Photo Credit ; 9to5mac |
အားလုံးသိကြတဲ့အတိုင်း Mac တွေမှာ Motion Sensors တွေမပါရှိတဲ့အတွက် သင်ဟာ 360° Videos တွေကို လှည့်ပတ်ကြည့်ရှုဖို့ရာ Mouse တွေ Keyboards တွေစတဲ့ input devices တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်အချိန်တွင်း iPhone နှင့် iPad တွေ မှာလည်း 360° Features ကို အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။
VLC Media App Version 3.0 မှာဆိုရင် 360° Videos တွေသာမကပဲ Panorama Photos တွေကိုပါ ကိုကိုယ်တိုင် နေရာကို ရောက်နေတဲ့အတိုင်း ခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး 360-degree ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ : zoom, little planet, and reverse little planet စတဲ့ features တွေကို ရရှိနိုင်မှာပါ။
Photos Credit ; 9to5mac |
Video LAN Org ရဲ့ ပြောကြားချက်အရ လက်ရှိ Video နှင့် Pictures တွေဟာဆိုရင် Spherical Spec ကိုအသုံးပြုထားပြီး သူ့တို့ရဲ့ 360° လုပ်ဆောင်ချက်ကတော့ မတူညီတဲ့ spatial video spec နည်းပညာကို အသုံးပြုထားတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ Preview အဆင့်မှာပဲရှိနေသေးတဲ့ VLC 3.0 Version ကို ရယူပြီး အသုံးပြု လိုတယ်ဆိုရင်တော့ - Mac သမားတွေအတွက် MacOS VLC 3.0 နှင့် Windows သမားတွေအတွက် Windows VLC 3.0 ကိုရယူနိုင်ပါတယ်။ စမ်းသပ်ကြည့်ရှုနိုင်မည့် Video သုံးခုရှိနေပြီး အောက်မှ လင့်ခ်ကို နှိပ်၍ ရယူနိုင်ပါတယ်။ ဒီမှာဒေါင်းပါ
0 comments:
Post a Comment