Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, November 11, 2015

Android Platform ထိ ဈေးကွက်ချဲ့လာပြီဖြစ်တဲ့ Apple

 Paw Oo     2:53 PM     Android, Apple     No comments   


ဇွန်လက ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC မှာ မြင်ခဲ့ရပြီး အခုချိန်မှာဆိုရင်တော့ Apple Music ကို Google ရဲ့ Android OS ပေါ်မှာလည်း အသုံးပြုလို့ရပြီဖြစ်ပါတယ်။ Google Play Store မှာ အရင်ကလည်း Apple ရဲ့ Apps တွေဖြစ်တဲ့ Move To iOS နှင့် Beats Pill+ တွေထွက်ရှိခဲ့ပါ သေးတယ်။
Apple Music ဟာဆိုရင် များစွာသော သီချင်းပေါင်းမြောက်များစွာကို ရှာယူနားထောင်နိုင်ပြီး မိမိနှစ်သက် နိုင်မယ့် သီချင်းများကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ Music နှင့် Music Videos ဟာဆိုရင် အင်တာနက်မရှိတဲ့အချိန်မှာလည်း နားထောင်ဖို့အတွက် မှတ်သားထား နိုင်မှာလည်း ဖြစ်ပါတယ်။ သုံးလ အခမဲ့အသုံးပြုခွင့်ပေးထားပြီး တစ်လလျင် သာမန် အဖွင့်ဝင်အဖြစ် 9.99 ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Beats Music အစားထိုးဝင်ရောက်လာတာလို့လည်း ပြောလို့ရပါတယ်။ Apple Music မှာ မိသားစု Plan ဟာဆိုရင် မတူညီတဲ့ အကောင့် ၅ ခုအထိကို မျှဝေနိုင်ပြီး Family Sharing ဟာဆိုရင် iOS  နှင့် Mac အတွက် တစ်လကို ၁၄.၉၉ ဒေါ်လာ ကျသင့်မှာပဲဖြစ်ပါတယ်။

Apple Music ကို ရယူရန် on the Google Play Store now:
လက်ရှိမှာတော့ အစမ်းသုံးစွဲ ရန် ဗားရှင်းသာ ရှိပါသေးတယ်
Notes about the beta period:
• Music Videos တွေ ရရှိဖို့အချိန်စောင့်ဆိုင်းရဦးပါမယ်
• အကောင့်ကို အဆင့်မြှင့်ခြင်းနှင့် မိသားစုဝေမျှနိုင်ရန် Mac ဒါမှမဟုတ် iOS လိုအပ်ပါမယ်။
• Sign-Up အဆင့်တွေဟာဆိုရင်လည်း Android အတွက် အဆင်ပြေလွယ်ကူဖို့ စောင့်ရပါဦးမယ်။


Apple Music ကို Android ပေါ်မှာရလာပြီဆိုတော့ တနည်းအားဖြင့် ကျနော်တို့ဟာ iTunes သီချင်းတွေကို Google ရဲ့ Android Platform ပေါ်မှာ လွယ်လွယ်ကူကူ ရယူနိုင်ပြီလို့ ဆိုရမှာပါ။
ယခင် Beats Music ကိုအသုံးပြုသူတွေကတော့ App အဟောင်းကနေ Apple Music အသစ်ကို ကူးပြောင်းရမှာ ဖြစ်ပါတယ်။ ယခင် ဝယ်ယူထားတဲ့ သီချင်းတွေနှင့် သီချင်းခွေတွေကိုတော့ ရွေ့ပြောင်း နားဆင်နိုင်မှာဖြစ်ပါတယ်။ Beats Music ဟာဆိုရင် Windoes Phone တွေမှာလည်း အသုံးပြုလို့ ရခဲ့ပေမယ့် ဗားရှင်းအသစ်ဖြစ်တဲ့ Apple Music ကတော့ Microsoft ရဲ့ mobile platform ပေါ်မှာ တော့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။


Apple Music ရဲ့ စီးပွားရေးကတော့ သူ့အတွက် Android အသုံးပြုသူတွေဟာလည်း စောင့်ကြည့် ရမယ့် သုံးစွဲသူတွေဖြစ်လာပါပြီ။ အောက်တိုဘာလတွင်း Apple ရဲ့ CEO Tim Cook (တင်မ်ကွတ်) ကတော့ Apple Music မှာဆိုရင် လက်ရှိ အခမဲ့ သုံးလ သုံးစွဲသူပေါင်း ၁၅ သန်းရှိ နေပြီး အခပေးသုံး စွဲသူပေါင်း ၆.၅ သန်း ရှိနေပြီလို့ ဆိုပါတယ်။
Apple Music ဝန်ဆောင်မှုဟာဆိုရင် iPhone, iPad, iPod touch, Apple Watch, Apple TV 4, Mac, PC နှင့် Android တို့မှာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Android အသုံးပြုသူတွေဟာ Apple Music ကို အသုံးပြုရတာနှင့် ဝန်ဆောင်မှုတွေအကြောင်းဘာတွေများ ပြောမလည်းဆိုတာကိုတော့ စိတ်ဝင်စားစရာစောင့်ကြည့်ရဦးမှာပါ။

ref : 9to5Mac
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ▼  2015 (24)
    • ►  December (3)
    • ▼  November (11)
      • ပျော်ရွှင်ကံထူးနှစ်သစ်ကူးကြဖို့ MPT နှင့် ဖုန်းပြေ...
      • Inside Out ကာတွန်းကားလေးကနေ ဘာတွေရလိုက်လည်း
      • Cloud Computing ဆိုတာ
      • လာမည့် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်မည့် AppExpo 2016 အတ...
      • iPad Pro ဝယ်လို့ရပြီ
      • Android Platform ထိ ဈေးကွက်ချဲ့လာပြီဖြစ်တဲ့ Apple
      • Google Maps ရဲ့ ဆိုင်ပိတ်ချိန်များ
      • Windows 7 နှင့် Windows 8.1 တို့ရဲ့ နေဝင်ချိန်
      • ကိုယ့်ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေအတွက် အရွေးမမှားရအ...
      • ပြောင်းလည်းမှုသိပ်မရှိဘူးဆိုပေမယ့် အားပြန်သွင်းစရာ...
      • Microsoft ပြောတဲ့ Surface Book က 13 inch MacBook P...
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates