတော့ Google က သူ့ရဲ့ Android ဈေးကွက် ထိပ်ပိုင်းမှာနေဖို့ စိတ်ကူးထားပုံရတယ်။

Pixel X - Full Phone Specification (gsmarena.com)

Pixel XL - Full Phone Specification (gsmarena.com)

Google Home


နောက်တစ်ခုက Google Home။ Alexa ဟာ အိမ်သုံး Smart Devices တွေကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အတော်လေး ပေါက်ရောက်တဲ့ Assistants ဖြစ်နေချိန်မှာ Google ကလည်း အိမ်ထဲဝင်ဖို့ ကြိုးစားလာတယ်။ "Ok, Google" ဆိုတဲ့ အသံအောက်မှာ မိမိအိမ်မှာရှိတဲ့ Smart Devices တွေများစွာကို တချိန်တည်းတပြိုင်တည်းမှာ အလွယ်တကူနှင့် ထိန်းချုပ်လုပ်ဆောင်နိုင်မယ့် Design လန်းလန်း Speaker တစ်ခုလိုဖြစ်တယ်။
$129 ပေးရမယ့် Google Home Assistant ဟာဆိုရင် Bluetooth ပါဝင်တဲ့ ပစ္စည်းတွေအတွက် ပိုပြီးအသုံးဝင်မယ်လို့လည်းဆိုတယ်။ သင့် ရဲ့ Google Account ကို ပဲ အသုံးပြုပြီး အားလုံးကို တချိန်တည်းတစ်ပြိုင်တည်းမှာ မိမိဖုန်းမှာလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ရုပ်သံတွေကိုလည်း ထုတ်လွင့်ပြသနိုင်တာဖြစ်တဲ့အတွက် သင့်ရဲ့ Smart Devices တွေနှင့် Smart TV တွေပေါ်မှာ ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။
ဒီနှစ်စမှာပဲ Google Home ကို I/O ပွဲမှာမြင်တွေ့ကြပြီးသားဖြစ်ပေမယ့်လည်း ဘာတွေထပ်ပြီး ကောင်းမွန်လာမလည်းဆိုတာကိုတော့ စိတ်ဝင်စားစွာနှင့် စောင့်ကြည့်ရဦးမှာဖြစ်ပြီး လတ်တလောကမှ Public အသုံးပြုခွင့်ရလာတဲ့ သင့်ရဲ့ android ဖုန်းထဲက Assistant Allo နှင့်အတူ ပေါင်းစပ်ပြီး ဘာတွေကော ထူးထူးခြားခြားလုပ်ဆောင်လာနိုင်ဦးမှာလည်း ဆိုတာလည်း စောင့်ကြည့်ရမှာပါ။

Google Chromecast


Google မှာ မိမိ Android ဖုန်းတွေနှင့် Tablets တွေကနေ ရုပ်သံတွေကို တီဗွီ ဖန်သားပြင်ပေါ်ထိ ရောက်ရှိပြီး ခံစားကြည့်ရှုနိုင်စေမယ့် Chromecast လည်းရှိပါတယ်။ အခုဆိုရင် Upgrade ထပ်မံပြုလုပ်ထားတဲ့ Chromecast အသစ်ဟာ 4K Video တွေကိုပါ Streaming ပြုလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဈေးနှုန်းဝန်းကျင် $69 သာ ကျသင့်မှာဖြစ်ပြီး ပြိုင်ဘက် Apple TV တွေထက် ဈေးနှုန်းအားသာ ချက်ကတော့ ပြောစရာမလိုပါဘူး။
အောက်တိုဘာ Google ပွဲမှာ နောက်ထပ် မြင်တွေ့ရမှာတွေကတော့ Daydream VR, Google WiFi အပြင် Android System ကိုလည်း ဘာတွေထပ်ပြီး improve တွေလုပ်ဦးမလည်း နောက်ထပ် ဘာစိတ်ဝင်စားစရာ Update တွေလာဦးမလည်းဆိုတာကိုလည်း စောင့်ကြည့်လိုက်ရအောင်ဗျာ.....



Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Sunday, September 25, 2016

GoPro ရဲ့ မြေပြင်မှ ဝေဟင်သို့

 Paw Oo     1:00 AM     Drone, GoPro     No comments   


GoPro ကင်မရာတွေကို Drones တွေမှာ တပ်ဆင်ပြီး Video Footages တွေကောင်းကောင်းရိုက်ယူဖို့အသုံးပြုခဲ့ကြပါတယ်။ အခုတော့ GoPro က ကိုယ်ပိုင် Drone နှင့် ပျံတော့မှာပေါ့ဗျာ။
လာမယ်လာမယ်နှင့် စောင့်လိုက်ရတဲ့ ဒီ Drone ဟာ သူ့ရဲ့ နာမည်ကြီး GoPro ကင်မရာတွေနှင့် အတူပျံသန်းနိုင်ဖို့ရာ ကောင်းကောင်းကြီး တည်ဆောက်ထားမယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။
Karma လို့ နာမည်ပေးထားတဲ့ GoPro Drone ဟာဆိုရင် အခြား Drone တွေလိုပဲ Controller ပါရှိပါတယ်။ တချို့ Controller  တွေဟာ အသုံးပြုထိန်းချုပ်ရ လွယ်ကူစေပြီး တချို့တွေကလည်း Game Controller တွေလိုပဲ ပြုလုပ်ထားပါတယ်။ Karma's Controller ရဲ့ ထူးခြားချက်က Drone မှတစ်ဆင့် မြင်ရမယ့် တိုက်ရိုက်မြင်ကွင်းကို ကြည့်ရှုဖို့ရာ Smartphone တွေကို ချိတ်ဆက်အသုံးပြုစရာမလိုအပ်ပဲ Controller မှာတင်ပဲ Display တပ်ဆင်ပေးထားပါတယ်။
Karma Drone ဟာ သေးငယ်ပါတယ်။ ဒါကြောင့် သင်ရဲ့ ကျောပိုးအိတ်ထဲကို ခေါက်ထည့်ပြီး လိုအပ်ရာကို သယ်ဆောင်သွားနိုင်ပါတယ်။ Drone ကိုဝယ်တဲ့အခါ ထည့်ဖို့ ကျောပိုးအိတ်တစ်လုံး ပါရှိမှာဖြစ်ပါတယ်။ အခုမိတ်ဆက်မယ့် Karma Drone ဟာ hero5 Black နှင့် Hero5 session cameras တွေနှင့် တွဲဖက်အသုံးပြုဖို့ရာအထူးပြုလုပ်ထားတာဖြစ်ပါတယ်။​ဒါပေမယ့်လည်း သင်၏ လိုအပ်ချက်အရ Hero4 Camera တွေကိုသုံးချင်တယ်ဆိုရင်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

နောက်ပြီး အကောင်းဆုံးနှင့် ထူးခြားချက်ကတော့ Three-Axis Camera Stabilizer ပါရှိတာဖြစ်ပါတယ်။ လေထဲမှာ တည်ငြိမ်ပြီး ကောင်းမွန်တဲ့ ရိုက်ချက်တွေရအောင် တည်တည်ငြိမ်ငြိမ်နှင့် ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
GoPro Camera တွေဟာဆိုရင် ထိပ်ဆုံးတန်း နေရာယူထားတာဖြစ်ပါတယ်။ အခုတစ်ခါလည်း Karma Drone နှင့်အတူ DJI ကို ယှဥ်ဖို့ရာ Drone လောကထဲဝင်ရောက်လာပါပြီ။ GoPro Brand ဟာဆိုရင် အတော်များများသိနှင့်ကြပြီးဖြစ်ပြီး DJI ဟာလည်း Drone အသုံးပြုသူတွေကြားမှာတော့ နာမည်ရပြီးသား Brand တစ်ခုဖြစ်ပါတယ်။
Combine that brand recognition with the flexibility of using the Karma in the air and on the ground and its potential ease of use, and the Karma might be a spoiler this holiday season.​ဒီတော့ GoPro ဟာ Brand ကိုကြားခံပြီး မြေပြင်ကနေ ဝင်ဟင်ကို တက်ဖို့ကြိုးစားလာတာလို့ပြောရမှာပေါ့။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Camera မပါပဲ $799 နှင့် Hero5 Session အပါ $999 နှင့် Hero5 Black edition Camera အပါ $1099 နှင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Review ကိုတော့ ထွက်ပြီး နောက်မှပဲ ကျနော်ထပ်ပြီး တင်ဆက်ပေးပါ့မယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, September 24, 2016

၂၂ နာရီကြာ အသုံးခံမယ့် Dell XPS 13

 Paw Oo     1:00 AM     Laptop     1 comment   


ကျနော့်အကြိုက် Laptops တွေထဲက တစ်ခုဖြစ်တဲ့ Dell XPS 13။ အရင် ဗားရှင်းတွေတည်းက နှစ်သက်ခဲ့တာဖြစ်ပါတယ်။ အခုလို ဗားရှင်းအသစ်နှင့် အတွင်းပိုင်းကလီစာတွေကို Upgrade လုပ်ထားပြီး အထူးသဖြင့် Battery က အားတစ်ခါသွင်းထားရင် နာရီ ၂၀ ကျော်နှင့် အတိအတိပြောရရင် ၂၂ နာရီကျော်အထိ အသုံးခံတယ်ဆိုတော့ဗျာ ပိုပြီးတော့ ကြွေတာပေါ့။
၂၀၁၆ မှာ XPS 13 ကို upgrade လုပ်ထားတာတွေထဲက ကြီးကြီးမားမားပြောင်းလဲတာနောက်တစ်ခုက တော့ Kaby Lake Processor ကိုသုံးထားတာပဲဖြစ်ပါတယ်။ အမျိုးအစား သုံးမျိုးရှိပြီး i7-7500U ၊ i5-7200U နှင့် i3-7100U ဆိုပြီး ဈေးနှုန်းပေါ်မူတည်ပြီး ကွာခြားပါတယ်။ အခု upgrade လုပ်လိုက်တဲ့ Kaby Lake ဟာဆိုရင် 15W အနိမ့်ဆုံး ပါဝါကိုသာအသုံးပြုထားပြီး skylake processors တွေထက် ပိုမိုလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေနှင့် လုံလောက်တဲ့ စွမ်းဆောင်ရည်လည်းရှိပါတယ်။
Upgrade လုပ်ထားတဲ့ processor နှင့် အနည်းငယ် ပိုမိုကြီးမားတဲ့ 60 Wh Battery ကိုသုံးထားတဲ့အတွက်ကြောင့် 2016 XPS 13 ဟာ ၂၂ နာရီကြာ 1080P ရှိတဲ့ထူးထူးခြားခြား Laptop တစ်လုံးဖြစ်လာပါတယ်။ အရင် Models တွေမှာလိုပဲ QHD+ ဆိုတဲ့ အမျိုးအစားတစ်ခုပါ ထွက်ရှိပြီး Battery မှာတော့ သိသိသာသာ ကျဆင်းသွားပြီး 13 နာရီ အထိ သာ အသုံးခံမယ်လို့လဲ Dell က ဆိုပါတယ်။
ယခင် XPS 13 တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ WiFi ပြဿနာကိုဖြေရှင်းတဲ့အနေနှင့် Wi-Fi ac 2x2 MIMO ကိုပြောင်းလဲခဲ့ပြီး Blutooth 4.1 ကိုတော့ မပြောင်းလဲခဲ့ပါဘူး။
Thunderbolt 2 USB Type C နှင့် 1 TB PCIe solid state drives နောက်တစ်ခါ 16GB Ram တွေက ပြောင်းလဲမှုမရှိပါဘူး။ Laptop အသစ်ဖြစ်တဲ့ 2016 XPS 13 ဟာဆိုရင် အောက်တိုဘာလ လေးရက်နေ့မှာ $799 နှင့် စတင်ရောင်းချမှာဖြစ်ပြီး ငွေရာင်၊ ရွှေရောင် နှင့် အရောင်သစ်ဖြစ်တဲ့ rose Gold ဆိုပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Friday, September 23, 2016

macOS Sierra Upgrade မလုပ်ခင်

 Paw Oo     8:30 AM     Apple, Mac, MacBook     No comments   


စောင့်မျှော်ခဲ့ရတာကြာပြီဖြစ်တဲ့ macOS Sierra ဟာဆိုရင်လည်း အခုဆို mac ချစ်သူတွေရှေ့ကို ဆိုက်ရောက်လို့လာပါပြီ။ ဒီတော့ Upgrade မလုပ်ခင်မှာ ပြင်ဆင်ရမှာလေးတွေ နှင့် သိသင့်တာလေးတွေကို ကျနော် မျှဝေချင်ပါတယ်။

၁။ Storage ကို အရင်ဆုံးစစ်ရပါမယ်

MacOS Sierra ဟာ Storage နည်းလမ်းအသစ်ကို မိတ်ဆက်ထားပါတယ်။ ပိုပြီး လျင်မြန်စွာနှင့် လုပ်ဆောင်နိုင်စေပါတယ်။ Upgrade မလုပ်ခင် ကိုယ့်ရဲ့ HDD ထဲမှာတော့ ဘယ်လောက် နေရာလွတ်သေးလဲဆိုတာကို အရင်ဆုံး စစ်ဆေးရပါမယ်။



၂။ မလိုအပ်တာများကို ရှင်းလင်းပါ

Upgrade မလုပ်ခင်မှာ အရေးကြီးပါတယ်။ ကိုယ်သုံးထားသမျှတွေဟာ System junk တွေ၊ Browser caches တွေနှင့် ယခင် Updates အဟောင်းတွေအပြင် အသုံးမလိုတော့တဲ့ ဖိုင်တွေနှင့် Downloads တွေကို ရှင်းလင်းပစ်သင့်ပါတယ်။

၃။ Backup လုပ်ပါ

Upgrade လုပ်နေချိန်မှာ ဘာဖြစ်နိုင်တယ်ဆိုတာ ကြိုတင်မမြင်နိုင်ပါဘူး။ အခန့်မသင့်ရင် error တစ်ခုခု က ဒုက္ခပေးတတ်တာဖြစ်တဲ့အတွက်။ Upgrade မပြုလုပ်ခင်မှာ external HDD (recommended) တစ်ခုခုထဲကို backup လုပ်ထားဖို့ပြောချင်ပါတယ်။ Backup ပြုလုပ်တယ်ဆိုတာဟာ အတော်လေးအသုံးဝင်ပါတယ်။ အကြောင်းမျိုးမျိုးကြောင့်လည်း တစ်ခုခုဖြစ်လာခဲ့ရင် restore လုပ်လို့ရအောင် မကြာမကြာလေး backup ပြုလုပ်ပေးတာအကောင်းဆုံးပါ။ ကျနော်ကတော့ time mechine backup ကို manual ပဲလုပ်လေ့ရှိပြီး auto backup ပေးထားရင် တခါတလေတော့လည်း အနှောင့်အယှက်ဖြစ်လို့ပါ။ အကယ်၍ ကိုယ်က မေ့တတ်တယ်ဆိုရင်တော့ autobackup ပေးထားတာအကောင်းဆုံးပါ။


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, September 17, 2016

Mac ဆရာသမားတွေအတွက် အကောင်းဆုံး macOS Sierra လာပါပြီ

 Paw Oo     12:16 PM     Mac, MacBook     No comments   

အားလုံးက iPhone 7 နှင့် 7 Plus လေးဆီကိုပဲ စိတ်တွေရောက်နေကြလေတော့ MacBook လေးတွေနှင့် macOS Sierra လေးက အမေ့ခံ ဖြစ်နေလေရဲ့။ အဲ့ဒီတော့ ကျနော်လည်း အမေ့ပျောက်ခံလေးကို အစပြန်ဆွဲထုတ်ရတာပေါ့။ အဓိက ကတော့ လာမယ့် ၂၀ ရက်နေ့မှာ တရားဝင် Update ထွက်လာမယ့် macOS အသစ်လေး Sierra ဟာဆိုရင် Apple ရဲ့ နောက်ဆုံး OS တစ်ခုဖြစ်ပါတယ်။ WWDC 2016 ဇွန်လမှာ စတင်မိတ်ဆက်ခဲ့ပြီး အားလုံးလည်း Beta Programme ကို ပါဝင်ပြီး အစမ်းသပ်ခံ ဖြစ်လာခဲ့ပါတယ်။ အခုတော့ လာမယ့် ၂၀ ရက်နေ့မှာ အားလုံးပဲ Update လုပ်ပြီး အသုံးပြုနိုင်တော့မှာပါ။
Free Update တစ်ခုဖြစ်ပြီး Mac App Store တဆင့် သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့ ရောက်ရင် အားလုံး Update လုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော Macs တွေကတော့ OS အသစ်ကို ရယူသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ Update ပြုလုပ်လို့ရမည့် MacBooks တွေကတော့ MacBook (late 2009 or newer), the MacBook Pro (mid-2010 or newer), the MacBook Air (late 2010 or newer), the Mac mini (mid-2010 or newer), the iMac (late 2009 or newer), and the Mac Pro (mid-2010 or newer) တွေပဲဖြစ်ပါတယ်။
ထပ်ဖြည့်ပြီးပြောရရင် macOS Sierra ကို upgrade လုပ်ဖို့ရာအတွက် လက်ရှိသင့် mac မှာ OS X 10.7.5 ဒါမှမဟုတ် ဒီထက် မြင့်တဲ့ OS တစ်ခုကို installed လုပ်ထားရမှာဖြစ်ပြီး RAM 2 GB နှင့် Storage က 8.8 GB အနည်းဆုံးရှိမှ ရမှာပါ။ အဓိက လုပ်ဆောင်ချက်တစ်ခုအနေနှင့် macOS Sierra မှာဆိုရင် Apple ရဲ့ Assistant ဖြစ်တဲ့ Siri ကို Mac OS ဆီကို ရောက်ရှိလာတာဖြစ်ပါတယ်။ ပထမဦးဆုံးအကြီမ် Siri ကို Mac တွေပေါ်မှာ အသုံးပြုလို့ရတော့မှာပါ။ Siri intelligent personal assistant ဟာဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် နည်းမျိုးစုံနှင့် ကူညီပေးမှာဖြစ်ပါတယ်။ ဥပမာ - ပုံတွေ၊ ဖိုင်တွေ ရှာတာပဲဖြစ်ဖြစ်၊ စာတိုပေးပို့တာတွေအပြင် သီချင်းဖွင့်တာတွေက အစ ကူညီဖို့ အသင့်ရှိနေမှာပါ။ Siri ကို သင်က ရိုးရှင်းတဲ့ အမိန့်ပေးစေခိုင်းမှုတွေနှင့် ဒါတွေအားလုံးကို လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
macOS Sierra မှာ iCloud Drive အသုံးပြုမှုကိုလည်း ပိုမိုအဆင်မြှင့်ထားပြီး အခုဆိုသင်ဟာ ဖိုင်တွေပုံတွေကို ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေနှင့် Device တွေတစ်ခုနှင့် တစ်ခုကြား ကူပြောင်း လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုင်တစ်ခုတည်းကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ တည်းဖြတ်လုပ်ဆောင်နိုင်လာတဲ့ Keynotes၊ Numbers နှင့် Pages တွေဟာဆိုရင်လည်း ပိုလို့အသုံးဝင်လာပါတယ်။

Universal Clipboard ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ဟာဆိုရင် ကိုယ့်ရဲ့ Apple Devices တွေ တစ်ခုနှင့် တစ်ခုကြား ပေါင်းကူးတစ်ခုဖြစ်လာပါတယ်။ မည်သည့် Apple Device ကမဆို သင်ကူးယူလိုက်တဲ့ အရာကို အခြား Device မှာ ပြည်လည် အသုံးပြု(Paste) နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Device တစ်ခုမှ အခြားတစ်ခုကို ပုံတွေ ၊ ဗွီဒီယိုတွေနှင့် စာသားတွေကိုလည်း Drag and Drop ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သိပ်တော့ မစိမ်းလှတဲ့ နည်းပညာဖြစ်ပြီး Avatar ရုပ်ရှင်ကားထဲကလို အနားကပ်ပြီး Drag and Drop လုပ်နိုင်တော့မှာဆိုတော့ ထူးခြားတဲ့ Copy Paste ပဲပေါ့ဗျာ။
နောက်တစ်ခုကတော့ macOS Sierra မထွက်ခင်တည်းက လူအများကြားထဲ ရေပန်းစားနေတဲ့ Apple Watch မှ တစ်ဆင့် Mac တွေကို unlock ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ သင်ဟာ Apple Watch ဝတ်ဆင်ထားသူဖြစ်ပြီး နောက်ဆုံးထွက် Watch OS ကို upgrade လုပ်ထားပြီးဖြစ်ရင်တော့ လာမယ့် ၂၀ ရက်နေ့ကစပြီး သင့် Mac ကို Password တစ်လုံးမှ ရိုက်စရာမလိုပဲ ဖွင့်ပြီး တန်းသုံးနိုင်မှာဖြစ်ပါတယ်။

အခြားလုပ်ဆောင်ချက်တွေအနေနှင့်ကတော့ Apple Pay၊ Picture in Picture Mode၊ Memories၊ messages နှင့် ပိုမိုကောင်းမွန်လာမယ့် iTunes လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ Picture-in-Picture အနေနှင့်ကတော့ လုပ်လက်စ အလုပ်လေးတွေ မပျက်ရအောင် နှင့် Webpage တွေနှင့် iTunes ကနေ ကိုယ်ကြည့်ချင်နေတဲ့ ဘောပွဲလေးတွေ၊ ရုပ်ရှင်လေးတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ အလုပ်မပျက်စေပဲ ကြည့်နိုင်မှာဖြစ်ပါတယ်။
လတ်တလောကတော့ iOS 10 လေးကို သုံးနေရင်းနှင့် လာမယ့် ၂၀ ရက်နေ့မှာရမယ့် macOS လေးကိုလည်း မမေ့ကြပါနှင့်လို့ . . .
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Wednesday, September 14, 2016

iOS 10 Upgrade မလုပ်ခင်

 Paw Oo     9:59 AM     Apple     No comments   


iOS 10 တော့ ကို Upgrade လုပ်လို့ရပြီဖြစ်ပါတယ်။ သင့်ဖုန်းဟာ iOS 10 ကို Upgrade လုပ် ဖို့သင့်တော်ရဲ့လား ? နောက်ပြီး iOS Upgrade မလုပ်ခင် ဘာတွေ ပြင်ဆင်ဖို့ လိုအပ်သလဲ ? အောက်မှာ ဆက်ပြီးကြည့်ရအောင်။

ပထမဦးဆုံး သိရမှာက Upgrade လုပ်လို့ရတဲ့ Devices တွေပါ။ အောက်မှာရှိတဲ့ List ကတော့ iOS 10 ကို Upgrade လုပ်လို့ရမယ့် Devices တွေပဲဖြစ်ပါတယ်။


List ထဲမှာ မပါတဲ့ Devices တွေကတော့ iOS 9 မှာပဲ နောက်ကျ ကျန်ခဲ့တော့မှာပါ။ Devices တွေကတော့ iPhone 4s, iPad Air, iPad 3rd Generation, iPad 2, iPad Mini 1st Generation နှင့် iPod Touch 5th Generation တွေပဲဖြစ်ပါတယ်။ Apple ကတော့ ကိုယ့်ရဲ့ Device တွေကို ကိုယ်ကိုတိုင် Date Out အောင်လုပ်တဲ့အထဲမှာ ဆရာကြီးပဲဆိုရမလား ?

နေရာလွတ်ကျန်သေးရဲ့လား ?
Upgrade ဒုတိယ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ကျနော်ဆိုရင် Applications တွေ အတော်များများဖျက်ပြစ်လိုက်ရပါတယ်။ ပုံတွေကတော့ များသောအားဖြင့် ကျနော်က တစ်လ တစ်ခါလောက် ကွန်ပျူတာထဲ Backup လုပ်လေတော့ ပုံတွေကိုတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ ပုံတွေကိုတော့ ပျက်မသွားရလေအောင် ဂရုစိုက်သင့်ပါတယ်။ ပုံတွေ၊ Notes တွေ နှင့် ဖုန်းနံပါတ်တွေ နောက်ပြီး Video တွေ ကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ iCloud Sync ကလည်း တစ်ခါတစ်လေ စိတ်မချရလေပါဘူး။ ဘာလို့ဆို အင်တာနက်လိုင်းက ကျနော်တို့ဆီမှာ သိပ်မကောင်းပါဘူး။

Applications များကို Update လုပ်ပါ

နောက်တစ်ခုက လက်ရှိ iOS 9 မှာသုံးနေတဲ့ Applications တွေကို Update လုပ်ထားဖို့ပါ။ ဒါမှလည်း iOS 10 ကို upgrade လုပ်ပြီးသွားတဲ့အခါမှာ အသင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Back Up လုပ်ပါ

နောက်ဆုံး အသိပေးချင်တာကတော့ ဖုန်းတစ်ခုလုံးကို ကွန်ပျူတာနှင့် ချိတ်ပြီး Backup လုပ်ဖို့ မမေ့ပါနှင့်။

အားလုံးလုပ်ပြီးလို့ စိတ်ချရပြီဆိုရင်တော့ Setting > General > Software Update ကို သွားပြီးတော့ Download And Install ဆိုပြီး Upgrade လုပ်လို့ရပြီဖြစ်ပါတယ်။


အခုထွက်လာတဲ့ iOS 10 Upgrade နှင့်ပတ်သတ်ပြီး အချို့သော Devices တွေမှာ ဘာမှအလုပ်ဆက်မလုပ်တော့ပဲ ရပ်သွားတာမျိုးတွေ ကြုံရပါတယ်။ နောက်ပြီး Computer ကနေ Update လုပ်မယ်ဆိုရင်တော့ iTune ကို အရင်ဦးဆုံး Update ပြုလုပ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး iTune ကနေ Update လုပ်မယ်ဆိုရင် ဖုန်းတစ်ခုလုံးကို Wipe (ဖျက်) ပစ်မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဒေတာ လေးတွေမပျက်သွားရလေအောင် သတိရှိရှိနှင့် Backup ပြုလုပ်ဖို့ မမေ့ပါနှင့်လို့။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ▼  November (2)
      • 360° Feature ပါလာတော့မယ့် VLC
      • Apple သီချင်း ဝန်ဆောင်မှု ဈေးလျော့ချမယ်
    • ►  October (5)
      • ဒီဂျစ်တယ်အနုပညာသမားတွေနှင့် တီထွင်ဖန်တီးမှုကို နှစ...
      • MacBook Pro 2016
      • Hello Again နှင့် အတူပြန်လာမယ့် MacBook Pro
      • အဖွဲအစည်းတွေ လုပ်ငန်းတွေ အားလုံးအတွက် Workplace ကိ...
      • အောက်တိုဘာ Google Event အကြို နှင့် တိုက်ရိုက်ကြည်...
    • ►  September (13)
      • GoPro ရဲ့ မြေပြင်မှ ဝေဟင်သို့
      • ၂၂ နာရီကြာ အသုံးခံမယ့် Dell XPS 13
      • macOS Sierra Upgrade မလုပ်ခင်
      • Mac ဆရာသမားတွေအတွက် အကောင်းဆုံး macOS Sierra လာပါပြီ
      • iOS 10 Upgrade မလုပ်ခင်
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates