Saturday, December 12, 2015
Apple ဟာ သူ့ရဲ့ကိုပိုင် processor ဖြစ်တဲ့ A6 chip (iPhone 5) ကို ချပြခဲ့ပြီးဖြစ်ပါတယ်။ ပထမဦးဆုံးသော စိတ်တိုင်းကျ ဖတ်တီးထားတဲ့ processor မျိုးဆက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Apple A7 chip (iPhone 5s) 64 bit ကို တည်ဆောက်ခဲ့ပါတယ်။
အခုပြောချင်တာက Apple ဟာ မိမိကိုယ်ပိုင် CPU ကိုပဲ တည်ဆောက်နေတာမဟုတ်ပါဘူး အခြားခြားသော motion coprecessors နှင့် မျိုးစုံသော အာရုံခံ နည်းပညာပစ္စည်းတွေ ကိုလည်း ဖန်တီးတည်ဆောက်နေတာကြာပါပြီ။
နောက်ဆုံး သတင်းထွက်ပေါ်လာတာ တစ်ခုက ကုမ္ပဏီဟာ PowerVR Graphic ပေါ်မှာ မှီခိုနေရတာမှ လွတ်မြောက်ဖို့အတွက် တကယ့်ကိုကောင်းမွန်တဲ့ GPU တစ်ခုဖြစ်လာဖို့ကိုလည်း စမ်းသပ်မှုတွေနှင့်အတူ ပြုလုပ်နေတယ်လို့ကြားသိရပါတယ်။ နှစ်ပေါင်းများစွာ GPU နှိုင်းယှဉ်ချက်ပေါင်းမြောက်များစွာမှာ ထိပ်တန်းရပ်တည်နေခဲ့တဲ့ iPhone အတွက် Apple ဟာ နောက်ထပ် နည်းလမ်းတစ်ခုနှင့် ထပ်မံအနိုင်ယူဖို့ပြုလုပ်နေသလိုပါပဲ။
Apple ရဲ့ လက်ရှိ GPU ပြုလုပ်နေမှု နည်းပညာပိုင်းဟာ ချပြဖို့အတွက် အဆင့်သင့်မဖြစ်သေးဘူးလို့ ထင်ရပြီး နောက်ထပ် နှစ်အနည်းငယ်လည်း ကြာသွားဖို့ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် လည်း Apple ရဲ့ အဓိက ရည်ရွယ်ချက်က ကိုပိုင် in-House နည်းပညာတွေဖန်တီးပြုလုပ်ဖို့ဆိုတာ သေချာနေပါတယ်။
Samsung ဟာဆိုရင်လည်း Apple နည်းတူ ကိုပိုင် သုံး chit အသစ်ကို အသုံးပြုဖို့တာစူနေပြီး Exynos 8 နှင့်အတူ နောက်နှစ်အစမှာ မိတ်ဆက်ဖွယ်ရှိတဲ့ Glaxy S7 ဟာဆိုရင် ပထမဦးဆုံး Custom precessor အသုံးပြုထားတဲ့ မိုဘိုင်းဖြစ်လာဖွယ်ရှိနေပါတယ်။
Appls ရဲ့ ကိုပိုင် GPU ကို နောက်လာမယ့် iPhone 7 မှာ ပါလာလိမ့်မယ်လို့တော့ မထင်မိပါဘူး။ သေချာတာတစ်ခုက Apple ဟာ သူ့ရဲ့ လျို့ဝှက်ချက်ကို ကောင်းကောင်းကြီး ထိန်းနိုင်တာပါပဲဗျာ။
Xiaomi Mi 5 ကို ဘယ်လိုမျှော်လင့်ထားသလည်း
လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Xiaomi Mi 5 ရဲ့ပုံစံ ဒီဇိုင်းဟာ ဘယ်လိုဖြစ်လာမလည်းဆိုတဲ့ ကောလဟာလ လေးတွေလည်း တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ CEO ကတော့ စောင့်ရကျိုးနပ်ဖို့မျော်လင့်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နောက်တစ်ခုပြောချင်တာက Home ခလုတ်လေး ပါလာဖို့သေချာသလောက် နီးပါးလည်း ဖြစ်နေပါတယ်။ အထက်က ပုံမှာတော့ ဖုန်းရဲ့ ရှေ့ပိုင်းမျက်နှာပြင်ပုံစံလေးကို ပြထားပါတယ်။ ဒီခလုတ်မှာ လက်ဗွေဖတ်စနစ် ပါလာလိမ့်မယ်လို့ထင်ရပါတယ်။ Mi5 ရဲ့ ထောက်ချိုးတွေဟာ အခုမြင်တွေ့ရသလိုပဲ လုံးဝန်းနေမှာဖြစ်ပါတယ်။ အောက်မှာမြင်တွေ့ရတဲ့ပုံကတော့ ဖုန်းရဲ့အတွင်းပိုင်းနှင့် ကိုယ်ထည်တည်ဆောက်ပုံကို အကြမ်းဖျင်း မြင်တွေ့ရမယ့်ပုံဖြစ်ပါတယ်။
Mi 5 ကိုလက်ရှိအချိန် ခန့်မှန်းထားကြတာကတော့ မျက်နှာပြင်ဟာ ၅ လက်မ ဒါမှမဟုတ် ၅.၂ လက်မ နှင့် 1080 မျက်နှာပြင်နှင့် ဖြစ်ပါတယ်။ Chipset အနေနှင့်ကတော့ Snapdragon 820 နှင့် RAM 4 GB ၊ 16 MP နောက် ကင်မရာနှင့် 8 MP Selfie ရှေ့ကင်မရာတို့ပဲဖြစ်ပါတယ်။ USB Type - C ပါဝင်လိမ့်မယ်လို့လည်းပြောနေကြပါတယ်။ MIUI ပါဝင်ပြီး Android 6.0 Marshmallow ပါဝင်တဲ့ OS ကိုအသုံးပြုထားပါလိမ့်မယ်။ အရောင်တွေအနေနှင့်ကတော့ သုံးမျိုး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပြီး ငွေရောင်၊ ရွှေရောင် နှင့် Rose Gold တို့ပဲဖြစ်ပါတယ်။ ဒါတွေအားလုံးကို လက်ရှိ Mi Fun တွေနှင့် တချို့သော သူတွေက ခန့်မှန်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာဦးမလည်း ဆိုတာကတော့ စောင့်ကြည့်ကြရမှာပေါ့ဗျာ
Monday, December 7, 2015
Wi-Fi မှ Li-Fi သို့
ပြောင်းလဲချိန်တန်ပြီဆိုရမလား တဖြည်းဖြည်းနှင့် အဆင့်မြင့်လာတဲ့ နည်းပညာတွေထဲမှာလည်း မေ့ထားလို့ မရတဲ့အရာကတော့ ဆက်သွယ်ရေးပဲဗျ။ လက်ရှိကတော့ လူတိုင်းလည်းသိကြတဲ့ သုံးနေကြတဲ့ Wi-Fi ဆိုပါတော့ အခုဆို Wi-Fi ကို အဆင့်မြင့်တင်ပြီး သုံးစွဲလာလိုက်ကြတာ a, b, g, ကနေ အခုဆို n ထိရောက်လာပါပြီ။ နောက်ဆုံးထွက်ကတော့ ac ပေါ့။
နောက်တစ်ခု လူသိနည်းနေသေးတာကတော့ ac ပါ
802.11ac က တော့ 802.11ac to 802.11ac ပစ္စည်းအချင်းချင်းသာ ချိတ်ဆက်အသုံးပြုလို့ရတာဖြစ်ပါတယ်။
Wifi ရဲ့ သတ်မှတ်ချက်နှင့် အဆင့်မြင့်လာတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
နည်းပညာရှင်တွေနှင့် Research လုပ်တဲ့သူတွေ ကတော့ ဒီ Wi-Fi ကို အဆင့်မြှင့်နေကြတာထက် ဒီထက်ပိုကောင်းတဲ့ နည်းပညာအသစ်တစ်ခုကို ချပြဖို့အားသန်နေကြပြီလို့ပြောရမှာပါ။ ဒီအချိန်မှာဆိုရင်ပဲ သိပ်မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Li-Fi ဆိုတာ ဖြစ်လာပါပြီ။ Li-Fi ဆက်သွယ်မှုနည်းပညာဟာဆိုရင် အကြမ်းဖျင်းအားဖြင့် Wi-Fi ထက်ပိုပြီး အဆ ပေါင်း ၁၀၀ မြန်ဆန်တဲ့ နည်းပညာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဒီနည်းပညာဟာ စမ်းသပ်အောင်မြင်ပြီးလည်းဖြစ်ပါတယ်။
ဒီတော့ Li-Fi ဆိုတာဘာလည်း အကြမ်းဖျင်းပြောချင်ပါတယ်။
Li-Fi ဆိုတာ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာသစ်တစ်ခုဖြစ်ပြီး အလင်းကိုအသုံးပြုပြီး အချက်အလက်(Data) တွေကို အမြန်ဆုံးနှုန်းနှင့်ပေးပို့တာဖြစ်ပါတယ်။ ဥပမာ - VLC (Visible Light Communication) လေလှိုင်းများနှင့် ဆက်သွယ်ပြီး အချက်အလက်တွေပေးပို့တာထက်ကို ပိုမိုမြန်ဆန်တာကတော့ သေချာပါတယ်။
Li-Fi နည်းပညာဟာဆိုရင် ဒီနှစ် အစောပိုင်းမှာတင် ပညာရှင်များမှ စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး လက်ရှိအမြင့်ဆုံးနှုန်းဟာ 224 Gigabits Per Second (Gbps) ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ အင်တာနက်ကို အသုံးပြုနေတဲ့ နေရာမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ အသေအချာကို ပြောရဲပါတယ်။
ဘယ်သူ တီထွင်ခဲ့တာလည်း ဆိုတော့ -
Li-Fi နည်းပညာဟာဆိုရင် ဟာရယ် ဟာအက်စ် (Harald Haas) လို့ခေါ်တဲ့ ဂျာမန် ရူပဗေဒပညာရှင် က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ TED Talk တစ်ခုမှာ မီးလုံးလေးတွေကိုအသုံးပြုပြီး Wireless Routers တွေ အကြောင်းရှင်းပြရင်း အကြံရခဲ့တာဖြစ်ပါတယ်။
Thursday, November 26, 2015
ပျော်ရွှင်ကံထူးနှစ်သစ်ကူးကြဖို့ MPT နှင့် ဖုန်းပြောစို့
ဒီကနေ့ကစပြီး ထူးခြားတဲ့ အစီအစဥ်တစ်ခုရှိတယ်ဗျ။ ဒါနဲ့စာဖတ်သူရော ဖုန်းပြောရင်း ကားကံစမ်းနိုင်မယ်ဆိုရင် စိတ်မဝင်စားဘူးလား။ နောက်ပြီး ကံစမ်းရမှာက ဆုမဲပေါင်း ၇ သောင်းကျော် တောင်မှနော်။ အပတ်စဥ် ဒီဇင်ဘာလ ၅ ရက်နေ့ကနေပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ စနေနေ့တိုင်း ဆုမဲ ၁ သောင်းစီကို ရွေးချယ်ပေးသွားမှာဆိုပဲ။ ဆုမဲပေါင်း ၇ သောင်းထဲမှာမှ စိတ်ဝင် စားစရာအကောင်းဆုံး ဆုမဲကြီးတစ်ခုက တိုယိုတာ လန်ခရူဇာကား တစ် စီးပါ။ နောက်ပြီး တိုယိုတာ ကိုရိုလာ ကား ၅ စီးအပြင်၊ အခြား ဆုမဲတွေအနေနှင့် လူတိုင်း စွဲလမ်းနှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ အိုင်ဖုန်း 6s အလုံး ၂၀ ၊ iPad Air 2 အလုံး ၂၀ ၊ လက်မ ၄၀ ဆိုနီ တီဗွီ ၂၅ လုံး နှင့် ၅ ထောင်တန် MPT ငွေဖြည့်ကတ်ပေါင်း ၆၉၉၀၉ ခုကို လည်း ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။
အိုး - ဒါနှင့် နေပါဦး MPT လို့ ပြောလိုက်သလားလို့ ? ဟုတ်ပါတယ် MPT မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ MPT ပါ။ ဘယ်သူ့ ဘယ်သူမှ မလုပ်သေးတဲ့ ကံထူးရှင်ရွေးချယ်ပွဲ အရမ်းကို Amazing ပါပဲ။ ဒီကံစမ်းခွင့်တွေကို ဘယ်လို ရရှိနိုင်တယ်ဆိုတာ စိတ်ဝင်စားနေပြီထင်ပါတယ်။ ကျနော် အားလုံးကို ရှင်းပြသွားမှာပါဗျာ။ ကျနော်ကိုတိုင်လည်း ပါဝင်ကံစမ်းနေပြီဖြစ်သလို။ ကျနော့်ရဲ့ စာဖတ်သူတွေနှင့် ဘော်ဒါတွေ သူငယ်ချင်းတွေလည်း အိုင်ဖုန်းလေးကိုင် ကားလေးစီးပြီး နှစ်သစ်လေး ကူးရအောင် သတင်းပေးလိုက်ရပါတယ်ဗျာ။ အောက်မှာတော့ ဘယ်လို ကံထူးနိုင်တယ်ဆိုတာလေးကို အသေးစိတ် ကျနော်ပြောပေးထားပါတယ် - - -
ကံထူးရှင်ဖြစ်ဖို့ရာအတွက် အခွင့်အလမ်း ( ၃ ) ခုရှိပါတယ်။
၁။ MPT ဖုန်း ငွေဖြည့်ကတ် အသုံးပြုသူတွေနှင့် E-Topup အသုံးပြုသူတွေ အနေနှင့် ငွေတစ်ခါဖြည့်လျင် ကျပ် ၃ ထောင်နှင့် အထက် တစ်ခါဖြည့်သွင်းတိုင်း ကံထူးရှင်အခွင့်အလမ်းများ ရရှိနိုင်မှာဖြစ်ပါတယ်။ ငွေဘယ်လောက်ဖြည့်ရင် ဘယ်လောက် အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကိုတော့ အောက်မှာ ဇယားလေးနှင့် ပြထားပါတယ်။
ဖြည့်သွင်းရမည့်ပမာဏ | ရရှိမည့်လက်မှတ် |
၅၀၀ | ၀ |
၁၀၀၀ | ၀ |
၃၀၀၀ | ၃၀ စောင် |
၅၀၀၀ | ၅၀ စောင် |
၁၀၀၀၀ | ၁၀၀ စောင် |
၂၀၀၀၀ | ၂၀၀ စောင် |
၃၀၀၀၀ | ၃၀၀ စောင် |
၂။ ၁ မိနစ်ထက်ကျော်သော MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ပြောဆိုမှုတွေအတွက်ကိုလည်း လက်မှတ် ၁ စောင်စီရရှိမှာဖြစ်ပါတယ်။ ဘယ်လိုရရှိမယ်ဆိုတာကို အသေးစိတ် ဇယားလေးနဲ့ပြထားပါတယ်။
MPT မိုဘိုင်း အချင်းချင်း သို့ခေါ်ဆိုသောကြာချိန် | ရရှိမည့်လက်မှတ်စောင်ရေ |
၁ မိနစ်အောက် | ၀ |
၁ မိနစ် ၁ မိနစ် ၅၉ စက္ကန့် | ၁ စောင် |
၂ မိနစ် ၂ မိနစ် ၅၉ စက္ကန့် | ၂ စောင် |
၃ မိနစ် ၃ မိနစ် ၅၉ စက္ကန့် | ၃ စောင် |
၄ မိနစ် ၄ မိနစ် ၅၉ စက္ကန့် | ၄ စောင် |
၅ မိနစ် ၅ မိနစ် ၅၉ စက္ကန့် | ၅ စောင် |
ထပ်ဆောင်းမိနစ်များ | ကံစမ်းခွင့် လက်မှတ် + ၁ စောင် |
၃။ MPT ကို လက်ရှိမသုံးနေဘူးဆိုရင်လည်း အခုချက်ချင်းပဲ MPT Sim တစ်ကဒ်ကို ပြေးဝယ်လိုက်ပါ နောက်ပြီး ကံထူးရှင်ဖြစ်ဖို့ရာအတွက် လက်မှတ် အစောင် ၃၀ ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဆုမဲပေါက်သူတွေအနေနှင့် အပတ်စဥ် စနေနေ့တိုင်း မနက် ၁၀ နာရီ မှာ ရွေးချယ်ကြေငြာသွားမှာဖြစ်ပြီး ဖုန်းဆက်အကြောင်းကြားခြင်းနှင့် စာတိုပေးပို့ခြင်းများပြုလုပ်၍ ချက်ချင်း ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ နောက်ပြီး MPT ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း ကံထူးရှင်များ၏ ဖုန်းနံပါတ်များကို နောက်ဆုံး နံပါတ် ၃ လုံးကို မဖော်ပြပဲ အကြောင်းကြားသွားပါမယ်။
နောက်ဆုံးကံစမ်းမဲရက်က အပေါ်မှာ ကျနော်ပြောခဲ့သလို ဇန်နဝါရီလ ၉ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီရက်မှာဆိုရင် ကံစမ်းမဲကာလတစ်လျှောက်လုံးမှာရှိတဲ့ ကံထူးပြီးသူများအပါအဝင် လက်မှတ်များ အားလုံးကို ထည့်သွင်းရတွက်သွားမှာဖြစ်ပြီး ဆုပေါင်း ၂၀၀၀၀ ကို ကံထူးမည့် ကံထူးရှင်များ အားလုံးကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ကံစမ်းမဲပြုလုပ်မည်ဆိုတာကို နိုဝင်ဘာ ၂၄ ရက်နေ့က ဆူးလေ ချန်ဂရီလာ မှာပြုလုပ်ခဲ့တဲ့ သတင်းစာနှင်စာနယ်ဇင်းသမားတွေအားလုံးကို ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ နောက်ပြီး ပွဲမှာဆိုရင်လည်း MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ ကျနော်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ အားပေးကြသူ မိဘပြည်သူတွေကို ကျေးဇူးတုံပြန်ချင်ပါတယ်။ ဒါကြောင့်လည်း အခုလိုထူးခြားတဲ့ကံထူးရှင်ရွေးချယ်ပွဲကြီးကို ကျင်းပစီစဥ်ပြီး ဆုမဲတွေအများကြီး ဖောက်ပေးမယ့် ပျော်စရာစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာပါ။ ကျွန်တောတို့ရဲ့ ဝန်ဆောင်မှု အရည်အသွေးကို ကောင်းသထက်ကောင်းအောင် ကြိုးစားနေတာနှင့်အမျှ သုံးစွဲသူတွေ ပျော်ရွှင်ဖို့ကလည်း ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ် ခင်ဗျာ။
ဒီတော့ ကျနော့်ရဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေနှင့် စာဖတ်သူတို့လည်း MPT ရဲ့ ပျော်ရွှင်ကံထူး နှစ်သစ်ကူး အစီအစဥ်ဖြစ်တဲ့ ကံထူးရှင်ရွေးချယ်ပွဲလေးမှာ ပါဝင်ကံစမ်းပြီး MPT ကို အားပေးကြပါဦးစို့လို့ . . .
Writer Note - Ticket သို့ ကံထူးရှင်အခွင့်အရေးများဟာ MPT မှ စက်အတွင်း သိမ်းဆည်းထားမှာဖြစ်ပြီး။ မိမိ အသုံးပြုသော ဖုန်းနံပါတ်တွင် မည်မျှ အခွင့်အရေး သို့ လက်မှတ် ရှိသည်ကို သိရှိလိုပါက 3000 သို့ “lucky” ဟု စာပေးပို့ကာ စစ်ဆေးနိုင်ပြီး။ CDMA အသုံးပြုသူတွေအနေနှင့် SMS နံပါတ် 3001 သို့ “lucky” ဟု စာတိုပေးပို့ကာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။
Friday, November 20, 2015
Inside Out ကာတွန်းကားလေးကနေ ဘာတွေရလိုက်လည်း
Disney Pixar ဟာ လတ်တလောလေးတင် လူကြိုက်များပြီး အားလုံးလဲကြည့်ပြီးလောက်ပြီဖြစ်တဲ့ Inside Out ကာတွန်းဇာတ်လမ်းလေးကို အချိန် ၅ နှစ်ကြာ ကြိုးစားပမ်းစားတဲ့ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ သူတို့ဟာ ဒီဇာတ်လမ်းလေးထဲမှာ အဓိကကျတဲ့ အဖိုးတန်ရတနာလေးတခုကိုလည်း မြုပ်နှံထားပါတယ်။ မိဘတွေအတွက်ဆိုရင် မိမိကလေးတွေကိုဘယ်လိုထိန်းကျောင်းသင့်တယ် စိတ်ခံစားချက်တွေကိုလည်း လျစ်လျူရှုမထားသင့်ဘူး၊ နောက်ပြီး ကလေးတွေအတွက် ကိုယ်ပိုင်ခံစားချက်ကို လည်း နားလည်နိုင်အောင် ဘယ်လိုသင်ကြားပေးရမယ် ဖေးမကူညီပေးရမယ်ဆိုတာ တွေကိုပါ တွေ့လိုက်ရပါတယ်။ ကျနော်ဆိုရင် ကားတွန်းကားကိုပဲ နှစ်သက်တတ်တဲ့ သူမိုလားတော့ မပြောတတ်ပါဘူး ဒီ Inside Out ဇာတ်လမ်းလေး ထွက်ခါနည်း နမူနာလေးကိုကြည့်လိုက်တာနဲ့ကိုတင် အရမ်းကို ကြည့်ချင်စိတ်တွေဖြစ်ခဲ့ပြီး တကယ်တမ်း ထွက်လာတဲ့အခါမှာလည်း ကျနော်မျှော်လင့်ထားခဲ့တဲ့ အတိုင်းပဲ တကယ်ကို စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်လို့ကောင်းတဲ့ ဇာလမ်းလေးတစ်ခုပါ။ နောက်ပြီး ကလေးငယ် တစ်ယောက်အတွက် အရွယ်ရောက်လာတာနှင့် အမျှ မိမိခံစားချက်တွေကို ပိုပိုပြီး နားလည်သဘောပေါက်လာဖို့ လိုအပ်တယ်ဆိုတာလည်း အရေးကြီးပါတယ်။
အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ကျနော်ကိုယ်တိုင်တောင် ဒီဇာတ်လမ်းလေးကို ခံစားချက်အပြည့်နှင့် ကြည့်လိုက်ရတဲ့အချိန်မှာ တကယ့်ကို ဟတ်ထိသွားတာပါ။ ကျနော့်ရဲ့ ရင်ဘက်ထဲကခံစားချက်တွေနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုဆိုတဲ့ ချိတ်ဆက်မှုတစ်ခုကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ကျနော်အခြားသူတွေကိုလည်း ဒီ ကာတွန်းဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကျနော်က ဒီဇာတ်လမ်းအကြောင်းကို ညွန်းနေတာထက် ဘယ်လောက် ကောင်းလည်းဆိုတာကို ကိုယ်တိုင် ခံစားကြည့်စေချင်ပါတယ်။ မိမိရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုတာကို နားလည်နိုင်ဖို့နှင့် ကိုယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့ သူတွေအပေါ်မှာ ရှိတဲ့ စိတ်ထားနှင့်ရင်တွင်းခံစားချက်ကို နားလည်နိုင်ဖို့ဆိုတာ ကျနော်တို့လူသားတွေအားလုံး အမြဲကြုံတွေ့ရတဲ့အခြေအနေပါ။ကလေး ကာတွန်းဇာတ်လမ်းလေးတစ်ခုဟာ ဒီလိုအခြေအနေမျိုးတွေအတွက် အကူအညီတစ်ခု အနေနှင့် ဖြစ်လာလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီ စာလေးတစ်ပုဒ်နှင့် ဇာတ်လမ်းထဲက ပေးချင်တဲ့ အဓိက မက်စေ့လေးကို လူတွေသိအောင် ကျနော် အနည်းငယ်လေး ထပ်ပြောပြချင်ပါတယ်ဗျာ။
Inside Out ထဲမှာဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေအများကြီးထဲကမှ ရိုးရှင်းတဲ့ ခံစားချက်ကလေးတွေကို အဓိကဆွဲထုတ်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရိုင်လီ ဆိုတဲ့ ၁၁ သမီးကလေးရဲ့ ဦးနှောက်ထဲမှာ ရှိနေတာပေါ့ဗျာ။ စိတ်ခံစားချက် ၅ ခုစီကို ဇာတ်ကောင် ငါးကောင်က ကိုယ်စားပြုထားပြီး ဒီခံစားချက်တွေတစ်ခုနှင့် တစ်ခု ပေါင်းစပ်လိုက်ခြင်းအားဖြင့် မတူညီတဲ့ အနည်းငယ့် ရှုပ်ထွေးတဲ့ ခံစားချက်လေးတွေထွက်လာပါတယ်။
ဥပမာအားဖြင့် ဦးစိတ်တို(Anger) နှင့် မပေါ်ကျော့(Disgust) တို့ဟာ ရွံမုန်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပြီး မငိုချင်(Sadness) နှင့် မပေါ်ကျော့(Disgust) တို့ဟာ ကိုယ့်ကိုကိုယ် ရွံမုန်းအားငယ် တတ်တဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေဟာပြောရရင် စိတ်ပိုင်းဆိုင်ရာနာမကျန်းမှု အသေးလေးတွေပဲရှိပါသေးတယ်။ ဒါတွေကိုသာ ထပ်ပြီး မကောင်းတဲ့ ခံစားချက်နဲ့သာ ပေါင်းလိုက်မယ်ဆိုရင် ပိုပြီး စိတ်ထွေးလာမယ် ဒီထက်ပြောရရင် စဉ်းစားချင့်ချိန်နိုင်တဲ့ စိတ်ပိုင်းဆိုရာမှာ အားနည်းသွားပါလိမ့်မယ်။ ဒါဟာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာတင် ဘာကိုလုပ်ပြီးဘာကိုဆုံးဖြတ်ရမယ်ဆိုတာကို အတော်လေး ရှုပ်ထွေးသွားမှာဖြစ်ပြီး အခြားသူတွေနဲ့လည်း ကိုယ်ဟာ အဆင်ပြေပြေပေါင်းသင်း နေထိုင်နိုင်ဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။ စိတ်ထိခိုက်နေတဲ့ သူတစ်ယောက်အနေနှင့် ဒီလိုအခြေအနေမှာဆိုရင် တခါမှမလုပ်ဖူးတဲ့ အခြေအနေမျိုးကို ပါလုပ်ဆောင်နိုင်ပြီး ကိုယ့်စိတ်နဲ့ကြောင့် ခန္တာကိုယ် ကိုလည်း ထိခိုက်လာနိုင်ပါတယ်။
ခံစားချက် တစ်ခုဟာ လိုတာထက်ပိုပြီး ဖြစ်လာပြီဆိုရင် ရလဒ်ဟာ ပြင်းထန်လွန်းပြီး ထိန်းချုပ်ဖို့လည်း ခက်သွားပါလိမ့်မယ်။ ဒေါသက အင်အားကြီးလာရင် မောဟတွေလောဘတွေ ဖြစ်လာပြီး၊ ပျော်ရွှင်မှုက အင်အား ကြီးလာရင်လည်း ပီတိဖြစ်လာရပြန်ပါတယ်။ ဝမ်းနည်းမှုအားကြီးလာရင်တော့ စိတ်ပျက်လက်ပျက် ကိုဖြစ်လာတော့တာပါပဲ . . . .စသဖြင့်ပေါ့ဗျာ။ ဒီပေါင်းစပ်မှုတွေက တခါတလေမှာ မလိုလားအပ်တဲ့ ပေါက်ကွဲ သံစဉ်ကြီးတွေဖြစ်လာတော့တာပါပဲ။ စိတ်ထိခိုက်နေတဲ့ သူတစ်ယောက်ဟာ ခံစားချက်တွေများစွာ ရှုပ်ထွေးလွန်းနေပြီး ဦးနောက်က ပုံမှန်အတိုင်း ခံစားချက်တွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက်ကြောင့် ထိန်းချုပ်မှု ကင်းလွတ်သွားတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးနိုင်မည့် အခြားသူတစ်ဦးတစ်ယောက်နှင့် အတူ မျှဝေခံစားပြီး ခံစားချက်တွေကို နားလည်အောင် လုပ်ပါလို့ တိုက်တွန်းပါရစေ။
နောက်ထပ်အဓိက တစ်ချက် နည်းနည်းလေး ထပ်ပြောချင်တာကတော့ ဆက်သွယ်မှုပါ Connection
အားလုံး ကြည့်ပြီးကြသူတိုင်း သိမှာပါ အဓိက အချက်အရေးကြီးတာ ဆက်သွယ်မှုပါ။ တစ်ယောက်နှင့် တစ်ယောက်ကြားမှာ ဆက်သွယ်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီ ကာတွန်းဇာတ်လမ်းလေးမှာ ဒီအရေးကြီးတဲ့အချက်ကို ထည့်မပြောလို့မဖြစ်ပါဘူး။ စိတ်ထိခိုက်နေတဲ့သူမှမဟုတ်ပါဘူး ဘယ်သူမဆို တစ်ဦးတစ်ယောက်တည်း အဝေးတစ်နေရာကို ထွက်သွားတယ်ဆိုတာ တကယ်တော့ သူဟာ ချောက်ကမ်းပါးနားမှာ လမ်းလျောက်နေတဲ့သူတစ်ယောက်လိုပါပဲ။ ဇာမ်းထဲမှာတော့ ရိုင်လီ တို့မိသားစုဟာ အဝေးတစ်နေရာကနေပြီး အခြားတစ်နေရာကို ပြောင်းရွေ့လာတဲ့မိသားစုပါ။ ဒီမှာ ရိုင်လီဟာ ပတ်ဝန်းကျင် အသစ်နှင့် ထိတွေ့ရပြီး ငယ်ရွယ်သူဖြစ်တဲ့အလျောက် သူမရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပြောပြ ရမလည်းမသိဖြစ်ခဲ့ပါတယ်။ လူတစ်ယောက်အတွက် ပစ်ပယ်ခံထားရတယ်ဆိုတာ အရမ်းကိုကြီးမားတဲ့ ပြဿနာပေါင်းများစွာဆီကို ဦးတည်နိုင်ပါတယ် အထူးသဖြင့် ကလေးငယ်တွေအတွက်ပါ။ ကိုယ့် အမှန်တကယ်နှစ်သက်မြတ်နိုးတဲ့ သူတစ်ယောက်နှင့် ပြောပြ ဆွေးနွေးခြင်းအားဖြင့်သာ ဒီ စိတ်ထိခိုက် နေရမှုတွေကနေ ပြန်လည်သက်သာလာစေနိုင်တာပဲဖြစ်ပါတယ်။ ပျော်ရွင်မှုနှင့် မငိုချင်တို့ ထိန်းချုပ်ကွပ်ကဲရေး ဌာနကို ပြန်ရောက်လာတဲ့အခါမှသာ မငိုချင်ဆိုတဲ့ဝမ်းနည်းမှုလေးက ထိန်းချုပ်ရေး ယန္တယားကို ပြုပြင်ပေးလိုက်တဲ့အတွက် စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်လာပြီး ရိုင်လီရဲ့ မိဘတွေကို သူဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြခြင်းအားဖြင့် ပြေလည်သွားခဲ့ပါတယ်။ ကျနော့်ကို အိမ်နှင့် ဝေးကွာနေသူ တယောက်အတွက်တော့ တကယ့်ကို ဟတ်ထိခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုပေါ့ဗျာ။
ကျနော်ဆိုလည်း ခံစားရတာတစ်ခုရှိတယ် ဘယ်လိုပြောရမလည်းဆို အခြားသူတွေနဲ့ မတူဘူးပေါ့နော် ဥပမာ စိတ်အားငယ်ရတယ်ဆိုတာမျိုးပေါ့။ နောက်ပြီး အခြားသူတွေနှင့် အမြဲတမ်းဆန့်ကျင်နေတယ်ဆိုတဲ့ ဟာမျိုးပါ။ ငယ်စဥ်အချိန် ကလည်း ရုန်းကန်ရတာမျိုးနှင့် မိသားစုဆိုင်ရာပြဿနာလေး တွေများစွာကြုံတွေ့ရသူပါ။ ဒီတော့ ကျနော့်အတွက် ကျနော့်စိတ်ခံစားချက်တွေ ကိုနားလည်ပေးနိုင်ပြီး ကိုယ့်ကို အားပေးမယ့်သူတစ်ယောက်လိုအပ်တယ်ဆိုတာကို ကျနော် သိပါတယ်။ အနီးစပ်ဆုံးကတော့ ကျနော့်အမေပါ။ အခြားနိုင်ငံတွေမှာလို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဆရာတွေကို အားထားရတာဟာ ရှက်စရာတစ်ခုလိုဖြစ်နေတဲ့ နိုင်ငံအဖို့တော့ ကိုယ်နှင့်အနီးစပ်ဆုံးစိတ်ခံစားချက် တူညီနိုင်ဆုံးသူသာ လျင် ကူညီဖေးမရာလို ဖြစ်နေတာပေါ့ဗျာ။ နောက်ပြီး ဒီဇာတ်လမ်းလေးထဲက အတွေးအခေါ်လေးတွေနှင့် ခံစားချက်လေးတွေကိုလည်း လျစ်လျူရှုမထားဖို့နှင့် ကိုယ်တိုင်လည်း လုပ်ကြည့်ပါ အဆင်ပြေတဲ့ ပတ်ဝန်းကျင်နှင့် ပျော်ရွှင်ရတဲ့ မိသားစုဘဝလေး တွေကို ပိုင်ဆိုင်နိုင်ပါစေ။
ဖတ်ရမှာ ရှည်သွားမှာတစ်ကြောင်းရယ်နောက်ပြီး ကိုယ်တိုင်လည်း ကြည့်ဖြစ်စေချင်တဲ့အတွက် ကျနော် အများကြီး ဆက်ပြောမနေတော့ပါဘူး။ Inside Out ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင် ကြည့်ပါလို့တော့ တိုက်တွန်းချင်ပါတယ်ဗျာ။ ဒါမှလည်း တစ်ယောက်နှင့် တစ်ယောက်ကြား ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာလေးတွေ သိရှိနားလည်နိုင်မှာဖြစ်ပြီး၊ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေး တွေရဲ့စိတ်ခံစားချက်ကို လျစ်လျူမရှုထားမိစေဖို့ ပြောချင်ပါတယ်ဗျာ။
No one can make you feel inferior without your conscious.
ကိုယ့်စိတ်က မပါပဲ ဘယ်သူမှကိုယ့်ကို ထိခိုက်အောင် နိမ့််ကျအောင် လုပ်လို့မရပါဘူး။
Thursday, November 19, 2015
Cloud Computing ဆိုတာ
Computer နယ်ပယ်မှာ ပေါ့ဗျာ Cloud ဆိုပြီး အခု ခေတ် အခါမှာ လူတွေအပြောများလာကြတယ်။ ဥပမာ - ဖုန်းထဲမှာ အချက်အလက်တွေသိမ်းဆည်းတာ များပြီး ပြည့်တော့မယ်ဆိုရင် Google Drive ဒါမှမဟုတ် Drop Box ဆိုတာမျိုး ထဲ ထည့်လိုက်ပေါ့လို့ ပြောတာမျိုးတွေ ကြားဖူးကြမှာပါ။ ဒီလို ဝန်ဆောင်မှုမျိုးကတော့ ကုမ္ပဏီပေါင်းများစွာ နာမည်ပေါင်းများစွာနဲ့ လုပ်ကြပါတယ်။ လက်ရှိအချိန်ကာ လမှာတော့ မြန်မာနိုင်ငံမှာလည်း သိပ်မကြာသေးခင် အချိန်ကပဲ မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနေတဲ့ Telenor (တယ်လီနော) မှ မိတ်ဆက်ပေးလိုက်တဲ့ Capture ဆိုတာ ဟာလည်း Cloud ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ Cloud ဆိုတာဘာလည်းပေါ့နော် Computer နယ်ပယ်မှာတော့ ဒါကို Cloud Computing ဆိုပြီးတော့ ပြောကြတယ်ပေါ့။
အိမ်တွေ မှာအသုံးပြုနေတဲ့ လျပ်စစ်မီးဆိုတာ ဘယ်ကရပါသလည်း ဘယ်ကလာပါသလည်း ဆိုတာထက် ကျနော်တို့ အတွက် အမှန်တကယ်အသုံးဝင်ပြီးတော့ လုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ လျပ်စစ်မီးဆိုတာလည်း ကျနော်တို့ကိုယ် ထုတ်လုပ်ပြီး ကိုယ့်ဟာကိုယ် အိမ်မှာအသုံးပြုတာမျိုး မဟုတ်ပါဘူး။ လျပ်စစ်မီး ဆိုတာဟာ တစ်နည်းအားဖြင့် Out Source လို့ပဲ ပြောရမှာပေါ့နော် ဘာလို့လည်း ဆိုတော့ ပြင်ပ ကနေလာတာကို ကိုယ့်အိမ်မှာအသုံးပြုနိုင်အောင် ပြုလုပ်တယ် အသုံးပြုတယ်။ ကိုယ်က ဒီ လျပ်စစ်မီး ဘယ်လို ဖြစ်လာလည်း ဘယ်လိုလုပ်ရမလည်းဆိုတာ သိစရာမလိုပါဘူး။ အချိန်တန်ရင် ကိုယ် လျပ်စစ်မီး သုံးရင်သုံးသလောက် ဘေလ် ဆောင်ရတယ် ဒါပါပဲ။
Cloud Computing ဆိုတာဟာလည်း ဒီလိုပါပဲ ကျနော်တို့ဟာ ရိုးရှင်းလွယ်ကူစွာနှင့် သိမ်းဆည်းမှုတွေနှင့် လုပ်ငန်းဆောင်တာတွေ ဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်ပါတယ်။
များသောအားဖြင့် Cloud Computing ဆိုတာ အင်တာနက်ကို အခြေခံပြီး ဝန်ဆောင်မှုတွေကို ပေးပါတယ်။
Cloud Computing ကို အသုံးပြုခြင်းအားဖြင့် မိမိအသုံးပြုတဲ့ Device တွင်း အချက်အလက် သိုလှောင်မှုပမာဏကို လျော့ချ ပေးနိုင်ပါတယ်။ အသုံးပြုသူတွေကို အချိန်မရွေးနေရာမရွေး ကိုယ်လိုအပ်တဲ့ အချိန်မှာ အင်တာနက်ပေါ်ကနေ Cloud Computing ဝန်ဆောင်မှုတွေမှ ပြန်လည်ရယူအသုံးပြု နိုင်တာပဲဖြစ်ပါတယ်။ Cloud Server တွေဟာ ကိုယ်သိမ်းဆည်းလိုက်တဲ့ ဒေတာအချက်အလက်အတွေကို စိတ်ချလုံခြုံအောင်သိမ်းဆည်းပေးထားပြီး အသုံးပြုသူ ရဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှင့် လက်တော့ စတဲ့ ပစ္စည်းတွေပေါ်မှာကျတော့ cache အနေနှင့် သာ ရှိနေတော့တာ ဖြစ်တဲ့အတွက် Storage(သိုလှောင်မှု) ပမာဏကို စိတ်ပူစရာမလိုတော့ပါဘူး။ ဒေတာသိမ်းဆည်းမှုမှာလည်း မိမိအသုံးပြုတဲ့ ပမာဏကို မူတည်ပြီးတော့ ငွေပေးချေရမှာ ဖြစ်ပါတယ်။
လက်ရှိအသုံးပြုသူတွေ အနေနဲ့ကတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုအောင် အကျိုးရလဒ်တွေနှင့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိကြလိမ့်မယ်ဆိုပေမယ့်၊ အရေးကြီးတစ်ခုအနေနှင့်ကတော့ မိမိရဲ့ အချက်အလက်တွေ လုံခြုံစိတ်ချရမှုရှိအောင် username နှင့် password တွေကို အခြားသူတစ်ဦးတစ်ယောက်ကို မပေးမိစေဖို့တော့ သတိပေးပရစေ။ နောက်ပြီး password ကိုလည်း မှတ်ရလွယ်အောင်ဆိုပြီး အခြားသူက မှန်းလို့ရနိုင်မယ့် ဟာမျိုး မပေးမိစေဖို့လည်း သတိထားပါ။
Cloud Computing ကို အသုံးပြုမယ်ဆိုရင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကတော့အများကြီး ရှိတဲ့ အထဲမှာမှ - ကျနော်တို့ မြန်မာနိုင်ငံမှာပထမဦးဆုံး အကြိမ်အဖြစ် မိတ်ဆက်ခဲ့တဲ့ Telenor ရဲ့ Capture App အကြောင်းလေးကို လည်း အနည်းငယ်မျှဝေချင်ပါတယ်ဗျာ။
ဝန်ဆောင်မှုကို စတင်အသုံးပြုတဲ့ မည်သူမဆို 2 GB ရရှိမှာဖြစ်ပြီး အကြမ်းအားဖြင့် ပုံပေါင်း ၁၀၀၀ ကို မှတ်သားထားနိုင်ပါမယ်။ နောက်ပြီး အခြားကိုယ့်ရဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများနှင့်လည်း မျှဝေနိုင်ဦးမှာ ဖြစ်ပါတယ်။ ဓါတ်ပုံအယ်ဘမ်များ၊ ဗီဒီယိုများကို စုစည်းပြီး သူငယ်ချင်းမိတ်ဆွေများနှင့် stories ဆိုပြီးတော့ လည်း ဝေမျှနိုင်ပါတယ်။ နောက်ပြီး ကိုယ် ဖိတ်ခေါ်လိုက်တဲ့သူငယ်ချင်း မိတ်ဆွေတွေဟာဆိုရင်လည်း ပုံများ တင်ခြင်းနှင့် မှတ်ချက်(Comments) များပေးချင်းကို လုပ်ဆောင်နိုင်မှာပါ။ ဓါတ်ပုံများ ရိုက်ယူတဲ့အခါမှာ ဆိုရင်လည်း အလိုလျောက် သိမ်းဆည်းပေးနိုင်တဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။
ထူးခြားတာ တစ်ခုက လူတိုင်းဟာ သိမ်းဆည်းမှု ပမာဏ 2 GB ရရှိပေမယ့် Telenor အသုံးပြုသူ တွေအနေနှင့် 20 GB
ထပ်ဆောင်း ရရှိမှာရှိပြီး စုစုပေါင်း 22 GB ကို ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရရှိထားတဲအသုံးပြုမှု ပမာဏဟာ
ဒီဇင်ဘာလ ၂၀၁၆ အထိ အကျုံးဝင်မယ်လို့လည်း တယ်လိုနော မှ ပြောကြားထားပါတယ်။
Monday, November 16, 2015
လာမည့် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်မည့် AppExpo 2016 အတွက် ပါဝင်ပြသမည့်ကုမ္ပဏီများအား စတင်ဖိတ်ခေါ်
YangonHeartz Business Solution Co.,Ltd မှ AppExpo2016 ပွဲအတွက် Startup များနှင့် Entrepreneur များ အားစတင် ဖိတ်ခေါ် နေပြီဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ နှင့် မိမိပြုလုပ်ထားသည့် App များအား ဝင်ရောက်ပြသလိုသူများလည်း ဆက်သွယ်လို့ရပါတယ်။ လတ်တလောမှ စတင် လုပ်ကိုင်နေတဲ့ Developer များအတွက်ကိုလည်း သတ်မှတ်ချက်များနှင့်ကိုက်ညီလျင် ပြပွဲအတွင်း အခမဲ့ ဝင်ရောက်ပြသခွင့်ရမည့် အခွင့်အရေးလည်း ရှိနေပါတယ်။ ဒါကြောင့် အခွင့်အရေးကြီးကို လက်လွတ်မခံပဲ ဝင်ရောက်ပြသဖြစ်အောင် ချက်ချင်းပဲဆက်သွယ်လိုက်ရအောင်ဗျာ။
ပြပွဲကျင်းပမည့် နေ့ရက်ကတော့ - လာမယ့် ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက် နှင့် ၂၆ ရက်နေ့ များပဲ ဖြစ်ပါတယ်။
မိမိရဲ့ Developments များကို အသုံးပြုသူတွေဆီ တိုက်ရိုက်ရောက်နိုင်မယ့် အခွင့်အရေးကြီးကို ရအောင် ယူလိုက် ကြပါလို့ . . .
Contact :
- contact@yangonheartz.com
- 09 9600 60 999
AppExpo2016 is the 4th time exclusive exhibition of Software & Mobile Apps in Myanmar. Show your development and idea to people who most love to. Contact us - 09960060999
Posted by Yangon Heartz Media & Business Solution on Sunday, November 15, 2015
Friday, November 13, 2015
iPad Pro ဝယ်လို့ရပြီ
iPad Pro ဟာဆိုရင် မနေ့ကပဲ တရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။ နောက်ပြီး App Store မှာဆိုရင်လည်း Apple ဟာ အနည်းငယ် ပြင်ဆင်မှုတွေနှင့် အသစ်ထပ်မံပါဝင်လာတဲ့ Features တွေကို ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ၁၂.၉ လက်မရှိတဲ့ Retina Display ပါဝင်တဲ့ iPad Pro အတွက်ဖြစ်ပါတယ်။
ပထမဦးဆုံး feature ကတော့ iPad Pro အတွက် အကောင်းဆုံးပြုလုပ်ထားတဲ့ Games တွေပဲဖြစ်ပါတယ်။ Apple ဟာ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် သူ့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ iPad Pro ရောင်းအားကို သိသိသာသာ တက်လာစေဖို့ရည်ရွယ်ထားပုံရပါတယ်။ ဒီ Feature မှာဆိုရင် နာမည် ကြီး Apps တွေဖြစ်တဲ့ Shadowmatic, Geometry Wars, Broken Age, Smash Hit, Lumino City, Horizon Chase, နဲ့ နောက်ပြီး အခြား ဂိမ်းတွေလည်း အများအပြားပါဝင်ပါတယ်။ Apple က သူ့ရဲ့ iPad Pro ရဲ့ ဂိမ်းကစားနိုင်စွမ်းကို အခုလိုပြောပါတယ် -
အရယ်အစားနှင့် စွမ်းဆောင်နိုင်စွမ်း မြင့်မားမှုဟာ သင့်ကို စိတ်ချမ်းသာမှု အပြည့်နှင့် ဂိမ်းများကို ကစားနိုင်စေမှာပါ။ ရင်သက်ရှုမောဖွယ် ရုပ်ထွက်စွမ်းရည်နှင့် ထင်မှတ် မထားရ လောက်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သင့်ကို လက်မလွတ်တမ်း စွဲလမ်းစေမှာပါ။
ဒုတိယအချက်အနေနှင့် iPad Pro အတွက် အထူးပြုလုပ်ထားတဲ့ ဂိမ်းမဟုတ်တဲ့ အခြား အသုံးဝင်မယ့် application တွေဖြစ်ပါတယ်။ ဒီမှာဆိုရင် Apple Pencil အတွက် အကောင်းဆုံးပြု လုပ်ထားတဲ့ uMake, Evernote, Paper by 53, Notability နှင့် အခြားသော App များလည်း ပါဝင်ပါတယ်။ Apple ကတော့ Desktop-Class app လို့ လည်း ဆိုပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် apps တွေဖြစ်တဲ့ Numbers, Pages နှင့် Keynote အပါအဝင် Microsofts ရဲ့ Word, Excel နှင့် PowerPoint စတဲ့ app တွေလည်း ပါဝင်ပါတယ်။ အခြားသော နာမည်ကြီးလူသုံးများတဲ့ AutoCad 360, Pixelmatr နှင့် OmniFocus 2 တွေဟာဆိုရင်လည်း ထပ်မံထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီ Features အသစ်ထပ်မံထည့်သွင်းထားတာတွေထဲမှာမှ တချို့ app တွေဟာ iPad Pro အတွက် မဟုတ်သေးတာပါပဲ။ ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေပြေ သုံးလို့ရမှာဖြစ်ပါတယ်။ မနေ့ကပဲ iPad Pro ကို oline ရော Retail Stores တွေမှာပါ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ တချို့သော review တွေမှာတော့ Apple ရဲ့ iPad Pro ဟာ Laptop တွေအတွက် အစားထိုးမဖြစ်နိုင်ဘူးလို့ ပြောဆိုနေတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
ref : 9to5mac.com
Wednesday, November 11, 2015
Android Platform ထိ ဈေးကွက်ချဲ့လာပြီဖြစ်တဲ့ Apple
ဇွန်လက ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC မှာ မြင်ခဲ့ရပြီး အခုချိန်မှာဆိုရင်တော့ Apple Music ကို Google ရဲ့ Android OS ပေါ်မှာလည်း အသုံးပြုလို့ရပြီဖြစ်ပါတယ်။ Google Play Store မှာ အရင်ကလည်း Apple ရဲ့ Apps တွေဖြစ်တဲ့ Move To iOS နှင့် Beats Pill+ တွေထွက်ရှိခဲ့ပါ သေးတယ်။
Apple Music ဟာဆိုရင် များစွာသော သီချင်းပေါင်းမြောက်များစွာကို ရှာယူနားထောင်နိုင်ပြီး မိမိနှစ်သက် နိုင်မယ့် သီချင်းများကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ Music နှင့် Music Videos ဟာဆိုရင် အင်တာနက်မရှိတဲ့အချိန်မှာလည်း နားထောင်ဖို့အတွက် မှတ်သားထား နိုင်မှာလည်း ဖြစ်ပါတယ်။ သုံးလ အခမဲ့အသုံးပြုခွင့်ပေးထားပြီး တစ်လလျင် သာမန် အဖွင့်ဝင်အဖြစ် 9.99 ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Beats Music အစားထိုးဝင်ရောက်လာတာလို့လည်း ပြောလို့ရပါတယ်။ Apple Music မှာ မိသားစု Plan ဟာဆိုရင် မတူညီတဲ့ အကောင့် ၅ ခုအထိကို မျှဝေနိုင်ပြီး Family Sharing ဟာဆိုရင် iOS နှင့် Mac အတွက် တစ်လကို ၁၄.၉၉ ဒေါ်လာ ကျသင့်မှာပဲဖြစ်ပါတယ်။
Apple Music ကို ရယူရန် on the Google Play Store now:
လက်ရှိမှာတော့ အစမ်းသုံးစွဲ ရန် ဗားရှင်းသာ ရှိပါသေးတယ်Notes about the beta period:• Music Videos တွေ ရရှိဖို့အချိန်စောင့်ဆိုင်းရဦးပါမယ်• အကောင့်ကို အဆင့်မြှင့်ခြင်းနှင့် မိသားစုဝေမျှနိုင်ရန် Mac ဒါမှမဟုတ် iOS လိုအပ်ပါမယ်။• Sign-Up အဆင့်တွေဟာဆိုရင်လည်း Android အတွက် အဆင်ပြေလွယ်ကူဖို့ စောင့်ရပါဦးမယ်။
Apple Music ကို Android ပေါ်မှာရလာပြီဆိုတော့ တနည်းအားဖြင့် ကျနော်တို့ဟာ iTunes သီချင်းတွေကို Google ရဲ့ Android Platform ပေါ်မှာ လွယ်လွယ်ကူကူ ရယူနိုင်ပြီလို့ ဆိုရမှာပါ။
ယခင် Beats Music ကိုအသုံးပြုသူတွေကတော့ App အဟောင်းကနေ Apple Music အသစ်ကို ကူးပြောင်းရမှာ ဖြစ်ပါတယ်။ ယခင် ဝယ်ယူထားတဲ့ သီချင်းတွေနှင့် သီချင်းခွေတွေကိုတော့ ရွေ့ပြောင်း နားဆင်နိုင်မှာဖြစ်ပါတယ်။ Beats Music ဟာဆိုရင် Windoes Phone တွေမှာလည်း အသုံးပြုလို့ ရခဲ့ပေမယ့် ဗားရှင်းအသစ်ဖြစ်တဲ့ Apple Music ကတော့ Microsoft ရဲ့ mobile platform ပေါ်မှာ တော့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။
Apple Music ရဲ့ စီးပွားရေးကတော့ သူ့အတွက် Android အသုံးပြုသူတွေဟာလည်း စောင့်ကြည့် ရမယ့် သုံးစွဲသူတွေဖြစ်လာပါပြီ။ အောက်တိုဘာလတွင်း Apple ရဲ့ CEO Tim Cook (တင်မ်ကွတ်) ကတော့ Apple Music မှာဆိုရင် လက်ရှိ အခမဲ့ သုံးလ သုံးစွဲသူပေါင်း ၁၅ သန်းရှိ နေပြီး အခပေးသုံး စွဲသူပေါင်း ၆.၅ သန်း ရှိနေပြီလို့ ဆိုပါတယ်။
Apple Music ဝန်ဆောင်မှုဟာဆိုရင် iPhone, iPad, iPod touch, Apple Watch, Apple TV 4, Mac, PC နှင့် Android တို့မှာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Android အသုံးပြုသူတွေဟာ Apple Music ကို အသုံးပြုရတာနှင့် ဝန်ဆောင်မှုတွေအကြောင်းဘာတွေများ ပြောမလည်းဆိုတာကိုတော့ စိတ်ဝင်စားစရာစောင့်ကြည့်ရဦးမှာပါ။
ref : 9to5Mac
Saturday, November 7, 2015
Google Maps ရဲ့ ဆိုင်ပိတ်ချိန်များ
လူတွေဟာ Google မြေပုံကို ယုံကြည်လွန်းကြပြီးတော့ ရုတ်တရက်များ မြို့ထဲကနေ ပိတ်ထားတဲ့ဆိုင် တစ်ဆိုင်ကို ကိုယ်ရောက်သွားခဲ့ပြီဆိုပါစို့ အသုံးပြုသူတို့ ဘယ်လို လုပ်ကြမလည်း။ လွယ်ပါတယ် ဒီ့အတွက်ကို ဂူဂဲ (Google) ကနေပြီးတော့ သူ့ရဲ့ မြေပုံအသုံးပြုသူတွေအတွက် အားလပ်ရက် ဆိုတဲ့ အရာတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ အားလပ်ရက်ဟာ ဘယ်လို ဆိုင်တွေ၊ ကုမ္ပဏီတွေကို သက်ရောက်နိုင်မလည်းဆိုတာကို သူက ပြသပေးမှာဖြစ်ပါတယ်။ သင့်ဟာ မြေပုံ ကိုဖွင့်လိုက်ပြီဆိုတာနှင့် တစ်ပတ်စာအချိန်တွေကို ကြည့်လိုက်မယ်ဆိုရင်ပဲ အထူးအချိန်များဆိုတာကို သင်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ အကယ်၍များ Company ဘက်က ဘာမှ မဖော်ပြထားဘူး ဆိုရင်တောင်မှ ဒီလို ထူးခြားတဲ့အချိန်ဖြစ်တဲ့ အားလပ်ရပ် ပိတ်ရက် ဆိုတာမျိုးတွေနှင့် ပတ်သက်ပြီး ပုံမှန်အချိန်တွေအတိုင်း မှန် မယ်မမှန်ဘူးဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Google ကတော့ Maps ရဲ့ တရားဝင် Blog မှာ အခုလို ရေးသားထားပါတယ်။
ပိတ်နေတဲ့ ဆိုင်တစ်ခုကို သင်ဟာ မသိလိုက်ပဲ သွားလိုက်မိတယ်ဆိုပါစို့ ? အဲ့လို အကြောင်းမျိုး ဘယ်လိုမှ ဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး အခုဆိုရင် Google Maps နှင့် Search ဟာ ဒီလို ဖြစ်ရပ်မျိုးကနေ သင့်ကို လွတ်မြောက်အောင်လုပ်ဆောင်ပေးတော့မှာ ပဲဖြစ်ပါတယ်။ ဆိုတော့ခါ သင်ဟာ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ကို ရှာပြီဆိုပါတော့ တကယ့်အရေးကြီးတဲ့ ပိတ်ရက်တွေ နှင့် တိုက်နေမယ့်ဆိုရင် သင်ဟာ ဒီလိုအခြေအနေမျိုးကို Google Search ဒါမှမဟုတ် Maps မှာမြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်။ သင်ဟာ ပိတ်ထားတဲ့လုပ်ငန်းဒါမှမဟုတ် ဆိုင်ကိုသွားပြီး အချိန်ကုန်တော့မှာမဟုတ်တော့တဲ့အပြင် ဖုန်းလည်း ခေါ်ပြီး မေးစရာမလိုပါဘူး ဒါမှမဟုတ် သက်ဆိုင်ရာ Website ကိုလည်း သွားပြီး ကြည့်ဖို့ အချိန်ပေးရတော့မှာမဟုတ်ပါဘူး။
ဒီလို လုပ်ဆောင်ချက်မျိုးကို မျှော်လင့်စောင့်စားနေတဲ့သူတွေ ရှိလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ Google Maps ရဲ့ အခုလို ဖော်ပြချက် လုပ်ဆောင်ချက်တွေကြောင့်လည်း သူ့ကို အသုံးပြု နေရတယ်လို့ပြောရင် မမှားပါဘူး။ နောက်ပြီး သူက နှစ်ပေါင်းများစွာလည်း ပိုပိုပြီး ကောင်းမွန်လာ တယ် လို့ ကျနော် ယုံကြည်တယ်ဗျ။ တစ်ဆက်တည်းမှာပဲ အခုလို အသစ်ထပ်မံ ထည့်ပေး လိုက်တဲ့ လုပ်ဆောင်ချက်ကြောင် ကျနော်တို့လို Maps ကို အသုံးပြုသူတွေအတွက် အချိန်ကုန်ခံပြီး ဆိုင်ကို ရောက်ခါမှ ပိတ်တယ်ဆိုတာကို သိလိုက်ရတဲ့ အဖြစ်မျိုးတွေကနေ လွတ်မြောက်လိမ့်မယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်ဗျာ။
Friday, November 6, 2015
Windows 7 နှင့် Windows 8.1 တို့ရဲ့ နေဝင်ချိန်
Paw Oo 5:29 PM Market, Microsoft, Windows 10, Windows 7, Windows 8 No comments
Windows 7 နှင့် 8.1 ပါတဲ့ PC တွေကို ဝယ်သုံးဖို့အတွက်စဥ်းစားနေတုံးလား ? တစ်နှစ်တောင်မရှိတော့တဲ့ အချိန်သာ ကျန်ပါတော့တယ်။ အကြောင်းကတော့ Microsoft က သူတို့ ရဲ့ OS နှစ်ခုဖြစ်တဲ့ ဒီ Win 7 နှင့် 8.1 ပါဝင်ပြီးသား PC တွေကို ဆက်လက်ရောင်းချတော့မှာ မဟုတ်တော့လို့ပါ။
အောက်တိုဘာလ နောက်ပိုင်း Microsoft ရဲ့ Windows များရဲ့ သက်တမ်း မှတ်တမ်းထဲမှာ ရေးထားတာက အောက်တိုဘာ 31 ရက် ၂၀၁၆ ဆိုရင် Win 7 နှင့် 8.1 ပါဝင်တဲ့ PC တွေ ရောင်းချမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ဒီရက်စွဲပိုင်းအချိန်ကျော်သွားပြီဆိုရင်တော့ သုံးစွဲသူတွေ အတွက် Window 10 သာပါဝင်တဲ့ ကွန်ပျူတာအသစ်များကို ဝယ်ယူသုံးစွဲရတော့မှာပဲဖြစ်ပါတယ်။ လုပ်ငန်းသုံးတွေ အတွက်ကတော့ ချွင်းချက်အနေနှင့် ရှိနေမှာဖြစ်ပြီး လိုင်စင် သဘောတူညီချက် များနှင့်အတူ ဘယ် Windows ဗားရှင်းကို လိုချင်လည်းဆိုတာကို ရွေးချယ်ခွင့်ရှိဦးမယ်လို့လည်း သိရပါတယ်။
ဒီ deadline ဟာ Windows 7 နှင့် အသုံးပြုရတာ အဆင်ပြေလွယ်ကူနေပြီး နောက်ထပ် PC အသစ်တစ်လုံးကို OS အသစ်တစ်ခုနှင့် ပြောင်းလဲအသုံပြုဖို့အတွက် အခက်အခဲ ရှိနေသူတွေ အတွက်ကတော့ တကယ့်ကို ဖိအားတစ်ခုလိုပါပဲ။ Microsoft အတွက်ကတော့ သူရဲ့ Windows အတစ်တစ်ခုဖြစ်ပြီး PCs တွေ Tablets တွေနှင့် Mobile ဖုန်းတွေအားလုံးကို apps များ အတူတကွ အသုံးပြုနိုင်မယ့် Windows 10 ကို 1 billion သော အသုံးပြုသူတွေလက်ထဲ ရောက်ရှိဖို့အတွက် တကယ့်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။
Windows 7 အသုံးပြုသူတွေကတော့ ဘာလို့ဒီလို လုပ်ရတာလည်းဆိုတာကို သိပ်လည်း နားလည်ပုံ ရမှာမဟုတ်ပါဘူး။ Microsoft ဟာ ပုံမှန်အားဖြင့် Windows ဗားရှင်းအသစ်တစ်ခုကို ထုတ်ပြီးနောက် ၂ နှစ် ဆိုတာနှင့် အရင် အဟောင်းကို ရောင်းချဖို့ ရပ်ဆိုင်းတတ်ပါတယ်။ ဆိုလိုတာက Windows 7 ဟာဆိုရင် သူ့ရဲ့ ရပ်ဆိုင်းမယ့် ရက်စွဲဟာ အောက်တိုဘာ ၂၀၁၄ ဖြစ်ပါတယ်။ ဒါဟာ Windows 8 ထွက်ပြီး နောက် ၂ နှစ် အချိန်ကာလပဲဖြစ်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေဟာ Windows 8 ထက် Windows 7 ကို ပိုပြီး မျော်လင့်ထားလို့သာ အချိန်ကာလ ကြာနေတာပဲဖြစ်ပါလိမ့်မယ်။
Windows 7 ကိုပဲ ဆက်လက်အသုံးပြုချင်သူတွေအတွက်ကလည်း စိုးရမ်စရာတော့ မရှိကသေးပါဘူး။ အကြောင်းက ဇန်နဝါရီလ ၁၄ ရက် ၂၀၂၀ ခုနှစ်အထိကို နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေပေးနေဦးမှာပါ။ သဘောကတော့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်ပေးတဲ့ updates တွေနှင့် သုံးစွဲရအဆင်မပြေမှုတွေကို ဖြေရှင်းပေးမယ့် updates တွေကို ရနေဦးမယ်လို့ ဆိုလိုချင်တာပါ။ အဲဒီလိုပဲ Windows 8 အတွက် နည်းပညာထောက်ပံ့မှုတွေကတော့ ဇန်နဝါရီလ ၁၀ ရက် ၂၀၂၃ ခုနှစ်အထိ ပေးနေဦးမှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် Windows 7 နှင့် 8.1 ရဲ့ အဆုံးသတ်ရက်စွဲတွေဟာ Microsoft ရဲ့ Windows 10 ကို အသုံး ပြုဖို့ တွန်းအားတစ်ခုဖြစ်နေပါတယ်။
ဇူလိုင်လ ကုန်ခါနည်းမှာ မိတ်ဆက်ပေးခဲ့တဲ့ OS အသစ်တစ်ခုဖြစ်တဲ့ Windows 10 ဟာ လက်ရှိ Windows 7 နှင့် Windows 8.1 အသုံးပြုသူတွေအတွက် အခမဲ့ upgrade ကိုလည်း ပေးခဲ့ပါတယ်။နောက်ပြီး Microsoft ဟာ လက်ရှိ Windows ကူးခွေတွေကို အသုံးပြုနေတဲ့ သူတွေဆီကိုလည်း OS အသစ်ထွက်ရှိကြောင်းနှင့် အခမဲ့ upgrade ရယူအသုံးပြုနိုင်မည့် အကြောင်းကိုလည်း အမြဲလိုလို သတိပေးနေတတ်ပါတယ်။ လက်ရှိမှာတော့ Windows 10 အဆင့်မြှင့်တင်မှုဟာ အပိုဆောင်း Update အနေနှင့်ပဲ ရှိနေမှာဖြစ်ပြီး နောက်နှစ်အတွင်း မတင်မဖြစ် အနေနှင့် အပြင် အကြံပြုချက် တစ်ခုအဖြစ် update ကို ပြောင်းလဲသွားဖို့ အစီအစဥ်ရှီနေကြောင်း Devices Group ရဲ့ Executive Vice President ဖြစ်တဲ့ Terry Myerson က လွန်ခဲ့တဲ့ အပတ်ကပဲ ပြောကြားခဲ့ပါတယ်။
Ref : cnet.com
Wednesday, November 4, 2015
ကိုယ့်ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေအတွက် အရွေးမမှားရအောင်
USB Type-C တွေခေတ်စားနေတုံးလေး နည်းနည်းလောက်တော့ ဝင်ဖောလိုက်ဦးမယ် :D
ဂူဂဲ အင်ဂျင်နေယာ တစ်ယောက်ဖြစ်တစ်ဖြစ်လည်း Benson Leung ဟာ Mountain View Company မှာ USB Type-C နှင့်သက်ဆိုင်တဲ့ အရာတွေကို လုပ်ဆောင်နေတဲ့ လူတစ်ယောက်လဲဖြစ်သူက ကျနော်တို့လို အသုံးပြုသူတွေအတွက် စဥ်းစားစရာ တစ်ခုကို ပေးလိုက်ပါတယ်။ ဒါကတော့ အမေဇုန် (Amazon) မှာ ရောင်းနေတဲ့ များစွာသော USB Type-C တွေကို သေချာ လေ့လာစမ်းစစ်ပြီးမှ ဝယ်ဖို့ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အခုလို များစွာသော ထုတ်လုပ်သူတွေရှိနေတဲ့အချိန်မှာ စိတ်ချရမှုမရှိတဲ့ ပစ္စည်းတွေဟာ အန္တရာယ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
USB Type-C ပစ္စည်းတွေဟာ တစ်နေ့တခြား များလာသလို လူကြိုက်လည်း များလာပါတယ်။ ဒီလို အချိန်မှာ တချို့သော ပစ္စည်းထုတ်လုပ်သူတွေဟာ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို သေချာ မစမ်းဆစ် ပဲ ဖြစ်သလို လုပ်နေကြသူတွေလည်း ရှိနေပါတယ်။ ဒါဟာ ဘာကို ဖြစ်ပေါ် နိုင်သလည်းဆိုရင် တချို့သော အသုံးအဆောင်ပစ္စည်းတွေနှင့် တွဲဖက် အသုံးချတဲ့အခါမှာ အဆင်မပြေတာမျိုးတွေ အပြင် အားသွင်းရတဲ့ အခြေအနေမျိုးမှာ ဒီလို အရည်အသွေးမမှီတဲ့ USB Type-C တွေကို အသုံးပြုတဲ့အတွက်လည်း အန္တရာယ်များ ဖြစ်ပေါ်စေနိုင်တယ်လို့လည်း Google+ မှာ အရေးကြီး ပို့စ် တစ်ခုအဖြစ် တင်ခဲ့ပါသေးတယ်။
Benson Leung က " ကျနော်ဟာ Amazon မှ USB ကြိုးများကို စတင်လေ့လာကြည့်ရသလောက် အချို့သော ထုတ်လုပ်သူတွေဟာ အလွန်မှ အရည်အသွေးနိမ့်ကျတဲ့ ထုတ်ကုန်များကို ရောင်းချနေကြောင်း" ကိုလည်း Android Police မှာ ပြောခဲ့ပါသေးတယ်။
စောင့်ကြည့်ရသလောက်တော့ နောက်ပိုင်းမှာလည်း Benson Leung ဟာ ဒီ ကြိုးတွေနှင့် အရည်အသွေးတွေအကြောင်းကို သူ့ရဲ့ Amazon profile မှာဆက်လက် တင်ပေးသွားမယ်လို့လည်း ယူဆရပါတယ်။
Tuesday, November 3, 2015
ပြောင်းလည်းမှုသိပ်မရှိဘူးဆိုပေမယ့် အားပြန်သွင်းစရာမလိုတော့တဲ့ Magic Mouse 2
Macig Mouse 2 ရဲ့ ဒီဇိုင်းဟာ ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့်လည်း အသုံးပြုပုံတွေကတော့အရင်ကထက် သိပ်ပြီး ထူးခြားတာမျိုးတော့ မတွေ့ရပါဘူး။ ဒီပို့စ်မှာ ကျနော် MackWorld Uk ကနေ စမ်းသပ်ထားတဲ့ အသုံးပြုနိုင်တဲ့အရာတွေ နောက်ပြီး ဒီဇိုင်းပိုင်းနှင့် အရည်အသွေးတွေကို ပြောပြမှာဖြစ်ပြီး သင့်အတွက် အမှန်တကယ် အသုံးဝင်တယ်မဝင်ဘူးဆိုတာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်လောက်က Magic Mouse 1 နှင့် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားတဲ့ ဒီဇိုင်း မတွေ့ရပါဘူး။ တူညီတဲ့ အဖြူရောင်ချွတ်စွတ်နှင့်ပဲ လာတာဖြစ်ပြီး အလင်းပြန်ပြီး ပြောင်လတ်နေပါတယ်။ မောက်ရဲ့ အပေါ်ပိုင်း အောက်နားမှာတော့ မီးခိုးရောင်ဖြော့ဖြော့ ပန်းသီး တံဆိတ်လေး ကို တွေ့ရမှာပါ။ ဒီဇိုင်းပိုင်းနှင့် အခြား မောက်စ်တွေမတူတဲ့အချက်က အမြင်ပိုင်းမှာ ခလုတ်မပါတဲ့အတွက် မောက်စ်ကို မှန်မှန်ကန်ကန် ကိုင်မိဖို့ရာတော့ စဥ်းစားရမယ့်အချက်ပါ။
မောက်စ်ကို ကိုင်လိုက်တဲ့အခါမှာ ချောမွေ့တဲ့ မျက်နှာပြင်နှင့်အတူ လက်နှင့်ပွတ်တဲ့အခါမှာလည်း Gestures တွေကို ကောင်းကောင်း အလုပ်လုပ်နိုင်တာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်ချက်အရ Magic Trackpad 2 လောက် အသုံးပြုရတာ ပြေပြေပျစ်ပျစ်မရှိတာကို တွေ့ရပါတယ်။
Magic Mouse 1 နှင့် Magic Mouse 2 ရဲ့ အောက်ဖက်ပိုင်း တည်ဆောက်ပုံကို ပြောပြရတာ နည်းနည်းလေး ခက်နေလေတော့ ပုံကိုပဲ ကြည့်လိုက်ပါလို့
ကျနော်တွက်တော့ အရင်ကထက် အောက်ဖက်ပိုင်းဟာ ပိုပြီး ကွေးသွားသလို ခံစားရတယ် ဗျ။
ကြီးကြီးမားမားပြောင်းလည်းသွားတာ တစ်ခုတွေ့ရတာဆိုလို့ မောက်ရဲ့အောက်ဖက်ပိုင်းမှာ အရင်လို ဓါတ်ခဲတွေအတွက် နေရာမရှိတော့ပဲ အားပြန်သွင်းလို့ရတဲ့ ဘတ်ထရီကို ထည့်ပေးလိုက်ပါတယ်။
အရမ်းကောင်းတဲ့ ပြောင်းလဲမှုလို့ ကျနော်ထင်တယ်။ ခဏခဏ ဓါတ်ခဲတွေလဲပေးနေရမယ့်အစား အခုတော့ အားပြန်သွင်းပြီး သုံးလို့ရပါပြီ။ ဓါတ်ခဲတွေကုန်မှာကြောက်ရလို့လည်း ဝယ်စုထားစရာမလိုတော့ဘူးပေါ့ဗျာ။ဒါပေမယ့် မကောင်းတဲ့အချက်က အားကုန်သွားတဲ့အခါမှာ အားပြန်သွင်းဖို့အတွက် အပေါက်က မောက်စ်ရဲ့ အောက်ဖက်မှာပါနေတာဖြစ်ပြီး အားသွင်းနေတဲ့အချိန်မှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။
အားသွင်းကြိုးကတော့ iPhone တွေ iPad တွေအတွက်အသုံးပြုနေတဲ့ Lightning Cable ကိုပဲ အသုံးပြုနိုင်ပြီးတော့၊ ကျနော်မကြိုက်တာက အားသွင်းပေါက်ကို ဘာလို့များ အောက်ဖက်မှာထားမှန်းမသိတာပဲ။ တကယ်ဆိုဗျာ အားသွင်းရင်းသုံးလို့ရ နေရမှာ။
Magic Mouse ဟာ ပြောရမယ်ဆို အတော့်ကို မြန်မြန်နဲ့ အားပြန်သွင်းနိုင်တဲ့ Mouse ပါ အားပြည့်သွင်းဖို့ အချိန် ၂ နာရီဟာလုံလောက်ပါတယ်။ တစ်လလောက် အတွက်ကတော့ ပုံမှန်အသုံးပြုသူတွေအတွက် တစ်ခါအားသွင်းယုံနှင့် အဆင်ပြေပါတယ်။ Apple ကတော့ တစ်မိနစ်လောက် အားသွင်းယုံလောက်နှင့်တင် တစ်နာရီကျော်ကြာ အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ကော်ဖီတစ်ခွက် သောက်စာလောက်အား သွင်းလိုက် လို့ အတော်ကြာကြာ အသုံးပြုနိုင်မယ်ဆိုတော့လည်း မဆိုးဘူးပြောရမှာပေါ့ဗျာ။ ပြဿနာတော့ သိပ်မရှိဘူးဆိုပေမယ့် အားသွင်းရတာ အောက်ကနေလှန်ပြီး သွင်းနေရတော့ အားသွင်းရင်း သုံးမရဘူးပေါ့ဗျာ။
ချိတ်ဆက်အသုံးပြုပုံကတော့ ရှင်းတယ်ဗျ Lightning Cable နှင့်အတူ Mac မှာ ထိုးလိုက်ပြီဆိုတာနှင့် Bluetooth ချိတ်ဆက်မှုက တပြိုင်တည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ အတော့်ကို လျင်မြန်ပြီး ရိုးရှင်းသလို ခံစားရတယ်။
Magic Mouse ကို အသုံးမပြုဖူးသေးတဲ့သူတွေအတွက် ဘာတွေလုပ်လို့ရမလည်း ဆိုတာလေးတွေပါ
- အပေါ်အောက် ဘယ်ညာ ဘီးလုံးလှိမ့်သလို အသုံးပြုနိုင်ပါမယ်။
- လက်တစ်ချောင်းတည်းနှင့် ဘယ်ညာ ပွတ်မယ်ဆိုရင်တော့ Browser တွေမှာ ရှေ့နောက် ပြန်သွားလို့ရပါမယ်။
- လက်နှစ်ချောင်းနှင့် ဘယ်ညာပွတ်မယ်ဆိုရင် software တွေကြား ကူးပြောင်းလို့ရပါမယ်။
- မောက်စ်ရဲ့ မျက်နှာပြင်ကို နှစ်ချက် ထိလိုက်မယ်ဆိုရင် ချုံ့/ချဲ့ လုပ်လို့ရပါမယ်။
- လက်နှစ်ချောင်းနှင့် နှစ်ခါထိမယ်ဆိုရင်တော့ Mission Control ပွင့်လာပါမယ်။
ကောင်းတဲ့အချက်လေးတွေနှင့် အဆင်မပြေတဲ့အချက်လေးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
Monday, November 2, 2015
Microsoft ပြောတဲ့ Surface Book က 13 inch MacBook Pro ထက်ပိုမြန်တယ်ဆိုတဲ့အကြောင်း
Microsoft ဟာ သူ့ရဲ့ပထမဦးဆုံး လက်တော့ကို စပြီးမိတ်ဆက်လိုက်တဲအ့ချိန်မှာ 13 inch Macbook Pro ထက်ကို ၂ ဆနီးပါး မြန်မယ်ဆိုပြီးတော့ အဓိက ကျတဲ့ ပွိုင့်တစ်ခုအနေနဲ့ ထုတ်ပြ ပြောဆိုလိုက်ပါတယ်။ Benchmark စမ်းသပ်မှုတစ်ခုကို PCWorld မှ ပြုလုပ်ခဲ့ပြီး ဒါဟာ လွဲမှားနေတယ်လို့ ဆိုပါတယ်။ Graphic မှာဆိုရင်လည်း Dedicated ဖြစ်တဲ့အတွက် တချို့အသုံးပြု မှုတွေမှာ အလုပ်လုပ်မယ် မဟုတ်ဖူးလို့လည်း ဆိုပါတယ်။ CPU တစ်ခုတည်းကို ပဲ စမ်းသပ်ချက်အရ MacBook Pro ဟာ Surface Book ထက် အနည်းငယ် ပိုပြီးမြန်ပါတယ်။ Geek Bench 3 စမ်းသပ်မှုမှာလည်း အမှန်တကယ်အသုံးပြုထားချိန်မှာ စမ်းသပ်ချက်အရ -
Surface Book က ရှေ့ကို ဦးဆောင်မယ်လို့ Microsoft က ပြောလိုက်ပေမယ့် လက်ရှိစမ်းသပ်ချက် အရတော့ ပြောဖို့စောနေသေးတယ်လို့ ဆိုရမှာပါ။ ဒီ စမ်းသပ်မှုတွေထဲမှာ တချို့ လုပ်ငန်းလုပ်ဆောင် ရာမှာ CPU ဟာ GPU နဲ့ တွဲပြီး အလုပ်လုပ်နိုင်စွမ်း ရှိတဲ့ စမ်းသပ်မှုတွေလည်း ပါဝင်ပါတယ်။ 13 Inch MacBook ဟာ GPU ဟာ CPU နှင့် integrated ပါဝင်တာဖြစ်ပြီး GPU Dedicated ပါတဲ့ Surface Book နှင့် ယှဥ်ပြီး PCWorld က စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက GPU လုပ်ဆောင်နိုင်စွမ်းမှာတော့ အံ့သြစရာမရှိလောက်အောင် စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။
ဒါ့ထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းမှာက Dedicated AMD Graphic ပါတဲ့ MacBook Pro 15 inch နှင့် အထက်က စမ်းသပ်မှုမျိုးကို ယှဥ်ကြည့်လိုက်ရင် ဘယ်လိုနေမလည်းဆိုတာပါပဲ။
ပြောဖို့တောင် လိုမယ်မထင်တော့ပါဘူး . . .
Tuesday, October 27, 2015
အသစ်တဖန် ပြန်လာခဲ့တဲ့ Microsoft
Microsoft ရဲ့ သိပ်မကြာသေးခင်အချိန်က ပြုလုပ်ခဲ့တဲ့ ပွဲလေးတစ်ခုမှာတော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုအနေနှင့် Apple ရဲ့ အာရုဏ်စိုက်မှုကို ရယူနိုင်လောက်တဲ့ စိတ်ဝင်စားဖွယ်နည်းပညာ တွေနဲ့ အတူ ဖွင့်ချပြခဲ့ပါတယ်။ ကမ္ဘာအကြီးဆုံး လူသုံးများတဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခု အနေနှင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တီထွင်မှုအသစ်အစမ်းများနှင့် တဖန်ပြန်လည် နိုးထလာခဲ့ပြီး၊ ဒီနေ့ ဒီအချိန်မှာတော့ လူအများရဲ့ စိတ်ဝင်စားမှုကို တဖန်ပြန်လည် ရရှိနိုင်လောက်ပြီလို့ ထင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ဘဝတွေနဲ့ နည်းပညာ တွေကြား အပြောင်းအလည်းတစ်ခုလိုပါ။
Microsoft ရဲ့ cross-platform တစ်ခုဖြစ်တဲ့ Windows 10 နှင့် iOS အပြင် Android နဲ့ပါ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ အဆင်ပြေတာတစ်ခုက ဒီ လက်ပတ်ကို သုံးဖို့အတွက် ကျနော်တို့မှာ Lumia ဖုန်းတစ်လုံး ဝယ်စရာမလိုတော့ဘူးပေါ့ဗျာ။ နောက်ပြီး ဈေးနှုန်းဘက်ကို ကြည့်မယ်ဆိုရင်လည်း ကြိုတင်မှာကြားစနစ်နဲ့ $249 ပဲကျသင့်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Apple နဲ့
ယှဥ်မယ်ဆိုရင်တော့ အတော့်ကို ဈေးပေါတာပဲလို့ ပြောရမှာပဲ။
950 နှင့် 950 XL မှာဆိုရင် မျက်နှာပြင်အကျယ် ၅.၂ လက်မ နှင့် ၅.၇ လက်မ WQHD resolution OLED Display တို့ကို အသီးသီးတပ်ဆင်ထားပါတယ်။ 950 XL ကိုတော့ Snapdragons Octa-Core 810 chip ကိုအသုံးပြုထားပြီး၊ 950 မော်ဒယ်ကတော့ Snapdragon 808 hexa-core processor ကိုအသုံးပြုထားပါတယ်။ ဖုန်းမော်ဒယ် နှစ်မျိုးစလုံးက 20 MP ကင်မရာ အသုံးပြုထားပြီး 4K အရည်အသွေးမြင့် ဗွီဒီယို များကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Flash မီးမှာဆိုရင်လည်း Triple-LED RGB ပါဝင်ပြီး Optical Image Stabalization ( OIS ) လုပ်ဆောင်ချက်လည်း ပါဝင်မှာဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းမှု ပမာဏ 32 GB ပါဝင်ပြီး မိနစ် ၃၀ (နာရီဝက်) အတွင်းမှာတင် ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မယ့် USB Type-C ကိုအသုံးပြုထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ အေးစေဖို့အတွက် liquid-cooled ကို အသုံးပြုထားပုံရပါတယ်။ သေချာဖတ်လိုက်ပါတယ်နော် liquid-cooled စမတ်ဖုန်း တစ်မျိုးပါ တကယ်ပြောနေတာပါ။ :D တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်မှာပါ ဖုန်းကို အေးစေအောင်လို့ အရည်တစ်မျိုးကို အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာလည်း Continuum ကိုအသုံးပြု နိုင်မှာဖြစ်ပါတယ်။
Apple အနေနှင့် အခုချိန်ထိ OS X နှင့် iOS ဆိုပြီး ခွဲထားတဲ့ အချိန်မှာ Microsoft အနေနှင့်ကတော့ မည်သည့် အရွယ်အစားနှင့်မဆို လုပ်ဆောင်နိုင်မှုတွေ ကွာခြားသွားတာမျိုး မဖြစ်သွားတဲ့ သုံးစွဲမှုမှာဆိုရင်လည်း တစ်နေရာနှင့် တစ်နေရာ အကူးအပြောင်းမှာ လုပ်ငန်းတွေ ရှုပ်ထွေးသွားတာမျိုး မဖြစ်ရအောင် OS တစ်ခုကို တည်ဆောက်နေတာဖြစ်ပါတယ်။ Continuum ဟာဆိုရင် Lumia 950 နှင့် 950 XL ဖုန်းတွေမှာ ကြိုးမဲ့စနစ်နဲ့ Bluetooth ကီးဘုတ်တွေ၊ မောက်စ် တွေနှင့် မော်နီတာ တွေကို ချိန်ဆက်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ (PC) တစ်လုံးလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင် မိုဘိုင်း ဖုန်းတစ်လုံးကို တကယ် အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Window 10 ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ Continuum လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် Microsoft က Display Dock တစ်ခုကို ပြုလုပ်ရောင်းချပြီး အရမ်းကိုရိုးရှင်း လွယ်ကူစွာနှင့် မော်နီတာတစ်လုံးကို ချိတ်ဆက်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ Dock မှာ ဆိုရင် USB အပေါက် သုံးခုပါပြီး၊ HDMI တစ်ပေါက်နှင့်အတူ DisplayPort နှင့် ဖုန်းကို ချိတ်ထားတဲ့အချိန်မှာအားသွင်းနိုင်မယ့် Charging တစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။
Surface Pro 4 ဟာဆိုရင် မျက်နှာပြင်မှာ PixelSense နည်းပညာသုံး ဖြစ်ပြီး ၁၂.၃ လက်မ ရှိပါတယ်။ Pixel သိပ်သည်းမှုမှာ 267 ppi (၅ မီလီယံ Pixels) ရှိပြီး အပေါ်ယံတွင် အလွှာတစ်ခုအဖြစ် 0.4 mm ထူတဲ့ပွန်းရာခြစ်ရာခံနိုင်မယ့် Gorilla မှန်သားကို အသုံးပြုထားပါသေးတယ်။ နည်းပညာအသစ်တစ်ခုဖြစ်တဲ့ Microsoft မှ ဖန်တီးတည်ဆောက်ထားတဲ့ G5 Chipset နှင့် အတူ 1024 Levels ရှိ ဖိအားကို သိရှိနိုင်တဲ့ Surface Pen တစ်ချောင်းလည်း ပါဝင်ပါသေးတယ်။ ဒီ Pen ဟာဆိုရင် နောက်ပိုင်းဖင်မှာ ခဲ့တံများလိုပဲ ခဲဖျက်ပါဝင်ပြီး တစ်နှစ်စာ သက်တမ်းရှိ ဘတ္ထရီ လည်းပါ ပါသေးတယ်။ နောက်ထူးခြားတာက ဒီ Pen ကို Surface Pro 4 မှာ သံလိုက်နှင့် ကပ်ပြီးသိမ်းဆည်းနိုင်ဦးမှာဖြစ်ပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ ဒီ Pen ဟာဆိုရင် ငွေရောင်၊ ရွှေရောင်၊ အနီရောင်၊ အပြာရောင်နှင့် အနက် ရောင်ဆိုပြီး မျက်နှာပြင်တဲ့ ထိတွေ့တဲ့ ထိပ်ပိုင်းကိုလည်း လဲလှယ်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ တကယ်ဆိုဗျာ Apple ရဲ့ pen မှာလည်း ဖင်ပိုင်းမှာ ခဲဖျက်ပါသင့်တယ်ထင်တာပဲဗျ။
1 TB ထိသိမ်းဆည်းနိုင်ပြီး 16 GB RAM နှင့် မိုက္ကရိုဆော့ဖ်ရဲ့ ပြောကြားချက်အရတော့ အရင် Surface Pro 3 ထက်ကို ၃၀ ရာခိုင်နှုန်း ပိုမြန်မယ်ဆိုတာပါပဲ။ အခြားသော Talbet-PC တွေလိုပါပဲ Surface Pro 4 မှာလည်း သံလိုက်နှင့် ကပ်ပြီး အသုံးပြုနိုင်မယ့် တကယ့်ကို ပါးလွှာပေါ့ပါးတဲ့ Keyboard ပါဝင်ပါသေးတယ်။ ယခင် ထုတ်လုပ်ခဲ့တဲ့ Keyboard ထက် ယခုအခါမှာတော့ Trackpad ဟာ ပိုမိုကျယ်ပြန့်လာပြီး Keyboard အမျိုးအစားကလည်း backlit ဖြစ်လာပါတယ်။ သိပ်မကြာခင်မှာပဲ $899 နှင့်စတင်ရောင်းချတော့မှာပါ။
Apple မှာတော့ MacBook Pro ရှိခဲ့ပြီးဖြစ်ပေမယ့် အခုအခါမှာတော့ Microsoft ဟာ သူ့ရဲ့ ပထမဦးဆုံးသော လက်တော့ ကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ ပြောကြားချက်အရ Surface Book ဟာ MacBook Pro ထက် သာလွန်ကောင်းမွန်တယ်ဆိုတာပါပဲ။ ကြားရတာ နည်းနည်းတော့ ဆန်းသား !!! လက်တော့ရဲ့ Display နှင့် အောက်ဘက် Keyboard ဆက်သွယ်ထားတဲ့နေရာမှာလည်း သမရိုးကျ မဟုတ်ပဲ သူ့ရဲ့ လက်တော့ဟာ နာရီလက်ပတ်က ကြိုးလိုဖြစ်နေတာလည်း ခပ်ဆန်းဆန်းလေးပါ။ Apple က သူ့ရဲ့ iPad Pro နှင့် Surface Pro ကို ယှဥ်နိုင်လိမ့်မယ်လို့ ထင်ထားတဲ့အချိန်မှာ မိုက္ကရိုဆော့ဖ်ကတော့သူ့ရဲ့ Cupertino နှင့်တည်ဆောက်ထားတဲ့ စွမ်းအားမြင့် လက်တော့ကအနိုင်ယူနိုင်မယ်လို့ ထင်နေပါတယ်။
Surface Book ထဲမှာဆိုရင်တော့ Core i5 နှင့် i7 processors များအသုံးပြုထားပြီး Nvidia Geforce GPU နှင့် GDDR 5 မီမိုရီကို ထည့်သွင်းပေးထားပါတယ်။ ဒီအတွင်းပိုင်းတည်ဆောက်ပုံတွေဟာဆိုရင် လက်ရှိ ကမ္ဘာပေါ်မှာတော့ အမြန်ဆုံး ၁၂ လက်မ လက်တော့အဖြစ် ရပ်တည်နိုင်စေပါတယ်။ ယခုလ ၂၆ ရက်မှစပြီး $ 1,499 နှင့် စတင်ရောင်းချနေပါပြီ။
Microsoft Band
Microsoft ဟာ ဆိုရင် သူ့ရဲ့ နည်းပညာသစ်တစ်ခုဖြစ်တဲ့ fitness monitoring နည်းပညာပါတဲ့ လက်ပတ် တစ်ခုနဲ့ စတင်လိုက်ပါတယ်။ Microsoft လက်ပတ်ဟာဆိုရင် Apple နာရီကို တိုက်ရိုက် ယှဥ်ပြိုင်မည့် အရာပါ။ ပုံမှန် သုံးစွဲနေကျ fitness လက်ပတ်တွေနဲ့မတူပဲ ခေတ်ရှေ့ပြေး ဒီဇိုင်းပုံစံ ဖန်တီးထားတာဖြစ်ပါတယ်။ ပုံစံဒီဇိုင်းအရ ပုံမှန် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူတွေနှင့် လက်ရှိ ကိုယ်လက် လှုပ်ရှားပြုလုပ်ချင်တဲ့ သူတွေအတွက် ကို ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့ လက်မှာ လှလှပပနဲ့ ရှိနေမှာလည်းဖြစ်ပါတယ်။
လုပ်ဆောင်ချက်တွေဟာလည်း သာလွန်ကောင်းမွန်တယ်ဆိုရမှာပါ။ GPS ၊ UV monitoring၊ အိပ်ချိန် နှင့် ကယ်လိုရီ(အဆီ) အတက်အကျကိုလည်းစောင့်ကြည့်နိုင်ပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ တခြားလက်ပတ်တွေနဲ့မတူတာက သူ့မှာ လေဖိအားတိုင်း ကိရိယာ ပါဝင်ပြီး Elevation (အမြင့်) ကိုတိုင်းတာနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့ Golf ရိုက်ချက်ကိုလည်း သိရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် Uber ၊ Runkeeper, Starbucks, Subway နှင့် Twitter လို Applicationတွေ နောက်ပြီး အသံနဲ့ စေခိုင်းလို့ရမယ့် Cortana လည်း ပါဝင်မှာဖြစ်ပါတယ်။ fitness trackers တခုအနေနှင့် တကယ့်ကို သင့်တော်တဲ့ စမတ်ကျတဲ့ လက်ပတ်တစ်ခုဖြစ်ပြီး Microsoft က သင့်ရဲ့ လုပ်ဆောက်ချက် လှုပ်ရှားမှုတွေ ကို တိတိကျကျ စောင့်ကြည့်နိုင်မယ့် ကျန်းမာရေးအတွက် Application တစ်ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
Microsoft ရဲ့ cross-platform တစ်ခုဖြစ်တဲ့ Windows 10 နှင့် iOS အပြင် Android နဲ့ပါ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ အဆင်ပြေတာတစ်ခုက ဒီ လက်ပတ်ကို သုံးဖို့အတွက် ကျနော်တို့မှာ Lumia ဖုန်းတစ်လုံး ဝယ်စရာမလိုတော့ဘူးပေါ့ဗျာ။ နောက်ပြီး ဈေးနှုန်းဘက်ကို ကြည့်မယ်ဆိုရင်လည်း ကြိုတင်မှာကြားစနစ်နဲ့ $249 ပဲကျသင့်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Apple နဲ့
ယှဥ်မယ်ဆိုရင်တော့ အတော့်ကို ဈေးပေါတာပဲလို့ ပြောရမှာပဲ။
Lumia 950 & 950XL
Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Lumia စမတ်ဖုန်းနှစ်လုံးဟာဆိုရင် တည်ဆောက်ထားတဲ့ ပစ္စည်းပိုင်းဆိုင်ရာမှာလည်း မဆိုးပါဘူး။ ဒါပေမယ့် စမတ်ဖုန်းစျေးကွက်မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ iPhone 6s နှင့် 6s Plus တို့ အတွက်ကတော့ ယှက်ပြိုင်စရာမလိုတဲ့ ဖုန်းနှစ်လုံးပါ။ ဘာတွေပြောင်းလည်းလာဦးမလည်းဆိုတဲ့ အတွေးအောက်မှာ Lumia ဟာဆိုရင် တဖြည်းဖြည်းချင်း လျှို့ဝှက်လက်နက်သဖွယ် တိုးတက်မှုတွေနဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။
950 နှင့် 950 XL မှာဆိုရင် မျက်နှာပြင်အကျယ် ၅.၂ လက်မ နှင့် ၅.၇ လက်မ WQHD resolution OLED Display တို့ကို အသီးသီးတပ်ဆင်ထားပါတယ်။ 950 XL ကိုတော့ Snapdragons Octa-Core 810 chip ကိုအသုံးပြုထားပြီး၊ 950 မော်ဒယ်ကတော့ Snapdragon 808 hexa-core processor ကိုအသုံးပြုထားပါတယ်။ ဖုန်းမော်ဒယ် နှစ်မျိုးစလုံးက 20 MP ကင်မရာ အသုံးပြုထားပြီး 4K အရည်အသွေးမြင့် ဗွီဒီယို များကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Flash မီးမှာဆိုရင်လည်း Triple-LED RGB ပါဝင်ပြီး Optical Image Stabalization ( OIS ) လုပ်ဆောင်ချက်လည်း ပါဝင်မှာဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းမှု ပမာဏ 32 GB ပါဝင်ပြီး မိနစ် ၃၀ (နာရီဝက်) အတွင်းမှာတင် ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မယ့် USB Type-C ကိုအသုံးပြုထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ အေးစေဖို့အတွက် liquid-cooled ကို အသုံးပြုထားပုံရပါတယ်။ သေချာဖတ်လိုက်ပါတယ်နော် liquid-cooled စမတ်ဖုန်း တစ်မျိုးပါ တကယ်ပြောနေတာပါ။ :D တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်မှာပါ ဖုန်းကို အေးစေအောင်လို့ အရည်တစ်မျိုးကို အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာလည်း Continuum ကိုအသုံးပြု နိုင်မှာဖြစ်ပါတယ်။
Apple အနေနှင့် အခုချိန်ထိ OS X နှင့် iOS ဆိုပြီး ခွဲထားတဲ့ အချိန်မှာ Microsoft အနေနှင့်ကတော့ မည်သည့် အရွယ်အစားနှင့်မဆို လုပ်ဆောင်နိုင်မှုတွေ ကွာခြားသွားတာမျိုး မဖြစ်သွားတဲ့ သုံးစွဲမှုမှာဆိုရင်လည်း တစ်နေရာနှင့် တစ်နေရာ အကူးအပြောင်းမှာ လုပ်ငန်းတွေ ရှုပ်ထွေးသွားတာမျိုး မဖြစ်ရအောင် OS တစ်ခုကို တည်ဆောက်နေတာဖြစ်ပါတယ်။ Continuum ဟာဆိုရင် Lumia 950 နှင့် 950 XL ဖုန်းတွေမှာ ကြိုးမဲ့စနစ်နဲ့ Bluetooth ကီးဘုတ်တွေ၊ မောက်စ် တွေနှင့် မော်နီတာ တွေကို ချိန်ဆက်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ (PC) တစ်လုံးလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင် မိုဘိုင်း ဖုန်းတစ်လုံးကို တကယ် အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Window 10 ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ Continuum လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် Microsoft က Display Dock တစ်ခုကို ပြုလုပ်ရောင်းချပြီး အရမ်းကိုရိုးရှင်း လွယ်ကူစွာနှင့် မော်နီတာတစ်လုံးကို ချိတ်ဆက်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ Dock မှာ ဆိုရင် USB အပေါက် သုံးခုပါပြီး၊ HDMI တစ်ပေါက်နှင့်အတူ DisplayPort နှင့် ဖုန်းကို ချိတ်ထားတဲ့အချိန်မှာအားသွင်းနိုင်မယ့် Charging တစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ထုတ်လုပ်သူ အတော်များများဟာ မိုဘိုင်း ဖုန်းတွေကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲနိုင်မယ့် နည်းပညာ ကြိုးစားမှုတွေကို မြင်တွေ့ခဲ့ ကြပြီးလည်း ဖြစ်ပါတယ်။ မော်တော်ရိုလာ ( Motorola ) ကလည်း Android စနစ်ကို အသုံးပြုပြီး ကြိုးစားခဲ့ ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အခုချိန်မှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အပြောင်းအလည်း တစ်ခုကို သင့်တင့်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုအဖြစ် Microsoft က ချပြလိုက်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်ကတွေကပဲ Android ကိုအသုံးပြုပြီး Motorola က Atrix 4G ကို Dock နဲ့ ဖန်တီးခဲ့ပါသေးတယ်။ ပြောရမယ်ဆိုရင် Android ထက် Window 10 ကပိုပြီး အားလုံးနဲ့အဆင်ပြေတဲ့ OS တစ်ခု ဖြစ်လာတာပါ။ Continumm နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်ဖို့ အတွက် Microsoft ကတော့ Developers တွေက Applications တွေကို တည်ဆောက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။ ကဲ ဘယ်လိုမြင်ကြလည်း စာဖတ်သူ ပြေကြည့်ပါဦး Microsoft လား Apple လား ဘယ်သူက ပိုပြီး အလားအလာကောင်းတယ်လို့ ရောမြင်လဲဗျ ?
Lumia 950 XL ကို $649 နှင့် ရောင်းချမှာဖြစ်ပြီး Lumia 950 ကတော့ $100 အောက်မှာပဲ ကျသင့်လိမ့်မယ်လို့လည်း ကြားထားပါတယ်။
HoloLens
Apple က တော့ Virtual Reality ဘက်ပိုင်းမာ ခေါင်းရှောင်နေသေးတဲ့ အချိန်မှာ Google ကတော့ Glass နှင့် Cardboard ဆိုပြီး ချပြခဲ့ပါပြီ။ HTC နှင့် Samsung ဟာဆိုရင်လည်း VR နဲပတ်သက်ပြီး ဖန်တီးမှုတွေရှိခဲ့ပါတယ်။ Microsoft ကတော့ HoloLens ကိုပဲ ထုန်ရောင်းဖို့ပျင်းပြနေပါတယ်။ အခုချိန်မှာတော့ ဝတ်ဆင်လို့ရတဲ့ holographic headset ကို ထုတ်ဖော်ပြသခဲ့ပြီး လုပ်ငန်းပိုင်း ဆိုင်ရာကော ဖျော်ဖြေရေးပိုင်း အသုံးပြု အနေနဲ့ပါ အသုံးဝင်မယ့်အရာဖြစ်လာမှာပါ။ အခြား VR အများစုနဲ့ ဘာကွာလည်းဆိုရင် HoloLens ကိုအသုံးပြုဖို့အတွက် ဘာနဲ့မှ ချိတ်ဆက်ထားဖို့မလိုတဲ့အပြင် ကေဘယ်ကြိုးလေး တစ်ချောင်းတောင် မလိုပါဘူး။အထူးသဖြင့် ကွန်ပျူတာတောင် မလိုတာပါ။
ဒီ Headset ကိုတော့ အရင်တချိန်ကလည်း ပြသခဲ့ပြီးပါပြီ။ အခုတဖန် အသစ် ပြန်လည် မွမ်းမံပြီး နေကာမျက်မှန်ပုံစံနှင့် အနာဂတ်ခေတ်ရှေ့ပြေး ဒီဇိုင်း ဖြစ်လာပါတယ်။ သိပ်တော့လည်း အံ့သြတကြီး ဖြစ်မယ်မထင်ပါဘူး ဘာလို့လည်းဆိုရင် သိပ္ပံဇာတ်လမ်းထဲမှာ သင် မြင်တွေ့ဖူးမှာပါ။ HoloLens ဟာ သူ့ရဲ့ အာရုဏ်ခံတွေနဲ့ အသုံးပြုသူရဲ့ နေရာအကျယ်အဝန်းကို တိုင်းတာပါတယ်။ နောက်ပြီး မျက်နှာပြင်တွေဖြစ်တဲ့ နံရံတွေ၊ စားပွဲတွေမှာ 3D ပုံရိပ်တွေ ရုပ်ရှင် တွေနှင့် အချက်အလက်တွေကို ပြ သပေးမှာဖြစ်ပါတယ်။
ဒီတစ်ခေါက်မိတ်ဆက်ပြသခဲ့ တဲ့ အချိန်မှာတော့ Project X-Ray လို့ခေါ်တဲ့ Game တစ်ခုကို ကစားပြတာဖြစ်ပြီး ဒီ Game မှာဆိုရင် HoloLens ရဲ့ spatial mapping နည်းပညာကို အသုံးပြုပြီး ရန်သူတွေက သင့်ရဲ့ နံရံတွေထဲကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Apple ကလည်း နောက်လာမယ့် Apple TV 4 မှာ ဒီလိုမျိုး လုပ်ဆောင်ချက်တွေပါဝင်လာလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် ဒီ လုပ်ဆောင်ချက်ဟာဆိုရင် ဂိမ်းကနေစပြီး စည်းဝေးလုပ်ဆောင်မှုတွေအထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Developer တွေ စိတ်ကူးယဥ်ထားတာထက် တည်ဆောက်မှုပိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေတုံးပါ။ လက်ရှိမှာတော့ Developer တွေအတွက် HoloLens Develpment Edition ကို $ 3000 နဲ့ဝယ်ယူနိုင်တယ် လို့လည်းသိရပါတယ်။
Surface Pro 4
Apple က သူ့ရဲ့ iPad Pro ကို Apple Pen နှင့် Keyboard Case တွေနဲ့အတူ ချပြလိုက်ပြီးတဲ့နောက်မှာတော့ သေချာတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်လာတာက ထုတ်လုပ်သူတွေဟာ ကြီးမှားတဲ့မျက်နှာပြင်တွေပါတဲ့ Tablet/Laptop သို့မဟုတ် Lapblet လို့ခေါ်ရမယ့် ပစ္စည်းတွေကို လိုအပ်လာပြီလို့ ခံစားရပါတယ်။ အမှန်တိုင်း ပြောရမယ်ဆိုရင် Microsoft ဟာ မျက်နှာပြင်နှင့် ပတ်သက်ပြီး လှုပ်ရှားနေတာ ကြာပြီလို့ဆိုလို့ရပါတယ်။ အခုချိန်မှာတော့ Microsoft ဟာ ယှဥ်ပြိုင်ဖွယ်အလားအလာ တစ်ခုဖြစ်တဲ့ အရာတစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။
ဒီ ထုတ်ကုန်ဟာ iPad Pro နှင့် တိုက်ရိုက် ယှဥ်ပြိုင်မယ့် အရာလို့ ပြောရင်တော့ မှားမယ်မထင်ပါဘူး။ နောက်တဖန် ပြောရမယ်ဆိုရင်လည်း MacBook Air အစား သူဟာ စင်ပေါ်တက်တော့မယ့် Microsoft ရဲ့ထုတ်ကုန် ဆိုရင်လည်း မမှားပါဘူး။
ဒီ ထုတ်ကုန်ဟာ iPad Pro နှင့် တိုက်ရိုက် ယှဥ်ပြိုင်မယ့် အရာလို့ ပြောရင်တော့ မှားမယ်မထင်ပါဘူး။ နောက်တဖန် ပြောရမယ်ဆိုရင်လည်း MacBook Air အစား သူဟာ စင်ပေါ်တက်တော့မယ့် Microsoft ရဲ့ထုတ်ကုန် ဆိုရင်လည်း မမှားပါဘူး။
Surface Pro 4 ဟာဆိုရင် မျက်နှာပြင်မှာ PixelSense နည်းပညာသုံး ဖြစ်ပြီး ၁၂.၃ လက်မ ရှိပါတယ်။ Pixel သိပ်သည်းမှုမှာ 267 ppi (၅ မီလီယံ Pixels) ရှိပြီး အပေါ်ယံတွင် အလွှာတစ်ခုအဖြစ် 0.4 mm ထူတဲ့ပွန်းရာခြစ်ရာခံနိုင်မယ့် Gorilla မှန်သားကို အသုံးပြုထားပါသေးတယ်။ နည်းပညာအသစ်တစ်ခုဖြစ်တဲ့ Microsoft မှ ဖန်တီးတည်ဆောက်ထားတဲ့ G5 Chipset နှင့် အတူ 1024 Levels ရှိ ဖိအားကို သိရှိနိုင်တဲ့ Surface Pen တစ်ချောင်းလည်း ပါဝင်ပါသေးတယ်။ ဒီ Pen ဟာဆိုရင် နောက်ပိုင်းဖင်မှာ ခဲ့တံများလိုပဲ ခဲဖျက်ပါဝင်ပြီး တစ်နှစ်စာ သက်တမ်းရှိ ဘတ္ထရီ လည်းပါ ပါသေးတယ်။ နောက်ထူးခြားတာက ဒီ Pen ကို Surface Pro 4 မှာ သံလိုက်နှင့် ကပ်ပြီးသိမ်းဆည်းနိုင်ဦးမှာဖြစ်ပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ ဒီ Pen ဟာဆိုရင် ငွေရောင်၊ ရွှေရောင်၊ အနီရောင်၊ အပြာရောင်နှင့် အနက် ရောင်ဆိုပြီး မျက်နှာပြင်တဲ့ ထိတွေ့တဲ့ ထိပ်ပိုင်းကိုလည်း လဲလှယ်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ တကယ်ဆိုဗျာ Apple ရဲ့ pen မှာလည်း ဖင်ပိုင်းမှာ ခဲဖျက်ပါသင့်တယ်ထင်တာပဲဗျ။
1 TB ထိသိမ်းဆည်းနိုင်ပြီး 16 GB RAM နှင့် မိုက္ကရိုဆော့ဖ်ရဲ့ ပြောကြားချက်အရတော့ အရင် Surface Pro 3 ထက်ကို ၃၀ ရာခိုင်နှုန်း ပိုမြန်မယ်ဆိုတာပါပဲ။ အခြားသော Talbet-PC တွေလိုပါပဲ Surface Pro 4 မှာလည်း သံလိုက်နှင့် ကပ်ပြီး အသုံးပြုနိုင်မယ့် တကယ့်ကို ပါးလွှာပေါ့ပါးတဲ့ Keyboard ပါဝင်ပါသေးတယ်။ ယခင် ထုတ်လုပ်ခဲ့တဲ့ Keyboard ထက် ယခုအခါမှာတော့ Trackpad ဟာ ပိုမိုကျယ်ပြန့်လာပြီး Keyboard အမျိုးအစားကလည်း backlit ဖြစ်လာပါတယ်။ သိပ်မကြာခင်မှာပဲ $899 နှင့်စတင်ရောင်းချတော့မှာပါ။
Surface Book
Apple မှာတော့ MacBook Pro ရှိခဲ့ပြီးဖြစ်ပေမယ့် အခုအခါမှာတော့ Microsoft ဟာ သူ့ရဲ့ ပထမဦးဆုံးသော လက်တော့ ကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ ပြောကြားချက်အရ Surface Book ဟာ MacBook Pro ထက် သာလွန်ကောင်းမွန်တယ်ဆိုတာပါပဲ။ ကြားရတာ နည်းနည်းတော့ ဆန်းသား !!! လက်တော့ရဲ့ Display နှင့် အောက်ဘက် Keyboard ဆက်သွယ်ထားတဲ့နေရာမှာလည်း သမရိုးကျ မဟုတ်ပဲ သူ့ရဲ့ လက်တော့ဟာ နာရီလက်ပတ်က ကြိုးလိုဖြစ်နေတာလည်း ခပ်ဆန်းဆန်းလေးပါ။ Apple က သူ့ရဲ့ iPad Pro နှင့် Surface Pro ကို ယှဥ်နိုင်လိမ့်မယ်လို့ ထင်ထားတဲ့အချိန်မှာ မိုက္ကရိုဆော့ဖ်ကတော့သူ့ရဲ့ Cupertino နှင့်တည်ဆောက်ထားတဲ့ စွမ်းအားမြင့် လက်တော့ကအနိုင်ယူနိုင်မယ်လို့ ထင်နေပါတယ်။
Surface Pro 4 လိုပဲ Surface Book မှာလည်း PixelSense Touch Sensitive နည်းပညာသုံးထားတဲ့ 267 PPI ရှိ မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ၁၂.၃ လက် ထက်ကို ၁၃.၅ လက်မကျော်နည်းပါးရှိပါတယ်။ နောက်ပြီး အပေါ်ယံက မှန်သားနှင့် မျက်နှာပြင်ကို တွဲရပ် တည်ဆောက်ထားပြီး အထဲကနေပေါ်လာတဲ့ စာသားတွေရုပ်ပုံတွေဟာ အပြင်ကို ထွက်နေသယောင် ထင်မှတ် မှားရပါတယ်။ Backlit Keyboard 1.6 mm ပါဝင်ပြီး အသုံးပြုချိန်မှာ အသံတိတ်ဆိတ်အောင် ပြုလုပ်ထားကြောင်း၊ ပြီးပြည့်စုံသော ကီးဘုတ်တစ်ခုကို ပိုင်ဆိုင်ရမှာပါ။ MacBook Pro လို မဟုတ်ပဲ အပေါ်ပိုင်းက မျက်နှာပြင်ကို ကီးဘုတ်မှ ဖြုတ်ယူသုံးစွဲမှုပြုလုပ်နိုင်ပါတယ်။ Laptop/Tablet တွေမှာ အသုံးပြုတဲ့ machined magnesium ကိုယ်ထည်နှင့် ၁၂ နာရီကြာ အသုံးပြုလို့ရမယ့် ဘတ္ထရီ၊ ကြီးမားပြီး တိကျတဲ့ မှန်သားဖုန်းအုပ်ထားတဲ့ trackpad နှင့် လက် ၅ ချောင်းထိအသုံးပြုနိုင်မယ့် multi-touch နည်းပညာတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။