Tech Pop
  • Home
  • My Facebook
  • Contact Me

Thursday, June 29, 2017

Qualcomm ဖုန်းမှန်တွေအောက်မှာ Fingerprint တွေပါလာတော့မယ်

 Paw Oo     10:53 AM     Technology     No comments   


အခု ပြုလုပ်နေတဲ့ ရှန်ဟိုင်း နည်းပညာပြပွဲ ( Mobile World Congress 2017 ) မှာဆိုရင်တော့ Qualcomm က သူ့ရဲ့ ကိုယ်ပိုင် mobile display-screen အောက်က fingerprint-sensing technology ကို တရုတ် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo နှင့်အတူ မိတ်ဆက်လိုက်ပါပြီ။

Vivo ဟာ အဆိုပါ Qualcomm ရဲ့ fingerprint-sensing technology ကို အသုံးပြုထားတဲ့ ဖုန်းတစ်မျိုးကို Concept Video အနေနှင့် စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီနည်းပညာဟာဆိုရင် piezoelectrics ကိုအသုံးပြုထားကာ ultrasonic waves တွေကို အပေါ်မှာရှိတဲ့ ဖုန်း display မှန်ကို ဖြတ်ပြီး ဖုန်းကိုထိလိုက်တဲ့ မိမိရဲ့ လက်ကိုဖတ်ပြီး အလုပ်လုပ်ပေးတာဖြစ်ပါတယ်။

Qualcomm ရဲ့ Press release အရ - ယခု fingerprint နည်းပညာဟာ နောက်လာမယ့် Qualcomm Snapdragon တွေအတွက် ပါဝင်ပြီးသား နည်းပညာတစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။ နောက်ပြီး Snapdragon Hardware မဟုတ်တဲ့ Chipsets တွေအတွက်လည်း Solution တစ်ခု ရှိပြီလို့လည်းဆိုပါတယ်။ fingerprint-sensing under glass နည်းပညာဟာဆိုရင် OLED Displays, ရိုးရိုးသာမန် မှန်တွေ နှင့် အလူမီနီယံ တွေကိုပါ ဖြတ်သန်းပြီး အလုပ်လုပ်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်။ fingerprint-sensing under screen နည်းပညာကို ယခုလကနေ စပြီး မိုဘိုင်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနှင့် စတင် အသုံးပြုနိုင်မယ့်လည်း သိရပါတယ်။ ဒါပေမယ့်လည်း ထုပ်လုပ်ရမယ့် နည်းပညာအဆင့်ဆင့်အရ sensor ပါဝင်တဲ့ display တွေကိုတော့ ယခုနှစ်ရဲ့ လေးလပတ် တွင်းမှာသာ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ နောက်လာမယ့် ၂၀၁၈ မှာ fingerprint တွေအားလုံး မှန်အောက်ရောက်သွားတော့မယ်ဆိုတော့ ခလုတ်တွေအားလုံး ပျောက်သွားတော့မှာလား ???
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Tuesday, June 27, 2017

Galaxy Note 7 FE ဆိုပြီး ပြန်လည်ရောင်းချတော့မယ့် Samsung

 Paw Oo     10:11 PM     Samsung     No comments   



လာမယ့် သတင်းပတ်ထဲမှာ Samsung ဟာ သူ့ရဲ့ Note 7 တွေကို ပြန်လည်ရောင်ချတော့မှာဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ အမျိုးမျိုးသော ကောလဟာလ တွေ ကြားနေရတာ အားလုံးလည်း သိကြမှာပါ။

မကြာပြီ လာမယ့် အပတ်မှာ ဆိုရင်တော့ Galaxy Note 7 FE (Fandom Edition) ဆိုပြီးတော့ Note 7 ဖုန်းတွေကို ပြန်လည်ပြင်ဆင်ထားတဲ့ ဖုန်းတွေကို ရောင်းချတော့မယ်လို့ သိရပါတယ်။ ရက် အတိအကျ ပြောရရင်တော့ ဂျူလိုင် ၇ ရက်နေ့ မှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ 616$ အောက်နှင့်  ရောင်းချမယ်လို့ သိရပါတယ်။

ထူးခြားချက် တစ်ခုကတော့ ဘတ်ထရီ လျော့ချထားပြီး အနည်းငယ်ပြောင်းလဲထားတဲ့ အတွင်းပိုင်းထည့်သွင်းတည်ဆောက်မှုတွေရှိတယ်လို့ ကိုရီးယား သတင်း ဆိုဒ် Yonhap ရဲ့ သတင်းအရ သိရပါတယ်။ နောက်တစ်ခုကတော့ Galaxy Note 8 ကိုလည်း လာမယ့် သြဂုတ်လမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, June 24, 2017

တစ်ကိုယ်ရေသုံး Drone ဝယ်ဖို့စဥ်းစားနေရင် ( DJI Spark )

 Paw Oo     8:21 PM     Drone     No comments   


2017 ခုနှစ်အတွင်းမှာ DJI က သူ့ရဲ့ Drone မိသားစုထဲကို ထပ်မံရောက်ရှိလာတဲ့ မိသားစုအသစ် DJI Spark

DJI Spark ဟာဆိုရင် Mini  Drone အမျိုးအစား တစ်ခုဖြစ်ပြီးတော့ ဇွန်လ ၂၀၁၇ ကနေ စပြီး ဝယ်ယူရရှိနိုင်တဲ့ တစ်ကိုယ်ရေသုံး Drone အသေးတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မြန်ဆန်ဆန် လေထဲကို ပျံတက်နိုင်ပြီးတော့ Selfies အလန်းစား တွေရိုက်နိုင်အောင် ဖန်တီးထားတဲ့ Drone တစ်ခု။ နောက်ပြီး သူ့ရဲ့ ကိုယ်ထည် ဘယ်လောက်တောင်သေးလည်းဆိုရင် Galaxy S8 တစ်လုံးစာ သာရှိပါတယ်။ ပြောရရင် သင့်လက်ထဲမှာ အသာလေး ကိုင်ထားလို့ရတဲ့ ပေါ့ပေါ့ပါးပါး Drone တစ်စီးပါ။

အားသာချက်
- လေထဲကို လျင်လျင်မြန်မြန် ပျံတက်နိုင်တယ်။
- အလွယ်တစ်ကူ ထိန်းချုပ်နိုင်တယ်။
- လက်ပြပြီး ထိန်းချုပ်နိုင်တဲ့ နည်းပညာပါဝင်တယ်။
- ၄၉၉ ဒေါ်လာ သာရှိတဲ့ ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။

အားနည်းချက်
- Drone ဟာ သိပ်ကို သေးငယ်ပြီးတော့ အလေးချိန် သိပ်မရှိတော့ လေနည်းနည်းလေး ပြင်းရင်တော့ တည်ငြိမ်စွာ ပျံသန်းနိုင်မှုကို ထိခိုက်နိုင်တယ်။
- 1/2.3-inch သာရှိတဲ့ ကင်မရာ Sensor ဟာ အလင်းရောင်နည်းချိန်မှာ တော့ သိပ်ပြီး Performace ကောင်းနိုင်မှာမဟုတ်ပါဘူး။
- Video Resolution ကလည်း 1080P သာရှိပါတယ်။ တချို့ကလည်း ဒါဟာ ဈေးနှုန်းအရ သင့်တင့်တယ်လို့ ဆိုပါတယ်။
- ၁၆ အောင်စ ရှိ CocaCola ဗူးထက်ကို အနည်းလေး ကြီးပေမယ့်လည်း။ လေအနည်းငယ် ပြင်းနေချိန်မှာတော့ Drone ကို မပျံသန်းဖို့ အကြံပြုချင်ပါတယ်။

သင်ရော DJI Spark အပေါ် ကိုယ်ပိုင် အမြင်လေးတွေကိုလည်း Comments မှာ မျှဝေသွားကြပါဦး . . .
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3

 Paw Oo     9:07 AM     Games     No comments   


Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီးမှာ ဖြန့်ချိပေးခဲ့ပါတယ်။ Darksiders 1 အတွက် Warmastered Edition နဲ့ 2 အတွက်တော့ Deathinitive Edition ဆိုပြီး Edition နှစ်ခုထွက်ရှိထားပြီး နောက်ဆက်တွဲအခွေမထွက်လာပဲ အချိန် 5 နှစ်ကြာယူလာခဲ့တဲ့ THQ Nordic ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Darksiders 3 ထွေလာကို ပရိသတ်ရှေ့မှောက်ချပြခဲ့ပါတယ်။ ထွေလာစစချင်းမှာ Darksiders 1 ရဲ့အဓိကဇာတ်ကောင်၊ မြင်းစီးစစ်သည်တော် တစ်ယောက်လည်းဖြစ်တဲ့ War ကို Charred Council မှာချူပ်နှောင်ထားပါတယ်။ ထွေလာအရဆိုရင်တော့ တစ်ချိန်တည်းမှာပဲ Seven deadly sins ခုနှစ်ခုဟာ လွတ်မြောက်သွားတဲ့အတွက် အဲတာတွေအားလုံးကို မြင်းစီးစစ်သည်တော်လေးယောက်ထဲက နောက်ထပ်တစ်ယောက်ဖြစ်တဲ့ Fury ကတစ်ခုချင်းစီလိုက်ပြီး သုတ်သင်နှိမ်နင်းရမယ့် ဇာတ်အိမ်လို့သုံးသပ်နိုင်ပါတယ်။ ၂ မိနစ်စာထွေလာဖြစ်တာမို့ ဘယ်လောက်မှ များများစားစား မသိနိုင်ပေမယ့်သိရှိရတာတွေနဲ့ သေချာတဲ့ခန့်မှန်းချက်တစ်ချို့ကို ဒီမှာဖော်ပြပေးလိုက်ပါတယ်။

Darksiders 3 ရဲ့အဓိကဇာတ်ကောင် Fury



Darksiders 3 ရဲ့အဓိကဇာတ်ကောင်ကတော့ မြင်းစီးစစ်သည်တော်လေးဦးထဲက တစ်ဦးဖြစ်တဲ့ Fury (အမျက်ဒေါသ) ပဲဖြစ်ပါတယ်။ အဲဒီလေးဦးထဲက War (စစ်ပွဲ) နဲ့ Death (သေခြင်းတရား) တို့ဟာ ညီအစ်ကိုတွေဖြစ်ပြီး ပထမခွေနဲ့ ဒုတိယခွေရဲ့ အသီးသီး အဓိကဇာတ်ကောင်တွေလည်းဖြစ်ပါတယ်။ Darksiders 3 ရဲ့ထူးခြားချက်က အဓိကဇာတ်ကောင်ဟာ မြင်းစီးစစ်သည်လေးယောက်ထဲက တစ်ဦးထဲသော အမျိုးသမီးဖြစ်နေတာပါပဲ။ IGN ရဲ့ gameplay ဗီဒီယိုအရဆိုရင်တော့ Fury ဟာမှော်ကြာပွတ်ကို ကိုင်ဆောင်ပြီး အခြားထူးခြားတဲ့လက်နက်တွေနဲ့တိုက်ခိုက်လိမ့်မယ်လို့ ယူဆရပါတယ်။

ဂိမ်းရဲ့လျှို့ဝှက်တဲ့ နောက်ခံဇာတ်ကြောင်း



ထွေလာမှာကြားသိခဲ့ရတဲ့စကားတွေကနေဆိုရင်တော့ Darksiders 3 ဂိမ်းမှာ Fury နဲ့အဓိကရင်ဆိုင်ရမယ့်ရန်သူတွေဟာ Seven Deadly Sins နဲ့သူတို့ရဲ့လက်ပါးစေရန်သူတော်တွေဖြစ်တယ်လို့ သိနို်င်ပါတယ်။ မတူညီတဲ့ပြစ်ချက်ကြီးခုနှစ်မျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြစ်ချက်တစ်မျိုးချင်းစီမှာ ကွဲပြားခြားနားတဲ့သွင်ပြင်၊ လက္ခဏာနဲ့ စွမ်းရည်တွေရှိလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပြစ်ချက်တစ်မျိုးဆီမှာ သူတို့ရဲ့ပိုင်နက်ကိုယ်စီ အသီးသီးရှိကြပြီး အဲဒါတွေကိုလိုက်လို့ ကိုယ်သွားရတဲ့ပတ်ဝန်းကျင်၊ သဘာဝဟာလည်း ပြောင်းလဲသွားမှာပါ။

ဇာတ်ကောင်စွမ်းရည်နဲ့ ဆော့ရမယ့်ဂိမ်းပုံစံ

Darsiders 3 ရဲ့ဇာတ်ကောင် Fury အသုံးပြုမယ့် လက်ရွေးစင်လက်နက်တွေထဲမှာ အနီရောင်ရှိတဲ့မှော်ကြာပွတ်လက်နက်နဲ့ ဂိမ်းတစ်လျှောက်ရရှိမယ့်ထူးခြားတဲ့စွမ်းရည်တွေအပြင် စကြာနဲ့ ဓါးကိုပါ ကိုင်ဆောင်တိုက်ခိုက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တွေ့ရှိတဲ့ concept art အရဆိုရင် Fury ရဲ့လက်နက်တွေထဲမှာ သူ့အရပ်တစ်မျှကြီးမားတဲ့ တူလက်နက်ပါ ပါဝင်နိုင်ပါတယ်။ Darksiders 3 ဟာ သူ့ရဲ့ရှိရင်းစွဲဂိမ်းပုံစံကို ကျောရိုးခံပြီးပြင်ဆင်ပြောင်းလဲမှု အနည်းငယ်လုပ်ထားပါတယ်။ Open World ဂိမ်းပုံစံနဲ့ ရင်ခုန်စရာကောင်းတဲ့ဇာတ်ကြောင်းအပေါ်မှာ မတူကွဲပြားတဲ့ကမ္ဘာအသီးသီးနဲ့ လျှို့ဝှက်နယ်မြေတွေ၊ မြေအောက်ခန်းတွေထဲကခေါင်းစားစေမယ့် ပဟေဠိပေါင်းစုံနဲ့ ရှားပါးသေတ္တာပုံးတွေ၊ တိုက်ကွက်ပေါင်းစုံနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ရန်သူတွေကို တစ်စုတစည်းတည်း ပေါင်းစည်းထားတဲ့ Darksiders 3 ကိုဂိမ်မာတွေက နဂိုအရသာမပျက် အားပါးတရဆော့ကြရမှာပါ။ ဒီတော့ မျှော်မှန်းချက်ပေါင်းများစွာနဲ့ နောက်နှစ်မှာထွက်မယ်လို့ သတင်းရထားတဲ့ Darsikders 3 ရဲ့ထွေလာနဲ့ gameplay ဗီဒီယိုကိုကြည့်ပြီး အပီဆော့ဖို့ စိုင်းပြင်းနေလိုက်ကြပါဦးလို့ ဒီကနေ တိုက်တွန်းလိုက်ချင်ပါတယ်။




Darksiders 3
Yan (11.5.2017) Ref: trustedreviews
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Thursday, June 22, 2017

MIMO or "Multiple-input, multiple-output" နှင့် နည်းပညာ

 Paw Oo     9:40 PM     Technology     No comments   


MIMO ဆိုတာ wireless နည်းပညာအခေါ်ဖြစ်ပြီဂ "Multiple-Input and Multiple-Outpot" ကိုပြောတာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ Telenor ၊ Ooredoo၊ MyTel နှင့် MPT ဆိုပြီး မိုဘိုင်းအော်ပရေတာ ၄ ခုရှိနေပြီးတော့ MPT ကတော့ နည်းပညာအမြင့်ဆုံး 4x4 MIMO ကိုအသုံးပြုပြီး  မိုဘိုင်းဆက်သွယ်မှုတွေကို ဝန်ဆောင်မှုပေးနေတာပါတယ်။

MIMO နည်းပညာဟာဆိုရင် တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ Antennas အများကြီးဆီကနေ ဒေတာတွေကို transmitter ပြုလုပ်ပေးနိုင်ပြီးတော့ ဒေတာအများအပြားကို အသုံးပြုသူရဲ့ Device ဆီသို့ အလျင်အမြန် ပေးပို့ပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ပြောရရင် MPT ရဲ့ 4x4 MIMO အသုံးပြုထားတဲ့ LTE Advance ဒါမှမဟုတ် MPT ကပြောတဲ့ LTE+ ဆိုတာ က မိမိအင်တာနက်အသုံးပြုတဲ့အခါမှ ပိုမိုလျင်မြန်အောင် Antannas လေးခုမှ တစ်ပြိုင်တည်း ဒေတာတွေကို ကိုယ့်ဆီအရောက်ပို့ ဆောင်ပေးနိုင်တဲ့အတွက် အခြား Opretors တွေထက် ပိုမို လျင်မြန်တဲ့ အင်တာနက်ကို ဆက်သွယ်အသုံးပြုနိုင်တာဖြစ်ပါတယ်။

4x4 MIMO နည်းပညာကို အပြည့်အဝ အသုံးပြုနိုင်ဖို့ရာအတွက်ကို သင့်ရဲ့ မိုဘိုင်းဖုန်းဟာလည်း 4x4 MIMO ကို ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါမှသာ ပိုပြီး လျင်မြန်တဲ့ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။



လက်ရှိအချိန်ထိ 4x4 MIMO ကို အပြည့်အဝ အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေကို ကျွန်တော်လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် - ဒီနှစ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ SAMSUNG ရဲ့ Galaxy S8, S8+  Cat16 1024/150 Mbps နောက်ပြီး SONY ရဲ့ နောက်ဆုံးထွက် XZ Premium Cat16 1024/150 Mbps ဖုန်းတွေဖြစ်ပါတယ်။ Cat16 1024/150 Mbps ဆိုတာကတော့ Gigabit LTE တစ်နည်းအားဖြင့် LTE Category 16 Downstream နည်းပညာကို ရည်ညွှန်းပါတယ်။ ဒီလို ဖုန်းတွေနှင့် အင်တာနက် သုံးတဲ့အခါမှာ 1Gbps သို့မဟုတ် 150 Mbps ထိ ရရှိနိုင်တယ်လို့လည်း သိရပါတယ်။ 4G LTE Router အနေနှင့်အသုံးပြုချင်ရင် ကျွန်တော်သိသလောက်ကတော့ Qualcomm's X16 LTE Modem အသုံးပြုတည်ဆောက်ထားတဲ့ Netgear ရဲ့  Nighthawk M1:LTE Cat16 Router ရှိပါတယ်။



အဆုံးသတ် ပြောရရင် MIMO နည်းပညာဟာ Smart Anatennas Technology ပါတယ်။ အခြားသော Antannas နည်းပညာတွေကတော့ SIMO (Single input, multiple output) နှင့် MISO (Multiple input, single output ) ဆိုတာတွေလည်း ရှိပါသေးတယ်။ Legacy Wireless Devices တွေအနေနှင့်ကတော့ SIMO ဖြစ်ပြီး တစ်ချိန်တည်းမှာ Antennas တစ်ခုနှင့်သာ Data တွေကို လက်ခံနိုင်တာဖြစ်ပါတယ်။


MPT ရဲ့ 4x4 MIMO (LTE+) ကို အပြည့်အဝ အသုံးပြုပြီး အင်တာနက်ထဲ လွင့်မြောနေချင်ရင်တော့ ဈေးကြီးပေးရတဲ့ ပစ္စည်းလေးတွေတော့ လိုမယ်နော် . . . 😉

ref: Quora.com , techspot.com
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Tuesday, June 20, 2017

E3 2017 က ကစားချင်တဲ့ ဂိမ်းလေးတွေ

 Paw Oo     7:15 PM     Games     No comments   

ကျွန်တော်ကြိုက်တဲ့ ဂိမ်းတွေနှင့် ကျွန်တော့်ရဲ့ စာဖတ် သူတွေ ကြိုက်မယ်ထင်တဲ့ ဂိမ်းလေးတွေကို အကြမ်းဖျင်း စုစည်း ပေးလိုက်ပါတယ်။


Arms



Arms ဆိုတာ ဖိုက်တင်ဂိမ်းတစ်ခုဖြစ်ပြီးတော့ သတ်ကွင်းထဲမှာ တစ်ဖတ်နှင့်တစ်ဖတ် လက်တန် အရှည်ကြီးတွေထွက်ပြီး တိုက်ခိုက်ရတာဖြစ်ပါတယ်။ ဒီဂိမ်းဟာဆိုရင် Nitendo Switch အတွက် အထူးပြုလုပ်ထားတဲ့ ဂိမ်းဖြစ်ပြီး Switch ရဲ့ လက်ကိုင် နှစ်ခုကို တစ်ဖက်စီမှာကိုင်ပြီးတော့ အပြင်မှာ တကယ်ထိုးသလို Motion Detection နှင့် ကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : June 16 2017

ကစားနိုင်မယ့် Platform : 3DS

Crash Bandicoot: N. Sane Trilogy



ဒီဂိမ်းကိုတော့ အားလုံးသိကြမှာပါ။ အခုဆိုရင် PS4 အတွက် Remaster ပြန်လည်ပြုလုပ်ထားပြီး Graphic ပိုင်းတွေက အစ အဆင်မြှင့်တင်မှုတွေအများကြီး ပြုလုပ်ထားပါတယ်။

ထွက်ရှိမယ့်ရက် : June 30 2017

ကစားနိုင်မယ့် Platform : PS4

Splatoon 2


Nitendo Switch အတွက် သီးသန့်ထွက်ရှိတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Wii U Third-person Shooter ဂိမ်းရဲ့ နောက်ထွက် Series တစ်ခုလည်းဖြစ်ပါတယ်။ Game Modes တွေအားဖြင့် Campaign, Weapons, Maps နှင့် Modes ဆိုပြီးတော့ ရွေးချယ်ကစားနိုင်ပါတယ်။

ထွက်ရှိမယ့်ရက် : July 21 2017

ကစားနိုင်မယ့် Platform : Nintendo Switch

Agents of Mayhem



စိတ်ကြိုက် နေရာစုံ လျောက်သွားနိုင်ပြီးတော့ Saints Row လို ကိုလုပ်ချင်ရာကို စိတ်တိုင်းကျ လုပ်နိုင်မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းဇာတ်ကောင်ပေါင်းများစွာနှင့် စိတ်တိုင်းကျ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : August 15 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Uncharted: The Lost Legacy


PS4 အတွက်သာ သီးသန့်ထွက်ရှိတဲ့ Uncharted Series တွေဟာ အလွန်အောင်မြင်တဲ့ ဂိမ်း ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။ Gamers တွေကြား မိတ်ဆက်စရာမလိုလောက်တော့ အောင်ကို နာမည်ကြီးတယ်ဆိုတာ သိပါတယ်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Uncharted 4 မဟုတ်တော့ပဲနှင့် သီးသန့် ဇာတ်လမ်းတစ်ခု အဖြစ် ထပ်မံထွက်ရှိလာတာဖြစ်ပါတယ်။ အိန္ဒိယမှာအခြေတည်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ သင်ဟာ Chloe Frazer အဖြစ် ဆော့ကစားရမှာဖြစ်ပြီးတော့ ကိုယ်နှင့်အတူ Nadine Ross ဆိုတဲ့ ကြေးစားအမျိုးသမီးတစ်ယောက်နှင့်အတူ ရာတနာသိုက်တစ်ခုဖြစ်တဲ့ The Tusk of Ganesha ဆိုတာကို စွန့်စားခန်းဖွင့်ရမယ့် ဂိမ်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : August 22 2017

ကစားနိုင်မယ့် Platform : PS4

Mario + Rabbids: Kingdom Battle


အလှည့်ကျ Strategy တွေပေါင်းစပ် ပြီး ဆော့ကစားရမယ့် Game တစ်ခုဖြစ်ပါတယ်။ Mario World ထဲမှာ အခြေတည်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီးတော့ Ubisoft ရဲ့ မူပိုင် ဇာတ်ကောင်ဖြစ်တဲ့ Rabbit တွေ အတူတကွ ပွဲထွက်လာတဲ့ ထူးထူးခြားခြား ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂိမ်းကစားတဲ့ ပုံစံကတော့ XCOM Series တွဲတွေ လို ကစားရတာဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : August 29 2017

ကစားနိုင်မယ့် Platform : SWITCH

Life is Strange: Before The Storm



ဒီဂိမ်းလေးကလည်း Gamers တွေရဲ့ အသည်းစွဲ ဇာတ်လမ်းတွဲလေး တစ်ခုပဲဖြစ်ပါတယ်။ အခု Before The Storm မထွက်ခင်တည်းက ၃ ပိုင်း ထွက်ရှိထားပြီး ဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : August 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Evil Within 2


Horror ဂိမ်း ကြိုက်နှစ်သက်သူတွေ ကတော့ Evil Within ဆိုတာနှင့် ဒီဂိမ်းကိုလည်း တမ်းတမ်းစွဲ ဖြစ်မိမှာပါ။ Resident Evil ဂိမ်းတွေကို ဖန်တီးသူဖြစ်တဲ့ Shiji Mikami Studio မှ ထပ်မံမွေးထုပ်ပေးလိုက်တဲ့ Evil Within 2 ဟာလည်း ဘယ်လို သည်းထိတ်ရင်ဖိုတွေနှင့် ကြုံတွေ့ရဦးမလည်းဆိုတာကိုတော့ . . .

ထွက်ရှိမယ့်ရက် : October 13 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Assassin Creed Origins


အရင် Assassin Creed စီးရီးတွေထက် ပိုစောတဲ့ ခေတ်ဦးမှာ အစပြုထားပြီးတော့၊ အီဂျစ် မှာ အခြေတည်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : October 27 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Call of Duty: WWII


World War II ကို ပြန်လည် ရောက်ရှိသွားတဲ့ Call of Duty လို့ပြောရမလား။ တချို့ကလည်း Battlefield 1 ကို ကြည့်ပြီး ခိုးချတယ်လို့ ဆိုကြပေမယ့်လည်း Call of Duty ကိုမှ ပိုပြီး ကြိုက်ကြတယ်ဆိုတဲ့ သူတွေအတွက်ကတော့ အတော်လေးကို စောင့်မျှော်နေရတဲ့ ဂိမ်းတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။

ထွက်ရှိမယ့်ရက် : November 3 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Wolfenstein II: The New Colossus


2014 မှာထွက်ရှိခဲ့တဲ့ Wolfenstein: The New Order ကို ဇာတ်လမ်း ဆက်ထားတဲ့ ဂိမ်း တစ်ခုဖြစ်ပါတယ်။ Bathesda ရဲ့ E3 Press Conference မှာ မိတ်ဆက်ခဲ့ပြီး အခု ဇာတ်လမ်းမှာတော့ ဇာတ်ကောင်အသစ်တွေနှင့် ကစားရမှာဖြစ်ပါတယ်။

ထွက်ရှိမယ့်ရက် : October 27 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

Need For Speed: Pay Back


မကြိုက်ဖူး တကယ်မကြိုက်တာ Need For Speed: Fast And Furious ပဲ လုပ်လိုက်ပါတော့လားလို့ ပြောချင်တယ်။ ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါးနှင့် စိတ်တိုင်းကျ မြို့ထဲ ရော မြို့ပြင်မှာပါ ကားမောင်းပြီး သောင်းကျန်းလို့ရတဲ့ အထဲမှာ Need For Speed ပါတယ်ဆိုတော့လည်း ကစားချင်မိပြန်ပါရော။ ဒီတစ်ခုတော့ NFS ရဲ့ ထူးခြားချက်က Off Road ကားပြိုင်တာတွေပါ လာပါတယ်ဗျို့။

ထွက်ရှိမယ့်ရက် : November 10 2017

ကစားနိုင်မယ့် Platform : PS4, Xbox One, PC

ကိုယ်ကြိုက်တဲ့ ဂိမ်းတွေကိုလည်း အောက်က မှာ Comments ပေးပြီး ပြောသွးလို့ရတယ်နော် နောက်ပိုင်း ကျွန်တော် Reviews လေးတွေ ရေးပြီး တင်ပေးပါ့မယ်။ အချိန်ပေးပြီး ဖတ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, June 17, 2017

Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )

 Paw Oo     4:42 PM     Games     No comments   




Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပြန်ပြီး မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်။ Outlast ဂိမ်းရဲ့အဓိကသော့ချက်က ကိုယ်ရဲ့ပါးနပ်မှု၊ ရှောင်ပုန်းခြင်းပရိယာယ်နဲ့ လမ်းကြောင်းရှာဖွေတတ်မှုတွေပါပဲ။ ပထမအခွေနဲ့ E3 2013 မှာ Best of E3 အဖြစ်နဲ့ အခြားဆုပေါင်းများစွာကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး ဂိမ်မာများအကြားမှာ နာမည်ကျော်ခဲ့တဲ့ Outlast  ဂိမ်းရဲ့ နောက်ဆက်တွဲအခွေ Outlast 2 ကို ဧပြီလ 25 ရက်နေ့မှာ Red Barrels ကနေ ပွဲဦးထွက်ဖြန့်ချိခဲ့ပါတယ်။ ဒုတိယအခွေမှာတော့ ကိုယ်ဟာ ကင်မရာသမား Blake Langermann အနေနဲ့ ဇနီးဖြစ်သူ Lynn နဲ့အတူ Arizona ကန္တာရထဲမှာဖြစ်ပွားခဲ့တဲ့ ကိုယ်ဝန်ဆောင်လူသတ်မှုသတင်းကို စုံစမ်းရှာဖွေတဲ့နေရာကနေ ဇာတ်လမ်းစပါတယ်။  ဇာတ်လမ်းအစမှာကတည်းက ရုတ်တရတ်ကျရောက်လာတဲ့ ရာသီဥတုဒဏ်ကြောင့် သူတို့စီးနင်းလာတဲ့ရဟတ်ယာဉ်ဟာ ပျက်ကျသွားခဲ့ပါတယ်။ အပျက်အစီးတွေကြားထဲကနေ Blake ပြန်နိုးလာတဲ့အချိန်မှာ သူဟာ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ကိုးကွယ်မှုဆိုးတွေကို ကျင့်သုံးတဲ့အယူသည်းသူတွေနဲ့ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ရွာတစ်ရွာမှာ ထွက်ပေါက်ကင်းမဲ့စွာ ရောက်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။

Outlast 2 ရဲ့အဓိကဇာတ်ကောင် ကင်မရာသမားဖြစ်တဲ့ Blake ဟာ ကင်မရာတစ်လုံးနဲ့ ဘက်ထရီအနည်းငယ်ကို အဖော်ပြုပြီး လမ်းတစ်လျှောက်တွေ့ကြုံရမယ့် သွေးပျက်ခြောက်ခြားစရာတွေကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် တစ်ကိုယ်တည်းရင်ဆိုင်ဖြတ်ကျော်ရမှာပါ။ ဂိမ်းရဲ့သဘောသဘာဝကို မသိသေးသရွေ့ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ကိုယ့်အတွက်ကြီးမားပြီးခက်ခဲလွန်းသယောင်ထင်ရပါလိမ့်မယ်။ ဒီတော့ Outlast 2 ကို ကိုယ်တိုင်ကိုယ်ကျ ဆော့ကစားကြမယ့်သူများအတွက် အထောက်အကူဖြစ်စေဖို့ အခုဒီမှာ သိသင့်တဲ့အချက် ၇ ချက်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Outlast 2 ကိုကစားမယ္ဆုိရင္ မသိမျဖစ္တဲ့အခ်က္ ၇ ခ်က္

Outlast
ဂိမ္းဟာ ကစားသူတုိင္းအတြက္ ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး ေသြးပ်က္ထိတ္လန္႔ဖြယ္ေကာင္းလည္းဆုိတာ အားလုံးနဲ႔အထူးတလည္ျပန္ၿပီး မိတ္ဆက္ေပးစရာမလုိဘူးလုိ႔ထင္ပါတယ္။ Outlast ဂိမ္းရဲ႕အဓိကေသာ့ခ်က္က ကုိယ္ရဲ႕ပါးနပ္မႈ၊ ေရွာင္ပုန္းျခင္းပရိယာယ္နဲ႔ လမ္းေၾကာင္းရွာေဖြတတ္မႈေတြပါပဲ။ ပထမအေခြနဲ႔ E3 2013 မွာ Best of E3 အျဖစ္နဲ႔ အျခားဆုေပါင္းမ်ားစြာကိုပါ ဆြတ္ခူးႏုိင္ခဲ့ၿပီး ဂိမ္မာမ်ားအၾကားမွာ နာမည္ေက်ာ္ခဲ့တဲ့ Outlast  ဂိမ္းရဲ႕ ေနာက္ဆက္တြဲအေခြ Outlast 2 ကုိ ဧၿပီလ 25 ရက္ေန႔မွာ Red Barrels ကေန ပြဲဦးထြက္ျဖန္႔ခ်ိခဲ့ပါတယ္။ ဒုတိယအေခြမွာေတာ့ ကုိယ္ဟာ ကင္မရာသမား Blake Langermann အေနနဲ႔ ဇနီးျဖစ္သူ Lynn နဲ႔အတူ Arizona ကႏၲာရထဲမွာျဖစ္ပြားခဲ့တဲ့ ကုိယ္ဝန္ေဆာင္လူသတ္မႈသတင္းကုိ စုံစမ္းရွာေဖြတဲ့ေနရာကေန ဇာတ္လမ္းစပါတယ္။  ဇာတ္လမ္းအစမွာကတည္းက ႐ုတ္တရတ္က်ေရာက္လာတဲ့ ရာသီဥတုဒဏ္ေၾကာင့္ သူတုိ႔စီးနင္းလာတဲ့ရဟတ္ယာဥ္ဟာ ပ်က္က်သြားခဲ့ပါတယ္။ အပ်က္အစီးေတြၾကားထဲကေန Blake ျပန္ႏုိးလာတဲ့အခ်ိန္မွာ သူဟာ ထိတ္လန္႔စက္ဆုပ္ဖြယ္ေကာင္းတဲ့ကုိးကြယ္မႈဆုိးေတြကုိ က်င့္သုံးတဲ့အယူသည္းသူေတြနဲ႔ျပည့္ႏွက္ေနတဲ့ ထူးဆန္းတဲ့ရြာတစ္ရြာမွာ ထြက္ေပါက္ကင္းမဲ့စြာ ေရာက္ရွိေနတယ္ဆုိတာ သိလုိက္ရပါတယ္။

Outlast 2
ရဲ႕အဓိကဇာတ္ေကာင္ ကင္မရာသမားျဖစ္တဲ့ Blake ဟာ ကင္မရာတစ္လုံးနဲ႔ ဘက္ထရီအနည္းငယ္ကုိ အေဖာ္ျပဳၿပီး လမ္းတစ္ေလွ်ာက္ေတြ႕ၾကဳံရမယ့္ ေသြးပ်က္ေျခာက္ျခားစရာေတြကုိ ရင္ဖုိစိတ္လႈပ္ရွားဖြယ္ တစ္ကုိယ္တည္းရင္ဆုိင္ျဖတ္ေက်ာ္ရမွာပါ။ ဂိမ္းရဲ႕သေဘာသဘာဝကုိ မသိေသးသေရြ႕ ရင္ဆုိင္ရမယ့္အခက္အခဲေတြဟာ ကုိယ့္အတြက္ႀကီးမားၿပီးခက္ခဲလြန္းသေယာင္ထင္ရပါလိမ့္မယ္။ ဒီေတာ့ Outlast 2 ကုိ ကုိယ္တုိင္ကုိယ္က် ေဆာ့ကစားၾကမယ့္သူမ်ားအတြက္ အေထာက္အကူျဖစ္ေစဖုိ႔ အခုဒီမွာ သိသင့္တဲ့အခ်က္ ၇ ခ်က္ကုိ စုစည္းတင္ျပေပးလုိက္ပါတယ္။


Yan
Ref: inverse.com.






ဘက်ထရီတွေကို အမြဲလိုက်ရှာပါ


ပထမ Outlast ဂိမ်းလိုပဲ အခုဒီခွေမှာလည်း ဘက်ထရီတွေဟာ ကိုယ့်ရဲ့အသက်တစ်မျှအရေးကြီးပါတယ်။ ပထမခွေကိုဆော့ပြီးတဲ့သူများကတော့ ဘက်ထရီရဲ့အရေးပါမှုကို သိကြမှာပါ။ Outlast ဂိမ်းရဲ့ပုံစံအရ လုံးဝကိုပိတ်မှောင်နက်ရှိုင်းတဲ့ အမှောင်ထုထဲကိုသွားရမှာဆိုတာ သေချာနေတဲ့အတွက် ကောင်တာတွေ၊ အိုးတွေ၊ အံဆွဲတွေနဲ့ ကိုယ်ရောက်လေရာနေရာတိုင်းမှာ ဘက်ထရီတွေကို သတိထားပြီး ရှာဖွေရပါမယ်။ ရနိုင်သမျှဘက်ထရီတွေကို စုဆောင်းပါ။ စွန့်စားပြီးတော့ သွားယူရမယ်ဆိုရင်တောင်မှ သွားယူဖို့လက်မတွန့်သင့်ပါဘူး။

ဘက္ထရီေတြကုိ အၿမဲလုိက္ရွာပါ
ပထမ Outlast ဂိမ္းလုိပဲ အခုဒီေခြမွာလည္း ဘက္ထရီေတြဟာ ကုိယ့္ရဲ႕အသက္တစ္မွ်အေရးႀကီးပါတယ္။ ပထမေခြကုိေဆာ့ၿပီးတဲ့သူမ်ားကေတာ့ ဘက္ထရီရဲ႕အေရးပါမႈကုိ သိၾကမွာပါ။ Outlast ဂိမ္းရဲ႕ပုံစံအရ လုံးဝကုိပိတ္ေမွာင္နက္႐ႈိင္းတဲ့ အေမွာင္ထုထဲကုိသြားရမွာဆုိတာ ေသခ်ာေနတဲ့အတြက္ ေကာင္တာေတြ၊ အုိးေတြ၊ အံဆြဲေတြနဲ႔ ကုိယ္ေရာက္ေလရာေနရာတုိင္းမွာ ဘက္ထရီေတြကုိ သတိထားၿပီး ရွာေဖြရပါမယ္။ ရႏုိင္သမွ်ဘက္ထရီေတြကုိ စုေဆာင္းပါ။ စြန္႔စားၿပီးေတာ့ သြားယူရမယ္ဆုိရင္ေတာင္မွ သြားယူဖုိ႔လက္မတြန္႔သင့္ပါဘူး။

ကင်မရာ Night Vision ကို အကန့်အသတ်နဲ့သုံးပါ

ဘက်ထရီတွေကို အာရုံစိုက်ပြီးလိုက်ရှာရင် နေရာအနှ့ံအပြားမှာတွေ့နိုင်တယ်ဆိုပေမယ့် ကင်မရာသုံးစွဲတဲ့နေရာမှာ ဘက်ထရီအားကိုလည်း ချွေတာပြီးသုံးစွဲဖို့လိုပါတယ်။ ဂိမ်းထဲမှာ လုံးဝကိုအမှောင်အတိဖြစ်နေတဲ့နေရာတွေရှိပါတယ်။ ကိုယ့်ရဲ့ဘက်ထရီကိုချွေတာပြီး သုံးထားမှ အဲဒီလိုနေရာတွေကို ဖြတ်သွားရမယ့်အခါကျရင် ကိုယ်လိုအပ်သလို စီမံခန့်ခွဲနိုင်မှာပါ။ ပြီးတော့ Night Vision ကိုသုံးတိုင်းမှာ အချိန်အကန့်အသတ်နဲ့ တစ်လှည့်စီ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးသုံးပေးပါ။

ကင္မရာ Night Vision ကုိ အကန္႔အသတ္နဲ႔သုံးပါ
ဘက္ထရီေတြကုိ အာ႐ုံစုိက္ၿပီးလုိက္ရွာရင္ ေနရာအႏွ႔ံအျပားမွာေတြ႕ႏုိင္တယ္ဆုိေပမယ့္ ကင္မရာသုံးစြဲတဲ့ေနရာမွာ ဘက္ထရီအားကုိလည္း ေခၽြတာၿပီးသုံးစြဲဖုိ႔လုိပါတယ္။ ဂိမ္းထဲမွာ လုံးဝကိုအေမွာင္အတိျဖစ္ေနတဲ့ေနရာေတြရွိပါတယ္။ ကုိယ့္ရဲ႕ဘက္ထရီကိုေခၽြတာၿပီး သုံးထားမွ အဲဒီလုိေနရာေတြကုိ ျဖတ္သြားရမယ့္အခါက်ရင္ ကုိယ္လုိအပ္သလုိ စီမံခန္႔ခြဲႏုိင္မွာပါ။ ၿပီးေတာ့ Night Vision ကုိသုံးတုိင္းမွာ အခ်ိန္အကန္႔အသတ္နဲ႔ တစ္လွည့္စီ ဖြင့္လုိက္ပိတ္လုိက္လုပ္ၿပီးသုံးေပးပါ။

ပြေးဖို့အချိန်တန်ရင် လုံးဝလက်မနှေးနဲ့


Outlast 2 မှာလွတ်လပ်စွာသွားလာနိုင်တဲ့ ဧရိယာနေရာတွေ အမြောက်အမြားပါရှိတဲ့အပြင် ပုန်းရှောင်နိုင်မယ့်နေရာတွေနဲ့ အခန်းတွေလည်း အများအပြားပါဝင်ပါတယ်။ အဓိကဘော့စ်တွေ၊ ထိပ်တိုက်ကြုံရမယ့်အရာတွေကိုတော့ ရှောင်လွှဲလို့မရပေမယ့် ဘယ်အချိန်မှာပြေးပြီး၊ ဘယ်အချိန်မှာပုန်းရမလဲဆိုတာကို ပါးပါးနပ်နပ်သိထားဖို့လိုပါတယ်။ တောက်လျှောက်ပြေးဖို့အတွက်ပဲ ဇာတ်အိမ်ဆင်ထားတဲ့နေရာမျိုးမှာဆိုရင်တော့ ကျေကျေနပ်နပ်ကြီး အသက်လုပြေးပြီး ရင်ခုန်မှုကိုခံစားလိုက်ပါ။

ေျပးဖုိ႔အခ်ိန္တန္ရင္ လုံးဝလက္မေႏွးနဲ႕
Outlast 2 မွာလြတ္လပ္စြာသြားလာႏုိင္တဲ့ ဧရိယာေနရာေတြ အေျမာက္အျမားပါရွိတဲ့အျပင္ ပုန္းေရွာင္ႏုိင္မယ့္ေနရာေတြနဲ႔ အခန္းေတြလည္း အမ်ားအျပားပါဝင္ပါတယ္။ အဓိကေဘာ့စ္ေတြ၊ ထိပ္တုိက္ၾကဳံရမယ့္အရာေတြကုိေတာ့ ေရွာင္လႊဲလုိ႔မရေပမယ့္ ဘယ္အခ်ိန္မွာေျပးၿပီး၊ ဘယ္အခ်ိန္မွာပုန္းရမလဲဆုိတာကုိ ပါးပါးနပ္နပ္သိထားဖုိ႔လုိပါတယ္။ ေတာက္ေလွ်ာက္ေျပးဖုိ႔အတြက္ပဲ ဇာတ္အိမ္ဆင္ထားတဲ့ေနရာမ်ဳိးမွာဆုိရင္ေတာ့ ေက်ေက်နပ္နပ္ႀကီး အသက္လုေျပးၿပီး ရင္ခုန္မႈကုိခံစားလုိက္ပါ။



တံခါးတွေကို ဂျက်ချဖို့ မမေ့နဲ့


Outlast 2 မှာအသစ်ထည့်သွင်းထားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တစ်ခုက တံခါးတွေကိုချက်ပိတ်တာပဲ ဖြစ်ပါတယ်။ တွေ့ရသမျှတံခါးအများစုမှာ ပိတ်လို့ရတဲ့တံခါးဂျက်ပါပါတယ်။ ပိုပြီးကျယ်ပြန့်နက်ရှိုင်းသွားတဲ့ Outlast 2 ဂိမ်းအတွင်းမှာ အသက်ရှင်ဖို့အတွက် အဲဒီတံခါးဂျက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။ ရန်သူကိုယ့်နောက်လိုက်နေတဲ့အချိန်မှာ အခန်းတံခါးဂျက်ချပြီး ဆက်ပြေးမလား၊ ပုန်းဖို့နေရာရှာမလားဆိုတာကို စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာဆုံးဖြတ်ချဖို့တော့ လိုပါတယ်။ ကိုယ်ဖြတ်ကျော်လာခဲ့သမျှအခန်းတံခါးတွေကို ဂျက်ချလာခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အခြေအနေတစ်ခုနဲ့ကြုံတဲ့အချိန်မှာ တစ်ခုခုကိုစဉ်းစားဆုံးဖြတ်ဖို့အတွက် ကိုယ့်မှာအချိန်အလုံအလောက်ရပါလိမ့်မယ်။

တံခါးေတြကုိ ဂ်က္ခ်ဖုိ႕ မေမ့နဲ႕
Outlast 2 မွာအသစ္ထည့္သြင္းထားတဲ့ ဂိမ္းတြင္းလုပ္ေဆာင္ခ်က္တစ္ခုက တံခါးေတြကုိခ်က္ပိတ္တာပဲ ျဖစ္ပါတယ္။ ေတြ႕ရသမွ်တံခါးအမ်ားစုမွာ ပိတ္လုိ႔ရတဲ့တံခါးဂ်က္ပါပါတယ္။ ပုိၿပီးက်ယ္ျပန္႔နက္႐ႈိင္းသြားတဲ့ Outlast 2 ဂိမ္းအတြင္းမွာ အသက္ရွင္ဖုိ႔အတြက္ အဲဒီတံခါးဂ်က္ေတြဟာ အေရးႀကီးတဲ့အခန္းက႑တစ္ခုျဖစ္လာပါတယ္။ ရန္သူကိုယ့္ေနာက္လုိက္ေနတဲ့အခ်ိန္မွာ အခန္းတံခါးဂ်က္ခ်ၿပီး ဆက္ေျပးမလား၊ ပုန္းဖုိ႔ေနရာရွာမလားဆုိတာကုိ စကၠန္႔ပုိင္းအတြင္း လ်င္ျမန္စြာဆုံးျဖတ္ခ်ဖုိ႔ေတာ့ လုိပါတယ္။ ကုိယ္ျဖတ္ေက်ာ္လာခဲ့သမွ်အခန္းတံခါးေတြကုိ ဂ်က္ခ်လာခဲ့မယ္ဆုိရင္ ဆုိးရြားတဲ့အေျခအေနတစ္ခုနဲ႔ၾကဳံတဲ့အခ်ိန္မွာ တစ္ခုခုကုိစဥ္းစားဆုံးျဖတ္ဖုိ႔အတြက္ ကုိယ့္မွာအခ်ိန္အလုံအေလာက္ရပါလိမ့္မယ္။

ဘယ်လိုနေရာတွေမှာ ပုန်းရမလဲသိပါ


ရန်သူတွေနဲ့ ဘော့တွေရဲ့အဖမ်းခံရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ပုန်းခိုမှုက အဓိကကျပါတယ်။ တကယ်လို့လုံးရင်းဆန်ခတ်ထွက်ပြေးရင်းနဲ့ မိသွားရင်တောင် နောက်တစ်ခေါက်မှာ ဒီလိုအမှားမျိုးမလုပ်မိဖို့အတွက် ပြေးဖို့နေရာတွေ၊ ပုန်းလို့ရမယ့်နေရာတွေကို ပထမတစ်ခေါက်မှာတည်းက ကြိုမှတ်ထားပါ။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ကုတင်အောက်၊ အဝတ်ဘီဒိုထဲနဲ့ အိမ်ပြတင်းပေါက်တွေထဲ ဝင်ရောက်ပုန်းရှောင်ပါ။ Outlast 2 ဂိမ်းမှာရှင်သန်ဖို့အတွက် စီမံခန့်ခွဲခြင်းက အဓိကကျပါတယ်။ ကြိုတွေးပါ။

ဘယ္လုိေနရာေတြမွာ ပုန္းရမလဲသိပါ
ရန္သူေတြနဲ႔ ေဘာ့ေတြရဲ႕အဖမ္းခံရမယ့္ အေျခအေနကေန လြတ္ေျမာက္ဖုိ႔အတြက္ ပုန္းခုိမႈက အဓိကက်ပါတယ္။ တကယ္လုိ႔လုံးရင္းဆန္ခတ္ထြက္ေျပးရင္းနဲ႔ မိသြားရင္ေတာင္ ေနာက္တစ္ေခါက္မွာ ဒီလုိအမွားမ်ိဳးမလုပ္မိဖုိ႔အတြက္ ေျပးဖုိ႔ေနရာေတြ၊ ပုန္းလုိ႔ရမယ့္ေနရာေတြကုိ ပထမတစ္ေခါက္မွာတည္းက ႀကိဳမွတ္ထားပါ။ အေျခအေနနဲ႔အခ်ိန္အခါကုိလုိက္ၿပီး ကုတင္ေအာက္၊ အဝတ္ဘီဒုိထဲနဲ႔ အိမ္ျပတင္းေပါက္ေတြထဲ ဝင္ေရာက္ပုန္းေရွာင္ပါ။ Outlast 2 ဂိမ္းမွာရွင္သန္ဖုိ႔အတြက္ စီမံခန္႔ခြဲျခင္းက အဓိကက်ပါတယ္။ ႀကိဳေတြးပါ။



မိုက်ကရိုဖုန်းကို အသုံးပြုပါ


Camcorder ကိုအမှောင်ထဲသွားတဲ့နေရာမှာ အသုံးပြုသလို ပတ်ဝန်းကျင်တစ်ဝိုက်က အသံတွေကို ဖမ်းယူနားထောင်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မိုက်ကရိုဖုန်းကို Camcorder မှာ တပ်ဆင်လိုက်မယ်ဆိုရင် screen မှာ ဘားတန်းနှစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီဘားနှစ်တန်းကနေ တဆင့် ကိုယ့်ရဲ့အရှေ့ဘက်မှာရှိတဲ့အသံတွေကို နားထောင်ပြီးခန့်မှန်းနိုင်ပါတယ်။ အသံဘားမြင့်လာပြီဆိုရင် တစ်စုံတစ်ခုက ကိုယ့်ဆီချဉ်းကပ်လာပြီလို့ ခန့်မှန်းလို့ရသလို ပုန်းနေတဲ့အချိန်မျိုးတွေမှာလည်း ကိုယ့်အနီးတဝိုက်မှာ ကိုယ့်ကိုလိုက်ရှာနေတဲ့ရန်သူရှိမရှိ သိရှိနိုင်ပါတယ်။

မိုက္က႐ုိဖုန္းကုိ အသုံးျပဳပါ
Camcorder ကုိအေမွာင္ထဲသြားတဲ့ေနရာမွာ အသုံးျပဳသလုိ ပတ္ဝန္းက်င္တစ္ဝိုက္က အသံေတြကုိ ဖမ္းယူနားေထာင္တဲ့ေနရာမွာလည္း အသုံးျပဳႏုိင္ပါတယ္။ မုိက္က႐ုိဖုန္းကုိ Camcorder မွာ တပ္ဆင္လုိက္မယ္ဆုိရင္ screen မွာ ဘားတန္းႏွစ္ခုေပၚလာမွာျဖစ္ၿပီး အဲဒီဘားႏွစ္တန္းကေန တဆင့္ ကုိယ့္ရဲ႕အေရွ႕ဘက္မွာရွိတဲ့အသံေတြကုိ နားေထာင္ၿပီးခန္႔မွန္းႏုိင္ပါတယ္။ အသံဘားျမင့္လာၿပီဆုိရင္ တစ္စုံတစ္ခုက ကုိယ့္ဆီခ်ဥ္းကပ္လာၿပီလုိ႔ ခန္႔မွန္းလုိ႔ရသလုိ ပုန္းေနတဲ့အခ်ိန္မ်ိဳးေတြမွာလည္း ကုိယ့္အနီးတဝိုက္မွာ ကုိယ့္ကုိလိုက္ရွာေနတဲ့ရန္သူရွိမရွိ သိရွိႏုိင္ပါတယ္။ 

မာသာနဲ့ထိပ်တိုက် ရင်မဆိုင်နဲ့


မာသာ (Martha) ဟာ New Ezekiel စမ်းသပ်မှုရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် Outlast 2 မှာကိုယ်နဲ့ရင်ဆိုင်ရမယ့် ဒုတိယအကြီးဆုံးဘော့စ်ဖြစ်ပါတယ်။ အန္တရာယ်များပြီး ခြောက်ခြားဖို့ကောင်းတဲ့ မာသာဟာ ကြီးမားတဲ့ကျောက်တူးပုဆိန်ကို လက်နက်အဖြစ်ကိုင်ဆောင်ထားပါတယ်။ အဲဒါကိုအသုံးပြုပြီး မာသာဟာ ကိုယ့်ဇီဝိန်ကိုချက်ချင်းချွေနိုင်သလို အကွာအဝေးခပ်လှမ်းလှမ်းကနေလည်း တိုက်ခိုက်နိုင်ပါတယ်။ ကိုယ်ကအနီးကပ်သွားတာနဲ့ အန္တရာယ်ပိုရှိတာမို့ မာသာနဲ့ရင်ဆိုင်ရပြီဆိုရင် ကျယ်ဝန်းတဲ့နေရာတွေကို ဦးတည်ပြေးပြီး မြက်ရိုင်းတွေ၊ အမှောင်ထုတွေ အစရှိတဲ့နေရာတွေမှာ တစ်လှည့်စီပုန်းရှောင်ရပါလိမ့်မယ်။ ဂိမ်းတစ်လျှောက်မှာ မာသာနဲ့ ကြိမ်ဖန်ပေါင်းများစွာတွေ့မှာမို့ စိတ်ခိုင်ခိုင်နဲ့ပါးပါးနပ်နပ် ဖြတ်ကျော်ဖို့လိုပါတယ်။

မာသာနဲ႔ထိပ္တုိက္ ရင္မဆုိင္နဲ႕
မာသာ (Martha) ဟာ New Ezekiel စမ္းသပ္မႈရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့အျပင္ Outlast 2 မွာကုိယ္နဲ႔ရင္ဆုိင္ရမယ့္ ဒုတိယအႀကီးဆုံးေဘာ့စ္ျဖစ္ပါတယ္။ အႏၲရာယ္မ်ားၿပီး ေျခာက္ျခားဖုိ႔ေကာင္းတဲ့ မာသာဟာ ႀကီးမားတဲ့ေက်ာက္တူးပုဆိန္ကုိ လက္နက္အျဖစ္ကိုင္ေဆာင္ထားပါတယ္။ အဲဒါကုိအသံုးျပဳၿပီး မာသာဟာ ကုိယ့္ဇီဝိန္ကုိခ်က္ခ်င္းေခၽြႏုိင္သလုိ အကြာအေဝးခပ္လွမ္းလွမ္းကေနလည္း တုိက္ခုိက္ႏုိင္ပါတယ္။ ကုိယ္ကအနီးကပ္သြားတာနဲ႔ အႏၲရာယ္ပုိရွိတာမုိ႔ မာသာနဲ႔ရင္ဆုိင္ရၿပီဆုိရင္ က်ယ္ဝန္းတဲ့ေနရာေတြကို ဦးတည္ေျပးၿပီး ျမက္႐ုိင္းေတြ၊ အေမွာင္ထုေတြ အစရွိတဲ့ေနရာေတြမွာ တစ္လွည့္စီပုန္းေရွာင္ရပါလိမ့္မယ္။ ဂိမ္းတစ္ေလွ်ာက္မွာ မာသာနဲ႔ ႀကိမ္ဖန္ေပါင္းမ်ားစြာေတြ႕မွာမုိ႔ စိတ္ခုိင္ခုိင္နဲ႔ပါးပါးနပ္နပ္ ျဖတ္ေက်ာ္ဖုိ႔လိုပါတယ္။


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ▼  June (10)
      • Qualcomm ဖုန်းမှန်တွေအောက်မှာ Fingerprint တွေပါလာတ...
      • Galaxy Note 7 FE ဆိုပြီး ပြန်လည်ရောင်းချတော့မယ့် S...
      • တစ်ကိုယ်ရေသုံး Drone ဝယ်ဖို့စဥ်းစားနေရင် ( DJI Spa...
      • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
      • MIMO or "Multiple-input, multiple-output" နှင့် နည...
      • E3 2017 က ကစားချင်တဲ့ ဂိမ်းလေးတွေ
      • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက်...
      • Apple Awards 2017 ( ၂၀၁၇ ခုနှစ် ဆုရရှိသော Apps များ )
      • Apple iPhone အတွက် iOS 11 ရဲ့ ထူးထူးခြားခြား ပြောင...
      • Apple WWDC 2017 မှာ ဘာတွေလာမလည်းဆိုတာ
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates