"Hello Again" ဆိုတာဟာ တချိန်က Apple က G3 iMac ကိုမိတ်ဆက်ခဲ့ချိန်က သုံးခဲ့တဲ့ စာသားဖြစ်ပါတယ်။ |
MacBook Crazy တွေအတွက် အချိန်ကျရောက်လို့လာပါပြီ။ နှစ်အတော်ကြာ အနည်းငယ် ပြောင်းလဲမှုတွေနှင့်သာ တစ်နှစ်ပြီးတစ်နှစ် ကုန်လာခဲ့တဲ့ MacBook Pro အသစ်ကို လာမယ့် ၂၇ ရက်နေ့ Apple Campus မှာပြုလုပ်မယ့် ပွဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီပွဲဟာဆိုရင် Apple အတွက် နေရာအသစ်ကို မပြောင်းခင် နောက်ဆုံးပြုလုပ်မယ့် ပွဲတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ Apple ဟာ တရားဝင် ဖိတ်ကြားစာတွေနှင့်အတူ Media တွေကိုလည်း ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ အားလုံးလဲ MacBook Pro အသစ်ကို မြင်တွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားနေမယ်လို့လည်း ထင်ပါတယ်။ နောက်ပြီး MacBook နှင့် MacBook Air နှစ်မျိုးကိုလည်း အနည်းငယ်ပြန်ပြီး စမ်းသစ်မှုတွေလုပ်မယ်လို့ ကျနော်ထင်တယ်ဗျ။
နောက်ပြီး လာမယ့် Christmas မရောက်ခင် သုံးစွဲသူတွေလက်ထဲ ရောက်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ Apple ဟာ ၂၀၁၂ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ MacBook Pro ကို အနည်းငယ်ပြောင်းလဲမှုတွေနှင့်အတူ အခုချိန်ထိ ရောင်းချနေတာဖြစ်ပါတယ်။ အခု ၂၀၁၆ ခုနှစ် မှာဆိုရင် ForceTouch Trackpad နှင့်အခြား ပြောင်းလဲမှုအနည်းငယ်သာရှိခဲ့တာဖြစ်ပါတယ်။
တင်ကွတ် ဟာ လာမယ့်ပွဲမှာ MacBook Pro အသစ်ကိုမိတ်ဆက်မယ်လို့ပဲ အားလုံးကလည်းမျှော်လင့်ထားကြပြီး Port တွေလျော့နည်းသွားမယ့်အပြင်၊ Charging ဟာဆိုရင်လည်း USB C ကိုပဲ အသုံးပြုလိမ့်မယ်လို့လည်း ကြားနေရပါတယ်။ ဒါ့အပြင် OLED Touch တွေနှင့် Function Key တွေကို အစားထိုးသွားမယ်ဆိုတာလည်း စာတွေပို့စ်တွေအများအပြားမှာ မြင်တွေ့နေရပါတယ်။ MacBook Crazy တွေအတွက်တော့ တကယ့်ကို ရင်ခုန်စွာနှင့် စောင့်ကြည့်ရမယ့် ပွဲလေးဖြစ်ပြီး ပိုပါးမယ် ပိုမိုမြန်ဆန်လာမယ့် MacBook Pro လေးကို စောင့်ကြည့်ကြရအောင်ဗျာ။
0 comments:
Post a Comment